← Chapters

လင်းနယ်မြေသို့ ဝင်ရောက်ပြီးသည်နှင့် ကောင်းကင်လူသားကို သတ်ဖြတ်ခြင်း

Vol. 26 Ch. 389

လင်းနယ်မြေသို့ ဝင်ရောက်ပြီးသည်နှင့် ကောင်းကင်လူသားကို သတ်ဖြတ်ခြင်း

Vol. 26 Ch. 389

လီရွှမ်၏ စိတ်ထဲရှိ ဒီဗိုင်းကိုယ်ပွား၏မှ မြင်ကွင်းများမှာ မှုန်ဝါးလာခဲ့သည်။ အဆက်အသွယ် ပြတ်တောက်သွားတော့မည့်နှယ် ရှိ၏။ အတွေးတစ်ချက်နှင့်အတူ နန်းတော်သို့ သွားရောက်တော့မည့် ကိုယ်ပွားကို လင်းယွီဂိတ်တံခါး၏ အရှေ့သို့ ပြန်လည် ဆုတ်ခွာစေလိုက်၏။

“ဂိတ်တံခါးရဲ့ ပိတ်သွားမှုက ဒီဗိုင်းကိုယ်ပွားနဲ့ ဆက်သွယ်နိုင်စွမ်းကို သိသိသာသာ ထိပါးလာစေတယ်”

လင်းနယ်မြေနှင့် အတွင်းဘက်နယ်မြေတို့သည် ခြားနားသည့် လောကနှစ်ခု ဖြစ်ပုံပေါ်၏။ ထိုအကြောင်းကြောင့်သာ ဂိတ်တံခါး ပိတ်လိုက်သည်နှင့် ထိန်းချုပ်နိုင်မှုတို့ လျော့ကျသွားခြင်း ဖြစ်ပေလိမ့်မည်။

သူသာ နန်းတော်အတွင်းသို့ ဝင်ရောက်လိုပါက လီရွှမ်ကိုယ်တိုင် ကိုယ်ပွားနှင့် နီးကပ်လာစေရန် ဂိတ်တံခါးနှင့် အနီးသို့ ကပ်သွားရမည် ဖြစ်သည်။

လင်းယွီဂိတ်တံခါး၏ ရှေ့တွင် ဒီဗိုင်းကိုယ်ပွားသည် အနီးအနားရှိ ကျောက်တုံးတစ်ခုအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားပြီး တိတ်ဆိတ်သွားခဲ့၏။ အရေးပေါ်အတွက် လင်းနယ်မြေတွင် ကိုယ်ပွားတစ်ခု ချန်ထားရပေမည်။ လင်းယွီဂိတ်တံခါးအား ဖွင့်လှစ်နိုင်ခြင်း အစရှိသဖြင့် ဝှက်ဖဲဖြစ်၏။

ဘာပဲဖြစ်ဖြစ် လင်းယွီဂိတ်တံခါးကို လင်းနယ်မြေဘက်

ကသာ ဖွင့်လှစ်နိုင်ပါသည်။ လုံးဝ ပိတ်ဆို့လိုက်ပါက မည်သူမှ လင်းနယ်မြေသို့ ဝင်ရောက်မရနိုင်ပဲ ဖြစ်မသွားပေဘူးလား။

“သွားကြရအောင်”

လီရွှမ်သည် နောက်သို့လှည့်ကာ ထွက်ခွာသွားပြီး ချန်းလန်ကျွန်းဆီသို့ ပြန်ခဲ့သည်။

လင်းနယ်မြေ…

ရွှီယန်သည် လင်းယွီဂိတ်တံခါးမှ လျှောက်ထွက်လာပြီးနောက် ချက်ချင်းပင် ရွှင်ပြလာခဲ့သည်။ သူ၏ မျက်နှာပေါ်၌ အံ့ဩမှုတစ်ခု ပေါ်လာ၏။

“လင်းနယ်မြေရဲ့ စိတ်ဝိညာဉ်စွမ်းအင်က အရမ်းကို ကြွယ်ဝတာပဲ။ အတွင်းဘက်နယ်မြေထက် သုံးဆမက ပိုတယ်”

သူသည် တောင်နှင့်မြစ် စိတ်ဝိညာဉ်ခန္ဓာအား ပိုင်ဆိုင်ထားပြီး စိတ်ဝိညာဉ်စွမ်းအင်အပေါ် အာရုံခံနိုင်မှု ထူးကဲ၏။ ထို့ကြောင့် လင်းနယ်မြေသို့ ဝင်ရောက်ပြီးသည်နှင့် သဘာဝ၏ စိတ်ဝိညာဉ်စွမ်းအင်တို့ စီးဝင်လာမှုကို ခံစားရသည်။

“ပြီးတော့.. ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လင်းကျီကလည်း ပိုပြီးတော့ ထိရောက်တယ်”

ရွှီယန်တွင် ဉာဏ်အလင်းအချို့ ရလာခဲ့၏။ အတွင်းဘက်နယ်မြေရှိ သိုင်းသမားများ၏ အဆင့်ချိုးဖျက်နိုင်ခြင်း မရှိမှုသည် စိတ်ဝိညာဉ်စွမ်းအင် လိုအပ်ချက်ကြောင့် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် စိတ်ဝိညာဉ် ပုံဆောင်ခဲများ ရှိနေ၏။ ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင် လိုအပ်၍ အဆင့်ချိုးဖျက်နိုင်ခြင်းမရှိ ဟူသည်မှာ မဖြစ်နိုင်ပေ။

မည်သည့် အထွတ်အထိပ်အဆင့် စစ်ဘုရင်တွင် စိတ်ဝိညာဉ်ပုံဆောာင်ခဲ ရှားပါးလို့နည်း။ စိတ်ဝိညာဉ်ပုံဆောာင်ခဲ အပုံလိုက်နှင့် စိတ်ဝိညာဉ်စွမ်းအင် လိုအပ်ပါဦးမလား။

ထို့ကြောင့် အဆင့်ချိုးဖျက်နိုင်ခြင်း မရှိသည့် အခြေခံ အကြောင်းပြချက်မှာ ကျင့်စဉ်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီ ထိရောက်မှု မရှိခြင်းကြောင့် ဖြစ်သည်။

“စွန့်ပြစ်ဒေသမှာ မကျင့်ကြံနိုင်တာက လင်းကျီ ပျောက်ကွယ်သွားလို့ပဲ.. အဲ့ဒါ စိတ်ဝိညာဉ်စွမ်းအင်ကို ပြင်းထန်စေပြီး သက်ရှိတွေအတွက် သဘာဝရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို လမ်းညွှန်ဖို့ မတတ်နိုင်အောင် ဖြစ်စေတယ်”

“ပြီးတော့ အတွင်းဘက်နယ်မြေရဲ့ သိုင်းသမားတွေကို ကောင်းကင်လူသားအဖြစ် အဆင့်မချိုးဖျက်နိုင်စေတာကလည်း လင်းကျိရဲ့ ထိရောက်မှုနည်းပါးလို့ပဲ”

အတွင်းဘက်နယ်မြေနှင့် လင်းနယ်မြေရှိ သိုင်းပညာ ကျင့်ကြံမှုသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီနှင့် လုံးဝ ပက်သက်နေ၏။ လင်းကျီ၏ စွမ်းအားက အဆင့်ချိုးဖျက်နိုင်သည့် အဆင့်ကို ဆုံးဖြတ်သည်။

“ငါ့ဆရာက တကယ့်ကို စွမ်းအားကြီးတာပဲ”

ရွှီယန်တစ်ယောက် နှလုံးသားထဲတွင် အသံပြုမိသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏လင်းကျီ မရှိပဲ ဆက်လက်ကျင့်ကြံနိုင်သည့် ကျင့်စဉ်ကို ဖန်တီးခဲ့၏။

သူသည် လင်းယွီဂိတ်တံခါးဆီမှ ဆက်လက် လျှောက်လှမ်းသွားသည်။ ကြီးမားသည့် ခန်းမတစ်ခုကို ရောက်ရှိ၏။

ခန်းမအတွင်းတွင် အစောင့်သိုင်းသမား နှစ်ယောက်တို့က ကျောင်မင်(သို့) ဖင်းအာတို့၏ ပြန်လာမှုကို စောင့်စားနေ၏။ ရုတ်တရက် စွဲဆောင်မှုရှိသည့် ပုံရိပ်တစ်ခု ခန်းမအတွင်းသို့ ပြေးဝင်လာခဲ့သည်။

“ငါ့ကို ဂိတ်တံခါး မြန်မြန်လေးဖွင့်ပေး.. အတွင်းဘက်နယ်မြေကို သွားပြီး အမှိုက်ဟာတွေကို သွားဖမ်းဖို့ ရှိလို့”

သိုက်ယင်ယင်က ခန်းမအတွင်းသို့ အမြန် ပြေးဝင်လာရင်းက အော်၏။ သူမ၏အနောက်တွင် အမျိုးသမီးအိုကြီးတစ်ယောက် လိုက်ပါလာသည်။

“သခင်မလေးသိုက်ကို”

အစောင့်သိုင်းသမား တစ်ယောက်က ခဏတာ ငိုင်တိုင်နေပြီးနောက် ပြောသည်။

သိုက်ယင်ယင်မှာ သိုက်မိသားစု၏ ပါရမီရှင် ဖြစ်ပြီး အထူးခန္ဓာနှင့်‌ မွေးဖွား၏။ သိုက်မိသားစု၏ လက်ဖဝါးထဲရှိ ရတနာတစ်ခုသဖွယ် ရှိသည်။ မကြာသေးခင်က သူမသည် မိုးပြာရောင် ကောင်းကင်နဂါး သင်္ချိုင်းတွင် အသုံးပြုရန်အတွက် အဆင့်နိမ့်သိုင်းသမားများကို ဖမ်းဆီးခဲ့ခြင်းကြောင့် လူအများ၏ မုန်းတီးခြင်းကို ခံခဲ့ရ၏။ ရလဒ်အနေနှင့် လေလွင့်သိုင်းသမား တစ်ယောက်က သူမကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့လေသည်။

သိုက်မိသားစုရှိ စွမ်းအားကြီး မိသားစုဝင်များကို ထိတ်လန့်သွားစေပြီး ဖမ်းဆီးထားသည့် အဆင့်နိမ့် သိုင်းသမားများကို လျော်ကြေးအဖြစ် စိတ်ဝိညာဉ်ပုံဆောင်ခဲများ ပေးကာ ဆန္ဒအလျှောက် လာရောက်ခဲ့ပုံ ဖန်တီး၏။

ပြီးနောက် ထိုလေလွင့်သိုင်းသမားကို လိုက်လံသတ်ဖြတ်ခဲ့သည်။

သိုက်ယင်ယင်မှာလည်း အနည်းငယ် တိတ်ဆိတ်သွားခဲ့၏။

မထင်မှတ်စွာပင် သူမသည် အတွင်းဘက်နယ်မြေရှိ လူများကို အသေခံအဖြစ် ဖမ်းဆီးရန် ပြင်ဆင်ပြန်နေလေသည်။

“ဟုတ်တယ်.. ငါပဲ”

သိုင်ယင်ယင်က ခေါင်းကိုမော့ကာ ဖြေ၏။

“အတွင်းဘက်နယ်မြေက နိမ့်ကျတဲ့လူတွေအတွက် ငါ့ရဲ့ အသိအမှတ်ပြုမှုကို ခံရပြီး ကင်းထောက်အဖြစ် ခစားနိုင်တာက ဂုဏ်ယူစရာပဲ”

အစောင့်သိုင်းသမားတို့မှာ ထိုစကားနှင့် ပက်သက်ပြီး မည်သည့် မှားယွင်းမှုကိုမှ မခံစားရပါ။

“သခင်မလေးသိုက်ပြောတာ မှန်ပါတယ်… အခုပဲ လင်းယွီဂိတ်တံခါး ပွင့်လာသေးတယ။ ရွှေရှင်းနန်းတော်က တစ်ယောက်ယောက် ပြန်လာတာ ဖြစ်မယ်။ ကျေးဇူးပြုပြီး ခဏစောင့်ပါ။ ကျွန်တော် သခင်မလေးသိုက်ဝင်ဖို့ ဂိတ်ဖွင့်ပေးပါမယ်”

အစောင့်တစ်ယောက်က ရယ်မောကာ ပြော၏။

သူတို့နှစ်ဦးလုံးသည် ကျိန်နိုင်ငံမှ ဖြစ်ကြပြီး သိုက်ယင်ယင်မှာ ကျိန်မင်းသားနှစ်၏ ဇနီးလောင်း ဖြစ်သည်။ အနာဂတ် မင်းသမီးဖြစ်ကာ သူမ၏ ရာထူးဂုဏ်သိမ်က ထူးကဲ၏။

ထိုအချိန်၌ လင်းယွီဂိတ်တံခါးဆီသို့ ဦးတည်သည့် တံခါးမှ လူငယ်တစ်ယောက် လျှောက်ဝင်လာခဲ့သည်။

“အာ..”

သိုက်ယင်ယင်၏ မျက်လုံးများက လင်းလက်လာ၏။ ဒီလူငယ်မှာ အလွန် ချောမောလှပါသည်။

“မင်းက ဘယ်သူလဲ”

အစောင့်၏ မျက်နှာမှာ သိသာစွာ အံ့ဩနေ၏။ ခန်းမကြီး၏ တံခါးဝကို ကြည့်လိုက်ပြီးနောက် ကျောင်မင်(သို့) ဖင်းအာတို့ မဟုတ်ကြောင်းကို တွေ့လိုက်ရသည်။ လူငယ်တစ်ယောက်သာ ရောက်ရှိလာ၏။

အတွင်းဘက်နယ်မြေမှ လူတစ်ယောက်လေလား။

မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ လင်းယွီဂိတ်တံခါးမှ အားကို သူခံစားရသည်မှာ စွမ်းအားကြီးမားသူတစ်ဦး ဖြစ်ပါသည်။ အတွင်းဘက်နယ်မြေမှ သိုင်းသမားများ လုပ်ဆောင်နိုင်သည်ထက် များစွာ သာလွန်၏။

ဖြစ်နိုင်သည်မှာ ဖင်းအာက တံခါးခေါက်ပြီးနောက် ဒီလူငယ် ဝင်လာခဲ့သည်လား။

ရွှေရှင်းနန်းတော်မှ ထိုမိန်းမသည် တဏှာကြီး၏။ ယခုမျှ ချောမောသည့် လူငယ်တစ်ယောက်ကို တွေ့ရပါက စိတ်မဝင်စားပဲနေမည် မဟုတ်ပေ။

“မင်းကို ဖင်းအာ ဝင်ခိုင်းလိုက်တာလား”

အစောင့်သိုင်းသမားက မျက်မှောင်ကြုတ်စွာ မေးသည်။

“ဘယ်က ဖင်းအာလဲ.. ငါသူမကို မသိဘူး”

ရွှီယန်သည် ခန်းမအတွင်းရှိ လူများကို ကြည့်လိုက်၏။

အစောင့်နှစ်ယောက်တို့မှာ ကောင်းကင်လူသားငယ်များ ဖြစ်သည်။ ကျောင်မင်ထက် အများကြီး သန်မာခြင်း မရှိပေ။

မိန်းမငယ်မှာတော့ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ဖြစ်၏။ သူမ၏ အသက်အရွယ်နှင့် သံသယဝင်စရာ မကောင်းလောက်အောင် ပါရမီရှင်တစ်ယောက် ဖြစ်ပေလိမ့်မည်။

အသန်မာဆုံးမှာ အဖွားအို ဖြစ်၏။ နှောင်းပိုင်း ကောင်းကင်လူသားငယ်အဆင့် ခွန်အား ရှိပါသည်။

ဒီနေရာတွင် ဆက်လက်နေလိုခြင်း မရှိရာ ရွှီယန်တစ်ယောက် ဆက်လက် လျှောက်ထွက်သွားသည်။ ဒီအရေးမပါသည့် လူများကို လစ်လျူရှုထား၏။

“မင်းက အတွင်းဘက်နယ်မြေက သိုင်းသမားတစ်ယောက်လား”

အစောင့်သိုင်းသမားက မဲမှောင်သည့် မျက်နှာဖြင့် မေး၏။

“အဲ့တော့ ဘာပြဿနာ ရှိလို့လဲ”

ရွှီယန်က သူ့ကို တစ်ချက် အသာငဲ့ကြည့်ပြီးနောက် အဝေးသို့ ဆက်လက်လျှောက်ထွက်သွားသည်။

အစောင့်နှစ်ယောက်တို့မှာ မဲမှောင်သော အသွင်နှင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ၏။ သူတို့၏ မျက်နှာများပေါ်တွင် အံ့ဩမှုတို့ အထင်းသား ပေါ်လွင်နေပါသည်။ အတွင်းဘက်နယ်မြေတွင် မည်ကဲ့သို့ ယခုမျှ စွမ်းအားကြီးမားသည့် သိုင်းသမား ရှိနိုင်မည်နည်း။

ဖြစ်နိုင်သည်မှာ….

သူတို့၏ စိတ်ထဲတွင် ကြောက်စရာကောင်းသည့် အတွေးတစ်ခု ပေါ်လာခဲ့သည်။

“သွေးနတ်ဆိုး”

ခဏတာအတွင်း အလောတလျှင် လှုပ်ရှားရဲခြင်း မရှိအောင် ဖြစ်သွားခဲ့၏။ ရွှီယန်၏ ထွက်ခွာသွားမှုကို ဒီအတိုင်းသာ ကြည့်နေမိသည်။ အရင်က အတွင်းဘက်နယ်မြေမှ ဝင်ရောက်လာခဲ့သည့် သိုင်းသမားများကို ဆက်ဆံပုံအတိုင်း ပြုမူရဲခြင်း မရှိပေ။

အပိုင်း ၃၉၀ - လင်းနယ်မြေသို့ ဝင်ရောက်သည်နှင့် ကောင်းကင်လူသားအား သတ်ဖြတ်ခြင်း(၂)

All Chapters