ဒီဗိုင်းဆန္ဒအဆင့်၏အထက်က ဒီဗိုင်းယွမ်နဲ့စွမ်းအား အဆင့်ပဲ
Vol. 26 Ch. 376
ဒီဗိုင်းယွမ်ကိုယ်ပွား ပျက်စီးသွားလျှင်တောင် ဒီဗိုင်းအနှစ်သာရနှင့် ဒီဗိုင်းစိတ်ဆန္ဒ အနည်းငယ် ဆုံးးရှုံးမှုကိုသာ ဖြစ်ပေါ်ပြီး ဤသည်မှာ တိုက်ပွဲအတွင်း စွမ်းအင်နှင့် စိတ်ခွန်အား ကုန်ဆုံးသည်နှင့် တူညီပါသည်။ အချိန်မရွေး ပြန်လည်ဖြည့်တင်းနိုင်၏။
ထို့အပြင် ဒီဗိုင်းယွမ်ကိုယ်ပွားတွင် ထူးကဲမှုများ ပိုင်ဆိုင်ထားသေးသည်။ ဒီဗိုင်း အနှစ်သာရကို အရာဝတ္ထုတစ်ခုတွင်းသို့ ပေါင်းစပ်ကာ အခြားလူများအတွက် အကာအကွယ်ပစ္စည်းအဖြစ် အသုံးပြုနိုင်သည်။
အန္တရာယ် ကြုံတွေ့ရပါက ဒီဗိုင်းယွမ်ကိုယ်ပွား၏ အနှစ်သာရက ပေါ်လာကာ အန္တရာယ်ကို ကာကွယ်ပြီး ရန်သူများကို ရှင်းလင်းမည်ဖြစ်သည်။ လူတစ်ယောက်အနေနှင့် ဒီဗိုင်းယွမ်ကိုယ်ပွားကို အလိုအလျှောက်လည်း ထားထားလို့ရသည်။
သို့ရာတွင် ဒီဗိုင်းယွမ်အနှစ်သာရ၏ ကိုယ်ပွားတွင် အသိစိတ်နှင့် အလိုအလျှောက် တိုက်ခိုက်နိုင်မှု အတိုင်းအတာတစ်ခုအထိ ရှိပေမယ့် စစ်မှန်စွာ တွေးတောပြီး တုံ့ပြန်နိုင်ခြင်း မရှိပေ။ မသိစိတ်၏ အလိုအလျှောက် တုံ့ပြန်မှုအပေါ်သာလျှင် လုံးဝ မှီခိုထား၏။
ဒီဗိုင်းယွမ်ကိုယ်ပွား၏ ခွန်အားသည် ခွဲထုတ်လိုက်သည့် ဒီဗိုင်းအနှစ်သာရ ပမာနနှင့် သက်ဆိုင်သည်။ ပိုမိုများပြားသည့် ဒီဗိုင်းအနှစ်သာရတို့ ခွဲထုတ်လိုက်လေလေ ကိုယ်ပွားကို ပိုမိုသန်မာစေလေ ဖြစ်သည်။ ဤသည်မှာ မူလဒီဗိုင်းအဆင့်၏ ဆန်းကြယ်မှုများ ဖြစ်၏။
ရွှီယန်မှာ အလွန် စိတ်လှုပ်ရှားနေ၏။ သူသာသ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ပြီးပါက ဒီဗိုင်းယွမ်ကိုယ်ပွားတစ်ခုကို ချန်ခဲ့ကာ သူ၏ မိဘများနှင့် မိသားစုဝင်များကို ကာကွယ်လို့ ရပါသည်။
ဒီဗိုင်းယွမ်ကိုယ်ပွားနှင့် အတွင်းဘက်နယ်မြေတွင် လုံခြုံအောင် စောင့်ရှောက်ထားနိုင်မှာ ဖြစ်သည်။ မည်သူမှ အန္တရာယ်ပေးနိုင်မည် မဟုတ်ပါ။
လီရွှမ်က စကားဆုံးပြီးနောက် မူလဒီဗိုင်းအဆင့်၏ ကျင့်စဉ်ကို ရှင်းပြသည်။ စိတ်လှုပ်ရှားနေသည့် တပည့်ကို ကြည့်ကာ သူလည်းပဲ ရွှီယန်၏ ကျင့်စဉ်အား နားလည်သဘောပေါက်လာမည့် အချိန်ကို မျှော်လင့်နေမိ၏။
ထိုသို့ဆိုပါက သူ့တွင် ဒီဗိုင်းယွမ်စွမ်းအားကို ပိုင်ဆိုင်နိုင်ပါပြီ။ ဒီဗိုင်းယွမ်ကိုယ်ပွား၏ နက်ရှိုင်းသည့် သဘောသဘာဝတို့ကို လီရွှမ်သည် သိုင်းနတ်ဘုရားအရိပ် တစ်ထောင်မှ ဉာဏ်အလင်းရခဲ့ခြင်း ဖြစ်၏။ ထိုအရိပ်များကိုလည်း ကိုယ်ပွားများအဖြစ် မှတ်ယူနိုင်ပါသည်။
သို့ရာတွင် စစ်မှန်သည့် ကိုယ်ပွားတော့ မဟုတ်ပေ။ မူလခန္ဓာမှ သက်ဆိုင်ရာ အကွာအဝေးတစ်ခု အတွင်း၌သာလျှင် လှုပ်ရှားမှုပြုနိုင်သည်။
ထို့အပြင် အခြားလူများကို ကာကွယ်ရန်အတွက် အရာဝတ္ထုတစ်ခုခု အတွင်းတွင် သိုလှောင်ထားလို့ မရပါ။
လီရွှမ်သည် ပြီးခဲ့သည့်ဘဝက ဖတ်ခဲ့ဖူးသည့် သိုင်းဝတ္ထုများကို ပြန်လည်စဉ်းစားမိသည်။ စွမ်းအားကြီးမားသည့် အင်အားစုများမှ လူများသည် ကိုယ်ပွားကို အဆောင်အဖြစ် ဖန်တီးကာ သူတို့၏ အနှစ်သက်ဆုံး ဆက်ခံသူအတွက် အကာအကွယ်အဖြစ် ပေးထားလေ့ရှိကြသည်။
သူလည်း သိုင်းပညာတစ်ခုကို ဖန်တီးမည်ဆိုပါက ထိုစွမ်းရည်ကို ချန်မထားသင့်ဟု ခံစားရ၏။
ကောင်းကင်လူသားအဆင့် သုံးဆင့်တွင်တော့ ထိုစွမ်းရည်အား ပိုင်ဆိုင်ထားသည့်ဟန် မရှိပေ။ ဤသည်က သူ၏ သိုင်းပညာစနစ်၏ ခွန်အားနှင့် နက်နဲမှုကို ပိုမို လှစ်ပြနေပါသည်။
ဒီဗိုင်းယွမ်ကိုယ်ပွား အကြောင်းကို ပြောပြပြီးနောက် လီရွှမ်က လေးနက်စွာဖြင့် မေးသည်။
“ငါ့တပည့်… ဆရာ မင်းကို ဘာလို့ အကာအကွယ်ကိုယ်ပွားတစ်ခု ပေးမထားတာလဲ သိလား”
“အဲ့ဒါက တပည့် အကာအကွယ် ကိုယ်ပွားအပေါ်ကို အရမ်းကြီး မှီခိုလွန်းမှာ စိုးရိမ်လို့.. အန္တရာယ်ကို မထီမဲ့မြင်ပြုပြီး ဂရုမစိုက် ဖြစ်လာမှာ.. သိုင်းသမားတစ်ယောက်ရဲ့ အခြေခံ အသိစိတ်ဖြစ်တဲ့ နှိမ့်ချမှုနဲ့ ဝံ့ကြွားခြင်း မရှိမှုတွေ ဆုံးရှုံးသွားမှာ စိုးလို့”
“တစ်ခုခုကို စိတ်လိုက်မာန်ပါ ပြုလုပ်ပြီး အန္တရာယ်ရှိတာကို သိပေမယ့် ဂရုမစိုက်ပဲ ပြုမူတာတွေ.. ရန်သူက ကိုယ့်ထက်သန်မာတာကို သိတယ်။ ဒါပေမယ့် မစဉ်းစားပဲ ထိပါးလိုက်ပြီးရင် ဘယ်လို တိမ်းရှောင်ရမယ် မသိတာတွေ.. မဖြစ်ရအောင်”
“တပည့်တွေကို အရိပ်အောက်က ပန်းပွင့်တွေလို ဘာသိုင်းပညာ အတွေ့အကြုံမှ မရှိပဲ ပါရမီကောင်းမွန်ပေမယ့် သိုင်းပညာ လမ်းကြောင်းမှာ ဝေးဝေးကို မလျှောက်လှမ်းနိုင်တာမျိုး မရှိရအောင်ပါ”
ခဏတာ မှင်သက်နေပြီးနောက် ရွှီယန်က နက်ရှိုင်းစွာ ခံစားလိုက်ရသည်။ ဆရာဖြစ်သူ၏ သူ့အပေါ် မြင့်မားသည့် မျှော်လင့်မှုကို နားလည်လိုက်ပြီး လေးစားစွာ ပြော၏။
လီရွှမ်က ပြုံးကာ ကျေနပ်စွာ ခေါင်းညှိတ်သည်။ သူ၏ ဒီတပည့်က အလွန်ကောင်းပါသည်။ သူ့အနေနှင့် အကြောင်းပြချက်ကို ကိုယ်တိုင် ရှင်းပြနေစရာပင် မလိုပေ။ တစ်ခါတည်း နားလည်သဘောပေါက်နိုင်၏။
ဤသည်မှာ သူ၏ အဖိုးတန်တပည့် ဖြစ်သည်။ သူ့တွင်သာ ထိုကဲ့သို့သော စွမ်းရည်မျိုး ရှိပါက ဒီတပည့်အတွက် ပြင်ဆင်မပေးပဲ အဘယ်သို့ ရှိမည်နည်း။ ဆိုးတာက သူလည်း ဘာမှ ပိုင်ဆိုင်မထားပေ။
“အင်း”
လီရွှမ်က ကျေနပ်စွာ ခေါင်းညှိတ်ပြီး ပြောသည်။
“ငါ့ရဲ့ ရည်ရွယ်ချက်ကောင်းကို မင်းနားလည်တဲ့အတွက် ငါအရမ်းကျေနပ်မိတယ်”
ရွှီယန်ကို မူလဒီဗိုင်းအဆင့် သိုင်းပညာအား သင်ကြားပေးပြီးနောက် နောက်တစ်ဆင့်ကို ဆက်လက်သင်ကြားခြင်း မပြုပါ။ အဲ့ဒီအစား မူလဒီဗိုင်းအဆင့်၏ ကျင့်စဉ်ကို ကြေညက်အောင်လုပ်ကာ မှတ်သားရန် အချိန်ခဏပေး၏။
ရွှီယန်မှာ အလွန် စိတ်လှုပ်ရှားနေပြီး မူလဒီဗိုင်းအဆင့် ကျင့်စဉ်ကို စတင်စဉ်းစားသည်။ ဒီဗိုင်းဆန္ဒအဆင့်၏ ကျင့်စဉ်က စိတ်ထဲတွင် ပေါ်လာပြိး မူလဒီဗိုင်းအဆင့်နှင့် ဆက်သွယ်သွား၏။ သူသည် ဉာဏ်အလင်းအချို့ ရခဲ့ဟန်တူသည်.
သို့ရာတွင် မူလဒီဗိုင်းအဆင့် ကျင့်စဉ်ကို ပြည့်စုံစွာ နားလည်နိုင်ရန်တော့ လိုအပ်နေပါသေးသည်။
“မင်းက ဒီဗိုင်းဆန္ဒအဆင့်ကို နားလည်သဘောပေါက်ပြီးပြီ.. အဲ့ဒါက မူလဒီဗိုင်းအဆင့်ရဲ့ အခြေခံဖွဲ့စည်းပုံပဲ။ နှစ်ခုကို သေသေချာချာ သုံးသ်ကြည့်ရင် မူလဒီဗိုင်းအဆင့် ကျင့်စဉ်ကိုလည်း နားလည်မှု ရလာလိမ့်မယ်”
ထိုစကားကို ပြောပြီးနောက် ရွှီယန်၏ အချက်အလက်များအား ကြေညက်နိုင်ပြီဟု မခံစားရမချင်း ဆက်လက်ပြောကြားခြင်း မပြုတော့ပေ။
“ဟုတ်ကဲ့ပါဆရာ”
ရွှီယန်က လေးစားစွာ ပြန်ကြားသည်။
“အင်း.. အခု ငါမင်းကို မူလဒီဗိုင်းအဆင့်ရဲ့ အထက်က ကျင့်စဉ်ကို သင်ပေးမယ်”
လီရွှမ်က ခေါင်းညှိတ်ကာ ပြောသည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
ရွှီယန်မှာ အလွန် စိတ်လှုပ်ရှားနေ၏။ ဒီဗိုင်းယွမ်မှာ အလွန် စွမ်းအားကြီးမားနေပြီး ဖြစ်သည်။ ထိုအဆင့်၏ အထက်ရှိ အဆင့်ဆိုပါက မည်မျှ နက်ရှိုင်းဆန်းကြယ်နေမည်လဲ။
“ဒီဗိုင်းအနှစ်သာရရဲ့ အထက်မှာ ဒီဗိုင်းစွမ်းအားရှိတယ်”
လီရွှမ်က နက်ရှိုင်းသည့် အသံဖြင့် ပြောသည်။
ရှန်းယွမ်အဆင့်၏ အထက်တွင် ရှန်းထုံးအဆင့် ရှိ၏။
သူက တာအိုရွှေစာအုပ်ကို ကြည့်လိုက်သည်။ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ရှိ သုံးသပ်ချက်များ ပါရှိ၏။
ဒီဗိုင်းဆန်ကြယ်စွမ်းအားအဆင့်
ပြည့်စုံမှု- အလယ်အလတ်၏ အထက်
ဆင့်များအကြား ဆက်သွယ်မှု- မြင့်မားသည်။
ကျင့်ကြံရန် ခက်ခဲမှု- မြင့်မားသည်။
ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- အလယ်အလတ်မှ အဆင့်မြင့်
သူသည် အားထုတ်မှု များစွာတို့ကို ပြုခဲ့၏။ သို့ပေမယ့် ကျင့်စဉ်၏ ပြည့်စုံမှုကို မြင်းမားခြင်းသို့ ရောက်အောင် မလုပ်နိုင်သေးပေ။ သို့ရာတွင် ရွှီယန်၏ သုံးသပ်ချက် အလွန်နိမ့်ပါးသည့် ကျင့်စဉ်တို့ကိုပင် အောင်မြင်အောင် ကျင့်ကြံနိုင်ပုံအား တွေးမိပြီးနောက် ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု အလယ်အလတ်မှ အဆင့်မြင့် ရှိသည့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံရန် မခက်ခဲလောက်ဟု ခံစားရသည်။
တစ်ခုတည်းသော ပြဿနာမှာ နားလည်သဘောပေါက်နိုင်ရန် အချိန် ပိုမိုယူရမှာ ဖြစ်၏။
“နောက်ပိုင်း ကျင့်ကြံမယ့် လူတွေတော့ ရွှီယန်ကို တကယ် ကျေးဇူးတင်သင့်တယ်.. သူသာ နားလည်သဘောပေါက်မှုရပြီး ကျင့်စဉ်ကို မပြည့်စုံစေခဲ့ရင် နောက်ပိုင်းမျိုးဆက်တွေ ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်မှာလဲ”
လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။
သူ၏ သိုင်းဘိုးဘေးဖြစ်ပေမယ့် သိုင်းပညာ၏ စစ်မှန်သည့် ရှေ့ဆောင်မှာ တပည့်ကြီးဖြစ်သည့် ရွှီယန်သာဖြစ်သည်။
“ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့် သိုင်းပညာရှင်တွေက ဒီဗိုင်းစွမ်းအားတွေကို ပိုင်ဆိုင်ထားကြတယ်။ မူလစိတ်ဝိညာဉ်က မသေနိုင်တော့ပဲ ခန္ဓာကိုယ်ကိုတောင် ဒီအတိုင်း စွန့်ခွာခဲ့နိုင်တယ်…”
လီရွှမ်က ဒီဗိုင်းဆန်းကြယ်စွမ်းအား၏ သဘောတရားများအား စတင် ရှင်းပြသည်။ ထိုအဆင့်တွင် ဒီဗိုင်းအနှစ်သာရနှင့် ဒီဗိုင်းဆန္ဒတို့ ပေါင်းစည်းကာ ပြောင်းလဲမှုဖြစ်ပေါ်ပြီး သိုင်းပညာ မူလစိတ်ဝိညာဉ်အဖြစ် စုစည်းလာခဲ့၏။ ထိုအခါ ဒီဗိုင်းဆန်းကြယ် စွမ်းအားတို့ကို အလိုလို ပိုင်ဆိုင်လာနိုင်သည်။
ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်ပြီးသည့် သိုင်းသမားတို့သည် ဆန်းကြယ်စွမ်းအားတို့ကို ပိုင်ဆိုင်လာနိုင်မည် ဖြစ်၏။ ၎င်းသည် အဆုံးမဲ့ကာ တစ်ခုချင်းစီ၌ တစ်သီးတစ်သန့်ဆန်သည့် လက္ခဏာရပ်တို့ကို ပိုင်ဆိုင်ထားသည်။
ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ရောက်ရှိပြီးနောက် မူလစိတ်ဝိညာဉ်၏ စုစည််းမှုကြောင့် ရရှိလာသည့် ဆန်းကြယ်စွမ်းအားအပြင် အခြား သိုင်းပညာ ဆန်းကြယ်စွမ်းအားတို့ကိုလည်း ကျင့်ကြံနိုင်သည်။
မိမိ၏ ကိုယ်ပိုင် သိုင်းပညာအတတ်တို့ကို ဆန်းကြယ်စွမ်းအားအဖြစ် ပြောင်းလဲနိုင်၏။
ဝိညာဉ်က ခန္ဓာကိုယ်အပြင်ဘက်တွင် ရှင်သန်ကာ ရုပ်ခန္ဓာတို့ပင် ပြန်လည် ဖြစ်တည်လာစေနိုင်သည်။ မူလစိတ်ဝိညာဉ်သာ မပျက်စီးသရွေ့ သေဆုံးမည်မဟုတ်ပေ။
“မူလစိတ်ဝိညာဉ်က စစ်မှန်တယ်.. သူ့ရဲ့အသွင်က ခန္ဓာကိုယ်လိုပဲ.. အတွေးတစ်ချက်နဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေ ထွက်ပေါ်စေနိုင်ပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ရွေ့လျားစေနိုင်တယ်။ မူလစိတ်ဝိညာဉ်ရဲ့ အံ့ဖွယ်တွေကို စကားလုံးအနည်းငယ်နဲ့တောင် ရှင်းပြလို့ မရဘူး။ မင်းဘာသာ လေ့လာပြီး နားလည်အောင်လုပ်မှ ရမယ်”
“ဒီဗိုင်းဆန်းကြယ်စွမ်းအားက အရမ်းကို စွမ်းအားကြီးတယ်။ နားလည်သဘောပေါက်ပြီးရင် မင်းရှင်းလင်းလာမှာပါ”
“ဒီဗိုင်းဆန္ဒ၊ ဒီဗိုင်းယွမ်၊ ဒီဗိုင်းဆန်းကြယ်စွမ်းအား… အဲ့ဒါကို ဒီဗိုင်းစွမ်းအားရဲ့ အဆင့်သုံးဆင့်လို့ ခေါ်နိုင်တယ်”
လီရွှမ်က တည်ငြိမ်စွာ ပြောရင်းက အတွေးနက်နေသည့် ရွှီယန်ကို ကြည့်သည်။
“ဆရာ.. ကျွန်တော် နားလည်ပါပြီ.. သေချာပေါက် အချိန်ယူပြီး ကျင့်စဉ်ကို နားလည်အောင် လုပ်ပါမယ်”
ရွှီယန်က လေးနက်စွာ ခေါင်းညှိတ်သည်။
“ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်”
ရုပ်ခန္ဓာကိုယ် စွန့်လွှတ်ကာ အမှီအခိုကင်းစွာ နေနိုင်၏။ မူလစိတ်ဝိညာဉ်မှာ သေဆုံးခြင်းရှိပေ။ ဒီဗိုင်းဆန်းကြယ် စွမ်းအားက အလိုလို ပေါ်ထွက်လာ၏။
ရွှီယန်သည် ကောင်းကင်လူသား အဆင့်၏ စိတ်ဝိညာဉ်သန့်စင်ခြင်း အဆင့်ကို တွေးမိလိုက်သည်။ ကောင်းကင်လူသား သင်္ချိုင်းအတွင်းတွင် စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသား အဆင့်၏ အကြမ်းဖျင်း အချက်အလက်များကို မိတ်ဆက်ပေးထား၏။
အသေးစိတ်မကျပေမယ့် ထိုအဆင့်၏ အကြမ်းဖျင်း ခွန်အားကို နားလည်နိုင်ပါသည်။
“စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသား အဆင့်က စိတ်ဝိညာဉ်ကိုပဲ သန့်စင်ပြီး ဘာဒီဗိုင်းစွမ်းအားကိုမှ မပြောထားဘူး.. ပြီးတော့ တော်တော်လေးလည်း အားနည်းပြီး ချိနဲ့ပုံပဲ”
ကောင်းကင်လူသား သင်္ချိုင်းအတွင်းတွင် စစ်မှန်သည့် ကောင်းကင်လူသားမှာ စိတ်ဝိညာည်သန့်စင်ခြင်း ကောင်းကင်လူသား ဖြစ်သည်ဟု ဆိုထား၏။ ရှေ့ရှိ ကောင်းကင်လူသားငယ်နှင့် ကောင်းကင်လူသားကြီးတို့မှာ ကောင်းကင်လူသား အဆင့်၏ အခြေခံများသာ ဖြစ်သည်။ စိတ်ဝိညာဉ်သန့်စင်ခြင်းသို့ ရောက်ရှိရန် ပြင်ဆင်ခြင်းသာ ရှိ၏။
ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်မှာတော့ သိုင်းပညာ မူလစိတ်ဝိညာဉ်အဖြစ် စုစည်း ပြောင်းလဲခြင်း ဖြစ်သည်။ မူလစိတ်ဝိညာဉ်၏ ခွန်အားသည် စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသား အနေနှင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် မူလစိတ်ဝိညာဉ်မှာ ဒီဗိုင်းယွမ်နှင့် ဒီဗိုင်းဆန္ဒတို့မှ ပြောင်းလဲကာ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။
ဒီဗိုင်းယွမ်သည် ခန္ဓာကိုယ်မှ ထွက်ခွာကာ ကိုယ်ပွားအဖြစ် စုစည်းနိုင်၏။ မူလစိတ်ဝိညာဉ်ဆိုလျှင် ပိုမိုကာပင် စွမ်းအားကြီးမားသည်။
စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ၏ စိတ်ဝိညာဉ်မှာတော့ ထိုလောက် စွမ်းအားမကြီးပါ။
“ငါသာ မူလဒီဗိုင်းအဆင့်ကို ချိုးဖျက်ပြီးရင် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို သတ်နိုင်လောက်တယ်”
ရွှီယန်က နှလုံးသားထဲတွင် ရေရွတ်သည်။
“ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်မှာ ဆန်းကြယ်စွမ်းအားကို ပိုင်ဆိုင်လာမယ်။ ငါ့ရဲ့ ဓါးလမ်းစဉ်အတွက်လည်း ဓါးဆန်းကြယ်စွမ်းအားတစ်ခုခု ကျင့်ကြံသင့်တယ်။ နှလုံးသားဓါး အဆင့်မှာ အရာအားလုံးကို ဓါးအဖြစ် ပြောင်းလဲနိုင်တယ်။ အဲ့ဒါဆို ဆန်းကြယ်စွမ်းအဖြစ်ပြော ပြောလဲနိုင်လား မသိဘူး”
“သေခြင်းရှင်ခြင်း ဓါးစက်ဝန်းမှာ လေ့လာစရာတွေ ကျန်သေးတယ်။ အဲ့ဓါးလမ်းစဉ်က ငါ့ရဲ့ ဒီဗိုင်းဆန်းကြယ် စွမ်းအားအတွက် အခြေခံဖြစ်လိမ့်မယ်”
ရွှီယန်တစ်ယောက် တဖြည်းဖြည်း နားလည်မှု ရလာခဲ့သည်။
လီရွှမ်သည် ရွှီယန်အား ဒီဗိုင်းဆန္ဒအဆင့်၏ အထက်ရှိ ကျင့်စဉ်တို့ကို သင်ကြားပြီးနောက် ထွက်ခွာသွား၏။
မူလဒီဗိုင်းအဆင့်ပဲဖြစ်ဖြစ်၊ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ပဲဖြစ်ဖြစ်.. နှစ်ခုစလုံးတွင် ဂရုတစိုက် တွေးတောဆင်ခြင်ကာ တစ်ခုနှင့်တစ်ခု ချောမွေ့စွာ ဆက်သွယ်နိုင်အောင် ဖန်တီးထားခဲ့သည်။ စွမ်းအားမှာလည်း သေချာပေါက် အားမနည်းပေ။
“ဒီဗိုင်းဆန္ဒ အဆင့်ကတည်းက ရှိရင်းစွဲ သိုင်းပညာကို တဖြည်းဖြည်း ချန်ထားနိုင်ခဲ့ပြီ.. ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ရဲ့ စွမ်းအားက စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားထက် အများကြီး သာလွန်တယ်။ ဒီဗိုင်းစွမ်းအားကို ထုတ်လွှတ်လိုက်ရင် ဘယ်သူက ရင်ဆိုင်နိုင်မှာလဲ”
လီရွှမ်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သိုင်းပညာကျင့်ကြံမှုတွင် မူလစိတ်ဝိညာဉ်ပဲဖြစ်ဖြစ် ကောင်းကင်လူသားစိတ်ဝိညာဉ်ပဲဖြစ်ဖြစ် ရှောင်လွှဲလို့မရပေ။ လမ်းစဉ် ခြားနားပေမယ့် လူညီသည့် လားရာ ရှိသည်ဟု ဆိုနိုင်၏။ သို့ရာတွင် ခွန်အားခြားနားချက်မှာ အလွန်ကြီးမားလှသည်။
“ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဆန္ဒကို ကိုယ့်ကိုယ်ကိုယ်မှာ ပေါင်းစဉ်းပြီး မူလစိတ်ဝိညာဉ်အဖြစ် စုစည်းတာက.. ကိုယ့်ကိုယ်ကိုယ်ရဲ့ စိတ်ဝိညာဉ်ကို စုစည်းပြီး သန့်စင်တာထက် အများကြီး ပိုစွမ်းအားကြီးတယ်”
“ဒီထိုက်ချန်းလောကမှာ.. ကောင်းကင်လူသားအဆင့်ရဲ့ အထက်မှာ ဘာရှိတာလဲ”
ဒီလောကရှိ သိုင်းပညာကို အတွင်းဘက်နယ်မြေ သိုင်းပညာ(သို့) လင်းနယ်မြေ သိုင်းပညာဟု မခေါ်ဆိုင်နိုင်ပေ။ ထိုက်ချန်းသိုင်းပညာဟုသာ ခေါ်သင့်၏။
လီရွှမ်တွင် ထိုက်ချန်းစာအုပ် ရှိပါသည်။ ထိုက်ချန်းလောက၏ ကောင်းကင်နှင့် ကမ္ဘာမြေ နိယာမများကို မှတ်တမ်းတင်ထား၏။ တာအိုရွှေစာအုပ်၏ အကူအညီနှင့် သူဖန်တီးလိုက်သည့် သိုင်းပညာသည် ထိုက်ချန်းသိုင်းပညာထက် များစွာ ပိုမိုသန်မာနေပါတော့သည်။