← Chapters

အငွေ့အသက်အား ဖုံးကွယ်ခြင်း ပညာ

Vol. 26 Ch. 383

အငွေ့အသက်အား ဖုံးကွယ်ခြင်း ပညာ

Vol. 26 Ch. 383

သခင်ဖြစ်သူ၏ စိတ်တိုင်းမကျသည့် အသွင်ကို တွေ့ရပြီးနောက် ကြောင်နီ၏ ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ခါလာပြီး ထည်ဝါသည့် နတ်ဆိုးသားရဲတစ်ကောင်၏ အရှိန်အဝါတို့ ထွက်ပေါ်လာခဲ့သည်။ မာန်ဖီရင်းမှ အလွန် ထည်ဝါသည့် သဏ္ဍာန်ကို ပြ၏။

ဤသည်မှာ သူ၏ ပျင်းရိမှုမရှိပဲ ကြိုးကြိုးစားစား ကျင့်ကြံခဲ့မှုကို ပြသနေသည့်ဟန် ရှိသည်။

“ဆရာ”

ရွှီယန်နှင့် မုန့်ချုံတို့လည်း ရောက်ရှိလာကြပြီး လေးစားစွာ နှုတ်ဆက်ကြသည်။ လီရွှမ်က ခေါင်းညှိတ်ကာ ပြော၏။

“မင်း.. လင်းနယ်မြေကို သွားချင်လို့မလား”

ရွှီယန်သည် လင်းနယ်မြေသို့ ဝင်ရောက်ကာ အခြေခံအား စုစည်းလိုကြောင်းကို သူနားလည်၏။ ဒီဗိုင်းဆန္ဒအဆင့်သို့ အမြန်ဆုံး ချိုးဖျက်လိုလေသည်။

“ဟုတ်ပါတယ် ဆရာ”

ရွှီယန်က လေးစားစွာဖြင့် ဖြေကြားသည်။ လီရွှမ်က လက်ဖက်ရည်ကို သောက်ရင်းမှ မည်သည့်စကားမှ မဆိုပဲ အတွေးနက်သွားသည်။

လင်းနယ်မြေသည် သိုင်းပညာ၏ အဆုံးစွန်ကို ကိုယ်စားပြုပြီး အတွင်းဘက်နယ်မြေ အနေနှင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ ထိုနေရာတွင် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများပင်လျှင် အစွမ်းအထက်ဆုံး မဟုတ်လောက်ပါ။

ရွှီယန်သည် ထုံးရွှမ်၏ ပြီးပြည့်စုံခြင်းကို ရောက်ရှိထား

ပြီး သူ၏ ဓါးတာအိုနှင့် ဓါးဆန္ဒမှာလည်း ကြီးစွာ တိုးတက်လာခဲ့သည်။ အထူးသဖြင့် သူ၏ လျှပ်တစ်ပြတ်လေ ဓါးဆန္ဒဖြစ်သည်။ ဒီဗိုင်းဝိညာဉ်ကို သတ်ဖြတ်ရန် တတ်စွမ်းနိုင်၏။

သိုင်းသမားတစ်ယောက်အတွက် ဤသည်မှာ ရှောင်လွှဲမရသည့် သေခြင်းဓါးသိုင်းတစ်ခု ဖြစ်သည်။

ထိုအကြောင်းပြချက်ကြောင့် ရွှီယန်သည် ထုံးရွှမ်အဆင့်၌သာ ရှိသေးပေမယ့် ကောင်းကင်လူသားငယ် တစ်ယောက်ကို သတ်ဖြတ်ရန်မှာ ပြဿနာမရှိပါ။

ထိုထက် အစွမ်းပိုထက်သည့် ကောင်းကင်လူသား တစ်ယောက်နှင့် ကြုံတွေ့လျှင်တောင် တန်ပြန် တိုကခိုက်ရန် အခွင့်အရေးမရှိဟု မဆိုလိုပါ။ ထိုသူများသည် အများအားဖြင့် စိတ်ဝိညာဉ်စုဆောင်းခြင်းအဆင့် သိုင်းသမားများကို ရည်ညွှန်းပြီး အသိစိတ်က များစွာ ပိုမိုသန်မာကာ လျှပ်တစ်ပြတ်လေ ဓါးဆန္ဒကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်ဆဲ ရှိသည်။ သို့ပေမယ့် သက်ရောက်ခြင်း ခံရကာ ခွန်အားမှာ ယုတ်လျော့သွားဆဲ ရှိ၏။

ရွှီယန်၏ လက်ရှိအဆင့်တွင် ယာယီအတွင်း လျှပ်တစ်ပြတ်လေ ဓါးဆန္ဒကို သိသာသည့် တိုးတက်မှုများ ရရှိအောင် လုပ်ဆောင်ရန်မှာ ဖြစ်နိင်ခြင်း မရှိသေးပါ။

ထို့ကြောင့် ရွှီယန်တွင် ကောင်းကင်လူသားငယ်များကို သတ်ဖြတ်ရန် ခွန်အားတို့ ရှိရုံမက အသုံးမကျသည့် ၎င်းအထက်ရှိ သိုင်းသများကိုလည်း ရင်ဆိုင်နိုင်စွမ်း ရှိပါသည်။ သို့ပေမယ့် စိတ်ဝိညာဉ်စုဆောာင်းခြင်းအဆင့် ကောင်းကင်လူသားများ အကြားတွင် စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များကို ကြုံတွေ့လျှင်တော့ အသာစီးရနိုင်မည် မဟုတ်ပါ။

မည်သို့ပင် ဆိုစေကာမူ ရွှီယန်သာ ထွက်ပြေးလိုပါက ပြဿနာမရှိသေးပေ။

သို့ပေမယ့် ပြဿနာမှာ ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံရလျှင်ရော…

လီရွှမ်သည် အစက ရွှီယန်ကို ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်စေပြီးမှ လင်းနယ်မြေသို့ ဝင်ရောက်ခိုင်းရန် စဉ်းစားထားခဲ့၏။ ဤသည်က အန္တရာယ်များကို ပိုမို ရင်ဆိုင်နိုင်စွမ်း ရှိမှာပါ။

သို့ပေမယ့် ယခု တွေးလိုက်မိ၏။

“သိုင်းသမားတွေရဲ့ လမ်းကြောင်းက ဘယ်တော့မှ မချောမွေ့ဘူး။ ရွှီယန်မှာ ထူးကဲတဲ့ ပါရမီ၊ ကံတရားနဲ့ ခွန်အား ရှိတယ်။ လင်းနယ်မြေကို ဝင်ရောက်ပြီး စွန့်စားလှည့်လည်တာက သူ့ကို ပိုမို မြန်ဆန်အောင် ကြီးထွားလာစေမှာ”

“အတွင်းဘက်နယ်မြေကို ပထမဆုံးအကြိမ် ဝင်ရောက်တုန်းကလိုပဲ ခွန်အားက လျှင်လျှင်မြန်မြန် မြင့်တက်လာမှာ”

ထိုကဲ့သို့ နားလည်လာပြီးနောက် အချိန်အများကြီး ဖြုန်းမနေလိုတော့ပါ။ လင်းနယ်မြေကို စူးစမ်းခြင်းနှင့် စွန့်စားသွားလာခြင်းဖြင့် ရွှီယန်တစ်ယောက် အခြေခံကို လျှင်မြန်စွာ စုဆောင်းလာနိုင်မှာ ဖြစ်သည်။

“လင်းနယ်မြေမှာ ကောင်းကင်လူသားအဆင့် သိုင်းသမားတွေ အများကြီး ရှိတယ်။ စွမ်းအာကြီးမားတဲ့ ရန်သူကို ကြုံတွေ့ရတဲ့အခါ ထွက်ပြေးရမှာက မလွဲမသွေပဲ။ ဒါပေမယ့် အမြန်နှုန်းအပေါ်ပဲ မှီခိုနေလို့ မလုံခြုံဘူး။ အဓိကအချက်က မင်းတို့ကိုယ်မင်းတို့ ဘယ်လို ပုန်းအောင်းရမယ် ဆိုတာပဲ”

“မေ့တော့မလို့.. ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် ပုန်းအောင်းပြီး စွမ်းအားကြီးသူတွေကို ရှောင်လွှဲတာက အန္တရာယ်အခြေအနေမှာ အသက်ကယ်စွမ်းရည် ဖြစ်လာနိုင်တယ်”

လီရွှမ်သည် သူ့အနေနှင့် အငွေ့အသက်ကို ထိန်းချုပ်ကာ မိမိ၏ တည်ရှိမှုကို ဖုံးကွယ်သည့် ကျင့်စဉ်တစ်ခုကို ဖန်တီးရန် မေ့လျော့မိခဲ့ကြောင်းအား နားလည်လိုက်သည်။

ဤသည်မှာ သိုင်းလောကအတွက် မရှိအဖြစ် ဖြစ်၏။ ဘေးအန္တရာယ်မှ လုံခြုံကာ လွတ်ငြိမ်းစေနိုင်သည်။ စွမ်းအားကြီးမားသည့် ရန်သူများနှင့် အင်အားစုများ လိုက်လံသတ်ဖြတ်ခြင်း ခံရသည့် အချိန်တွင် အသက်ကယ်ပညာရပ် ဖြစ်သည်။

“လင်းနယ်မြေက လက်ရှိ မင်းရဲ့ခွန်အားနဲ့ဆို အန္တရာယ်အချို့ ရှိနေသေးတယ်… စွမ်းအားကြီးမားတဲ့ အင်အားစုတွေကို ထိပါးမိမှာက ပုံမှန်ပဲ။ သမိုင်းတွင်တဲ့ ပုဂ္ဂိုလ်တိုင်းက ရန်သူပေါင်းများစွာ၊ အင်အားစုပေါင်း များစွာကို ခြေနင်းလုပ်ပြီး မြင့်တက်ခဲ့ကြတာ”

“သူတို့တွေက လှေကားထစ်တွေပါပဲ… ဒါပေမယ့် အားနည်းနေတဲ့ အချိန်မှာ စွမ်းအားကြီးအင်အားစုတွေကို ရင်ဆိုင်ရရင် သတိပြတ်လို့ လုံးဝမဖြစ်ဘူး။ အဲ့ဒါက သေစေနိုင်တဲ့ ကပ်ဘေးကို သယ်ဆောင်လာလိမ့်မယ်"

လီရွှမ်က လက်ဖက်ရည်ခွက်ကို ချရင်းက လေးနက်စွာ စတင် ပြောကြားသည်။

“ငါ့တပည့်တို့… သိုင်းလောကမှာ လှည့်လည်တာနဲ့ ပက်သက်ပြီး မင်းတို့မှာ အတွေ့အကြုံတွေ ရှိနေလောက်ပြီ။ ကောင်းကင််ရဲ့ အရွေးချယ်ခံဆိုတာ ခဏတာ အနိုင်ရမှု(သို့) ရှုံးနိမ့်မှုအတွက် မတိုက်ခိုက်ဘူး။ လူတစ်ယောက်က လိုအပ်ရင် ဆုတ်ခွာရမယ်… သင့်တော်သလို ရှောင်ရှားတတ်ရမယ်… အခြေအနေအတိုင်း ဝင်ဆံ့နိုင်ရမယ်.. ပြီးတော့ ကိုယ်ပိုင်ခွန်အားကို သုံးတတ်ရမယ်”

“မင်းတို့ကို သတ်ဖြတ်ခြင်းရဲ့ နိယာမနဲ့ ပညာရပ်တွေကို ငါသင်ကြားပေးခဲ့ပြီးပြီ။ အခုကျန်တာက စွမ်းအားကြီးမားတဲ့ ရန်သူတွေကို ဘယ်လိုရှောင်ကွင်းရမယ် ဆိုတာပဲ။ ဒီနေ့မှာ မိမိရဲ့ အငွေ့အသက်ကို ထိန်းချုပ်ပြီး အသွင်ကို ဘယ်လိုပုန်းအောင်းရမလဲလို့ ငါသင်ကြားပေးမယ်”

ထိုစကားကို ကြားရပြီးနောက် ရွှီယန်၊ မုန့်ချုံနှင့် စုလင်းရှုံတို့ အားလုံး ဝမ်းသာသွားကြသည်။

ဒီမတိုင်ခင်တွင် လီရွှမ်သည် မည်သည့် ဖုံးကွယ်ခြင်း ပညာရပ်ကိုမှ ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။ သို့ပေမယ့် ယခု နေရာတွင် ဉာဏ်အလင်းရလာပြီးနောက် အဓိက အချက်အလက်များက စိတ်ထဲတွင် ပေါ်လာခဲ့ပြီး ဖြစ်၏။

“သေသေချာချာ နားထောင်ကြ.. အငွေ့အသက်ကို ထိန်းချုပ်တာပဲဖြစ်ဖြစ်၊ ပုန်းအောင်းတာပဲဖြစ်ဖြစ်… အားလုံးက ဒီပညာရပ်ထဲကနေပဲ ဖြစ်တည်လာတာ။ နားလည်အောင် ကြိုးစားအားထုတ်ကြ”

လီရွှမ်က လေးနက်စွာ ပြောသည်။

“ဟုတ်ကဲ့ပါ ဆရာ”

ရွှီယန်တို့ သိုင်းမောင်နှမများက လေးစားစွာ ပြန်ကြားကြသည်။

“အလင်းနဲ့ ပေါင်းစပ်ပြီး အမှုန်နဲ့ တစ်သားတည်း ဖြစ်လာမယ်။ အရာဝတ္ထုတွေနဲ့ ရောနှောပြီး လေဟာနယ်ထဲကို ပျော်ဝင်မယ်။ ကောင်ကင်နဲ့ ကမ္ဘာမြေအတွင်းမှာ ရှိပြီး ကောင်းကင်နဲ့ကမ္ဘာမြေက ငါ့ကိုမသိပေ”

လီရွှမ်က နက်ရှိုင်းသည့် အသံဖြင့် ပြော၏။

“အလင်းနဲ့ ပေါင်းစပ်ပြီး အမှုန်နဲ့ တစ်သားတည်း ဖြစ်လာမယ်…”

ရွှီယန်၏ နှလုံးသားက အံ့ဩသွားသည်။ စကားလုံးများကို အလိုလို ရွတ်ဆိုမိ၏။ ထိုစာကြောင်း အနည်းငယ်တွင် နက်ရှိုင်းသည့် ဆန်းကြယ်မှုများ ပါဝင်နေသည်ဟု ခံစားရသည်။

မုန့်ချုံနှင့် စုလင်းရှုံလည်း အတွေးနက်သွားကြ၏။

“သွားပြီးတော့ နားလည်အောင်လုပ်ကြ.. အဲ့ထဲက အနှစ်သာရ အချို့ကို ဉာဏ်အလင်းရလာပြီး အငွေ့အသက်ကို ထိန်းချုပ်ပြီး အသွင်ကို ဖုံးကွယ်နိုင်တဲ့အခါ လင်းနယ်မြေကို သွာားနိုင်ပြီ”

လီရွှမ်က လက်ကို ဝှေ့ယမ်းကာ ပြော၏။

“ဟုတ်ကဲ့ပါဆရာ”

ရွှီယန်တို့လည်း ဦးညွှတ်ကာ ထွက်ခွာခဲ့ကြသည်။

တောာင်ကုန်းပေါ်တွင် ထိုင်ရင်းက ရွှီယန်သည် ကိုယ့်ကိုယ်ကိုယ် ရေရွတ်နေ၏။

“အလင်းနဲ့ ပေါင်းစပ်ပြီး အမှုန်နဲ့ တစ်သားတည်း ဖြစ်လာမယ်။ အရာဝတ္ထုတွေနဲ့ ရောနှောပြီး လေဟာနယ်ထဲကို ပျော်ဝင်မယ်။ ကောင်ကင်နဲ့ ကမ္ဘာမြေအတွင်းမှာ ရှိပြီး ကောင်းကင်နဲ့ကမ္ဘာမြေက ငါ့ကိုမသိပေ”

သူသည် တွေးတောလေလေ ပိုမို နက်နဲသည်ဟု ခံစားရလေ ရှိ၏။ ကောင်းကင်နဲ့ ကမ္ဘာမြေအတွင်းမှာ ရှိပြီး ကောင်းကင်နဲ့ကမ္ဘာမြေက ကိုယ့်ကိုမသိရန်…

ဤသည်မှာ မည်ကဲ့သို့သော ပုန်းအောင်းခြင်းပညာရပ်တစ်ခု ဖြစ်သနည်း။

လီရွှမ်က အသက်ကို နက်ရှိုင်းစွာ ရှူ၏။ ရွှီယန်တို့အား ပုန်းအောင်းခြင်းပညာကို သင်ကြားပေးပြီးနောက် တာအိုရွှေစာအုပ်ကို ဖွင့်ကာ စာသားများကို အတွင်း၌ ချရေးသည်။

ရွှေစာအုပ်မှ မှတ်ချက်များ ပြနပေးလာ၏။ အဓိက စာသားများက အမှန်တကယ်ကို ဆန်းကြယ်ပါသည်။ သို့ပေမယ့် ရွှီယန်၏ ပါရမီနှင့် ထိုအထဲမှ မည်သည်ကိုမှ နားလည်မှုမရပဲ နေမည်ကို စိုးရိမ်စရာ မလိုပေ။

ရွှီယန်သာ ဉာဏ်အလင်းတို့ ရနိုင်ပါက မုန့်ချုံနှင့် စုလင်းရှုံတို့ကို ပြန်လည်သင်ပေးနိုင်၏။ သူ့အနေနှင့် ရွှီယန်အား ကောင်းကင်နဲ့ ကမ္ဘာမြေအတွင်းမှာ ရှိပြီး ကောင်းကင်နဲ့ကမ္ဘာမြေက ကိုယ့်ကိုမသိဟူသည့် အဆင့်အထိ ရောက်ရှိစေရန် မျှော်လင့်ထားခြင်း မရှိပေ။ အငွေ့အသက်ကို ထိန်းချုပ်ကာ စွမ်းအားကြီးမားသူများ၏ အာရုံခံမှုမှ လွတ်ကင်းနိုင်လျှင် အဆင်ပြေ၏။

ကောင်းကင်နှင့် ကမ္ဘာမြေ၏ နိယာမပင်လျှင် စူးစမ်းရန် မတတ်နိုင်သည့် အဆင့်သို့ ရောက်ရှိပါက ပုန်းအောင်းခြင်းအတတ်မှာ အလွန် ကြောက်ဖို့ကောင်းလွန်းသွားမှာပါ။ ရွှီယန်၏ လက်ရှိခွန်အားအဆင့်နှင့်လည်း ထိုအဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။

အငွေ့အသက်ကို ထိန်းချုပ်ပြီး အသွင်ကို ဖုံးကွယ်ခြင်းပညာ

ပြည့်စုံမှု- မြင့်မားသည်။

ကျင့်ကြံရန် ခက်ခဲမှု- မြင့်မားသည်။

ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- အလွန်မြင့်မားသည်။

All Chapters