← Chapters

ကောင်းကင်လူသားအား ရိုက်သတ်ခြင်း(၂)

Vol. 26 Ch. 378

ကောင်းကင်လူသားအား ရိုက်သတ်ခြင်း(၂)

Vol. 26 Ch. 378

ထိုအကြောင်းကြောင့်ပင် ရှဲ့ထန်းဟန်သည် အလွန် မောက်မာနေခြင်း ဖြစ်၏။ ဒီလောကရှိ မည်သူ့ကိုမှ အထင်မကြီးတော့ပဲ ရှိနေခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူသည် အရင်က တစ်ခါမှ မမြင်ဖူးခဲ့သည့် ဓါးလမ်းစဉ်တစ်ခုကို ဖန်တီးခဲ့၏။ ချန်းလန်ကျွန်းသို့ ရောက်ရှိပြီးမျှသာလျှင် သူ၏ နားလည်သဘောပေါက်မှုမှာ မည်မျှ သေးသိမ်ကြောင်းကို သိလာခဲ့ခြင်း ဖြစ်သည်။

သူသည် ဓါးတာအို၏ လမ်းကြောင်းပေါ်သို့ပင် ခြေချပြီးခြင်း မရှိသေးပါ။

ရှဲ့ထန်းဟန်က ပန်းရောင် ကျောက်စိမ်းဆွဲကြိုးတစ်ခုကို ထုတ်သည်။ တိတ်ဆိတ်စွာ စိုက်ကြည့်ရင်းက သူ၏ မျက်လုံးများထဲတွင် မှတ်ဉာဏ်အချို့ ပေါ်လာခဲ့၏။ အသက်ကို နက်ရှိုင်းစွာရှူပြီး ရေရွတ်သည်။

“ငါရှဲ့ထန်းဟန်.. ဘဝမှာ ဘယ်သူ့ကိုမှ ဦးမညွှတ်ဘူး.. ငါနင့်ကို လာရှာမယ်လို့ ပြောရင် သေချာပေါက် လာရှာမယ်”

သူသည် ဆွဲကြိုးကို သိမ်းကာ ရှဲ့လင်ဖုန်းရှိသည့် နေရာသို့ လှမ်းမျှော်ကြည့်၏။ မျက်လုံးများက ချစ်ခင်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။

သူ၏သားသည် သူ့လောက် ထူးချွန်ပြောင်မြောက်ခြင်း မရှိပေမယ့် ဓါးတာအိုအရာတွင် ထိပ်တန်း ပါရမီရှင်တစ်ယောက် ဖြစ်နေပါသေးသည်။

“သန့်စင်သော ဓါးနှလုံးသား… ဓါးဆန္ဒ.. ငါဒါတွေကို လေ့လာရမယ်”

ရှဲ့ထန်းဟန်၏ မျက်လုံးများက ခိုင်မာ၏။ သူ၏သား နားလည်သဘောပေါက်သည့် အရာကို သူသာ နားလည်သဘောပေါက်ထားခြင်း မရှိပါက ရှက်စရာ မကောင်းပေဘူးလား။

လီရွှမ်သည် အတွင်းဘက်နယ်မြေတွင် လှည့်လည်နေ၏။ ဒေသခံများ၏ အလေ့အထများကို အသိအမှတ်ပြုစွာ ရှူစားရင်းမှ သိုင်းလောက၏ အငြင်းပွားမှုများနှင့် ဂယက်များကို အတွေ့အကြုံယူသည်။ သူသည် သင့်တော်သည့် တပည့်တစ်ယောက်ကိုလည်း ရှာဖွေနေ၏။

တစ်ချိန်တည်းတွင် ချီမန်သိုင်းပညာစနစ်ကိုလည်း ဖန်တီးသည်။

“ငါ.. ဓါးသခင်ချောက်ကမ်းပါးကို သွားလည်ကြည့်ဦးမယ်”

ရှဲ့ထန်းဟန်ကို တွေးမိပြီးနောက် စိတ်ဓါတ်ကျနေမည်လားဟု တွေးမိ၏။

ရှဲ့ထန်းဟန်၏ ပါရမီမှာ အလွန် ကောင်းမွန်ကြောင်းအား သူမငြင်းပေ။ ဓါးအားကို ဖမ်းဆုပ်နိုင်ခဲ့၏။ ထိုဓါးအားကို အခြေခံအဖြစ် ယူကာ ဓါးတာအို၏ လမ်းကြောင်းပေါ်သို့ ခြေချနိုင်ပါသည်။ ဓါးဆန္ဒကို နားလည်နိုင်ရန် ကျင့်ကြံမှုတစ်ခုလုံးအား တစ်ခုချင်း လေ့လာသွားလို့ ရ၏။

ဓါးသိုင်းကျင့်ကြံရာမှ ဓါးအား၊ ဓါးအားမှ သန့်စင်သည့် ဓါးနှလုံးသား.. ထိုမှတစ်ဆင့် ဓါးဆန္ဒ.. အားလုံးကို တစ်ခုချင်းစီ ပြည့်စုံအောင် လုပ်ရပေမည်။

“ရှဲ့ထန်းဟန်ကို ညွှန်ကြားချက်အချို့ ပေးတာပေါ့.. ဓါးပညာရဲ့ ကျင့်ကြံမှု စနစ်အတွက် သူ့ရဲ့ အကျိုးပြုမှုကြောင့် ဆုပေးတယ်လို ယူဆိုက်မယ်”

လီရွှမ်သည် နားလည်လာခဲ့၏။ သူဖန်တီးထားသည့် ဓါးတာအိုသည် အလွန် ဆန်းကြယ်လွန်းနေပြီး စတင်မှတ်မှာ အလွန် မြင့်မားနေပါသည်။ သိပ်သည်းသည့် အခြေခံနှင့် ပြည့်စုံသည် စနစ်တစ်ခု မဖွဲ့စည်းနိုင်ပဲ ဖြစ်နေ၏။

ရွှီယန်မှာ နားလည်သဘောပေါက်မှု ရခဲ့ပေမယ့် ဓါးတာအိုလမ်းစဉ်အတွက် စတင်ရန် ခက်ခဲမှုမှာ မြင့်မားနေဆဲ ရှိသည်။ ရှဲ့လင်ဖုန်းသည် ပါရမီနိမ့်ပါးသူ မဟုတ်ပေ။ သို့ပေမယ့် ယခုမျှ အချိန်အတော် ကြာပြီးသည့်တိုင်အောင် ဓါးဆန္ဒအား နားလည်မှုမရနိုင်ပဲ ရှိနေ၏။

ဘာပဲဖြစ်ဖြစ် ရွှီယန်မှာ သာမန် ပါရမီရှင်တစ်ယောက် မဟုတ်ပေ။

ရှဲ့ထန်းဟန်၏ ဓါးအားနှင့် ဓါးလမ်းစဉ်၏ ကွာဟချက်အား ဖြည့်လိုက်ပါက စတင်နိုင်ရန် ခက်ခဲမှုကို ကြီးစွာ နိမ့်ပါးသွားစေမှာ ဖြစ်သည်။ ထိုအခါ ရှဲ့လင်ဖုန်းကဲ့သို့ ပါရမီနှင့်လူ(သို့) သူ့ထက် အနည်းငယ် ပါရမီနိမ့်ပါးသူတို့ကိုလည်း တစ်ဆင့်ချင်း ချောမွေ့စွာ လေ့လာလာနိုင်စေမှာ ဖြစ်သည်။

ထိုအတွက် ပါရမီလိုအပ်ချက် ရှိဦးမည် ဖြစ်ပေမယ့် အနည်းဆုံးတော့ တောင်းဆိုချက်တို့ နိမ့်ပါးသွားမှာ ဖြစ်သည်။ ထို့အပြင် လူတစ်ယောက်အနေနှင့် ဓါးဆန္ဒကို ဖမ်းဆုပ်နိုင်ခြင်း မရှိလျှင်တောင် ဓါးအားကို ပိုင်ဆိုင်ခြင်းက စွမ်းအားကြီးမားသည့် တိုက်ခိုက်သူတစ်ဦး ဖြစ်လာစေမှာ ဖြစ်သည်။

ဤသည်က ဓါးပညာ ကျင့်ကြံသူများ၏ စုစုပေါင်း ခွန်အားကို မြှင့်တင်ပေးနိုင်သည်။

“ဓါးသခင်ချောက်ကမ်းပါးက ဘယ်နေရာမှာပါလိမ့်”

လီရွှမ်က ခဏတာ စဉ်းစားသည်။ ပြီးနောက် တစ်ယောက်ယောက်ကို မေးစမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။

ကျောင်မင်၏ လမ်းကြောင်းနောက်သို့ လိုက်ကာ ဖင်းအာတစ်ယောက် ဆက်လက် ရွေ့လျားနေပါသည်။ ရံဖန်ရံခါ သိုင်းလောကသားများ၊ အဖွဲ့အစည်းများကို တွေ့ရပါက သွားရောက် မေးမြန်းလေ့ရှိသည်။ မလေးစားသည့် အပြုအမူ တစ်စုံတစ်ရာ တွေ့ရသည်နှင့် ရက်စက်စွာ သတ်ဖြတ်ခဲ့၏။

သူမသည် အမှန်တကယ်ကို ရက်စက်ကြမ်းကြုတ်ကာ ဂရုဏာတရား လုံးဝမရှိပေ။ ဝက်များ၊ ခွေးများသဖွယ် သတ်ဖြတ်ပစ်၏။

“ကျောင်မင်.. ခွေးကောင်”

ဖင်းအာမှာ ဒေါသတို့ဖြင့် ပြည့်နှက်နေပါသည််။

“သခင်မလေး ငါ့ကို ဖမ်းစေချင်တဲ့လူက ဘယ်နေရာမှာလဲ.. ဘယ်သူလဲ”

သူမသည် မျက်မှောင်ကြုတ်သွား၏။ အစက အတွင်းဘက်နယ်မြေမှ တစ်ယောက်ယောက် ဖမ်းပေးရမည်ဟု အမိန့်အား ရရှိပြီးနောက် ကျောင်မင်ကို ရှာလိုက်လျှင် လွယ်ကူသွားပြီဟု တွေးခဲ့၏။ ရိုးရှင်းသည့် တာဝန်တစ်ခုသာ ဖြစ်သည်။

ထို့ကြောင့် ဖမ်းဆီးရမည့်လူမှာ မည်သူဖြစ်သည်နှင့် မည်သည့်အမည် ရှိသည်ကိုပင် မေးမြန်းခြင်း မပြုခဲ့ပေ။ ထို့အပြင် လာရော ပြောကြားသူ၏ စကားကိုပင်် ဆုံးအောင်မစောင့်ပဲ အတွင်းဘက်နယ်မြေသို့ တစ်ခါတည်း ထွက်ခဲ့ခြင်း ဖြစ်၏။

ယခုအချိန်၌ အနည်းငယ် နောင်တရစွာ ခံစားနေရသည်။ သူမသာ ရှာဖွေရမည့် လူကို သိပါက ပိုမို လွယ်ကူသွားမှာ ဖြစ်သည်။

“ဒီလို နိမ့်ကျတဲ့ နေရာမှာ ရုပ်ရည်ချောမောပြီး အနည်းငယ် ခွန်အားကြီးမားတဲဲ့ ယောကျားတစ်ယောက်ကို ရှာဖို့က မလွယ်ကူဘူး.. ငါ့ရဲ့ ဒေါသတွေက တော်တော်ဆူပွက်နေပြီ”

“ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘူး… တစ်ယောက်ယောက်ကို ရှာပြီး စိတ်ထွက်ပေါက်လုပ်ဖို့ လိုတယ်”

ဖင်းအာ၏ မျက်နှာသည် နီရဲလာခဲ့၏။ ပတ်ဝန်းကျင်သို့ ကြည့်ရှုကာ မြို့တစ်မြို့ကို ရှာပြီး ခွန်အားနှင့် ရုပ်ရည် သင့်တင့်သည့် ယောကျားများ ရှိမလားဟု သွားရောက်ကြည့်ရှုမည် ဖြစ်သည်။

“ဒီလို နိမ့်ကျတဲ့ နေရာက တကယ့်ကို နိမ့်ကျတာပဲ… မွမ်းကြပ်ဖို့ ကောင်းလွန်းတယ်.. ခွေးလို ဝက်လိုကောင်တွေနဲ့ နှီးနွယ်ရမယ် ဆိုရင်တောင် ငါ့ရဲ့စိတ်ကို ဖွင့်ထုတ်ဖို့ လိုအပ်တယ်”

ဖင်းအာသည် အံကိုကြိတ်ကာ ကျောင်မင်ကို ရှာတွေ့ပြီးပါက ယခု ပင်ပန်းဒုက္ခရောက်ခဲ့သည်များအတွက် သခင်မလေးကို ပြင်းထန်စွာ အပြစ်ပေးခိုင်းရန် ဆုံးဖြတ်လိုက်သည်။

သူ့ကြောင့်သာ မဟုတ်ပါက သူမအနေနှင့် အဘယ်ကြောင့် နိမ့်ကျသည့် တိရစ္ဆာန်လို လူများနှင့် ဆက်ဆံရမည်နည်း။

“အဓိက အင်အားစုတွေက လူတွေကတော့ ပုံမှန်အားဖြင့် ခွန်အားအဆင့် ပိုမြင့်ကြတယ်.. အတွင်းဘက်နယ်မြေမှာ အဓိကအင်အားစုတွေက ဘာတွေပါလိမ့်… တစ်ယောက်ယောက်ကို မေးကြည့်ပြီး ရုပ်ချောတဲ့ အဆင့်နိမ့် လူတစ်ယောက်ကို ရှာတာပေါ့… အဲ့လိုဆို သည်းခံလို့ ရလောက်သေးတယ်”

ထိုကဲ့သို့ တွေးမိပြီးနောက် အနီးအနားရှိ အဓိက အင်အားစုတစ်ခု၏ တည်နေရာအား သိရှိရန် မေးမြန်းဖို့ ထွက်ခွာသွားသည်။

ကျန်းကျွင်းရာ၏ တည်နေရာကို မေးစမ်းပြီးနောက် လီရွှမ်တစ်ယောက် ထိုဂိုဏ်းဆီသို့ အေးအေးလူလူ ထွက်လာခဲ့သည်။ အချိန်ယူကာ ခရီးလမ်းကို ခံစား၏။

သူသည် ကျန်းကျွင်းရာနှင့် အရမ်းကြီး ဝေးကွာခြင်းမရှိပေ။

လီရွှမ်သည် တောင်ကုန်းတစ်ခုပေါ်တွင် ရပ်ကာ သူ၏အကြည့်က အဝေးရှိ ဓါးတစ်ချောင်း ထောင်နေသကဲ့သို့ တောင်ကို ကြည့်သည်။ ဤသည်မှာ ဓါးသခင် ချောက်ကမ်းပါး ဖြစ်၏။

“ဒီအတွင်းဘက်နယ်မြေရဲ့ ရှုခင်းတွေက တကယ့်ကို ကွဲပြားပြီးတော့ စုံလင်တာပဲ”

အသိအမှတ်ပြုစွာ တွေးတောနေရင်းမှ သူ၏ မျက်ခုံးများက ရုတ်တရက် မြင့်တက်သွားသည်။ ကောင်းကင်မှ တင့်တယ်သည့် ပုံရိပ်တစ်ခု သက်ဆင်းလာ၏။

တောင်ကုန်းပေါ်သို့ ရောက်ရှိလာသည်။

ဖင်းအာသည် အစက ဓါးသခင်ချောက်ကမ်းပါးသို့ သွားရောက်ရန် စဉ်းစားထား၏။ သို့ပေမယ့် လမ်းတွင် တောင်ကုန်းပေါ်၌ လူငယ်တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ အထူး ချောမောကာ တစ်သီးတစ်သန့်ဆန်သည့် အငွေ့အသက် ရှိ၏။ စိတ်ဝိညာဉ်နယ်မြေ၌ပင် ထိုကဲ့သို့သော လူတစ်ယောက်ကို ကြုံတွေ့ရန် ခက်ခဲပါသည်။

“ဒီလို နိမ့်ကျတဲ့‌ နေရာမျိုးမှာ ဒီလိုယောကျားတစ်ယောက ရှိနိုင်တာလား”

ထိုအချိန်၌ ဖင်းအာတစ်ယောက် နှလုံးသား၌ လှိုင်းထစွာ ခံစားလာရသည်။

“သူပဲ”

သူမ၏ မျက်လုံးများက လင်းလက်စွာဖြင့် လီရွှမ်၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ထို့အပြင် လူကို တစ်ပတ်လှည့် ကြည့်ရှုပြီး စမ်းစစ်လေလေ ပိုမို ကျေနပ်လေ ဖြစ်လာခဲ့၏။

လီရွှမ်က မျက်မှောင်ကြုတ်နေပြီး ကာမဆေးတစ်ပုလင်းလုံး စားသုံးထားသကဲ့သို့ မျက်နှာတို့ နီမြန်းနေပြီး တဏှာအငွေ့အသက်တို့ လွှမ်းခြုံနေသည့် အမျိုးသမီးကို ကြည့်သည်။

သူမ၏ မျက်နှာက လှပကာ ခန္ဓာကိုယ်က ဆွဲဆောင်မှုရှိပါသည်။ သို့ပေမယ့် အလွန် အိန္ဒြေမရကာ ပေါ့ပျက်လွန်းခြင်းက သူ့ကို မနှစ်သက်စွာ ခံစားရစေသည်။

“စိတ်ဝိညာဉ်နယ်မြေက ကောင်းကင်လူသား တစ်ယောက်လား… ဒါက သဘာဝအတိုင်း ဖြစ်တာလား.. ကျင့်စဉ်တစ်ခုခုကြောင့်များလား”

လီရွှမ်က စဉ်းစား၏။

တစ်ဖက် လှုပ်ရှားတက်ကြွနေသည့် အမျိုးသမီး၏ ရည်ရွယ်ချက်ကိုတော့ သူဂရုမစိုက်ပေ။ တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ရာ ဘာမှမဟုတ်ပါ။

“စိတ်ဝိညာဉ်နယ်မြေက ကောင်းကင်လူသားတစ်ယောက်က အတွင်းဘက်နယ်မြေကို ဘာအတွက် ရောက်လာတာလဲ.. စိတ်ဝိညာဉ်နယ်မြေနဲ့ ပက်သက်တဲ့ အသိအမြင်တွေကို သူမဆီက ပိုမေးလို့ ရလောက်တယ်”

လီရွှမ်က တွေးတောနေ၏။

ထိုအချိန်၌ ဖင်းအာသည် သူ့ကို တစ်ပတ်လှည့်ပြီး ဖြစ်ကာ ရှေ့တွင် မောက်မာသည့် အသွင်အပြင်ဖြင့် ရပ်တန့်သွားပြီး ပြောသည်။

“ဒီလို နိမ့်ကျတဲ့‌ နေရာတစ်ခုမှာ ဒီလောက် ချောမောတဲ့ လူတစ်ယောက်ကို ရှာတွေ့နိုင်ဖို့ တကယ်ရှားတယ်”

“ဆိုးတာပဲ.. အခွံက ဘယ်လောက်ပဲ ကောင်းကောင်း ဒီလို နိမ့်ကျတဲ့ နေရာမှာ ခွေးတွေ ဝက်တွေထက် ပိုမနေဘူး။ ပိုကြည့်ကောင်းတဲ့ ခွေးလို၊ ဝက်လို လူတစ်ယောက်ပါပဲ”

“လာခဲ့… ဒီနေ့မှာ နင့်အတွက် ဂုဏ်ယူစရာတစ်ခု လုပ်ပေးမယ်။ ငါ့ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး လောကအထွတ်အထိပ် သာယာမှုကို ခံစားရစေမယ်”

“ဒူးထောက်ပြီး မြန်မြန်‌လေး ကျေးဇူးတင်။ ဒါက နင့်ရဲ့ ဘဝပေါင်းများစွာ မရနိုင်တဲ့ ကံကောင်းမှုပဲ..”

“အုန်း”

ဖင်းအာသည် ရုတ်တရက် ထိတ်လန့်သွား၏။ သူမ၏ ကောင်းကင်လူသား အရှိန်အဝါက ထွက်ပေါ်လာကာ ခန္ဓာကိုယ်ရှိ အငွေ့အသက်တို့ မြင့်တက်လာခဲ့သည်။ သို့ရာတွင် လျှပ်တစ်ပြတ်အတွင်း အတောမသတ်နိုင်သည့် စိတ်ဆန္ဒအားတို့၏ ဖိနှိပ်လာမှုကို ခံစားရ၏။

ကောင်းကင်၏ ဆန္ဒကို ဆန့်ကျင်ရသည့်အလား သက်ရောက်မှုမရှိစွာ… ခုခံရန် အခွင့်အရေး မရှိစွာ ရှိနေ၏။

“ဘုန်း”

သူမ၏ ခန္ဓာကိုယ်က ပေါက်ကွဲကာ ပြာများအဖြစ် လေနှင့် ပျောက်ကွယ်သွားသည်။

သေဆုံးသည်အထိ အတွင်းဘက်နယ်မြေတွင် ယခုမျှ ကြောက်စရာကောင်းသည့် စွမ်းအားကြီးပုဂ္ဂိုလ် တစ်ဦးနှင့် ကြုံတွေ့ရသည်ကို နားမလည်လိုက်ပေ။

“ဟာ.. စိတ်လိုက်မာန်ပါ လုပ်မိလိုက်ပြီ”

ဖင်းအာကို သေအောင် ရိုက်သတ်ပြီးနောက် လီရွှမ်က သက်ပြင်းချသည်။

နောက်ဆုံးတွင် ရွှီယန်၏ ကောင်းကင်လူသားကို အဘယ်ကြောင့် ဓါးထုတ်သတ်ဖြတ်ခဲ့မိသည်ကို နားလည်လာခဲ့သည်။ သူတို့၏ မျက်နှာများသည် ကြည့်ရတာ အလွန် ရွံဖို့ကောင်းသောကြောင့် ဖြစ်၏။

အထူးသဖြင့် အထင်သေးသည့် သဘောထားဖြစ်သည်။ လူကို ခွေး၊ ဝက်တို့နှင့် ဆက်တိုက် ခိုင်းနှိုင်းနေ၏။ မည်သူက ရိုက်မသတ်ပဲ နေနိုင်မည်လဲ။

ထို့အပြင် ဒီမိန်းမ၏ အလွန် ရမက်ထန်နေသည့် အသွင်က သူ့ကို အော့နှလုံးနာကာ မသက်မသာ ဖြစ်စေသည်။ ဤသည်ကို ကံကောင်းမှု ချီးမြှောက်သည့်အလား မောက်မာပြနေသေး၏။

သူမသာ မဟုတ်ပါက မည်သူသည် သေရန် ထိုက်တန်မည်နည်း။

လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ပြီးနောက် လီရွှမ်သည် နောင်တရစွာ ခံစားလိုက်ရသည်။ အစက သူမ၏ ရည်ရွယ်ချက်နှင့် အတွင်းဘက်နယ်မြေသို့ ကောင်းကင်လူသား မည်မျှ ဝင်ရောက်ခဲ့သနည်းဟု မေးမြန်းမလို့ပါ။ စိတ်ဝိညာဉ်နယ်မြေ၏ အကြောင်းကိုလည်း အနည်းငယ် သိချင်သေး၏။

သို့ရာတွင် သည်းခံနိုင်ခြင်း မရှိ‌တော့ သတ်ပစ်လိုက်လေပြီ။

“ထားလိုက်ပါတော့… အတွင်းဘက်နယ်မြေကို ကောင်းကင်လူသားတွေ ဝင်လာတာနဲ့ မကြာခင် ကြားသိရမှာပဲ… စိတ်ဝိညာဉ်နယ်မြေက အားလုံးက ဒီလိုပဲများလား”

ကြည့်ရသည်မှာ ကောလဟာလများက မှန်ကန်ပါသည်။ စိတ်ဝိညာဉ်နယ်မြေမှ လူများသည် အတွင်းဘက်နယ်မြေရှိ သိုင်းသမားများအား အထင်သေးကြပြီး ဝက်များ၊ ခွေးများအဖြစ်ပင် မှတ်ယူထား၏။

“အတွင်းဘက်နယ်မြေက သိုင်းသမားတစ်ယောက်သာ လင်းနယ်မြေကို ဝင်ပြီးရင် ကောင်းကောင်းဆက်ဆံ ခံရမယ် မထင်ဘူး။ ဒီလို မြင့်မြတ်တယ်ဆိုတဲ့ အသိက ဘယ်လိုကဘယ်လို ဖြစ်လာတာပါလိမ့်”

လီရွှမ်က ခေါင်းကိုယမ်းသည်။ လင်းနယ်မြေမှ သိုင်းသမားများ အတွင်းဘက်နယ်ကို အဘယ်ကြောင့် အလွန် အထင်သေးသည်အား နားမလည်စွာ ရှိနေ၏။ ထို့အပြင် သူတို့၏ ခွဲခြားမှုက လွန်ကျူးလှပါသည်။

“ကြည့်ရတာ… အတွင်းဘက်နယ်မြေမှာ တင်းကြပ်တဲ့ အဆင့်အတန်းခွဲခြားမှုတွေ ရှိမယ်ထင်တယ်”

ထိုသို့ဆိုပါက အဆင့်နိမ့် သိုင်းသမားများ၏ ဘဝသည် အတွင်းဘက်နယ်မြေရှိ သိုင်းသမားများထက်ပင် ပိုမို ဆိုးရွားလောက်မှာ ဖြစ်သည်။

ဖင်းအာအား သတ်ဖြတ်ပြီးနောက် လီရွှမ်သည် ဓါးသခင်ချောက်ကမ်းပါးဆီသို့ ဆက်လက်ထွက်ခဲ့၏။

ထိုအမျိုးသမီး၏ အတွင်းဘက်နယ်မြေသို့ ရောက်လာသည့် ရည်ရွယ်ချက်မှာတော့ သူမ၏ သေဆုံးမှုနှင့်အတူ မေးမြန်းနိုင်ခြင်း မရှိတော့ပေ။

“ဒါက ဓါးသခင် ချောက်ကမ်းပါးပေါ့”

လှေကားကို တက်ရင်းမှ ဓါးသခင် ကမ်းပါးပေါ်တွင် ကျင့်ကြံနေသည့် တပည့်များကို ကြည့်ရှုသည်။ အတွင်းဘက်နယ်မြေ၏ ထိပ်တန်းအင်အားစုတစ်ခု ပီသလှသည်ဟု တွေးမိ၏။

ဒီတပည့်များ၏ ပါရမီများမှာ မဆိုးလှပေ။ သူတို့၏ ခွန်အားသည် အခြား အင်အားစုများရှိ တပည့်များထက် သာလွန်၏။

All Chapters