← Chapters

ဒီဗိုင်းအနှစ်သာရ၏ ဆန်းကြယ်မှုများ၊ အလင်းနှင့် အမှုန်တို့နှင့် ပေါင်းစပ်ခြင်းပညာ

Vol. 26 Ch. 385

ဒီဗိုင်းအနှစ်သာရ၏ ဆန်းကြယ်မှုများ၊ အလင်းနှင့် အမှုန်တို့နှင့် ပေါင်းစပ်ခြင်းပညာ

Vol. 26 Ch. 385

ရွှေရှင်းနန်းတော် အတွင်းတွင် ထန်းကျင်ယန်တစ်ယောက် အလွန် ဒေါသထွက်နေ၏။ ကျောင်မင်နှင့် ဖင်းအာတို့ ပြန်မလာကြသေးသလို မည်သူကိုမှလည်း ဖမ်းမမိခြင်း မရှိခဲ့ပေ။

နှလုံးသားထဲတွင် ကျိန်ဆိုမိ၏။ ပြန်လာပြီးပါက သူတို့ကို ပြင်းထန်စွာ အပြစ်ပေးရပေမည်။ မဟုတ်ပါက သူမ၏ ဩဇာတို့ မည်သည်သို့ ရောက်ကုန်မည်လဲ။

သို့ရာတွင် ထိုနှစ်ယောက်မှာ သေဆုံးနေပြီး ဖြစ်သည်ကိုတော့ လုံးဝ တွေးမိခြင်း မရှိပေ။

ယွီကျိုး…

ဤသည်မှာ လင်းနယ်မြေရှိ ဒေသကြီး ဆယ့်ရှစ်ခုထဲမှ တစ်ခုဖြစ်သည်။ ကျိန်နိုင်ငံသည် ယွီကျိုးရှိ အကြီးမားဆုံး နိုင်ငံတော်ဖြစ်၏။ သူတို့၏ အင်အားသည် ယွင်ကျိုးတွင် အသန်မာဆုံး မဟုတ်ပေမယ့် လင်းယွီဂိတ်တံဂါးကို စောင့်ကြပ်မှုအား ကျိန်တော်ဝင်မိသားစုက ကြီးကြပ်သည်။

ထိုအထူးတာဝန်ကြောင့် ကျိန်နိုင်ငံကို မည်သည့် စိတ်ဝိညာဉ်ဂိုဏ်း အဖွဲ့တစ်ခုတည်းကမှ အုပ်စိုးခြင်း မပြုပေ။ ထိပ်တန်း စိတ်ဝိညာဉ်ဂိုဏ်း များစွာတို့က တစ်ခါတည်း အုပ်စိုးကြ၏။

ထိုအကြောင်းကြောင့် ကျိန်နိုင်ငံသည် ယွီကျိုးတွင် အင်အားအကြီးမားဆုံး မဟုတ်ပေမယ့် မည်သည့် အင်အားစု (သို့မဟုတ်) စိတ်ဝိညာဉ်ဂိုဏ်းကမှ ကျိန်မင်းဆက်ကို နန်းချရဲခြင်း မရှိပေ။

ကျိန်တော်ဝင်မိသားစုကလည်း အလွန် ပါးနပ်၏။ သူတို့၏ စည်းမျဉ်းကိုသာ ထိပါးခြင်း မပြုပါက စိတ်ဝိညာဉ်ဂိုဏ်းများ၏ တောင်းဆိုချက်များကို လိုက်လျောပေးလေ့ ရှိသည်။

ထို့အပြင် နှိမ့်ချစွာ နေထိုင်ကြပြီး လင်းယွီဂိတ်တံဂါးအား စောင့်ကြပ်သည့် တာဝန်ကိုသာ ဂရုစိုက်ဟန် တူသည်။ သူတို့သည် ထိပ်တန်းရှိ စိတ်ဝိညာဉ်ဂိုဏ်း အနည်းငယ်က ထုတ်လွှတ်သည့် တာဝန်များကိုသာ နာခံကြသည်။

ထိုထိပ်တန်း စိတ်ဝိညာဉ်ဂိုဏ်း အနည်းငယ်မှ လွဲ၍ မည်သည့် စိတ်ဝိညာဉ်ဂိုဏ်းမှလည်း ကျိန်တော်ဝင်မိသားစုကို တာဝန်ပေးရဲခြင်း မရှိပေ။ ဤသည်မှာ ထိပ်တန်း စိတ်ဝိညာဉ်ဂိုဏ်းများ၏ အထူး စွမ်းအားတစ်ခုကဲ့သို့ ရှိ၏။

ထိုကဲ့သို့ ပြုလုပ်ရဲသည့် မည်သည့် အင်အားစုမဆိုသည် ထိပ်တန်းစိတ်ဝိညာဉ်ဂိုဏ်းများ၏ ဂုဏ်သိက္ခာကို ထိပါးခြင်း ဖြစ်သည်။ သုတ်သင်ခံရမည် ဖြစ်၏။

ကျိန်နိုင်ငံတွင် စိတ်ဝိညာဉ်ဂိတ်တံခါး၏ ဖွင့်လစ်မှုသည် အာရုံစိုက်ခံရခြင်း အများကြီး မရှိပါ။ သိသု့ပေမယ့် ယွင်ကျိုးရှိ သိုင်းသမား တစ်ဝက်လောက်သည် ရတနာနယ်မြေ တစ်ခု၌သာ အာရုံရောက်နေကြ၏။

ဒဏ္ဍာရီများအရ ၎င်းကို မိုးပြာရောင်နဂါး၏ သင်္ချိုင်းဟု ခေါ်၏။ မိုးပြာရောင်ကောင်းကင်နဂါးသည် စိတ်ဝိညာဉ်သားရဲများ အကြားတွင် အသန်မာဆုံး ဖြစ်သည်။ သူ၏ စွမ်းအားဖြင့် လူသိများပြီး မည်သည့်နေရာတွင် သေဆုံးခဲ့သည်ကို မည်သူမှ မသိကြပေ။

ဒီအတောအတွင်းတွင် မိုးပြာရောင်နဂါး သင်္ချိုင်းသည် ကျိန်နိုင်ငံ၏ ပိုင်နက်အတွင်းတွင် ရှိနေသည်ဟု သတင်းများ ထွက်လာခဲ့၏။ သင်္ချိုင်းအတွင်းတွင် အဆင့်သုံး စိတ်ဝိညာဉ်ဆေးပင် မိုးပြာရောင်နဂါးသစ်ပင် ပေါက်ရောက်နေသည်ဟု ဆိုသည်။

အဆင့်နှစ် စိတ်ဝိညာဉ်ဆေးပင် နဂါးမျက်လုံးအသီးပင် ရှိနေသည်ဟု ဆိုသည်များလည်း ရှိ၏။ ခဏတာအတွင်း အင်အားစုအားလုံးတို့၏ အာရုံများကို ဆွဲဆောင်သွားသည်။ လူတိုင်းသည် အတွင်းထဲရှိ ရတနာများကို ရယူလိုနေ၏။

အငြင်းပွားမှုများ ဖြစ်ပွားပြီးနော်က ကျိန်တော်ဝင်မိသားစု၏ ဖြန်ဖြေမှုအောက်တွင် အဖွဲ့အစည်းအားလုံးတို့အကြား သဘောတူညီမှုတစ်ခု ရလာခဲ့သည်။ လူငယ်မျိုးဆက် သိုင်းသမားများကိုသာ မိုးပြာရောင်နဂါး သင်္ချိုင်းအတွင်းသို့ ဝင်ရောက်စေမည် ဖြစ်၏။ အသက်မှာ အကန့်အသတ်ရှိပြီး စွမ်းရည်မှာ အကန့်အသတ် မရှိပေ။

အပြင်ပန်းတွင် အဆင့်နိမ့် အင်အားစုများရှိ သိုင်းသမားများအား ဝင်ရောက်ရန် ပိတ်ပင်ထားမှု မရှိပေမယ့် ဝင်ရောက်ရန် အဆင့်မမှီသည့် သိုင်းသမားများနှင့် အဆင့်မှီလျှင်တောင် အထဲတွင် တမင် သုတ်သင်ခံရသည်များ ရှိသည်။ လင်းနယ်မြေတွင် ဤသည်မှာ အားလုံး အလိုလို သဘောပေါက်ထားသည့် ဖြစ်ရပ်ဖြစ်၏။

ကိစ္စကြီးတစ်ခု ပေါ်လာတိုင်းတွင် အဆင့်နိမ့် အဖွဲ့အစည်းများရှိ သိုင်းသမား များစွာတို့ ပါဝင်ရန် ငြင်းဆန်လေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် အတွင်းသို့ ဝင်ရောက်ပြီးပါက ပစ်မှတ်ထားခံရကာ စွမ်းအားကြီးကာ လွှမ်းမိုးမှု ကြီးမားသည့် အဖွဲ့များ၏ သတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်သည်။ ရတနာများတွက် ယှဉ်ပြိင်အံတုရန် မည်သည့် စွမ်းအင်မှ မရှိပါ။

မိုးပြာရောင်နဂါး သင်္ချိုင်းသည် အဆိပ်မြူအလွှာ၏ ဝန်းရံမှုအောက်တွင် ရှိနေ၏။ ဤသည်က ဝင်ရောက်ရန် မသင့်တော်သေးအောင် ဖြစ်စေသည်။ ကျိန်နိုင်ငံရှိ အင်အားစု ပေါင်းစုံတို့မှ လူငယ် ပါရမီရှင်များသည် ဒီခရီးစဉ်တွင် ပါဝင်ကာ ယွီကျိုးတွင် သူ့ကိုယ်သူတို့ နာမည်တစ်ခု တွင်လိုကြ၏။ အသေခံအဖြစ် အသုံးပြုရန် နောက်ခံနိမ့် သိုင်းသမားများကို စုဆောင်းနေသူများပင် ရှိသည်။

ကျန်နိုင်ငံတွင် သိုက်မိသားစုသည် ဒုတိယတန်းစား မိသားစုတစ်ခုသာ ဖြစ်သည်။ သို့ရာတွင် ဒီမျိုးဆက်၏ လူငယ်များ၌ သိုက်မိသားစုခေါင်းဆောင်၏ မြေးဖြစ်သူ သိုက်ယင်ယင်သည် အထူးပါရမီကို ပိုင်ဆိုင်ထာသည်။ အဖိုးတန် ခန္ဓာတစ်ခုနှင့် မွေးဖွားလာပြီး သိုက်မိသားစုအတွက် ဂုဏ်ယူစရာ ဖြစ်လာခဲ့၏။

ထို့အပြင် သိုက်ယင်ယင်သည် ကျိန်တော်ဝင်မိသားစုမှ ဒုတိယမင်းသားနှင့် စေ့စပ်ထားပြီး သိုက်မိသားစုကို ထိပ်တန်း စိတ်ဝိညာဉ်ဂိုဏ်းများနှင့် သွယ်ဝိုက်စွာ ပက်သက်နိုင်စေ၏။ ရှုပ်ထွေးကာ ဝေးကွာနေလျှင်တောင် သိုက်မိသားစု အနေနှင့် အလွန် ဂုဏ်ယူမိဆဲ ဖြစ်သည်။ သူတို့၏ မျှော်လင့်မှုများက အလွန် မြင့်မား၏။ ဘာပဲဖြစ်ဖြစ် ထိပ်တန်း စိတ်ဝိညာဉ်ဂိုဏ်းများနှင့် အနည်းငယ် ပက်သက်မှု ရှိနေပါသည်။

အခြား ဒုတိယတန်းစား မိသားစုများနှင့် စိတ်ဝိညာဉ်ဂိုဏ်းများမှာ အလွန် မနာလို ဖြစ်နေကြ၏။ သို့ပေမယ့် အပြုံးဖြင့် နှုတ်ဆက်ကြသည်။

သိုက်မိသားစုသည် တွက်ချက်ကြည့်လျှင် ထိပ်တန်း စိတ်ဝိညာဉ်ဂိုဏ်းများနှင့် မည်သည့် ဆက်သွယ်မှုမှ မရှိလျှင်တောင် ရှိလျှင်လည်း ရှိနေနိုင်၏။ မည်သူ ပြောနိုင်မည်နည်း။ ကျိန်နိုင်ငံ၏ တော်ဝင်မိသားစုသို့ လက်ထပ်ထိမ်းမြား ဝင်ရောက်ပြီးနောက် တစ်နေ့တွင် ကံကောင်းထောက်မပြီး အမှန်တကယ် အဆက်အသွယ် ရှိလာနိုင်သည်။

ဒီလောကရှိ ကိစ္စများသည် မထင်မှတ်စရာ ကောင်းလှ၏။ ရံဖန်ရံခါတွင် အခွင့်အရေးက တံခါးခေါက်လာသည့်အခါ ရပ်တန့်၍ မရနိုင်အောင် ဖြစ်လာတတ်သည်။

အတိတ်တွင် တတိယတန်းစား မိသားစု(သို့) စိတ်ဝိညာဉ်ဂိုဏ်းတို့သည် ကံကြမ္မာဖန်ကာ မြင့်တက်လာချိန်တွင် ထိပ်တန်း စိတ်ဝိညာဉ်ဂိုဏ်းများနှင့် ဆက်နွယ်လာပြီး မြင့်မားသည့် အမြင့်သို့ ထိုးတက်သွားတတ်၏။ သက်ဆိုင်ရာ ဒေသအသီးသီးတွင် အုပ်စိုးသူများ ဖြစ်လာကြသည်။

သိုက်ယင်ယင်သည် အလွန် ပါရမီကောင်းမွန်ပြီး ဒုတိယမင်းသားနှင့် စေ့စပ်ထား၏။ သူမ၏ မိသားစုတစ်ခုလုံးက အလွန် အလိုလိုက်ကာ မောက်မာသည့် အကျင့်စရိုက်တစ်ခု တွယ်ကပ်လာခဲ့သည််။ နောက်ခံနိမ့်ပါးသည့် သိုင်းသမားများကို အထူး အထင်သေး၏။ မထီမဲ့မြင် ပြုလေ့ရှိသည်။

မိုးပြာရောင်နဂါး သင်္ချိုင်းသို့ ဝင်ရောက်မှုတွင် သူမလည်းပဲ ပါဝင်ဆင်နွှဲကာ ဝင်ရောက်လို၏။ ဒီအချိန်၌ သူမတို့သည် အဆင့်နိမ့် သိုင်းသမားများကို ရှာဖွေကာ ကင်းထောက်အဖြစ် အသေခံ သုံးလိုကြသည်။ ဤသည်က ကျယ်ကျယ်ပြန့်ပြန့် မကျေနပ်မှုကို ဖြစ်စေ၏။

လေလွင့် သိုင်းသမားများ အနေနှင့် အလွန် ဒေါသထွက်ကာ အသက်ကိုပင် စတေးပြီး ဂုဏ်သိက္ခာအတွက် တိုက်ခိုက်လိုသည်ဟု အသံများပင် ထွက်လာကြသည်။

ထိုအကြောင်း ပြန့်နှံ့လာပြီးနောက် သိုက်မိသားစုက ကောင်းကင်လူသားအဆင့် အကြီးအကဲတစ်ယောက်ကို စေလွှတ်ကာ သိုက်ယင်ယင်ကို ကာကွယ်စေသည်။

အဆင့်နိမ့် သိုင်းသမားများကို ဆင့်ခေါ်မှုတွင် စိတ်ဝိညာဉ်ပုံဆောင်ခဲများကိုလည်း ပေးလာ၏။ ဤနည်းဖြင့်သာလျှင် မတော်တဆ ပေါ်ပေါက်မှုကို လျှော့ချနိုင်ပေသည်။

သိုက်မိသားစုသည် ထိုရိုင်းဆိုင်းသည့် လေလွင့်သိုင်းသမားကိုလည်း ရှာဖွေနေ၏။ ထိုလူကို သတ်ဖြတ်ပြီးမှသာလျှင် စိတ်ကျေနပ်မှု ရနိုင်မည် ဖြစ်သည်။ ဘာမဟုတ်သည့် နောက်ခံမရှိသည့်ကောင်က စွမ်းအားကြီး မိသားစုကို ခြိမ်းခြောက်ခဲ့သည်လား။ အသက်ရှင်ရတာ ပင်ပန်းနေသည်ပင်။

သိုက်ယင်ယင်မှာ အလွန် ဒေါသထွက်နေ၏။ လင်းယွီဂိတ်တံခါး၏ ပွင့်လစ်မှုကိုလည်း သူမ ကြားသိရသည်။ ထို့ကြောင့် အတွင်းဘက်နယ်မြေမှ အဆင့်နိမ့် သိုင်းသမားအချို့ကို ဖမ်းဆီးရမည်လားဟု တွေးမိ၏။

ပြီးနောက် တုံ့ဆိုင်းမနေပဲ လင်းယွီဂိတ်တံခါးဆီသို့ ချက်ချင်းပင် ထွက်လာခဲ့သည်။

….

ချန်းလန်ကျွန်းပေါ်တွင် ရွှီယန်သည် ကျင့်စဉ်များကို လေ့လာရင်းနှင့် ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်ထား၏။ လီရွှမ်ကို အံ့ဩစေသည်မှာ သူသည် ဖုံးကွယ်ခြင်း အတတ်ကို နားလည်သဘောပေါက်မှု ရမလာခဲ့ပေ။ အဲ့ဒီအစား ဒီဗိုင်းဆန္ဒအဆင့်သို့ပင် ချိုးဖျက်ပြီးခြင်း မရှိသေးပဲ မူလဒီဗိုင်းယွမ် အဆင့်၏ ကျင့်စဉ်ကို နားလည်သဘောပေါက်မှု ရလာခဲ့၏။

တကယ့်ကို ပျော်ရွှင်ဖွယ် အံ့ဩမှုပင်။

“သင်၏တပည့် ရွှီယန်သည် မူလဒီဗိုင်းယွမ် အဆင့် ကျင့်စဉ်အား နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် မူလဒီဗိုင်းယွမ်အဆင့်သို့ ချိုးဖျက်သွားသည်”

ဝိညာဉ်အခြေ၏ ထိပ်တွင် တာအိုရွှေစာအုပ်က ပွင့်လာပြီး ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒီအချိန်၌ လီရွှမ်သည် ကြီးမားသည့် ပြောင်းလဲမှုတို့ကို ခံစားလာရ၏။

သူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး မူလဒီဗိုင်းယွမ် အဆင့်ရှိ ဆန်းကြယ်မှုများကို ဂရုတစိုက် ခံစားသည်။ အတွေးတစ်ချက်နှင့် မူလဒီဗိုင်း တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ကာ မူလဒီဗိုင်း ကိုယ်ပွားတစ်ခုအဖြစ် ပြောင်းလဲလိုက်၏။

All Chapters