← Chapters

နှလုံးသား ဓားအဆင့်၊ သဘာဝ အခင်းအကျင်း

Vol. 26 Ch. 379

နှလုံးသား ဓားအဆင့်၊ သဘာဝ အခင်းအကျင်း

Vol. 26 Ch. 379

ရှဲ့ထန်းဟန်က ဓါးတာအိုကို လေ့လာနေ၏။ သို့ပေမဲ့ သန့်စင်သော ဓားနှလုံးသားမှာ အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေဆဲ ရှိသည်။

သူသည် ၎င်းကို ရှဲ့လင်ဖုန်းဆီမှ သင်ယူရရှိခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ ရှဲ့လင်ဖုန်း ကိုယ်တိုင်မှာလည်း နားလည်သဘောပေါက်ခြင်း မရှိသေးရာ သန့်စင်သော ဓားနှလုံးသား ၏ အဓိက အချက်များကို ရှင်းပြရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ရှဲ့ထန်းဟန် အနေနှင့် သန့်စင်သော ဓားနှလုံးသား အကြောင်းကို သိရှိကာ ရှဲ့လင်ဖုန်းက သူ သိရှိသမျှ အားလုံးတို့ကို ပြောပြခဲ့ပေမဲ့ ဉာဏ်အလင်း ရရန်မှာ လွယ်ကူခြင်း မရှိပါ။

သူသည် သဲလွန်စပင် ရှာတွေ့နိုင်ခြင်း မရှိဘဲ ရှိနေ၏။ မနေနိုင်ဘဲ အနည်းငယ် စိတ်ဓာတ်ကျစွာ ခံစားလိုက်ရသည်။

"ငါ.. အဲ့ဒီ ဆရာကြီးဆီကို သွားပြီးတော့ အကြံဉာဏ် တောင်းရမလား"

ရှဲ့ထန်းဟန်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။

ထိုဆရာကြီးသည် ဉာဏ်ပညာ ကြီးမားသည့် အလေးစားခံ ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ ဂရုဏာ တရားလည်း ကြီးမားသည်။ ထို့ကြောင့် သူသာ အကြံဉာဏ် သွားရောက် တောင်းခံပါက သေချာပေါက် ညွှန်ကြားပြသမှုတို့ ပေးမှာပါ။

သို့ရာတွင် သူ့ကိုယ်သူ မည်မျှ အားမာန်အပြည့် ရှိခဲ့ပုံ၊ မောက်မာခဲ့ပုံ၊ တစ်ဖက်လူအား ဓားထုတ်ကာ ယှဉ်ဆိုင်လိုခဲ့ပုံတို့ကို တွေးမိပြီးနောက် မျက်နှာက နီမြန်းကာ ရှက်ရွံ့လာ၏။

ရှဲ့ထန်းဟန်သည် သူ့ကိုယ်သူ လုံလောက်စွာ အရည်ထူခြင်း မရှိသေးဟု ခံစားရ၏။ ထို့ကြောင့် နှလုံးသားထဲတွင် သက်ပြင်းချကာ ကိုယ့်ဘာသာသာ ဆက်လက်တွေးတော လေ့လာရသည်။

"သန့်စင်သော ဓားနှလုံးသား ကို ကျင့်ကြံဖို့အတွက် လူတစ်ယောက်မှာ ပထမဆုံး သန့်စင်တဲ့စိတ် ရှိရမယ်။ အပြင်ဘက် အရာဝတ္ထုတွေရဲ့ နှောင့်ယှက်ခြင်းကို မခံရဘူး။ စိတ်က အခြား အရာအားလုံးကို ဖယ်ထုတ်ထားပြီး ဓားပဲ ရှိရမယ်...

"မင်းမှာ ဓားလမ်းစဉ်အတွက် ကောင်းမွန်တဲ့ ပါရမီ ရှိတယ်။ ဓားသိုင်းပညာ များစွာကို ကျင့်ကြံခဲ့ပြီး ဓားအား ကို နားလည် သဘောပေါက် လာနိုင်ခဲ့တယ်"

"ဆိုလိုတာက မင်းမှာ အတွေ့အကြုံတွေ ရှိနေပြီ"

"ဓားအား ကို လေ့လာခဲ့တုန်းက မင်းရဲ့ စိတ်အခြေအနေကို ပြန်ပြီးတော့ စဉ်းစား။ အဲ့ဒီထဲမှာ ကိုယ့်ကိုယ်ကို နှစ်မြှုပ်ပြီး အဓိပ္ပာယ် ကို လေ့လာ"

"ဒါဆိုရင် သန့်စင်သော ဓားနှလုံးသား ကို နားလည်သဘောပေါက်ဖို့က မဝေးတော့ဘူး"

ရုတ်တရက် သူ၏နားထဲသို့ အသံတစ်ခု ဝင်ရောက်လာ၏။ ရှဲ့ထန်းဟန်က အံ့ဩသွားသည်။ သူသည် တစ်ယောက်ယောက် ချဉ်းကပ်လာသည်ကို လုံးဝ သတိမထားမိပဲ ရှိနေခဲ့၏။

ထို့နောက် ချက်ချင်းပင် စိတ်လှုပ်ရှားလာခဲ့သည်။ ဤသည်မှာ ထိုဆရာကြီး၏ အသံ မဟုတ်ပါလား။

ရုတ်တရက် ခေါင်းမော့ကြည့်ပြီးနောက် မလှမ်းမကမ်းတွင် ရပ်နေသည့် ဆရာကြီးကို တွေ့လိုက်ရ၏။ တလိပ်လိပ် တောက်ပနေသည့် တိမ်များကို ကြည့်ရှုနေ၏။

"ညွှန်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး"

ရှဲ့ထန်းဟန်က လေးစားစွာ အမြန် ဦးညွှတ်သည်။

"အင်း"

လီရွှမ်က ခေါင်းညိတ်ပြီး သူ့ကို ဆက်လက် ညွှန်ကြားမှု ပြုပေး၏။

ရှဲ့ထန်းဟန်မှာ အလွန် စိတ်လှုပ်ရှားနေပါပြီ။ သူသည် တစ်ခုခုကို ရေးတေးတေး နားလည်မှု ရလာပုံ ပေါ်ပြီး အချိန်တစ်ခု ကြာအောင် တံခါးပိတ် ကျင့်ကြံလိုက်ပါက ဓားပညာတွင် ဉာဏ်အလင်း ရလာမည်ဟု ယုံကြည်ချက် ရှိ၏။

" ဆရာကြီး..."

"ကျွန်တော့်အတွက် ဘာညွှန်ကြားချက်

တွေ ရှိသေးလဲ မသိဘူး"

စိတ်လှုပ်ရှားမှုတို့ တည်ငြိမ်လာပြီးနောက် ရှဲ့ထန်းဟန်က လေးစားစွာ မေးသည်။

"ဒီတိုင်းပဲ လျှောက်ကြည့်နေတာ.. ဘာမှ မရှိပါဘူး"

လီရွှမ်က ခေါင်းရမ်း၏။

"ဆရာကြီးသာ အမိန့်ပေးရင် ကျွန်တော် ရှဲ့ထန်းဟန်..."

"...မီးတောင်.. ဓားပင်လယ်ကို ဖြတ်ပြီး သေချာပေါက် ပြီးမြောက်အောင် လုပ်ပေးပါမယ်"

ရှဲ့ထန်းဟန်က လေးနက်စွာ ပြော၏။

"မင်းက သိတတ်တာပဲ"

လီရွှမ်က ခေါင်းညိတ်၏။

ရှဲ့ထန်းဟန်ကို ညွှန်ကြားမှု ပေးပြီးနောက် သူသည် ဓားသခင် ချောက်ကမ်းပါးတွင် အချိန်အတန်ကြာအောင် မနေဘဲ တောင်မှ ပြန်ဆင်းသွား၏။

သူ၏နောက်ထပ် ဦးတည်ရာသည့် ခုနှစ်စင်ကြယ် အကယ်ဒမီ ဖြစ်သည်။ ယခုအချိန်၌ သဟွသိုင်းပညာ အကယ်ဒမီဟု ခေါ်ဆို၏။

သူသည် အေးလူလူဖြင့် လမ်းတစ်လျှောက်ရှိ ရှုခင်းများကို ကြည့်ရှုရင်းမှ အတွင်းဘက်နယ်မြေရှိ နေရာပေါင်းစုံတို့၏ အလေ့အထများကို စူးစမ်းသည်။ ရံဖန်ရံခါ ရွာငယ်အချို့သို့ ဖြတ်သွားချိန်တွင် လူငယ်များ၏ အရေအပြားသန့်စင်မှုအား ကျင့်ကြံနေမှုကို တွေ့ရလေ့ရှိသည်။ ထိုအခါ စိတ်အခြေအနေ ကောင်းမွန်စွာဖြင့် ညွှန်ကြားချက်အချို့ ပေးလေ့ရှိ၏။

ထိုနေ့တွင် သဟွသိုင်းပညာ အကယ်ဒမီ သို့ ရောက်ရှိခါနီး၌ စိတ်ဝိညာဉ်အခြေ၏ အပေါ်ရှိ တယအိုရွှေစာအုပ် က ရုတ်တရက် ပွင့်လာခဲ့ပြီး ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သင်၏ တပည့် ရွှီယန် သည် နှလုံးသားဓားအဆင့်၏ ဆန်းကြယ်မှုများကို အောင်မြင်စွာ နားလည်ခဲ့ပြီး သင်သည် နှလုံးသားဓားအဆင့်သို့ ချိုးဖြတ်သွားသည်"

ချက်ချင်းပင် လီရွှမ်သည် သူ၏ ဓားပညာ၌ ကြီးမားသည့် ပြောင်းလဲမှုတို့ ပေါ်ပေါက်လာမှုကို ခံစားရ၏။

နှလုံးသားဓားအဆင့်...

အရာအားလုံးသည် ဓားတာအို ဖြစ်နိုင်လေသည်။

ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ချိန်၌ မြက်ပင်များက လေပေါ်သို့ မျောလွင့်လာပြီး ထက်မြသည့် သတ်ဖြတ်ခြင်း ဓားများအဖြစ် ပြောင်းလဲသွားသည်။ ထောင်နှင့်ချီသည့် ဓားမုန်တိုင်း တစ်ခုသဖွယ် ထွက်ခွာသော၏။

ရှေ့ရှိ တောင်ကုန်းငယ်တစ်ခုသည် လျှပ်တစ်ပြတ်အတွင်း အပေါက်များစွာ ဖြစ်သွားသည်။

နှလုံးသားဓားအဆင့်...

လီရွှမ်သည် စိတ်လှုပ်ရှားနေ၏။ သူသည် နောက်ဆုံးတွင် ဓားတာအို၏ ဒုတိယအဆင့်အား ရောက်ရှိခဲ့ပါပြီ။ ရွှီယန်သာ ဒီဗိုင်းဆန္ဒအဆင့်သို့ ရောက်ရှိသွားပါက သူ၏ ဓားတာအိုအဆင့်လည်း နှလုံးသားဓားအဆင့်သို့ ချိုးဖြတ်သွားမည်ဟု ယုံကြည်သည်။

"ဘယ်လောက်စွမ်းအားကြီးတဲ့ ဓားတာအို လမ်းစဉ်လဲ" လီရွှမ်သည် သူဖန်တီးထားသည့် ဓားတာအိုလမ်းစဉ်နှင့် ပတ်သက်ပြီး အလွန် ကျေနပ်နေ၏။

"အချိန်ကျတာနဲ့ ရွှီယန်ကို ဓားတာအိုရဲ့ တတိယမြောက်အဆင့်ကို သင်ပေးရမယ်"

သူ စိတ်ပိုင်းဖြတ်လိုက်သည်။

"သင်၏တပည့် ရွှီယန်သည် နှလုံးသားဓားအဆင့် အပေါ်တွင် ဉာဏ်လင်းပွင့်မှု ရခဲ့ပြီး သင်၏ နှလုံးသားဓားအဆင့်သည် ပိုမိုမြင့်တက်လာခဲ့သည်"

ရွှီယန်သည် နှလုံးသားဓားအဆင့်၌ ဉာဏ်လင်းရခဲ့ပြီး သူ၏ ဓားတာအိုအဆင့်က ပိုမိုမြင့်တက်လာခဲ့သည်။

"သူ့ရဲ့ ခွန်အားက နေ့စဉ်နေ့တိုင်း ပိုပြီးတော့ သန်မာလာနေတယ်"

လီရွှမ်က အံ့အားသင့်သည်။ ရွှီယန်၏ ခွန်အားသည် အခိုက်အတန့်အတိုင်းတွင် မြင့်တက် နေ၏။

လီရွှမ်သည် သဟွသိုင်းပညာ အကယ်ဒမီဆီသို့ ခရီးလမ်းအား ဆက်လက်ခဲ့သည်။ ခုနှစ်စင်ကြယ်မြို့သို့ ရောက်ရှိရုံရှိသေး တာအိုရွှေစာအုပ်က ထပ်မံပွင့်လာခဲ့ပြန်၏။

"သင်၏ တပည့် မုန့်ချုံသည် သူ၏ ဆေဘာဝိညာဉ်ကို အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ကျင့်ကြံနိုင်ခဲ့သည်။ သင်၏ ဆေဘာဝိညာဉ်လည်း မြင့်တက်လာပြီး ဒုတိယအဆင့် အထိ တိုးတက်လာခဲ့သည်"

မုန့်ချုံ၏ ဆေဘာတာအိုလည်း အဆင့်ချိုးဖျက်ခဲ့၏။

"သင်၏တပည့် မုန့်ချုံသည် ကြီးစိုးခြင်းဓားဆန္ဒ၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်။ သင်၏ ဓားဆန္ဒသည် တိုးမြှင့်လာပြီး ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်"

ဓားဆန္ဒလည်း အဆင့်ချိုးဖျက်ခဲ့၏။

"မုန့်ချုံ... မဖျက်စီးနိုင်တဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာ ပထမအဆင့်ကို နားလည်တော့မယ် ထင်တယ်"

လီရွှမ်သည် မျှော်လင့်မှုတို့ဖြင့် ပြည့်နှက်နေ၏။

သဟွသိုင်းပညာ အကယ်ဒမီသို့ ဝင်ရောက်ပြီးနောက် လီရွှမ်းသည် အလွန်နှိမ့်ချစွာသာ နေပြီး လူအများ၏ အာရုံကို ဆွဲဆောင်ခြင်း မရှိပေ။ ပိုင်ယွင်ခုံးတို့ပင်လျှင် သူ၏ တည်ရှိမှုကို သိရှိခြင်း မရှိပါ။

"ဒါက သိုင်းပညာ သင်ကြားမှုအပေါ်မှာပဲ မြှုပ်နှံထားတဲ့ မူလ ခုနှစ်စင်ကြယ် အကယ်ဒမီပေါ့"

လီရွှမ်က သဟွသိုင်းပညာအား သင်ကြားပေးနေသည့် ဆရာများကို ကြည့်ကာ အသိအမှတ်ပြုစွာ ခေါင်းညိတ် သည်။

ကျောင်းသားများကို သင်ကြားပေးပြီးနောက် ဆရာများကိုယ်တိုင်လည်း သဟွသိုင်းပညာကို လေ့လာကျင့်ကြံကြ၏။ ယခုအချိန်၌ ဆရာများစု တို့သည် သဟွသိုင်းပညာသို့ ပြောင်းလဲပြီး ဖြစ်ကြသည်။

သို့ရာတွင် စစ်ဘုရင်အဆင့်အား ထုံးရွှမ်အဆင့်သို့ ပြောင်းလဲကျင့်ခြင်းနည်းလမ်းအား ရှာမတွေ့သေးပေ။

ထုံရွှမ်းအဆင့်၏ ခွန်အားမှာ စစ်ဘုရင်အဆင့်ထက် အများစွာ ပိုမိုသန်မာ၏။ ဤသည်က စစ်ဘုရင်များကို ထုံးရွှမ်သို့ မပြောင်းလဲနိုင်အောင် ဖြစ်စေသည်။

သူတို့သည် မူလအဆင့်သို့ ပြောင်းလဲပြီးမှသာလျှင် ထုံးရွှမ်သို့ ချိုးဖျက် နိုင်ကြ၏။ သို့ပေမဲ့ အထွတ်အထိပ်စစ်ဘုရင်များ၏ ခွန်အားနှင့် ပြောင်းလဲရန် အဆင့်မီပါသည်။ ဆိုးတာက ပြောင်းလဲကျင့်ခြင်း နည်းလမ်းမှာ ပြည့်စုံခြင်း မရှိပေ။

ရွှီယန်ဖြစ်စေ၊ စုလင်းရှုံဖြစ်စေ ထိုကိစ္စအတွက် အာရုံများကြီး မထားကြပါ။ ထို့အပြင် ထုံရွှမ်းအဆင့် ကျင့်စဉ် အား ဖြန့်ကျက်မှု မပြုရသေးပေ။

လီရွှမ်သည် သဟွသိုင်းပညာ အကယ်ဒမီ၌ နေထိုင်ပြီး သူ၏ နေ့ရက်များကို ဆရာများနှင့် ကျောင်းသားများ၏ ကျင့်ကြံရာ နေရာများ၌ ညွှန်ကြားချက်တို့ ပေးခြင်းဖြင့် ကုန်ဆုံး၏။

နောက်ဆုံးတွင် သိုင်းဘိုးဘေး တစ်ယောက်၏ သင်ကြားပို့ချပေးသည့် ခံစားချက်ကို ရရှိလာခဲ့သည်။

"သင်၏တပည့် ရွှီယန် သည် ထုံးရွှမ်အဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့ပြီး သင်၏ ဒီဗိုင်းဆန္ဒအဆင့် သည် တိုးမြင့်လာခဲ့သည်"

လဝက်ကြာပြီးနောက် ရွှီယန်သည် ထုံးရွှမ်အဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့လေသည်။

All Chapters