မဖျက်ဆီးနိုင်သည့် ရွှေခန္ဓာ၊ တယ်လီပို့အခင်းအကျင်း
Vol. 26 Ch. 381
လီရွှမ်သည် နတ်ဆိုးအမဲလိုက်ခြင်း တိုက်ပွဲပြင်၏ မြေမျက်နှာသွင်ပြင်နှင့် ပထဝီကို ရေးဆွဲကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ သဘာဝ အခင်းအကျင်း၏ ထူးကဲမှုများကို သင်္ကေတအဖြစ် ချရေးပြီး ချီမန်သိုင်းပညာအတွင်းသို့ ထည့်ပေါင်း၏။
သူသည် ထိုက်ချန်းစာအုပ်၏ ပထမစာျက်နှာမှ နိယာမအချို့ကိုလည်း ထုတ်နုတ်ကာ ပုံကြမ်းအတွင်းတွင် ထည့်ပေါင်းသည်။ စစ်မှန်သည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အခင်းအကျင်းတစ်ခုအား ဖန်တီး၏။ တစ်နည်းအားဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ မဟာအစီအရင်ဟု ဆိုနိုင်ပါသည်။
နိယာမတို့ ထည့်ပေါင်းပြီးနောက် အခင်းအကျင်းမှာ ပိုမို ပြည့်စုံလာခဲ့ပြီး ပုံလည်း ကြည့်ရသည်မှာ ပိုမို နက်နဲဆန်းကြယ်လာခဲ့သည်။
“အတွင်းဘက်နယ်မြေက အချို့ ထူးခြားတဲ့ မြေမျက်နှာသွင်ပြင်တွေကို သင်္ကေအဖြစ် ရေးဆွဲပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နိယာမနဲ့ ပေါင်းစပ်လိုက်ရင် အခင်းအကျင်း ပုံကြမ်းတွေ ရလာမှာပဲ။ အဲ့ပုံတွေနဲ့ဆို ချီမန်သိုင်းပညာကို လေ့လာရတာ ပိုပြီး လွယ်ကူလာမှာ”
လီရွှမ်၏ စိတ်ထဲတွင် အလင်းတစ်ချက် လက်သွားပြီး စိတ်ကူးတစ်ခု ထွက်ပေါ်လာ၏။ အတွင်းဘက်နယ်မြေရှိ အထူးကဲဆုံး မြေမျက်နှာသွင်ပြင်တို့သည် မြောက်ပိုင်း စွန့်ပစ်ဒေသများတွင် ရှိနေပါသည်။
နတ်ဆိုးအမဲလိုက်ခြင်း တိုက်ပွဲပြင်မှ ထွက်ခွာပြီးနောက် လီရွှမ်သည် အတွင်းဘက်နယ်မြေ၏ မိုးမြေဆုံရာဟု တင်စားကြသော ချန်းပိန်မြေရှိ ထောင်တန်းများကို လိုက်လံကြည့်ရှုသည်။
ဒီနေရာတွင် လင်းယွီဂိတ်တံခါး တည်ရှိနေခြင်းက ထိုတောင်များတွင် ထူးခြားသည့် လက္ခဏာရပ်တို့ ပိုင်ဆိုင်ထားသည်ဟု သက်သေတည်နေ၏။ ၎င်းတို့သည် အမှန်တကယ်ပင် အဆုံးစွန်ရှိ တောင်များလေလား။
လီရွှမ်သည် တောင်ထွတ်များအကြား သွားလာရင်းမှ မြေမျက်နှာသွင်ပြင် တစ်ခုချင်းစီတိုင်းကို ပုံများအဖြစ် ချဆွဲသည်။ ပြန်ပြီးပါက ၎င်းတို့အတွင်းသို့ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမများ ပေါင်းထည့်မည် ဖြစ်၏။ ခြေတစ်လှမ်းချင်း အလားအလာတို့ကို တွက်ချက်ကာ အခင်းအကျင်းပုံကြမ်းကို ဖန်တီးမည်ဖြစ်သည်။
အခင်းအကျင်းပုံကြမ်းသာ ပြီးမြောက်ပါက ချီမန်သိုင်းပညာအား ဖန်တီးမှုလည်း ပြီးမြောက်လုနီးပါး ဖြစ်သွားမှာဖြစ်သည်။ အစောပိုင်း စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်သည်နှင့် နောက်ဆက်တွဲ ဖန်တီးမှုများမှာ လွယ်ကူလာမှာ ဖြစ်သည်။ အခြေခံ ချမှတ်လိုက်သည်နှင့် လားရာကို မြင်တွေ့နိုင်မှာ မဟုတ်ပါလား။
မြောက်ပိုင်းမြေတွင် လှည့်လည်ပြီးနောက် လီရွှမ်တစ်ယောက် တောင်ထွတ်များကို ကြည့်ကာ စပ်စုစွာ ရှိနေပါသည်။ ထိုတောင်များ၏ တစ်ဖက်တွင် မည်သည်တို့ ရှိနေမည်နည်း။ ထို့ကြောင့် တောင်တစ်ခုကို တက်ကာ ထောင်ထွတ်တစ်ခုကို ဖြတ်ကျော်ခဲ့သည်။
ထိပ်ဆုံးတွင် ရပ်လိုက်ချိန်၌ အေးစက်သည့် လေထုက မြည်ဟည်းစွာဖြင့် ခါးသက်သည့် အအေးဒဏ်ကို ယူဆောင်စွာ တိုက်ခတ်လာခဲ့သည်။ စစ်ဘုရင်တစ်ယောက်ပင်လျှင် အချိန်ကြာရှည်စွာ ရပ်နိုင်မည် မဟုတ်ပေ။
တောင်ထိပ်မှ ကြည့်ပါက တောင်များ၏တစ်ဖက်တွင် ကြယ်ပြောသည့် တိမ်နှင့်မြူ လွင်ပြင်ကျယ်တစ်ခု ရှိနေသည့်ဟန် တူသည်။ ခြေတစ်လှမ်းနှင့် သူသည် တောင်ကို ကျော်လွန်ကာ တိမ်များအတွင်းသို့ ဝင်ရောက်သွား၏။
လီရွှမ်သည် သူ၏ ဒီဗိုင်းဆန္ဒကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်ထားသည်။ မျက်ခုံးများ ကြုတ်သွား၏။ သူခံစားတွေ့မြင်နိုင်သည့် အားလုံမှာ မြူများသာ ဖြစ်သည်။
သို့ပေမယ့် တစ်နေရာ၌ လျှင်မြန်စွာဖြင့် ရှင်းလင်းလာခဲ့ပြီး သူ့ကိုယ်သူ တောင်ကုန်းငယ်တစ်ခု၏ အပေါ်သို့ ရောက်နေကြောင်းအား တွေ့လိုက်ရ၏။ ဒီနေရာတွင် မည်သည့် အေးခဲသည့်လေ သို့မဟုတ် နှင်းတို့မှ ရှိမနေပါ။ စိမ်းလန်းသည့် သစ်ပင်ပန်းမန်များနှင့် ငှက်များ၊ ပိုးမှားငယ်များ၏ အသံများသာ ရှိ၏။
“မဟုတ်သေးဘူး”
လီရွှမ်က အသက်ကို နက်ရှိုင်းစွာ ရှူသည်။ သူသည် တောင်ထိပ်ပေါ်မှ ပျံဆင်းလာပြီးနောက် အခိုက်အတန့်လေး တစ်ခုသာ ကြာခဲ့၏။ တောင်ထိပ်နှင့် ဆယ်မိုင်ကျော်အကွာသို့ပင် မရောက်လောက်သင့်ပေ။
နောက်သို့ လှည့်ကြည့်ပြီးနောက် ကောင်းကင်၌ မြင့်မားစွာ ရှိနေသည့် တောင်ထိပ်ကို ရေးတေးတေး တွေ့မြင်ရသည်။ ဤသည်မှာ ချန်းပိန်၏ တောင်ထွတ်ဖြစ်ပြီး ဒီနေရာမှ ဆယ်မိုင်ကျော်အကွာတွင် ရှိနေပါသည်။
“ကြည့်ရတာ.. ငါ.. တယ်လီပို့သွားတာလား”
လီရွှမ်သည် မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက် စိတ်ဝင်စားလာခဲ့၏။ ချန်းပိန်ရှိ တောင်ထွတ်များသည် အတွင်းဘက်နယ်မြေ၏ နယ်နိမိတ်ဖြစ်သလို အဆုံးသတ်လည်း ဖြစ်သည်။
တောင်ထွတ်ကို ဖြတ်ကျော်ခြင်းက ဝေးကွာလှသည့် နေရာတစ်ခုသို့ တယ်လီပို့သွားသည့်ဟန် တူ၏။ ဤသည်မှာ လူလုပ် တယ်လီပို့အခင်းအကျင်း တစ်ခုလေလား။ သို့မဟုတ် သဘာဝ၏ နိယာမများက ဖြစ်ပွားစေသည်လား။
လီရွှမ်သည် သဘာဝနိယာမသာ ဖြစ်မည်ဟု ပိုမို တွေးမိလိုက်သည်။ လျှင်မြန်စွာ ရွေ့လျားရင်းမှ တောင်ထွတ်ဆီသို့ ဦးတည်လိုက်၏။ မကြာခင်တွင် ချန်းပိန်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
နောက်ထပ်တစ်ကြိမ် တောင်ထိပ်မှ ဖြတ်ကျော်လိုက်ပြန်၏။ တောင်နှင့် အဝေးရှိ နေရာသို့ ရောက်ရှိသွားပြန်သည်။ သူ၏ ခွန်အားအပြည့်နှင့် ဒီဗိုင်းဆန္ဒကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်ထားလျှင်တောင် ပြောင်းလဲမှုတို့ကို ဖမ်းဆုပ်မရနိုင်အောင် ရှိနေ၏။
နောက်ထပ်တစ်ကြိမ် တောင်ထိပ်တွင် ရပ်မိပြန်သည်။ ဒီတစ်ကြိမ်တွင် လီရွှမ်သည် ခြေတစ်လှမ်းချင်းစီသာ စတင် လျှောက်ဆင်းကြည့်၏။ တောင်၏ အလယ်လောက်အထိ ဆင်းပြီးနောက် တောင်ခြေရှိ မြေမျက်နှာသွင်ပြင်မှာ သိမ်မွေ့စွာ ပြောင်းလဲနေသည့်ဟန် ရှိသည်။ ထိုပြောင်းလဲမှုကို မျက်စိဖြင့် တိုက်ရိုက်မြင်နိုင်ခြင်း မရှိပေ။
“ဒီနေရာမှာ ကောင်းကင်နဲ့ ကမ္ဘာမြေရဲ့ နိယာမတွေ လှည့်လည်နေတယ်”
လီရွှမ်က အသက်ကို နက်ရှိုင်းစွာ ရှူသည်။ သူ့တွင် ခံစားချက်တစ်ခု ရနေ၏။ ဤသည်မှာ ထိုက်ချန်း၏ ကောင်းကင်နှင့် ကမ္ဘာမြေ နိယာမတွင် ပြဿနာတစ်ခု ရှိနေပေလိမ့်မည်။ ဒီနေရာသည် ပြဿနာ၏ တည်ရှိရာ ဖြစ်ပြီး နိယာမ၏ အားလှိုင်းတို့ ထွက်ပေါ်ကာ တယ်လီပို့ခြင်း အားတစ်ခု ဖြစ်တည်လာတာ ဖြစ်၏။
ဤသည်က မည်သူကိုမဆို လျှပ်တစ်ပြတ်အတွင်း အဝေးတစ်နေရာသို့ ပို့ဆောင်ပေးနိုင်သည်။
“ငါက ဒီဗိုင်းဆန္ဒအဆင့်ပဲ ရောက်သေးပေမယ့် ငါ့ရဲ့ ဒီဗိုင်းဆန္ဒက ကောင်းကင်နှင့် ကမ္ဘာမြေရဲ့ ဆန္ဒနဲ့ စုစည်းထားတာပဲ။ ဒါ့ကြောင့်မလို့ နိယာမက ထွက်ပေါ်လာတဲ့ စွမ်းအားကို အာရုံခံနိုင်တာ”
လီရွှမ်တစ်ယောက် ရှင်းလင်းစွာ နားလည်လိုက်သည်။ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်ယောက်ပင်လျှင် ကောင်းကင်နှင့် ကမ္ဘာမြေ၏ နိယာမ ထွက်ပေါ်မှုတို့ကို တွေ့မြင်နိုင်မည် မဟုတ်လောက်ပေ။
သူ့အနေနှင့် အာရုံခံနိုင်ခြင်းမှာ ဒီဗိုင်းဆန္ဒ၏ ကောင်းကင်နှင့် ကမ္ဘာမြေ၏ ဆန္ဒကို သန့်စင်ထားမှုနှင့် သက်ဆိုင်ပေလိမ့်မည်။ ဤသည်မှာ တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်၏။
နောက်ထပ် အရေးကြီးသည့် အချက်မှာ သူသည် ထိုက်ချန်းစာအုပ်၏ ပထမစာမျက်နှာရှိ နိယာမများကို လေ့လာခဲ့တာ ကြာပြီဖြစ်ပြီး မှတ်မိနေပြီး ဖြစ်၏။ ထိုအကြောင်းကြောင့် အာရုံခံနိုင်ခဲ့တာလည်း ဖြစ်လိမ့်မည်။
ဖြစ်နိုင်သည်မှာ ထိုအချက်အလက်များထဲမှ တစ်ခု လစ်ဟင်းနေလျှင်တောင် သတိမထားမိအောင် ဖြစ်စေနိုင်၏။
ထိုသုံးသပ်ချက်ကို အတည်ပြုနိုင်ရန်အတွက် လီရွှမ်သည် တောင်ပေါ်မှ ခြေတစ်လှမ်းချင်းစီ ဂရုတစိုက် ဆင်းခဲ့၏။ တိတ်ဆိတ်စွာဖြင့် နိယာမ၏ အားပြောာင်းလဲမှုများကိုလည်း စူးစမ်းနေသည်။
ထိုသိမ်မွေ့လှသည့် ပြောင်းလဲမှုများသည် သူ၏ ဒီဗိုင်းဆန္ဒအတွင်းတွင် ရှင်းလင်းလာခဲ့သည်။
“ရှေ့ကို ခြေလှမ်းအနည်းငယ်လောက် ဆက်လျှောက်လိုက်တာနဲ့ တယ်လီပို့မှုကို အသက်ဝင်လာစေနိုင်တယ်”
လီရွှမ်၏ မျက်လုံးများက လင်းလက်နေပြီး ရှေ့သို့ ဆက်လက်လျှောက်လှမ်းကာ သူစူးစမ်းခဲ့သည့် နေရာ၏ အတိုင်းအတာအတွင်းသို့ ဝင်ရောက်သွားသည်။ ထိုအခိုက်အတန့်တွင် သဘာဝအတိုင်း အထစ်အငေါ့မရှိစွာ လျှောက်လှမ်းနေသည့် ခြေလှမ်းသည် ပြောင်းလဲမှု တစ်စုံတစ်ရာာ မရှိပဲ တောင်၏အပြင်ဘက်၌ ပြန်ပေါ်လာခဲ့၏။
“ငါသာ တောင်ခြေမှာရှိတဲ့ မြေမျက်နှာသွင်ပြင်နဲ့ သိမ်မွေ့နက်နဲတဲ့ ပြောင်းလဲမှုတွေကို အခင်းအကျင်းပုံတစ်ခုအဖြစ် ရေးဆွဲနိုင်ရင် တယ်လီပို့အခင်းအကျင်းကို ရလာနိုင်မလား”
လီရွှမ်၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။
သူသည် စိတ်ကူးအတိုင်း အကောင်အထည်ဖော်ရန် စတင်ခဲ့သည်။ တောင်ထိပ်ဆီသို့ ပြန်ကာ ခြေတစ်လှမ်းချင်းစီ ထပ်မံဆင်းပြန်၏။ ဒီဗိုင်းဆန္ဒဖြင့် အရာအားလုံးကို လွှမ်းခြုံကာ သေးငယ်အနုစိတ်သည့် ပြောင်းလဲမှုများကို ဖမ်းဆုပ်သည်။
သို့ရာတွင် ကောင်းကင်နှင့် ကမ္ဘာမြေ၏ နိယာမတို့ ပါဝင်သည့် ထိုပြောင်းလဲမှုငယ်လေးများကို ဖမ်းဆုပ်ရသည်မှာ အလွန် စိန်ခေါ်မှုကြီးလှသည်။
ကံကောင်းစွာပင် လီရွှမ်သည် ထိုက်ချန်း၏ ပထမစာမျက်နှာကို မှတ်သားထားပြီး သူ့အတွက် အခြေခံတစ်ခု ရှိနေပြီး ဖြစ်၏။ ယခုအချိန်၌ လိုအပ်နေသည်မှာ အချိန်ပိုယူကာ ထိုပြောင်းလဲမှုငယ်များကို ဖမ်းဆုပ်ရန်သာ ရှိသည်။
ချန်းလန်ကျွန်းဆီသို့ ပြန်ရန် အလျှင်လိုမနေပဲ တောင်ထိပ်တွင်သာ သွားလိုက်ပြန်လိုက်ဖြင့် ပြောင်းလဲမှုများကို မှတ်သားရင်း သင်္ကေတများကို ဆက်တိုက်ရေးဆွဲသည်။
“ဒီအခင်းအကျင်း ပုံကို ပြီးအောင်လုပ်ရမယ်။ ချီမန်သိုင်းပညာက ဖန်တီးပြီးတော့မယ်ဆိုတော့ သင့်တော်တဲ့ တပည့်ကို ရှာပြီး လေ့လာခိုင်းဖို့ပဲ လိုတော့တယ်”
လီရွှမ်သည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။