← Chapters

ဒီဗိုင်းအနှစ်သာရ၏ ဆန်းကြယ်မှုများ၊ အလင်းနှင့် အမှုန်တို့နှင့် ပေါင်းစပ်ခြင်းပညာ(၂)

Vol. 26 Ch. 386

ဒီဗိုင်းအနှစ်သာရ၏ ဆန်းကြယ်မှုများ၊ အလင်းနှင့် အမှုန်တို့နှင့် ပေါင်းစပ်ခြင်းပညာ(၂)

Vol. 26 Ch. 386

လီရွှမ်နှင့်တူသည့် ပုံရိပ်တစ်ခုသည် ခန္ဓာကိုယ်အတွင်းမှ လျှောက်ထွက်လာပြီး နေရာမှ ပျောက်ကွယ်သွား၏။ မည်သူမှ သတိထားမိလိုက်ခြင်း မရှိပေ။

ချန်းလန်မြစ်ပေါ်တွင် ဒီဗိုင်းယွမ် ကိုယ်ပွားက လှည့်လည်သွားလာနေ၏။

“ဒါဆို.. ဒါက ဒီဗိုင်းယွမ် ကိုယ်ပွားပေါ့.. တကယ့်ကို ထူးကဲတယ်.. အန္တရာယ်ရှိတဲ့ နေရာတွေကို ရှာဖွေလိုဒရင် တကယ့်ခန္ဓာကိုယ်နဲ့ ဝင်စရာ မလိုတော့ဘူး။ ဒီလိုဆိုရင် အန္တရာယ်ကြုံရရင်တောင် ခန္ဓာကိုယ်အစစ်ကို ထိခိုက်စေမှာ မဟုတ်ဘူး”

လီရွှမ်၏ နှလုံးသားက စိတ်လှုပ်ရှားလာ၏။

သူဖန်တီးခဲ့သည့် မူလဒီဗိုင်း အဆင့်သည် အလွန် ဆန်းကြယ်လှပါသည်။ ထိုက်ချန်းသိုင်းပညာထက် များစွာ သာလွန်၏။

အစစ်အမှန် ခန္ဓာကိုယ်မှ သက်ဆိုင်ရာ အကွာအဝေးတစ်ခု အတွင်းတွင် ဒီဗိုင်းကိုယ်ပွား၏ အတွေးများ၊ အသိစိတ်နှင့် အာရုံခံမှုတို့သည် မူလခန္ဓာနှင့် ခြားနားခြင်း မရှိပါ။ လီရွှမ်အနေနှင့် ချန်းလန်ကျွန်းပေါ်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေလျှင်တောင် ဖြစ်၏။

တစ်ဖက်တွင် သူ၏ ဒီဗိုင်းအသိမှာ ဒီဗိုင်းယွမ်ကိုယ်ပွားနှင့် ဆက်သွယ်နေပါသည်။ ဒီဗိုင်းကိုယ်ပွားက ခရီးကို ဆက်လက်သွားလာနေ၏။ အဝေးသို့ ပိုမို၊ ပိုမိုကာ ရွေ့လျားသွားပြီး ချန်းလန်ကျွန်းကို ချန်ရစ်ခဲ့သည်။ လီရွှမ်သည် ဒီဗိုင်းကိုယ်ပွားအား အဓိကခန္ဓာနှင့် အဆက်အသွယ် ပြတ်တောက်ခြင်းမရှိပဲ မည်မျှ အကွာအဝေးအထိ ရှိနိုင်မည်နည်းဟု စမ်းသပ်ကြည့်လို၏။

မူလခန္ဓာနှင့် ဆက်သွယ်မှု ပျောက်ဆုံးသွားသည်နှင့် ကိုယ်ပွားတွင် စွမ်းရည်အချို့နှင့် အလိုအလျှောက် တိုက်ခိုက်ခြင်း အသိတို့သာ ကျန်ရစ်ခဲ့မည် ဖြစ်သည်။

အမှီအခိုကင်းသည့် အသိစိတ်(သို့) အတွေးတို့ ရှိမည်မဟုတ်ပါ။ ကြည့်ရသည်မှာ ပိုမို တောင့်တင်းပြီး အခြေအနေနှင့် ဝင်ဆံ့နိုင်ခြင်း မရှိအောင် ဖြစ်နေမှာ ဖြစ်၏။

သို့ပေမယ့် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်ပြီးလျှင်တော့ မူလစိတ်ဝိညာဉ်ကို စုစည်းကာ မူလစိတ်ဝိညာဉ်အမျှင်တစ်ခုကို ဒီဗိုင်းအနှစ်သာရ ကိုယ်ပွားအတွင်းသို့ ထည့်သွင်းထားလို့ ရသည်။ ထိုအခါ အရမ်းကြီး တောင့်တင်းနေမည် မဟုတ်တော့ပေ။

“လီ၂၀(၆.၂မိုင်)”

၂၀လီလောက်အထိ သွားပြီးနောက် ဒီဗိုင်းကိုယ်ပွား မြင်တွေ့ရသည့် အရာများသည် သူ၏ အသိစိတ်၌ ဝေဝါးလာကြောင်းကို လီရွှမ် တွေ့လိုက်ရသည်။ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

မျက်စိတစ်မှိတ်အတွင်းတွင် ဒီဗိုင်းအနှစ်သာရသည် နေရာမှ ပျောက်ကွယ်သွားပြီး အမျှင်တန်းအဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်ဆီသို့ ချက်ချင်း ပြန်ရောက်လာခဲ့သည်။

“၂၀လီက လုံလောက်တယ်”

သူသည် မူလဒီဗိုင်းအဆင့်သို့ ဝင်ရောက်ခါစသာ ရှိသေး၏။ ခွန်အားတို့ တိုးတက်လာပါက သွားလာနိုင်သည့် အကွာအဝေးမှာ ပိုမိုကျယ်ပြန့်လာမှာ ဖြစ်သည်။

“ငါ့ရဲ့ ဒီဗိုင်းအနှစ်သာရကို သိုင်းကိုယ်ပွားတစ်ထောင်ထဲကို ထည့်လိုက်ရင်ရော ဘယ်လိုဖြစ်လာမလဲ”

လီရွှမ်သည် ရုတ်တရက် အတွေးတစ်ခု ရလိုက်၏။

ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဒီဗိုင်းအနှစ်သာရ ကိုယ်ပွားက အရိပ်အတွင်းသို့ ပေါင်းစပ်သွားသည်။ ထိုအချိန်၌ ပြောင်းလဲမှုကို ခံစားလိုက်ရ၏။

သိုင်းကိုယ်ပွားသည် အများကြီး ပြောင်းလဲသွားပုံ မပေါ်ပဲ အရိပ်တစ်ခုကဲ့သို့ ပုံရိပ်ယောင်ဆန်နေဆဲ ရှိ၏။ သို့ရာတွင် ဒီဗိုင်းအနှစ်သာရနှင့် ပေါင်းစပ်မှုအပြီးတွင် ၎င်း၏ ခွန်အားမှာ သိသာစွာ တိုးပွားလာခဲ့သည်။

ထို့အပြင် မူလဒီဗိုင်းအဆင့် စွမ်းအားအချို့ကိုလည်း ပိုင်ဆိုင်ထား၏။

“အရိပ်တွေ ပိုများများ ရှိလေလေ ဒီဗိုင်းကိုယ်ပွားတွေ ပိုခွဲနိုင်လေပဲ။ ဆိုလိုတာက ကိုယ်ပွားတွေက ပိုများပြီး ပိုသန်မာလာတာပေါ့။ တကယ်တော့ အန္တရာယ်ရှိတဲ့ နေရာတွေမှာ ရှာဖွေစူးစမ်းရင်း ဘေးဒုက္ခကြုံတွေ့လာရင် ဒီဗိုင်းအရိပ်ကို စတေးပြီး ကိုယ်ပွားကို ကာကွယ်လို့ရတယ်”

လီရွှမ်သည် သိုင်းနတ်ဘုရားအရိပ် တစ်ထောင်နှင့် ဒီဗိုင်းအနှစ်သာရ ကိုယ်ပွားတို့ ပေါင်းစပ်မှု စွမ်းအားကို စိတ်လှုပ်ရှားစွာ ရှာတွေ့လာခဲ့သည်။

“အခုဆိုရင် မူလဒီဗိုင်းအဆင့်ကို ရောက်လာခဲ့ပြီ။ ငါ့ရဲ့ လက်ရှိခွန်အားနဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသားတစ်ယောက်ကိုတောင် ကြောက်စရာ မရှိတော့ဘူး”

လီရွှမ်သည် လုံခြုံသည့် ခံစားချက်တစ်ခုကို ရလာခဲ့၏။ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်ယောက်၏ တိုက်ခိုက်မှုကို ခံရလျှင်တောင် စိုးရိမ်စရာ မလိုတော့ပေ။ မူလဒီဗိုင်းအဆင့်၏ ခွန်အားမှာ သူမျှော်လင့်ထားသည်ထက်ပင် ပိုမို ကြီးမား၏။

ဒီဗိုင်းအနှစ်သာရ၏ စွမ်းအားနှင့် နတ်ဘုရားသတ်ဖြတ်ခြင်းဆေဘာ၊ ရွှမ်ဖုန်းဓါးဆန္ဒတို့ ပေါင်းကာ စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ရန် အရမ်းကြီးခက်ခဲမည် မဟုတ်လောက်ပါ။

လီရွှမ်သည် ချန်းလန်ကျွန်း၏ တောင်ထိပ်တစ်ခုသို့ လှမ်းမျှော်ကြည့်လိုက်၏။ ထိုနေရာတွင် ရွှီယန်သည် ဆက်လက် ကျင့်ကြံမှုပြုကာ သိုင်းကျင့်စဉ်များကို လေ့လာနေပါသည်။ ဒီဗိုင်းစွမ်းအား အဆင့်အထိ နားလည်မှုရလာပါက ကောင်းမည်ဟု လီရွှမ် တွေးမိ၏။

သူသာ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ချိုးဖျက်ပြီးပါက လင်းနယ်မြေတွင် ပြိုင်ဘက်ကင်းဖြစ်မည်မက စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်ယောက်ကို သတ်ရသည်မှာ လက်ဖြောက်တီးသကဲ့သို့ လွယ်ကူနေမှာ ဖြစ်သည်။ သူ၏ ဆန်းကြယ်စွမ်းအားတို့ကိုသာ ထုတ်လွှတ်လိုက်ပါက မည်သူက တားနိုင်တော့မည်နည်း။

“ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်က အခုအချိန်မှာ သူလက်လှမ်းမမီနိုင်သေးဘူး။ ဒီဗိုင်းဆန္ဒဆင့်ကို ချိုးဖျက်ပြီးမှပဲ ဖြစ်နိုင်လိမ့်မယ်”

လီရွှမ်က ခေါင်းကိုယမ်းသည်။ ရွှီယန်သည် မည်မျှပင် မ

ကောင်းဆိုးရွား ဆန်နေစေကာမူ သူ့အတွက် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ရှိ ဆန်းကြယ်နည်းလမ်းများကို နားလည်သဘောပေါက်လာနိုင်ရန် မဖြစ်နိုင်သေးပေ။

ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သည် အလွန် နက်ရှိုင်းကာ ဆန်းကြယ်၏။ ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ပြီးခြင်း မရှိသေးပဲ မူလဒီဗိုင်းအဆင့်ရှိ ကျင့်စဉ်ကို နားလည်သဘောပေါက်လာနိုင်ခြင်းကပင် အလွန် မကောင်းဆိုးရွားဆန်နေပြီး ဖြစ်သည်။

“ပြီးတော့ ပုန်းအောင်းခြင်း အတတ်ကိုလည်း နားလည်သဘောပေါက်မှု မရသေးပါလား.. ဘယ်လိုလုပ်ရမလဲ”

လီရွှမ်က စဉ်းစားသည်။

“နည်းနည်းလောက်ထပ်ပြီး စောင့်တာပေါ့။ ဒီအတတ်က လိုအပ်မှုတွေ များနေတာကို”

လီရွှမ်သည် ဆက်လက်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

ရွှီယန်သည် မူလဒီဗိုင်းအဆင့်၏ ကျင့်စဉ်ကိုပင် နားလည်သဘောပေါက်ခဲ့၏။ ထို့ကြောင့် အငွေ့အသက်အား ဖုံးကွယ်ခြင်းနှင့် အသွင်အား ပုန်းအောင်းခြင်း အတတ်ကိုလည်း နားလည်သဘောပေါက်မှုအချို့ ရလာနိုင်လောက်သည်။

ထိုနေ့တွင် လီရွှမ်သည် ထိုက်ချန်းစာအုပ်၏ ဒုတိယမြောက် စာမျက်နှာကို ကြည့်ရှုကာ ကြိုးကြိုးစားစား လေ့လာမှတ်သား နေ၏။

‘ကြောင်နီရော ဘယ်တွေသွားနေတာပါလိမ့်’

ရုတ်တရက် ပြီးခဲ့သည့် ရက်များအတွင်းတွင် ကြောင်နီ၏ တိတ်ဆိတ်နေမှုကို နားလည်လိုက်သည်။ ပုံမှန်အားဖြင့် ‘မင်းကောင်းဖို့အတွက်’ ဟူသည့် အသွင်နှင့် ရှီအာ၏ တိုက်ခိုက်မှုကို အရည်သွေးပေးလေ့ ရှိသည်။ စုလင်းရှုံဆီတွင် ဆေးလုံးလိုက်တောင်းနေခြင်း၊ ရွှီမိခင်ရှေ့တွင် ချစ်ဖို့ကောင်းအောင် လုပ်ပြခြင်းနှင့် သူ့ရှေ့တွင်လည်း လိမ္မာသိတတ်ကြောင်း လာပြလေ့ရှိ၏။

လီရွှမ်သည် ဒီဗိုင်းအတတ်ကို ဖြန့်ကျက်လိုက်သည်။ ကြောာင်နီ၏ အခင်းအကျင်းပုံကြမ်း သုံးပုံတစ်ပုံ ဆွဲထားသည်အား စိုက်ကြည့်ကာ တွေးတောဆင်ခြင် နေကြောင်းအား အံ့ဩစွာ တွေ့လိုက်ရ၏။ လက်သည်းလေးများ အကြားတွင် ဘောပင်တစ်ချောင်းကို ကိုင်ထားပြီး ရွှီမိခင်ကို စာရေးနည်းအား သင်ကြားပေးရန် တောင်းဆိုသည်။

သူသည် စာတတ်ပေတတ်ကြောင် ဖြစ်လို၏။ တောရိုင်းကျားတစ်ကောင် မဟုတ်ပေ။

“ဒီကောင်သာ အမှန်တကယ် တစ်ခုခု နားလည်မှု ရလာနိုင်ရင် တကယ့်ကို အံ့ဩဖို့ကောင်းမှာ”

လီရွှမ်က ပြုံးသည်။ ကြည့်ရသည်မှာ ရှီအာ၏ လက်ချက် ဖြစ်ပေလိမ့်မည်။ နေ့စဉ်နေ့တိုင်း ပြဿနာလာရှာသည်အား စိတ်အနှောင့်အယှက် ဖြစ်၍ အခင်းအကျင်းအား လေ့လာရန် အရူးလုပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သခင်မရွှီက ပျော်ရွှင်စွာဖြင့် ကြောင်နီကို စာရေးစာဖတ်နည်းအား သင်ကြားပေးရင်းမှ မပြည့်စုံသည် အခင်းအကျင်းပုံကြမ်းကို ကြည့်ကာ သိလိုစွာ မေးသည်။

“ကြောင်နီ.. နင်တစ်ခုခုများ နားလည်လာတာရှိလား”

ကြောင်နီက ခေါင်းကိုယမ်း၏။ လက်သည်းလေးများက ဘောပင်ကို ကိုင်ကာ ကွေ့ကောက်စွာဖြင့် စာရွက်ပေါ်တွင် ရေးသည်။

“အစစ်အမှန် အဓိပ္ပာယ်ကို နားလည်ဖို့ ကျွန်တော်သိတဲ့ စကားလုံးတွေက နည်းလွန်းနေသေးတယ်”

လီရွှမ်က ကြည့်ရင်းနှင့် ပြုံးသည်။ ကြောင်နီသည် ယခုအချိန်၌ ကြောင်တစ်ကောင်၏ အရွယ်အစား၌ ရှိပြီး ဘောပင်နှင့် စာရေးနေသည်မှာ အလွန် ချစ်ဖို့ကောင်းလှသည်။

မိခင်ရွှီက အံ့ဩစွာ ကြည့်ရင်းက ကြောင်နီ၏ ဝတုတ်ဦးခေါင်းကို ပွတ်ရင်းက ပါးစပ်အတွင်းသို့ ဆေးလုံးတစ်လုံးကို ခွံ့ကျွေးသည်။ ကြောင်နီက အလွန် ကျေနပ်စွာ စား၏။

ကြောင်နီ၏ အခင်းအကျင်း ပုံကြမ်းပေါ် စိတ်ဝင်စားမှုက လီရွှမ်အား စိတ်ကူးအချို့ ရလာစေ၏။ ဖြစ်နိုင်သည်မှာ ကြောင်နီသည် အမှန်တကယ် အကျိုးကျေးဇူးတို့ ရရှိကာ မဟာနတ်ဆိုး သိုင်းပညာကို ပိုမို ကျယ်ပြန့်လာစေနိုင်မည်လား။

ထို့ကြောင့် ပြည့်စုံသည့် အခင်းအကျင်း ပုံကြမ်းကို ဆွဲလိုက်သည်။

“ကြောင်နီ.. ဒါက ပြည့်စုံတဲ့ အခင်းအကျင်း ပုံပဲ။ မင်းအဲ့ဒါကို ဂရုတစိုက် လေ့လာရမယ်။ မင်းက မဟာနတ်ဆိုး တစ်ကောင်ပဲ။ ဉာဏ်အလင်းအချို့ ရလာပြီး အခင်းအကျင်းထဲက ဆန်းကြယ်မှုတွေကို မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထည့့်ပေါင်းလိုက်ရင် နောက်ထပ် ကံကျိုးတစ်ခု ရလာလိမ့်မယ်”

လီရွှမ်က အခင်းအကျင်း ပုံကြမ်းကို ကြောင်နီအား ပေးရင်းမှ ဦးခေါင်းကို ပုတ်၏။

ကြောင်နီသည် ပုံကြမ်းကို ကြည့်ရှုရင်းမှ တဖြည်းဖြည်း ခေါင်းပိုပိုကြီးလာ၏။ သို့ပေမယ့် သခင်ကြီးက အမိန့်ပေးလာရာ လစ်လျူရှုရန် မတတ်သာပဲ ဆက်လက်လေ့လာရ၏။ ရှီအာ၏ အရူးလုပ်ခြင်း ခံခဲ့ရသည်လားဟု ခံစားရသည်။

သူသည် အခင်းအကျင်း ပုံကြမ်းကို ယူကာ စာရေးစာဖတ်ခြင်းကို ဆက်လက်လေ့လာ၏။ အချိန်ယူကာ ရှီအာ၏ သိုင်းပညာကိုလည်း မြှင့်တင်ပေးသည်။

လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ဖက်ရည် သော်နေ၏။ ထိုက်ချန်းစာအုပ်ကို ကြည့်ကာ ဒုတိယစာမျက်နှာရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမ သင်္ကေတများကို ဆက်တိုက် မှတ်သားသည်။

ဒုတိယစာမျက်နှာရှိ သင်္ကေတများသည် မှတ်မိရန် ပိုမိုခက်ခဲပြီး ပိုမိုကာလည်း ဆန်းကြယ်၏။ ရှင်းလင်းစွာပင် သဘာဝနိယာမ၏ ပိုမိုနက်ရှိုင်းသည့် အဆင့်တို့ ပါဝင်လာခဲ့သည်။

“အခင်းအကျင်း ပုံကြမ်းကို ဖြန့်ကျက်လိုက်တာ အချိန်အချို့တောင် ကြာနေပြီ.. ဘယ်သူမှ အဓိပ္ပာယ်ကို မဖမ်းဆုပ်မိကြသေးဘူး”

လီရွှမ် သက်ပြင်းချသည်။ အချိန်တိုအတွင်း ချီမန်သိုင်းပညာကို ကျင့်ကြံမည့် တပည့်အား ရှာဖွေရန် မဖြစ်နိုင်ပါ။

ရုတ်တရက်…

ဝိညာဉ်အခြေ၏ အထက်ရှိ တာအိုရွှေစာအုပ်က ပွင့်လာပြီး အလင်းတို့ ထွက်ပေါ်လာခဲ့သည််။

“သင်၏တပည့် ရွှီယန်သည် သင်ဖန်တီးထားသည့် အငွေ့အသက်အား ဖုံးကွယ်ကာ အသွင် ပုန်းအောင်းခြင်း အတတ်ကို နားလည်သဘောပေါက်မှု ရလာခဲ့သည်။ သင်သည် ထိုပညာကို တတ်မြောက်လာခဲ့သည်”

ရွှီယန်သည် နောက်ဆုံးတွင် နားလည်သဘောပေါက်မှု ရခဲ့၏။ လောကကြီးအတွင်းသို့ ပေါင်းစပ်ဝင်ရောက်ခြင်း အတတ်အား ဉာဏ်အလင်းပွင့်ခဲ့ပါပြီ။

လီရွှမ်က ပြုံးသည်။ သူ၏ အကြီးဆုံးတပည့်သည် ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ပေ။ အခက်ခဲဆုံး အတတ်ကိုပင် နားလည်သဘောပေါက်ခဲ့၏။

ခေါင်းမော့ကြည့်လိုက်ပြီးနောက် တောင်ထိပ်ရှိ ရွှီယန်မှာ ခြားနားနေကြောင်းကို တွေ့လိုက်ရသည်။ သူ၏ လောကကြီးနှင့် သဟဇာတဖြစ်ခြင်း အတတ်ကို တတ်မြောက်ထားမှုကြောင့်သာ မဟုတ်ပါက တစ်ချက်ကြည့်လိုက်သည်နှင့် အလွယ်တကူ သတိလက်လွတ်ဖစ်ကာ ကျောက်တုံးတစ်တုံးသာ ဖြစ်သည်ဟု ထင်သွားစေနိုင်သည်။

ဒီဗိုင်းဆန္ဒ၏ ဖြန့်ကျက်မှုနှင့်အတူ လီရွှမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ရွှီယန်မှာ နေရာတွင် ထိုင်ကာ မြက်များ၊ သစ်ပင်များနှင့် ကျောက်တုံးများနှင့် တစ်သားတည်း ဖြစ်သွားသည်။ ဤသည်မှာ လောကကြီးအတွင်းသို့ ပျော်ဝင်ခြင်း ဖြစ်၏။

လီရွှမ်သည် ဒီဗိုင်းအသိကို ရုတ်သိမ်းလိုက်သည်။ အပြုံးတစ်ခုနှင့် ထိုက်ချန်းစာအုပ်အား ဆကလက် လေ့လာ၏။

ရွှီယန်သည် လင်းနယ်မြေဆီသို့ သွားရောက်ပေတော့မည်။ လောကကြီးအတွင်းသို့ ပျော်ဝင်ခြင်း အတတ်နှင့် စွမ်းအားကြီးမားသည့် အင်အားစုများကို ထိပါးမိပြီး လိုက်လံသတ်ဖြတ်ခြင်း ခံရလျှင်တောင် အလွယ်တကူ လွတ်မြောက်နိုင်ဆဲ ရှိသည။

“ဆရာ… အငွေ့အသက်ကို ဖုံးကွယ်ပြီး အသွင်ကို ပုန်းအောင်းခြင်း အတတ်က အရမ်းကို နက်နဲလွန်းတယ်။ တပည့် ဘာသဲလွန်းစမှ ရှာမတွေ့ဘူး။ ဘယ်လိုလေ့လာရှာလဲ”

စုလင်းရှုံ၏ ဆံပင်များက ရှုပ်ထွေးနေ၏။ လီရွှမ်၏ ပုခုံးကို နှိပ်ပေးရင်းက သနားစဖွယ်ကောင်းစွာ ရှိနေပါသည်။

လီရွှမ်က ပြုံးသည်။ စုလင်းရှုံ၏ ပါရမီမှာ ဒီနေရာတွင် မရှိပေ။ ထို့ကြောင့် သူမအနေနှင့် နားလည်နိုင်ခြင်း မရှိသည်မှာ ပုံမှန်သာဖြစ်၏။

မုန့်ချုံပင်လျှင် ရှည်ကြာလှသည့် အချိန်တစ်ခုကို လိုအပ်မှာဖြစ်သည်။ ထို့အပြင် သူနားလည်သဘောပေါက်လာမည့် ဖုံးကွယ်ခြင်းအတတ်မှာ ရွှီယန်ထက် အားနည်းနေလောက်မှာ ဖြစ်၏။

“အငွေ့အသက် ဖုံးကွယ်တဲ့ အတတ်ကိုပဲ နားလည်အောင် လုပ်ကြည့်။ အဲ့ဒါက အရမ်းကို ပုံမှန်ဆန်တဲ့ အတတ်တစ်ခုပဲ”

လီရွှမ်က ပြုံကာ သူဖန်တီးထားသည့် အငွေ့အသက် ဖုံးကွယ်ခြင်း အတတ်ကို စုလင်းရှုံအား သင်ပေးလိုက်သည်။ ထိုအတတ်သည် နားလည်မှုရရန် ခက်ခဲခြင်း မရှိပေ။ စုလင်းရှုံ၏ ပါရမီနှင့် ခဏအတွင်း တတ်မြောက်နိုင်၏။

“သင်၏တပည့် စုလင်းရှုံ့သည် သင်ဖန်တီးထားသည့် အငွေ့အသက်အား ဖုံးကွယ်ခြင်း အတတ်ကို နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် အငွေ့အသက်အား ဖုံးကွယ်ခြင်း အတတ်ကို တတ်မြောက်ခဲ့သည်”

စုလင်းရှုံက သူမ၏ အငွေ့အသတ်ကို ဖုံးကွယ်လိုက်၏။ ကြည့်ရသည်မှာ သာမန်ဆန်လာပြီး သူမ၏ အသွင်အပြင်ပင်လျှင် ထူးကဲမှုတို့ ပျောက်ဆုံးသွားသည်။ အာရုံစိုက်မှုကို ခံရရန် ခက်ခဲ၏။

“ဆရာ… တပည့် တတ်သွားပြီ”

စုလင်းရှုံ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ရယ်မောရင်းက ထွက်ခွာသွား၏။

“စီနီယာအစ်ကိုတို့ဆီ သွားပြီး သူအာရုံခံနိုင်မလားလို့ စမ်းကြည့်ဦးမယ်”

လီရွှမ်က ခေါင်းကိုယမ်းသည်။ ရွှီယန်သည် လောကကြီးနှင့် သဟဇာတဖြစ်သည့် အတတ်ကို ဖမ်းဆုပ်ပြီးဖြစ်၏။ ထို့ကြောင့် စုလင်းရှုံနှင့် မုန့်ချုံတို့အတွက် ဆက်လက် ကြိုးစားလေ့လာနေရန် မလိုအပ်တော့ပေ။

ဘာပဲဖြစ်ဖြစ် သူတို့အနေနှင့် နားလည်သဘောပေါက်မှု ရလာလျှင်တောင် ရွှီယန်၏ အတတ်လောက် ကောင်းမွန်မည်မဟုတ်ပေ။ အဘယ်ကြောင့် အချိန်ဖြုန်းနေမည်လဲ။

All Chapters