လူသားနှင့်ဓားပေါင်းစည်ခြင်း။ ဓား၏အာရုံခံနိုင်စွမ်း။ (၂)
Vol. 20 Ch. 292
စူးချန်ခုန်းသည် မူမမှန်သော လက္ခဏာများ မပြဘဲ ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ကာ ရှေ့သို့ လျှောက်သွားသည်။
“လီဟန်၊ မင်းရဲ့ညီ ဘယ်မှာလဲ။ ဘာလို့ တစ်ယောက်တည်း လာတာလဲ။”
သူ ဆက်လျှောက်သွားရင်း သံသယဝင်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ခါးမှ ဓားရှည်တစ်ချောင်းနှင့် မုတ်ဆိတ်မွေးရှည်ရှည်နဲ့ လူတစ်ယောက်က အနောက်ဘက်တောင်ဝင်ပေါက်တွင် ပေါ်လာပြီး စူးချန်ခုန်းအား စိုက်ကြည့်လိုက်သည်။
စူးချန်ခုန်းကို တိတ်တဆိတ် စောင့်ကြည့်နေကြသော မျက်လုံးအစုံများစွာလည်း ရှိလေ၏။
သို့သော် စူးချန်ခုန်းသည် အနည်းငယ်မျှပင် ထိတ်ပျာခြင်း မရှိပေ။ ဖိုမေးခွန်းကို ကြားသောအခါ သူက လေးစားစွာဖြင့် “ကျွန်တော့်ညီ ဒီနေ့ အအေးမိနေလို့ ဂိုဏ်းခေါင်းဆောင်ကို စိတ်အနှောက်အယှက်ဖြစ်စေမှာစိုးလို့ မလာတာပါ။ အစားအစာ ပို့ဖို့က ကျွန်တော်တစ်ယောက်တည်းပါပဲ” ဟု ပြန်ဖြေသည်။
‘လီဟန်’ ၏အသံကို တုပပြီး သံမဏိဓားဂိုဏ်းမှာ ရက်အတော်ကြာ လျှို့ဝှက်စွာ လေ့လာနေတဲ့ စူးချန်ခုန်းဟာ လီဟန်နဲ့ သူ့အစ်ကိုရဲ့ စကားပြောဆိုမှုတွေကို ကြားခဲ့ရ။ သူ့သည်အသံကို ကောင်းကောင်းသိပြီး လက်ခံနိုင်လောက်အောင် အတုယူနိုင်သည်။
“အဲဒီကလေးက သူ့ရဲ့ သိုင်းပညာကို ပိုလေ့ကျင့်သင့်တယ်။ အတွင်းစွမ်းအားနယ်ပယ်ကို ရောက်တာနဲ့ ရောဂါအမျိုးမျိုးကို ခံနိုင်ရည်ရှိလိမ့်မယ်။”
မုတ်ဆိတ်မွေးနဲ့လူက ဒါကိုကြားတော့ ခေါင်းယမ်းလိုက်သည်။
လီညီအစ်ကိုနှစ်ယောက်စလုံးက သိုင်းပညာအရည်အချင်း သာမန်ရှိပြီး အပြစ်အနာအဆာကင်းတဲ့ နောက်ခံက လာကြတာကြောင့် သံမဏိဓားဂိုဏ်းရဲ့ ထောက်ပံ့ပို့ဆောင်ရေးအလုပ်တွေကို ကိုင်တွယ်ဖို့ တာဝန်ပေးအပ်ခံရတာသည်။
“သွားလို့ရပြီ။ ဂိုဏ်းခေါင်းဆောင်ကို စောင့်မနေစေနဲ့။” မုတ်ဆိတ်မွေးနဲ့လူက နောက်ထပ်မေးခွန်းမထုတ်တော့ပါ။ ဘာကြောင့်ဆို ‘လီဟန်’ က အစားအစာလာပို့တာ ပထမဆုံးအကြိမ် မဟုတ်လို့ဖြစ်သည်။ ‘လီဟန်’ ဒီနေ့ တစ်ယောက်တည်းလာပေမယ့် သူ့ရှေ့က ‘လီဟန်’ က အယောင်ဆောင်သူလို့ ဘယ်တုန်းကမှ မတွေးမိခဲ့။
“ဟုတ်ကဲ့။”
စူးချန်ခုန်းသည် လေးစားစွာ ခေါင်းညိတ်ပြီး အစားအသောက်နှင့် အရက်များကို သယ်ဆောင်ကာ အနောက်ဘက်တောင်၏ တားမြစ်နယ်မြေထဲသို့ ခြေလှမ်းလိုက်သည်။
“ဟိုဘက်မှာ… စူးရှတဲ့ တည်ရှိမှုတစ်ခုရှိတယ်။ ဟွမ်ဖူဟုန်လန်ပဲ ဖြစ်ရမယ်။”
ဤသည်မှာ အနောက်ဘက်တောင်၏ တားမြစ်နယ်မြေသို့ စူးချန်ခုန်း၏ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သော်လည်း ဟွမ်ဖူဟုန်လန်၏ တည်ရှိမှုသည် အလွန်ထူးခြားပြီး ဓားချီများဖြင့် ပြည့်နှက်နေသော ရတနာဓားတစ်ချောင်းကဲ့သို့ လွှမ်းမိုးမှုရှိကာ အဝေးမှပင် မြင်တွေ့နိုင်သည်။
စူးချန်ခုန်းက တောင်လမ်းအတိုင်း သွားပြီး မကြာမီ ဟွမ်ဖူဟုန်လန်၏ တံခါးပိတ်ကျင့်ကြံရာနေရာသို့ ရောက်သွားခဲ့သည်။
ထိုနေရာကို ဧရာမဓားပုံသဏ္ဍာန် ထွင်းထုထားသော ကျောက်များဖြင့် ဝန်းရံထားသည်။ အရွယ်အစားတိုသော ဓားများသည် တစ်မီတာမှ နှစ်မီတာအထိ မြင့်ပြီး အရွယ်အစားရှည်သောဓားများက ဆယ်မီတာနီးပါး မြင့်ကာ ကျောက်တောင်ကြီးများကဲ့သို့ မြင့်မားသည်။ တစ်စုံတစ်ယောက်၏ လက်ထဲမှ ဓားများဖြင့် ထွင်းထုထားသော ဤဓားကျောက်တစ်ခုစီသည် အနည်းငယ် စူးရှသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။
စူးချန်ခုန်းက ဟွမ်ဖူဟုန်လန်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရလေပြီ။ သူက အသက်လေးဆယ်ကျော်အရွယ်ရှိကာ ဖရိုဖရဲပုံပေါက်ပြီး ပခုံးပေါ်သို့ အနက်ရောင်ဆံပင်များက ကပိုကရိုကျနေ၏။ ပိတ်ချောဝတ်ရုံကို ဝတ်ဆင်ထားပြီး ဒူးပေါ်တွင် သံချေးတက်နေသော သံဓားတစ်ချောင်းကို တင်ထားကာ တိတ်တဆိတ် တရားထိုင်နေသည်။ သူ့ပတ်လည်တွင် ခုတ်ပိုင်းနေသော ချီများ ထွက်ပေါ်နေသည်။ မည်သူမဆို သတိလက်လွတ်ချဉ်းကပ်မိပါက အပိုင်းပိုင်းကွဲသွားလိမ့်မည်။
“ဟွမ်ဖူဟုန်လန်က ငါထင်ထားတာထက် ပိုအားကောင်းတာပဲ။”
စူးချန်ခုန်းသည် သူ့ဘာသာသူ တွေးလိုက်သည်။
ဟွမ်ဖူဟုနိလန်သည် ချီသွေးအသွင်ပြောင်းခြင်းအဆင့်ခုနစ်သို့ ရောက်ရှိခဲ့ပြီး တိုက်ခိုက်ရေးစွမ်းအားအရ သူသည် ယခင်က သောင်းစုမှူး ကျန်းချန်နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ညီ ဖေချန်ထက် များစွာပိုကြောက်စရာကောင်းသည်။ ဟွမ်ဖူဟုန်လန် ပတ်ပတ်လည်ရှိ စူးရှသော အရှိန်အဝါကို ခံစားမိရုံဖြင့် သူ၏ဓားပညာသည် အလွန်ထူးခြားကြောင်း စူးချန်ခုန်းအား ပြောပြနေသည်။
စူးချန်ခုန်းသည် တလေးတစားနှင့် စောင့်ဆိုင်းနေပြီး အသက်ဆယ်ခါရှူစာကြာပြီးနောက် ဟွမ်ဖူဟုန်လန်က ဂရုမစိုက်ဟန်ဖြင့် “စားစရာနဲ့ သောက်စရာကို ချပြီး ထွက်သွားတော့။" ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့”
စူးချန်ခုန်းက သူသယ်ဆောင်လာသော ဗန်းကို အရက်အိုးတစ်လုံးနှင့်အတူ ချလိုက်သည်။ အနီးအနားတွင် အရက်အိုးအလွတ်များနှင့် ပန်းကန်လွတ်များရှိပြီး တနေ့က ထမင်းစားချိန်မှ အကျန်များ ဖြစ်နိုင်သည်။ ထို့ကြောင့် စူးချန်ခုန်းက အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် လှည့်ထွက်သွားသည်။
တကယ်တော့ စူးချန်ခုန်းဟာ အဝေးကြီးမသွားဘဲ ဟွမ်ဖူဟုန်လန်က သူ့ရဲ့ ဆူပွက်သွေးကွဲခြင်းအဆိပ် ခတ်ထားတဲ့ အစားအစာကို စားဖို့ စောင့်နေသည်။ ဟွမ်ဖူဟုန်လန်လို ပညာရှင်တစ်ယောက်ကို တိုက်ရိုက်သတ်ဖို့ မလုံလောက်ပေမယ့် သူ့ရဲ့ ချီနဲ့သွေးတွေကို ဆူပွက်စေပြီး သူ့ကို အကြီးအကျယ်ထိခိုက်စေကာ သူ့ကိုသတ်ရတဲ့အလုပ်ကို ပိုလွယ်ကူစေမှာပင်။
စူးချန်ခုန်းရဲ့ ပုံရိပ်ပျောက်ကွယ်သွားတော့မှ ဟွမ်ဖူဟုန်လန်က မျက်လုံးဖွင့်ပြီး သူ့ရဲ့ခြောက်သွေ့နေတဲ့နှုတ်ခမ်းတွေကို လျက်လိုက်သည်။ ဘဝမှာ အကောင်းဆုံးအရက်နဲ့ ဓားကိုသာ တန်ဖိုးထားသင့်ပါသည်။
"ဝီး ဝီး ဝီး"
ဟွမ်ဖူဟုန်လန်ဟာ သူ့ရဲ့အကောင်းဆုံးအရက်နဲ့ အရသာရှိတဲ့အစားအစာတွေကို စားသောက်ပြီး သူ့ရဲ့ဓားပညာကို ဆက်လက်လေ့ကျင့်ဖို့ ပြင်နေချိန်မှာပဲ သူ့ခါးမှာချိတ်ဆွဲထားတဲ့ သံချေးတက်နေတဲ့ဓားဟာ တစ်ခုခုကို သတိပေးနေသလို တဝီဝီမြည်လာလေ၏။
"ငါ့ဓားက ငါ့ကို သတိပေးနေတယ်။ ဒီအစားအစာမှာ တစ်ခုခုမှားနေတာပဲ။"
ဟွမ်ဖူဟုန်လန်ရဲ့ မျက်နှာအမူအရာက သိသိသာသာပြောင်းလဲသွားလေ၏။ သူဟာ အသက်ငါးနှစ်အရွယ်ကတည်းက ဓားပညာကို လေ့ကျင့်ခဲ့ပြီး ဓားအတတ်မှာ ထူးချွန်ထက်မြက်တဲ့ ပါရမီရှိသည်။ အသက်ဆယ့်ရှစ်နှစ်မှာ သူ့ဆရာကို သတ်ခဲ့ပြီး အခုဆိုရင် နှစ်လေးဆယ်နှစ်နီးပါး လေ့ကျင့်ပြီးတဲ့နောက်မှာ လူသားနဲ့ ဓားရဲ့ ပေါင်းစည်းမှုကို ရရှိခဲ့ကာ ဓားရဲ့ တုံ့ပြန်မှုကို သိရှိနိုင်သည်။
သေစေနိုင်သော ခြိမ်းခြောက်မှုတစ်ခု နီးကပ်လာပါက သူ့ဓားသည် သူ့အား အလိုလို သတိပေးလိမ့်မည်။ အချို့သော ဆရာသခင်များ အန္တရာယ်ကို ရုတ်တရက် ခံစားမိနိုင်သကဲ့သို့ပင်။
ယခု သူ့ရှေ့တွင်ရှိသော ပွဲတော်ကိုတည်ခါနီးတွင် သူ့ဓား၏ သတိပေးချက်ကြောင့် အစားအသောက်ထဲတွင် တစ်ခုခု မှားနေကြောင်း သိသာထင်ရှားစွာ ပြသနေ၏။
“သေစမ်း.. မင်း ဘယ်ကိုသွားနေတာလဲ။”
ဟွမ်ဖူဟုန်လန်၏ မျက်နှာက ချက်ချင်းပင် တင်းမာသွားပြီး ရုတ်တရက် ထရပ်ကာ ဒေါသတကြီး အော်ဟစ်ပြီး စူးချန်ခုန်း ထွက်သွားသော လမ်းကြောင်းသို့ လိုက်သွားလေ၏။ အစားအသောက်တွင် တစ်ခုခု မှားနေပြီဆိုမှတော့ အစားအသောက်ပို့တဲ့သူနဲ့ မဆက်စပ်ဘူးဆိုတာမဖြစ်နိုင်ပါ။
ဟွမ်ဖူဟုန်လန်သည်လည်း 'လီဟန်'က အလွန်ရဲတင်းလွန်းပြီး အစားအသောက်ကို ဘာကြောင့် အဆိပ်ခတ်မှန်း အံ့အားသင့်နေခဲ့သည်။ သို့သော် သူဖမ်းမိပြီးသည်နှင့် အရာအားလုံး ရှင်းလင်းသွားလိမ့်မည်။
“ဟမ် ငါ့ကို ရှာတွေ့သွားပြီလား”
သူ့နောက်က ပေါက်ကွဲသံကြောင့် စူးချန်ခုန်း အနည်းငယ် အံ့အားသင့်သွားသည်။ ဟွမ်ဖူဟုန်လန်သည် ဆူပွက်သွေးကွဲခြင်းအဆိပ်ဖြင့် ရောနှောထားသော အစားအစာကို စားလိုက်သည်နှင့် ပြန်လှည့်ပြီးတိုက်ခိုက်ရန် ပြင်ဆင်နေသည့် သူသည် အဝေးသို့ မသွားသေးပေ။ ဟွမ်ဖူဟုန်လန်က သူ၏အစားအစာထဲက အဆိပ်ကို တွေ့နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါ။
“ဘာအသံလဲ။ လီဟန်က ဂိုဏ်းခေါင်းဆောင်ကို စော်ကားခဲ့တာလား။”
အနောက်ဘက်တောင်၏ တားမြစ်နယ်မြေ ဝင်ပေါက်ကို စောင့်ကြပ်နေကြသော သံမဏိဓားဂိုဏ်း၏ သိုင်းပညာရှင်များအားလုံးသည် ဟွမ်ဖူဟုန်လန်၏ ရက်စက်ကြမ်းကြုတ်သော အော်သံကြောင့် အံ့အားသင့်ကာ အထဲသို့ လှမ်းကြည့်လိုက်ကြသည်။