လင်းနယ်မြေသို့ ဝင်ရောက်သည်နှင့် ကောင်းကင်လူသားအား သတ်ဖြတ်ခြင်း(၂)
Vol. 26 Ch. 390
ဤသည်မှာ အမှန်တကယ် သွေးနတ်ဆိုးသာ ဖြစ်ပါက လှုပ်ရှားမှုပြုခဲ့လျှင် သူတို့နှစ်ယောက်ကိုယ်တိုင်သာ ကံဆိုးသူများ ဖြစ်သွားမှာ ဖြစ်သည်။
"သူက သွေးနတ်ဆိုးလား။ ထိုက်မြှောင်ဂိုဏ်းကလူ သူ့ကို သတ်ပြီးပြီ မဟုတ်ဘူးလား။ နောက်ပြီးတော့ အချိန်တွေလည်း ဒီလောက်ကြာနေပြီးပြီကို.. သူ့အကြောင်း ဘာမှမကြားခဲ့ရဘူးလေ။ ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်လာရတာလဲ.."
"ဖြစ်နိုင်တာက သွေးနတ်ဆိုးက လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲထားတာလား။ အဲ့ဒါကြောင့်မို့လို့ သူ့ရဲ့နှိမ့်ချတဲ့ လှုပ်ရှားမှုတွေအောက်မှာ ငါတို့တွေ သတင်းမကြားရတာဖြစ်မယ်။ ဒီတစ်ကြိမ်ကလည်း သွေးနတ်ဆိုးရဲ့ တကျော့ပြန်လာတဲ့ ပထမဆုံးအကြိမ်မှ မဟုတ်တာ.."
"မဖြစ်နိုင်ဘူး... သွေးနတ်ဆိုးက နှိမ့်ချတတ်တဲ့ လူတစ်ယောက်မဟုတ်ဘူး။ သူက မောက်မာပြီးတော့ သွေးဆာတဲ့ ကျင့်စဉ်ကို ကျင့်ကြံတယ်..."
"မဖြစ်နိုင်ဘူးလို့ လုံးဝကြီးတော့ ပြောလို့မရဘူး။ ဘာပဲဖြစ်ဖြစ် သွေးနတ်ဆိုးကို ချောင်ပိတ်ပြီးတော့ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြတယ်လေ။ ပရိယာယ်ပြောင်းလဲသွားပြီး အခြားနည်းလမ်း မသုံးနိုင်ဘူးလို့ ဘယ်သူသိမှာလဲ.."
အစောင့်သိုင်းသမားနှစ်ယောက်တို့က သူတို့၏ အတွေးများကို အသံပို့လွှတ်ကာ ဖော်ပြကြသည်။ နှစ်ယောက်သားသည် ပြောလေလေ ပိုမိုစိုးရိမ်လေလေ ဖြစ်လာခဲ့၏။
သွေးနတ်ဆိုးသည် တကျော့ပြန် လာခဲ့ပြန်လေပြီလား။ လင်းနယ်မြေသည် သွေးလွှမ်းသည့် မုန်တိုင်းအတွင်းသို့ နောက်ထပ်တစ်ဖန် ပြန်လည်ရောက်တော့မည်လား။
သိုက်ယင်ယင်က ထွက်ခွာသွားသည့် ရွှီယန်ကိုကြည့်ကာ အမြန်မေးသည်။
"သူက အတွင်းဘက်နယ်မြေက သိုင်းသမားတစ်ယောက်လား.."
"ဟုတ်တယ်။ သူက လင်းနယ်မြေကနေ ဟိုဘက်ကို ဝင်သွားတဲ့လူတွေထဲက မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့လို့ အတွင်းဘက်နယ်မြေက သိုင်းသမားပဲဖြစ်လိမ့်မယ်.."
အစောင့်တစ်ယောက်က ခေါင်းငြိမ့်စွာပြော၏။
သူက သိုက်ယင်ယင်အား ထိုလူသစ်ကို ရန်စခြင်းမပြုရန် သတိပေးတော့မည့်အချိန်၌ သိုက်ယင်ယင်က နောက်သို့လှည့်ကာ လိုက်ပါသွားပြီး ဖြစ်သည်။
အစောင့်သိုင်းသမားနှစ်ယောက်တို့မှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ အလိုလို နားလည်စွာဖြင့် တင်ပျဉ်ခွေထိုင်ပြီးသာ ပြန်လည်ကျင့်ကြံနေကြ၏။
တစ်ဖက်လူသာ အမှန်တကယ် သွေးနတ်ဆိုးဖြစ်ပါက သူတို့အနေနှင့် ထိပါးရန် တတ်နိုင်ခြင်းမရှိပေ။ ထိုကိစ္စအတွင်းတွင် ဝင်ပါမိပါက သေဆုံးခြင်းကို ကြုံရမှာ သေချာပေါက်ဖြစ်၏။
သွေးနတ်ဆိုးမဟုတ်ဘဲ သိုက်ယင်ယင်က တစ်ဖက်လူကို သတ်လိုက်လျှင်လည်း ထူးခြားသည့် ကိစ္စတစ်ခုမဟုတ်ပါ။
"ရပ်လိုက်စမ်း.."
ခန်းမကြီးဆီမှ ထွက်လာပြီးနောက် ရင်းနှီးမှုမရှိသည့် လင်းနယ်မြေတွင် မည်သည်ကို ပြုလုပ်ရမည်နည်းဟု ရွှီယန်တစ်ယောက် စဉ်းစားနေချိန်၌ အနောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။
"ဘာကိစ္စလဲ.."
ရွှီယန်သည် ဓားကိုမြှောက်ကာ ရင်ဘတ်ကိုကာလိုက်ပြီးနောက် နောက်သို့လှည့်ကာ ကြည့်၏။
ပထမဆုံးအကြိမ် အတွင်းဘက်နယ်မြေသို့ ဝင်ရောက်စဉ်က သုယွီယင်းနှင့် ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်ကို ပြန်လည်တွေးမိလိုက်သည်။
"နင်က အတွင်းဘက်နယ်မြေက သိုင်းသမားတစ်ယောက်လား.."
သိုက်ယင်ယင်က အထက်စီးမှ မောက်မာစွာမေး၏။
"ဟုတ်တယ်။ ဘာကိစ္စရှိလို့လဲ.."
ရွှီယန်မှာ အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။ တစ်ဖက်မိန်းကလေး၏ ဆက်ဆံပုံမှာ အဆင်မပြေလှပေ။
"ငါနင့်ကို သဘောကျတယ်။ ငါနဲ့လိုက်ခဲ့။ နင်သာအသက်ရှင်နိုင်မယ်ဆိုရင် နင့်လိုနိမ့်ကျတဲ့ လူတစ်ယောက်အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရနိုင်လိမ့်မယ်။ ငါနင့်ကို ချွင်းချက်အဖြစ်ထားပြီး သိုက်မိသားစုမှာ ကျွန်အဖြစ် ဝင်ရောက်ခွင့်ပြုပေးမယ်.."
သိုက်ယင်ယင်က မြင့်မားထည်ဝါသည့် လေသံဖြင့်ဆို၏။
ရွှီယန်က ခဏတာစဉ်းစားသည်။ တူညီသည့်လေသံဖြင့် သူ့ကိုပြောခဲ့ဖူးသည့် ကျောင်မင်ကို တွေးမိလိုက်၏။
တစ်ဖက်လူကိုလည်း ပြာအဖြစ် ပြောင်းလဲပစ်လိုက်ရမည်လား။
ရွှီယန်က သိုက်ယင်ယင်ကိုကြည့်သည်။ ပြီးနောက် သူမ၏ဘေးရှိ အဘွားအိုကို ကြည့်၏။ နှောင်းပိုင်းအဆင့် ကောင်းကင်လူသားငယ်တစ်ယောက်၏ လိုက်ပါကာကွယ်ခြင်းကို ခံရသည်မှာ တစ်ဖက်လူတွင် နောက်ခံအချို့ ရှိသည်ဟု ဆိုလို၏။
'ငါ အတွင်းဘက်နယ်မြေကို လာတာက အခြေခံကို တည်ဆောက်ပြီး ဒီဗိုင်းဆန္ဒအဆင့်ကို ချိုးဖျက်ဖို့ပဲ။ အခြား ပြဿနာရှုပ်နေဖို့ မဟုတ်ဘူး..'
ထိုကဲ့သို့ တွေးမိပြီးနောက် သူမကို လျစ်လျူရှု့ထားရန် ရွှီယန် ဆုံးဖြတ်လိုက်သည်။ နောက်သို့လှည့်ကာ ထွက်ခွာသွား၏။
ယခုအချိန်၌ သူမကို စိတ်ထဲတွင်သာ မှတ်ထားလိုက်ပေမည်။ ဒီဗိုင်းဆန္ဒအဆင့်သို့ အဆင့်ချိုးဖျက်ပြီးနောက် နောက်တစ်ကြိမ် ပြန်တွေ့ရပါက ယခုကဲ့သို့ မောက်မာကာ အထင်သေးစွာ ဆက်ဆံနေဆဲဆိုလျှင် ပြာများအဖြစ် လွင့်ပေးလိုက်မည်ဖြစ်သည်။
ရွှီယန်၏ လျစ်လျူရှု့ကာ ထွက်သွားပုံကို တွေ့ရပြီးနောက် အမြဲတမ်း အလိုလိုက်ခံရကာ အထက်စီးမှနေခဲ့ရသည့် သိုက်ယင်ယင်တစ်ယောက် လက်ခံနိုင်စွမ်း မရှိစွာ ခံစားလိုက်ရ၏။
ထို့အပြင် တစ်ဖက်လူသည် နိမ့်ကျသည့် အတွင်းဘက်နယ်မြေမှ လာခဲ့ခြင်း ဖြစ်သည်။
"ငါ့ကို ဘယ်လိုလုပ်ပြီး မလေးမစား လုပ်ရဲတာလဲ... အစကတော့ မိုးပြာရောင်နဂါးသင်္ချိုင်းကို နင့်ကိုခေါ်သွားပြီး ကင်းထောက်လုပ်ခိုင်းဖို့ ရည်ရွယ်ထားတာ။ ကံကောင်းပြီးတော့ အသက်ရှင်နိုင်မယ်ဆိုရင် အခွင့်အရေးတစ်ခု ပေးချင်ခဲ့တာ။ ဒါပေမယ့် နင်ကဒီလောက်အထိ မသိတတ်မှတော့ ငါသင်ခန်းစာပေးတာကို အပြစ်မတင်နဲ့.."
စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် သိုက်ယင်ယင်တစ်ယောက် သိုလှောင်အိတ်အတွင်းမှ ကြာပွတ်တစ်ချောင်းကို တစ်ခါတည်း ထုတ်ယူလိုက်သည်။
"နိမ့်ကျတဲ့နေရာက အောက်တန်းစားသတ္တဝါ... ခွေးလိုဝက်လိုကောင်.. ငါကနင့်ကို ရုပ်ရည်လေး ကြည့်ကောင်းနေလို့သာ ချွင်းချက်အဖြစ်ထားပြီး ကင်းထောက်အဖြစ် ခေါ်ပေးမလို့။ ဒီလိုအခွင့်အရေးပေးတာကို ငါ့ကိုလျစ်လျူရှု့ရဲတယ်ပေါ့။ သေစမ်း.."
မောက်မာကာ ကြီးစိုးသည့် အပြုအမူနှင့် အသားကျနေပြီးဖြစ်သည့် သိုက်ယင်ယင်က သူမ၏ ကြာပွတ်ရှည်ကို ဝှေ့ရမ်းလိုက်သည်။
ရွှီယန်၏ လည်ပင်းကို ချိန်ရွယ်ထား၏။ ထို့ကြာပွတ်နှင့် သူမသည် နာခံမှုမရှိသည့် အဆင့်နိမ့် သိုင်းသမားများစွာတို့ကို ဆုံးမခဲ့ဖူးလေသည်။
တစ်ယောက်နှစ်ယောက် မကလည်း သေဆုံးသွားခဲ့ဖူး၏။ ထို့ကြောင့် ဒီနေရာတွင် အလွန်ကျွမ်းကျင်နေပြီးဖြစ်ကာ ကြာပွတ်မှာ ရွှီယန်၏ လည်ပင်းဆီသို့ တစ်ခါတည်း ရောက်ရှိသွားပြီး ဆွဲခေါ်ကာ ရိုက်နှက်မှုပြုတော့မှာ ဖြစ်သည်။
ရွှီယန်မှာ ရှင်းလင်းစွာပင် ပြဿနာဖြစ်လိုခြင်း မရှိပေ။ သို့ပေမယ့် ယခုအချိန်၌ တစ်ဖက်လူက သူ့ကို ခွေးဝက်အစရှိသည့် စကားလုံးများနှင့် စော်ကားရုံမက ရုပ်ပိုင်းဆိုင်ရာအရပါ တိုက်ခိုက်မှု ပြုလာလေသည်။
ချက်ချင်းပင် ဒေါသထွက်သွား၏။ ဒီမိန်းမသည် သူမ၏ သေလမ်းကြောင်းကို ကိုယ်တိုင်ရွေးချယ်သည်ပင်။ ထို့ကြောင့် သူမ၏ဆန္ဒကို ဖြည့်ပေးရပေမည်။
"မိုးပြာရောင်နဂါးသင်္ချိုင်းလား... ဖြစ်နိုင်တာက ရတနာနယ်မြေတစ်ခုများလား.."
သိုက်ယင်ယင်ပြောသည့် မိုးပြာရောင်နဂါးသင်္ချိုင်းကို သူစိတ်ဝင်စားသွားခဲ့၏။ လက်ကိုမြှောက်ကာ ပြေးဝင်ရောက်ရှိလာသည့် ကြာပွတ်ကို ဖမ်းဆွဲလိုက်သည်။
ရုတ်တရက် အားစိုက်လိုက်မှုနှင့်အတူ သိုက်ယင်ယင်မှာ "အား.." ဟူ၍ အသံတစ်ချက်ပြုပြီး သူ့ဆီသို့ လွင့်ပျံရောက်ရှိလာ၏။
"ရိုင်းပြလိုက်တာ.."
အဘွားအိုက ဒေါသထွက်သွားပြီး ရွှီယန်ကို မာန်ဖီကာ ဝင်ရောက်တိုက်ခိုက်၏။
သူမ၏ နှောင်းပိုင်းအဆင့် ကောင်းကင်လူသားငယ်ခွန်အားနှင့် သခင်မလေးအား ထိခိုက်မှုမရှိစဉ်တွင် တစ်ဖက်လူကို သုတ်သင်နိုင်မည်ဟု ယုံကြည်ချက်ရှိပါသည်။
ရွှီယန်က သူမကို ကြည့်ပင်မကြည့်ပေ။ ဓားကိုလည်း ဆွဲထုတ်ခြင်း မရှိပေ။ လက်ကိုမြှောက်ကာသာ လက်ဝါးချက်ဖြင့် ရိုက်ထုတ်လိုက်၏။
ရွှေရောင်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။ ကြီးမြတ်သည့်နဂါးတွင် ညင်သာသည့်လေညှင်းတစ်ခု တွဲပါလာပြီး အဘွားအိုဆီသို့ ဝင်ရောက်သွား၏။
ရွှင်ဖုန်းဓားဆန္ဒ...
"ဘဇ်.."
အဘွားအိုမှာ ရုတ်တရက် အသိစိတ်၌ စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရသည်။
ဖယောင်းတိုင်မီးဖျဖျအား အားပြင်းသည့်လေတစ်ခု ဝင်ရောက်တိုက်ခိုက်လာသည့်နှယ် ရှိ၏။ သူမ၏ မျက်လုံးထဲတွင် အရာအားလုံး မဲမှောင်သွားပြီး အသိစိတ်အား ဆုံးရှုံးသွားခဲ့သည်။
ရွှေနဂါးကြီးက အော်ဟစ်ကာ ရုတ်တရက် အဘွားအို၏ တိုက်ခိုက်မှုကို ချေပလိုက်၏။ ထိုဖြစ်စဉ်အတွင်းတွင် အဘွားအိုအား လွင့်စင်ထွက်သွားစေလေသည်။
ဝိဉာဉ်နှင့် အသိစိတ်အားလည်း ပျောက်ကွယ်သွားစေပြီး ပြာအဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုအချိန်၌ သိုက်ယင်ယင်၏ လည်ပင်းမှာ ရွှီယန်၏လက်ဝါးအတွင်းသို့ ရောက်ရှိ သွားပြီးဖြစ်သည်။
"ကယ်ပါဦး..."
သိုက်ယင်ယင်သည် ပါးစပ်ကိုဖွင့်ကာ အော်ဟစ်အကူအညီတောင်းတော့မည့်အချိန်၌ အဘွားအိုမှာ ပြာအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်းကို တွေ့လိုက်ရသည်။
သူမ၏မျက်နှာက သေလောက်အောင် ဖြူဖျော့သွားပြီး ရွှီယန်ကို ထိတ်လန့်စွာကြည့်၏။ အတွင်းဘက်နယ်မြေမှ ဒီနိမ့်ကျလှသည့်လူသည် အဘယ်ကြောင့် အလွန် စွမ်းအားကြီးမားရသနည်း။
မဟုတ်ပေ။ တစ်ဖက်လူသည် အတွင်းဘက်နယ်မြေမှလာခြင်း သေချာပေါက် မဟုတ်လောက်ပါ။ ထိုခွေးနှစ်ကောင်တို့သည် သူမကို လိမ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"ငါ့ကိုမသတ်နဲ့... ငါ့ကိုသတ်ရင် နင်လည်းအသက်ရှင်မှာမဟုတ်ဘူး။ ငါက သိုက်မိသားစုရဲ့ အကြီးဆုံးသမီး သိုက်ယင်ယင်ပဲ။ ငါ့ရဲ့သတို့သားလောင်းက ကျိန်မင်းသားပဲ..."
ဒီအချိန်၌ သိုက်ယင်ယင်တစ်ယောက် သူမ၏နောက်ခံကို အသုံးပြုကာသာ တစ်ဖက်လူကို ခြိမ်းခြောက်နိုင်တော့သည်။ ပြောရင်းနှင့် မောက်မာသည့် စိတ်အစဉ်က ရုတ်တရက် ထကြွလာပြန်၏။
သူမသည် မိမိ၏ ကြောက်စရာကောင်းသည့် နောက်ခံကို ရုတ်တရက် နားလည်လိုက်ပြီး တစ်ဖက်လူမှာ သူမကိုသတ်ဖြတ်ပါက သံသယဝင်စရာမကောင်းလောက်အောင် သေဆုံးရမည်ဟု တွေးမိလိုက်သည်။ ထို့ကြောင့် ဤသည်မှာ လုပ်ရဲမည် မဟုတ်လောက်ပါ။
"ငါ့ကို အခုချက်ချင်းလွှတ်ပေး... အဲ့လိုဆိုရင် ဒီကိစ္စကို ဒီအတိုင်းထားပေးလိုက်မယ်။ မဟုတ်ရင်တော့.. ငါ့ကိုထိခိုက်အောင်လုပ်ရင် သိုက်မိသားစုနဲ့ ကျိန်တော်ဝင်မိသားစုရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်.."
သူမသည် လုံးဝ ရူးသွပ်ခြင်းတော့မရှိပါ။ ထို့ကြောင့်လွှတ်ပေးမည်ဆိုပါက ရန်ကျွေးရန်စလို့ အမှတ်မထားဟု ဆို၏။
သို့ပေမယ့် စိတ်ထဲတွင်တော့ လွတ်မြောက်ပါက တစ်ဖက်လူကို နှိပ်စက်ကာ သတ်ဖြတ်ရန် စဉ်းစားထားပါသည်။
ရုတ်တရက် လည်ပင်းဆီရှိ လက်က ပိုမိုတင်းကြပ်လာ၏။ သူမ၏ မျက်နှာကို နီရဲကာ ခန္ဓာကိုယ်ပင် တွန့်ကွေးလာခဲ့သည်။
သို့ပေမယ့် ရုန်းကန်နိုင်ခြင်း မရှိပေ။ ခွန်အားအားလုံးတို့ ပျောက်ကွယ်သွားသည့်ပုံ ပေါ်၏။ ဒီအချိန်၌ သူမသည် ထိတ်လန့်ကြောက်ရွံ့မှုကို အမှန်တကယ် ခံစားလာရသည်။
ထိုအချိန်မှ ရွှီယန်က လက်အားကို အနည်းငယ် ဖြေရော့လိုက်ပြီးမေး၏။
"မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်းက ဘာကိုပြောတာလဲ။ ဘယ်နေရာမှာရှိတာလဲ.."
"ငါပြောပြမယ်.. ငါပြောပြမယ်... မိုးပြာရောင်နဂါးသင်္ချိုင်းက ကျိန်နိုင်ငံရဲ့..."
သိုက်ယင်ယင်က မိုးပြာရောင်နဂါးသင်္ချိုင်းနှင့် ပတ်သက်သည့် အရာအားလုံးကို အမြန်ပြောပြသည်။
"ဒီနေရာက လင်းနယ်မြေရဲ့ ဘယ်နေရာမှာ ရှိတာလဲ။ ကျေးဇူးပြုပြီး မိတ်ဆက်ပေးပါဦး.."
ရွှီယန်က ထပ်မံမေး၏။
သိုက်ယင်ယင်က သူ့ကိုသံသယဖြင့် ကြည့်သည်။
တစ်ဖက်လူသည် အမှန်တကယ်ကို အတွင်းဘက်နယ်မြေမှ လာခဲ့သည်လား။ သို့ပေမယ့် ထိုနိမ့်ကျသည့်နေရာတွင် ဘယ်လိုလုပ်ပြီး ယခုမျှ ကြောက်စရာကောင်းသည့် လူတစ်ဦး ရှိနိုင်မည်နည်း..
"ဒါက လင်းနယ်မြေရဲ့ ပြည်နယ်၁၈ခုထဲက ကျောက်စိမ်းပြည်နယ်(ယွီကျိုး)ပဲ။ ကျိန်နိုင်ငံရဲ့ ပိုင်နက်တစ်ခုဖြစ်တယ်..."
သိုက်ယင်ယင်က တုန်ရီနေသည့်အသံဖြင့် ရှင်းပြ၏။ ရွှီယန်တစ်ယောက် သူမဆီမှ သတင်းအချက်အလက်များစွာတို့ ရရှိလာမည်ဟု ထင်မထားပေ။
သူသည် စိတ်ဝိဉာဉ်နယ်မြေ၏ မည်သည့်နေရာသို့ ရောက်ရှိနေကြောင်းကို အကြမ်းဖျင်း သိရှိလိုခြင်းသာ ရှိ၏။
"ငါ့ကိုအခုလွှတ်ပေး.. မဟုတ်ရင် သိုက်မိသားစုနဲ့ ကျိန်တော်ဝင်မိသားစုက နင့်ကို ချမ်းသာပေးမှာမဟုတ်ဘူး.."
သိုက်ယင်ယင်တစ်ယောက် သိုက်မိသားစုနှင့် ကျိန်နိုင်ငံတို့၏ ကြီးမားလှသည့် ခွန်အားကို တွေးမိကာ သူမ၏ မျက်လုံးများ၌ မောက်မာမှုတို့ ပြန်လည် ပေါ်ပေါက်လာပြီး ခြိမ်းခြောက်သည့်လေသံဖြင့် ပြော၏။
ရွှီယန်မှာ ခံစားချက်မဲ့စွာသာ ရှိနေပါသည်။ သူမ၏ ခန္ဓာကိုယ်မှ သိုလှောင်အိတ်ကို ယူပြီးနောက် လွှတ်ပေးလိုက်၏။
သိုက်ယင်ယင်သည် ခန်းမကြီးဆီသို့ အမြန်ပြေးသွားရင်းနှင့် ဒေါသတကြီး ကြိမ်းမောင်းစွာ ပြောသည်။
"နင်.. နိမ့်ကျတဲ့ကောင်... ခွေးလိုဝက်လိုကောင် နင်စောင့်နေ.."
ရွှီယန်က လက်ဝါးချက်တစ်ချက်ကို ရိုက်ထုတ်ပြီးနောက် အဝေးသို့ထွက်ခွာသွား၏။
"ဘုန်း.."
သိုက်ယင်ယင်မှာ ပြာအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။
ရွှီယန်မှာတော့ လေထဲသို့ ပျံသန်းကာ မိုးပြာရောင်နဂါးသင်္ချိုင်းဆီသို့ ဦးတည်ခဲ့၏။
'စိတ်ဝိဉာဉ်နယ်မြေကို ဝင်ရောက်လိုက်တာနဲ့ ဒီလို ရတနာနယ်မြေတစ်ခု ဖွင့်တော့မယ့်အကြောင်းကို ကြုံတွေ့လိုက်ရတယ်။ မိုးပြာရောင်နဂါးသစ်ပင်နဲ့ နဂါးမျက်လုံးသစ်သီး.. အကုန်လုံးက ပစ္စည်းကောင်းတွေပဲ။ အဲ့ဒါတွေက ငါ့ရဲ့အခြေခံကို စုစည်းရာမှာ ကူညီပေးပြီး အဆင့်ချိုးဖျက်ရာမှာ ပြောင်းလဲမှုကို ဖြစ်ပေါ်လာစေနိုင်မှာ..'
'အထဲမှာ နဂါးအသွေးအသားတွေသာ ရှိနေဦးမယ်ဆိုရင် ဂျူနီယာညီလေးရဲ့ ခန္ဓာကိုယ်အတွက်လည်း အားဖြည့်ဖို့ ပြည့်စုံတဲ့ ရတနာတွေရလာမှာ။ အဲ့ဒါက မဖျက်စီးနိုင်တဲ့ ရွှေခန္ဓာအဆင့်ကို ချိုးဖျက်ရာမှာ သူ့ရဲ့ အခြေခံကို မြှင့်တင်ပေးလိမ့်မယ်..'
သူသည် မိုးပြာရောင်နဂါးသင်္ချိုင်းကို ဝင်ရောက်ရန် ဆုံးဖြတ်လိုက်၏။ ထိုနေရာသို့ အသက်၃၀အောက်ရှိ သိုင်းသမားကိုသာ ဝင်ရောက်ခွင့်ပြုမည် ဖြစ်သည်။
သူ့တွင် လိုအပ်ချက်အားလုံးတို့အား ကိုက်ညီ၏။
လေလွင့်သိုင်းသမားများ ဝင်ပါလေ့မရှိသည့် ကိစ္စကိုတော့ လျစ်လျူရှု့ထားလိုက်၏။
သိုက်ယင်ယင်မှာ မောက်မာကာ ရိုင်းစိုင်းသည့် မိန်းမတစ်ယောက်ဖြစ်သည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် သေချင်နေကတည်းက သူကလည်း သတ်ပေးလိုက်၏။
သူမ၏ နောက်ခံရှိ သိုက်မိသားစုနှင့် ကျိန်မိသားစုမှာတော့ ရွှီယန်အနေနှင့် အရမ်းကြီးဂရုစိုက်ခြင်း မရှိပေ။
သူသည် အလင်းနှင့်မြူ ဖုံးကွယ်ခြင်းအတတ်ကို အသုံးပြုလိုက်ပါက လိုက်လံသတ်ဖြတ်မှုကို အလွယ်တကူ ရှောင်ရှားနိုင်မည် ဖြစ်၏။
ထို့အပြင် လင်းယွီဂိတ်တံခါးအဝရှိ အစောင့်နှစ်ယောက်တို့သာ သူ့ကိုတွေ့ဖူးပြီး လိုအပ်ပါက ရုပ်ဖျက်လို့လည်းရပါသည်။
အစောင့်နှစ်ယောက်တို့ကို သတ်ဖြတ်ရန်မှာတော့ အဓိကအားဖြင့် တစ်ဖက်လူနှစ်ယောက်မှာ သူ့ကိုထိပါးခြင်း မရှိသလို သိုက်ယင်ယင်ကို ဝင်ရောက်ကယ်တင်ခြင်းလည်း မရှိခဲ့ရာ ရွှီယန်အနေနှင့် သွေးဆာစွာ သတ်ဖြတ်နေမည်မဟုတ်ပေ။
ခန်းမကြီးအတွင်းတွင် အစောင့်နှစ်ယောက်တို့မှာ ချွေးစေးများ စီးကျလာ၏။ ဒီကောင်လေးသည် အမှန်တကယ်ပင် သွေးနတ်ဆိုးဖြစ်သည့်ပုံ ပေါ်သည်။
ကံကောင်းစွာပင် သူတို့သည် ဝင်ပါခြင်း မပြုခဲ့ပေ။ မဟုတ်ပါက သေချာပေါက် သေဆုံးရမည်ဖြစ်၏။ သဲလွန်စပင် အစအနကျန်မည် မဟုတ်ပေ။