နှစ်တစ်ထောင်သက်တမ်းရှိ မုကျင်၏မိသားစု။ ဧရာမဝေလငါးဂိုဏ်းခေါင်းဆောင် စစ်ခုန်းယုံ။ (၁)
Vol. 20 Ch. 294
“ဒုန်း ဒုန်း ဒုန်း”
ပေနှစ်ဆယ်ကျော်လောက် လွင့်ထွက်သွားပြီး ဓားပုံသဏ္ဍာန် ကျောက်တိုင်သုံးခုကို ထိုးဖောက်ဝင်ရောက်ပြီးနောက် ဟွမ်ဖူဟုန်လန်က နောက်ဆုံးတွင် သူ၏ဆုတ်ခွာမှုကို ရပ်တန့်လိုက်သည်။ သူ၏ချီနှင့်သွေးသည် ပြင်းထန်စွာ လှုပ်ရှားနေပြီး စူးချန်ခုန်းနှင့်ထိတွေ့ခဲ့သော လက်မောင်းသည် အရိုးများကျိုးတော့မည့်အလား မခံမရပ်နိုင်သော နာကျင်မှုဖြင့် တုန်ခါသွားသည်။
“ဒီလူက ဘယ်သူလဲ။ ဒီအစွမ်းထက်တဲ့ လက်ဖဝါးက လှိုင်းတစ်ခုပြီးတစ်ခုလို အဆက်မပြတ်ပဲ။ သူ့ရဲ့အတွင်းအားက ငါ့ထက် အများကြီးပိုနက်ရှိုင်းတယ်။ သူက အတော်လေး အသက်ကြီးနေပြီ။”
ဟွမ်ဖူဟုန်လန်သည် သူ့လက်မောင်းတွင် ထုံကျင်မှုကို ခံစားရပြီး ထိတ်လန့်မှုနှင့် တုန်လှုပ်မှုတို့ ရောနှောနေသော ခံစားမှုတို့ သူ့နှလုံးသားထဲသို့ စီးဆင်းသွားသည်။
ဟွမ်ဖူဟုန်လန်ကိုယ်တိုင်က သိုင်းပညာအရည်အချင်း ချို့တဲ့နေတာမဟုတ်သလို ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သောကြောင့် သူ၏အတွင်းအားလေ့ကျင့်မှုက နောက်ကျကျန်မနေခဲ့ပေ။ သို့သော် ‘လီဟန်’ အဖြစ် ဟန်ဆောင်ထားသော ဤလျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်ပါက သူတို့၏ အစွမ်းသတ္တိများသည် ကလေးတစ်ဦးနှင့် လူကြီးတစ်ဦးနှင့် နှိုင်းယှဉ်သည့်နှယ် လုံးဝမတူညီပါ။
ဧရာမဝေလငါးနည်းပညာ အဌမအဆင့်သို့ ရောက်ရှိခြင်းသည် နဝမအဆင့် လိပ်အသက်ရှူနည်းပညာထက် များစွာသာလွန်သော တိုက်ခိုက်ရေးစွမ်းအားကို ယူဆောင်လာခဲ့သည်။ ဟွမ်ဖူဟုန်လန်ကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်ရသောအခါ စူးချန်ခုန်းသည် လက်ဖဝါးတစ်ချက်တည်းဖြင့် သူ့ကို နှိမ်နင်းနိုင်ခဲ့ပြီး ဆုံးရှုံးမှုအနည်းငယ်သာရှိခဲ့သည်။
“ဒေါင် ဒေါင် ဒေါင်”
သံမဏိဓားဂိုဏ်း၏ ခံတပ်အတွင်းတွင် ခေါင်းလောင်းသံက အဆက်မပြတ် မြည်နေဆဲဖြစ်ပြီး အော်ဟစ်သံများနှင့် သတ်ဖြတ်သံများ ဆူညံနေကာ ဂိုဏ်းထဲကို ညဘက်တိုက်ခိုက်မှုကြီးတစ်ခု စတင်နေသကဲ့သို့ ရှုပ်ထွေးနေလေ၏။
ဟွမ်ဖူဟုန်လန်သည် အလွန်စိုးရိမ်နေသော်လည်း ၎င်းက သူ့အား ပိုပြီးတည်ငြိမ်စေသည်။ သူက စူးချန်ခုန်းကို အေးစက်စက် စိုက်ကြည့်ပြီးး “မင်းက စွမ်းအားကြီးတယ်… ငါ့ဓားကို ဆွဲထုတ်ဖို့ ထိုက်တန်တယ်။”
“ချွမ်း”
ထိုသို့ပြောပြီးသည်နှင့် ဟွမ်ဖူဟုန်လန်၏ခါး၌ ချိတ်ဆွဲထားသော သံချေးတက်နေသည့် ဓားက ပွင့်ထွက်လာပြီး တုန်ခါမှုနှင့်အတူ တဒိတ်ဒိတ်မြည်နေသည်။ ဓားပေါ်ကသံချေးတွေက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ၎င်း၏တောက်ပပြီး အေးစက်သော ဓားသွားကို ပေါ်လွင်စေကာ စူးရှသော ဓားချီများဖြင့်ပြည့်နှက်နေ၏။
“ဟမ်.. ဟွမ်ဖူဟုန်လန် လေ့ကျင့်တဲ့ ဒီဓားအတတ်က ငါ့ရဲ့ ဓားသွားကျင့်ကြံခြင်းအတတ်နဲ့ နည်းနည်း ဆင်တူတယ်။”
စူးချန်ခုန်းသည် ဟွမ်ဖူဟုန်လန်၏ ချီစွမ်းအင် လျင်မြန်စွာ မြင့်တက်လာသည်ကို သတိပြုမိပြီး အနည်းငယ် အံ့အားသင့်သွားသည်။
ဓားသွားကျင့်ကြံခြင်းအတတ်သည် သာမန်နေ့များတွင် ဓားကိုမဆွဲထုတ်ရသော်လည်း ဆွဲထုတ်လိုက်သောအခါ မြေပြင်ကိုပင် ကွဲကြေစေသည်။ အလားတူပင် ဟွမ်ဖူဟုန်လန်၏ပုံမှန်ဓားသည် သံချေးတက်နေသော်လည်း သူသည် သတ်ဖြတ်ရန် ရည်ရွယ်ပြီးသည်နှင့် သံချေးတက်တာ ပျောက်ကွယ်သွားပြီး တောက်ပသောအလင်းရောင်ကို ပေါ်လွင်စေသည်။
“ချီစွမ်းအင်အပြည့် ဓားသွားနည်းပညာ”
ဟွမ်ဖူဟုန်လန်သည် သံဓားကိုကိုင်ထားပြီး သူ၏ချီစွမ်းအင်ကို ဓားနှင့်ချိတ်ဆက်ကာ အညှာအတာမဲ့စွာ ခုတ်ချလိုက်သည်။
“ဝှီးဝှီးဝှီး”
ဤခုတ်ချက်နဲ့အတူ ဓားချီတွေ မြင့်တက်လာပြီး ဓားရှည်ရဲ့ဓားသွားဟာ အများအပြား ကွဲထွက်သွားပုံရပြီး တစ်ခုချင်းစီဟာ စူးချန်ခုန်းရဲ့ ရင်ဘတ်၊ လည်ချောင်းနဲ့ နှလုံးပေါ်က အသက်အန္တရာယ်ရှိတဲ့နေရာတွေကို ရည်ရွယ်ထားသည်။
ဟွမ်ဖူဟုန်လန်ရဲ့ ဓားပညာကို လျှော့တွက်လို့မရပေမယ့် စူးချန်ခုန်းလည်း မတားဆီးခဲ့ပါ။ သူဟာ လိပ်အသက်ရှူနည်း ချီစွမ်းအင်အနှစ်သာရကို လည်ပတ်စေကာ နက်ရှိုင်းတဲ့ ချီစွမ်းအားတွေ ပေါက်ကွဲထွက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးတဲ့ လိပ်အသက်ရှူနည်းချီသံချပ်ကာကို ဖွဲ့စည်းလိုက်သည်။
“ဒုတ် ဒုတ် ဒုတ်”
ဓားချီအများအပြားဟာ သူ့ဆီကို ခုတ်ထစ်ဝင်ရောက်လာပြီး လိပ်အသက်ရှူနည်း ချီသံချပ်ကာကို နှစ်လက်မကျော် ထိုးဖောက်ဝင်ရောက်သွားပေမယ့် နောက်ဆုံးမှာတော့ လုံးဝထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိပါ။
အဆုံးမဲ့ ဒေါသတကြီး ပင်လယ်။
ဟွမ်ဖူဟုန်လန်ရဲ့ သတ်ဖြတ်မှု လှုပ်ရှားမှုကို သည်းခံနေချိန်မှာ စူးချန်ခုန်းက သူ့လက်သီးနှစ်ဖက်ကို ဆုပ်လိုက်သည်။ ဧရာမဝေလငါးချီစွမ်းအင်အစစ်အမှန်ဟာ သူ့လက်ဖဝါးကြားမှာ စုဝေးနေပြီး ကြီးမားတဲ့ ပင်လယ်ရေနက်အောက်က ရေဗွေကြီးနှစ်ခု ဖွဲ့စည်းထားသလို ခုခံမှုနဲ့ ရင်ဆိုင်ရတဲ့အခါ ပိုမိုအားကောင်းလာပြီး ရပ်တန့်လို့မရအောင် ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။
ဘုန်း ဘုန်း ဘုန်း
ဟွမ်ဖူဟုန်လန်ရဲ့ မျက်နှာဟာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူ့အမြင်အရ သူ့ဆီကို လက်သီးနှစ်လုံး ပစ်လွှတ်လိုက်တာက ကြီးမားတဲ့ ပင်လယ်ရေဗွေကြီးနှစ်လုံး ပစ်လွှတ်လိုက်သလိုပါပဲ။ အဲဒီရေဝဲကြီးတွေထဲမှာ ဧရာမဝေလငါးကြီးတွေဟာ သူ့ရဲ့ကြောက်စရာကောင်းတဲ့ မေးရိုးတွေကို ဖွင့်ပြီး သူ့ကို လုံးဝဝါးမျိုဖို့ အသင့်ဖြစ်နေလေပြီ။
“ဝေါင်း”
သူ့ရဲ့ကြောက်ရွံ့မှုကြောင့် ဟွမ်ဖူဟုန်လန်ဟာ ဘာမှ မဖုံးကွယ်ထားရဲတော့ပါ။ သူ့ရဲ့ ချီနဲ့သွေးတွေဟာ ဒေါသတကြီး ဆူပွက်လာပြီး သူ့ခန္ဓာကိုယ်ကနေ သွေးနီရောင် ချီသွေးရှည်နဂါးတစ်ကောင် ထွက်လာသည်။
ဟွမ်ဖူဟုန်လန်ဟာ ဓားကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး လက်မောင်း၌ သွေးကြောတွေ ဖောင်းလာက လက်ထဲက ဓားကို သွေးနီရောင်စွန်းစေလေ၏။ သူဟာ စူးချန်ခုန်းရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ဓားကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်တဲ့အခါ ခံစစ်နဲ့ တိုက်စစ် နှစ်မျိုးလုံးအတွက် ဓားနံရံတွေကို ဖန်တီးလိုက်သည်။
“ဂျွတ် ဂျွတ်”
သို့ပေမယ့် စူးချန်ခုန်းရဲ့ လက်သီးတွေ ကျရောက်လာတဲ့အခါမှာတော့ ကြီးမားတဲ့ ဝေလငါးကြီးတစ်ကောင်ရဲ့ တားဆီးလို့မရတဲ့ အင်အားလိုရက်စက်ကြမ်းကြုတ်တဲ့ ဧရာမဝေလငါးချီစွမ်းအင်ဟာ ဓားနံရံတွေရဲ့ အလွှာတွေကို ချေမှုန်းပြီး အရှိန်အဟုန် မလျော့ဘဲ ဟွမ်ဖူဟုန်လန်ရဲ့ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်သည်။
“ဖူး”
ဟွမ်ဖူဟုန်လန်ဟာ နောက်ပြန်လွင့်သွားပြီး သူ့ပါးစပ်ကနေ သူ့ရဲ့ အတွင်းအင်္ဂါအစိတ်အပိုင်းတွေနဲ့ ရောနှောနေလျက် သွေးတွေပန်းထွက်လာကာ ပေ ၁၂ ပေအကွာသို့ လွင့်စင်သွားပြီး မြေပြင်ပေါ်ကို ပြင်းထန်စွာ ပြုတ်ကျကာ သွေးနဲ့ ဖုန်မှုန့်တွေ ဖုံးလွှမ်းသွားလေ၏။ သူ့ရင်ဘတ်ကို ထိမှန်တဲ့အချိန်မှာ သူ့ရဲ့ အရိုးတွေ ကျိုးသွားပြီး ခရုပတ်ပုံသဏ္ဍာန် ခွက်ဝင်နေတဲ့ လက်သီးပုံစံနှစ်ခု ကျန်ရစ်ခဲ့ပါသည်။
"ဘယ်လို... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ... ဒီလိုရှုံးနိမ့်သွားတာလား။"
ဟွမ်ဖူဟုန်လန်က မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ထရပ်ရန် ရုန်းကန်နေရကာ သူ၏ကိုယ်ပိုင်ရှုံးနိမ့်မှုကို လက်မခံနိုင်ခဲ့။
သူ၏စွမ်းရည်ကို ယုံကြည်သော ဟွမ်ဖူဟုန်လန်သည် တာ့ဖုန်းပြည်နယ်မြို့တွင် ဟုန်ကျန်းရှန့်ကဲ့သို့သော ထိပ်တန်းကျွမ်းကျင်ပညာရှင်များအပြင် သူသည် ချီသွေးရှည်လျားနဂါးနယ်ပယ်တွင် အစွမ်းထက်သော တိုက်ခိုက်ရေးသမားတစ်ဦးလည်းဖြစ်သည်ဟု ယုံကြည်သည်။ သို့သော် ဤအမည်မသိပုဂ္ဂိုလ်က အပြန်အလှန်တိုက်ခိုက်မှု အနည်းငယ် ပြုလုပ်ပြီးနောက် သူ့ကို အနိုင်ယူခဲ့တာလား။
ထိုကြမ်းတမ်းသော လက်သီးများ၊ ထိုနက်ရှိုင်းသော ချီစွမ်းအင်များသည် သွေးသားခန္ဓာကိုယ်တစ်ခုက ထုတ်လွှတ်နိုင်သည့်အရာလို့ မထင်ရပေ။
"ဂိုဏ်းခေါင်းဆောင်.. ကြောက်စရာကြီး.. တာ့ဖုန်းသံမဏိမြင်းတပ်က ကျွန်တော်တို့ကို တိုက်နေပြီ။"
ထိုအချိန်တွင်ပင် အနောက်ဘက်တောင်၏ တားမြစ်ထားသောနေရာကို စောင့်ကြပ်နေသည့် မုတ်ဆိတ်ရှည်လူထံမှ ထိတ်လန့်တကြားအော်ဟစ်သံများ ပဲ့တင်ထပ်လာသည်။ မကြာသေးမီက တာ့ဖုန်းသံမဏိမြင်းတပ်က သံဓားမဏိဂိုဏ်းကို တိုက်ခိုက်မှုကြီးတစ်ခု စတင်ခဲ့သောကြောင့်သာ ဂိုဏ်း၏စည်းမျဉ်းများကို သူလျစ်လျူရှုခဲ့သည်။ သူက အနောက်ဘက်တောင်သို့ အလျင်အမြန်သွားပြီး အခြေအနေကို တာဝန်ယူရန် ဟွမ်ဖူဟုန်လန်ကို ရှာဖွေခဲ့သည်။
သို့သော် အနောက်ဘက်တောင်ကိုရောက်သောအခါ မုတ်ဆိတ်ရှည်နှင့်လူသည် အံ့အားသင့်သွားလေ၏။ သူသည် သွေးစွန်းနေသော ဟွမ်ဖူဟုန်လန်၏ ဦးခေါင်းကိုကိုင်ကာ ကြောက်မက်ဖွယ်အကြည့်အောက်တွင် ရက်စက်စွာ လိမ်ချိူးလိုက်သော 'လီဟန်'ကိုမြင်လိုက်ရသည်။
“ဂျွတ်”
ဟွမ်ဖူဟုန်လန်သည် မျက်လုံးများပြူးကျယ်ကာ လည်ပင်းကိုလိမ်ပြီး ကျိုးသွားကာ သူ့အကြည့်တွေက တဖြည်းဖြည်းမှေးမှိန်သွားပြီး တွန့်ဆုတ်မှုဖြင့် သေဆုံးသွားခဲ့သည်။
“ဂိုဏ်းခေါင်းဆောင်”
မုတ်ဆိတ်ရှည်နှင့်လူက သူ့ရှေ့ရှိမြင်ကွင်းကို မယုံနိုင်စွာကြည့်ကာ ပုံရိပ်ယောင်များလားဟု ထင်နေမိသည်။ ‘လီဟန်’ က ဂိုဏ်းခေါင်းဆောင် ဟွမ်ဖူဟုန်လန်ကို သတ်လိုက်တာလား။
ဟွမ်ဖူဟုန်လန်ကို အောင်မြင်စွာ သတ်ပြီးနောက် စူးချန်ခုန်း အနည်းငယ် သက်ပြင်းချလိုက်သည်။ ဟွမ်ဖူဟုန်လန်က အင်အားကြီးသော်လည်း မိစ္ဆာသိုင်းဆေးသုံးလုံးကို သောက်သုံးပြီးနောက် ဧရာမဝလငါးနည်းပညာသည် နယ်ပယ်နှစ်ခုကို အဆင့်တက်လာပြီး ခွန်အားအနည်းငယ်ရှိလာပေမယ့် စူးချန်ခုန်းသည် သူ့ကို စိန်ခေါ်မှုတစ်ခုဟု မယူဆပါ။
ဟွမ်ဖူဟုန်လန်နှင့် ရင်ဆိုင်ပြီးနောက် စူးချန်ခုန်း၏ မျက်လုံးများသည် မုတ်ဆိတ်ရှည်နှင့်လူထံ အေးစက်စွာ လှည့်သွားခဲ့သည်။ သူက ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်၏ ပစ်မှတ်ထားခံနေရသလို ခံစားလိုက်ရကာ နောက်သို့ယိုင်လဲပြီး မြေပြင်ပေါ်သို့ ခြေထောက်များ ခွေကျသွားလေ၏။