အခန်း (၃၉၀)
Vol. 29 Ch. 390
အဲဒီလိုညီနောင်တစ်ယောက်ကို စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးတစ်လုံးပေးဖို့ မထိုက်တန်ဘူးလား။
ကျေးဇူးတရားနှင့် ကျေးဇူးပြန်ဆပ်ခြင်းတို့၏ အရေးပါမှုကို ချန်ကျဲ့နားလည်သည်။ ဤတစ်ကြိမ်တွင် သမားတော်ပိုင်သည် ချန်ကျဲ့အား ဆေးဖော်စပ်ရန် ကူညီပေးခဲ့သည်။
သမားတော်ပိုင်အတွက် သူသည် တပည့်တစ်ဦးဖြစ်ပြီး ဝူဟုန်သည် မြေးတစ်ယောက်ဖြစ်သည်။ ထိုသို့ဆက်ဆံရေးမျိုးဖြစ်ရာ ထပ်မံ၍ စဉ်းစားနေရန် မလိုအပ်တော့ပေ။
ထို့ပြင် ဝူဟုန်မှ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းသွားပါက အစိုးရနယ်ပယ်အတွင်း၌ ဝူဟုန်၏ အင်အားအာဏာ ပိုမိုကြီးထွားလာလိမ့်မည်ဖြစ်ပြီး အနာဂတ်တွင် သူ့အား ပို၍ကူညီနိုင်လိမ့်မည်။
အဘက်ဘက်မှ စဉ်းစားပြီးနောက်၌ ချန််ကျဲ့သည် စိတ်ဝိဉာဉ်ပြောင်းလဲဆေးကို ဝူဟုန်အား ပေးရန် ဆုံးဖြတ််ခဲ့သည်။
ထိုအချိန်၌ ဝူဟုန်သည် စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို လက်တွင်ကိုင်လျက် သူ၏မျက်လုံးအစုံတွင် လွမ်းဆွတ်ငေးမောခြင်းကဲ့သို့ အငွေ့အသက်များ ထင်ဟပ်နေသည်။ သိုင်းပညာရှင်တစ်ဦးအနေဖြင့် မည်သူကများ မတိုးတက်လိုဘဲ ရှိပါအံ့နည်း။ ဤသို့ နတ်ဆေးလုံးကို မျက်မြင်တွေ့နေရရာ တပ်မက်စိတ်မဖြစ်ပါဟု ဆိုပါက အလိမ်အညာသာ ဖြစ်လိမ့်မည်။
သို့သော် ဝူဟုန်သည် မိမိ၏လောဘကို အလိုက်မလိုက််ရန် ထိန်းချုပ်လို၏။ ဤဆေးလုံးသည် တန်ဖိုးကြီးလွန်းနေသည်။
သူလက်မခံနိုင်ပါချေ။
“ကျိုစစ် ဒီစိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးက အရမ်းတန်ဖိုးကြီးလွန်းတယ်။ ငါလက်မခံနိုင်ဘူး။ ပြီးတော့ မင်းရဲ့လက်ရှိအခြေအနေအရဆို မင်းက ပိုလိုအပ်တာပါ”
“ဟား အစ်ကိုဟုန် ဒါက ဘယ်လိုစကားလဲဗျာ။ ကျွန်တော့်မှာ ဆေးလုံးက တစ်လုံးတည်းမဟုတ်ပါဘူး၊ နှစ်လုံးရှိနေတာပါ။ ကျွန်တော်ကလည်း တစ်လုံးပဲလိုအပ်တာလေ”
ဝူဟုန်မှ ပြောသည်။
“မဖြစ်ဘူး။ အကယ်၍များဆိုတဲ့ အခြေအနေအတွက် အပိုဆောင်ထားတာ ပိုကောင်းလိမ့်မယ်။ ငါလက်မခံနိုင်ဘူး”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အစ်ကိုဟုန် ကျွန်တော် ဆရာ့ကို ဆရာတင်မြှောက်လိုက်ပြီးချိန်ကတည်းက ကျွန်တော်တို့နှစ်ယောက်က ရင်းနှီးတဲ့ညီနောင်တွေလို့ သတ်မှတ်နိုင်နေပါပြီ။ ဒီလိုမျိုး သူစိမ်းဆန်ဆန်ပြုမူနေဖို့ လိုအပ်လို့လားဗျာ”
“အဲဒါကြောင့် ငြင်းမနေတော့ဘဲ လက်ခံလိုက်ပါတော့။ ဒါက ညီအစ်ကိုအချင်််းချင်းကြား သံယောဇဉ်ပဲမဟုတ်လား”
ဝူဟုန် : “မဖြစ်ဘူး၊ ငါလက်မခံနိုင်ဘူး”
ဝူဟုန်သည် တကယ့်ကို ခေါင်းမာသူဖြစ်၏။ နှစ်ဦးသားမှာ အချိန်တစ်ခုကြာအထိ မတိုးသာမဆုတ်သာအခြေအနေ ဖြစ်နေခဲ့ကြသည်။ ထို့နောက် ချန်ကျဲ့မှ သမားတော််ပိုင်သို့ လှည့်ပြောလိုက်သည်။
“ဆရာ ကျေးဇူးပြုပြီး တစ်ခုခုပြောပါဦး”
သမားတော်ပိုင်သည်လည်း ချန်ကျဲ့မှ ဝူဟုန်အား စိတ်ဝိဉာဉ်ပြောင်းလဲဆေးတစ်လုံး ပေးလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သမားတော််ပိုင်မှာ ရင်ထဲ ထိခတ်သွားရ၏။ ကျိုစစ်သည် အမှန်တကယ်ပင် ရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်ကြောင်း ထပ်မံနားလည်သွားရသည်။ သူ လူကဲခတ်မမှားခဲ့ပါချေ။
ထိုသို့အတွေးဖြင့် သမားတော်ပိုင်သည် ဝူဟုန်အား ပြောသည်။
“ဟုန်အာ…”
“အဘိုး၊ အဘိုး ကျွန်တော့်ကို ထပ်ပြီးဖျောင်းဖျဖို့ မလိုတော့ပါဘူး။ ကျွန်တော်…”
“ငါ့စကားဆုံးအောင်နားထောင်ပါဦး။ မင်းရဲ့အတွေးကို ငါနားလည်တယ်၊ ဒါပေမဲ့ မင်း ကျိုစစ်ရဲ့စိတ်ကောင်းစေတနာကိုလည်း စိတ်ပျက်စေလို့ မဖြစ်ဘူးလေ။ ပြီးတော့ မင်းတို့က ညီအစ်ကိုတွေအနေနဲ့ မြို့မှာ အချင်းချင်း ထောက်ပံ့ကူညီပေးဖို့ လိုတယ်။ ဝူဟုန် မင်း ဒီကိစ္စကို ဒီတိုင်းရပ်ကြည့်နေလို့ မဖြစ်ဘူး…”
“အဘိုး ကျွန်တော်နားလည်ပါတယ်။ ကျွန်တော် သေချာပေါက် ကျိုစစ်ကို အဆုံးအထိ ကူညီပေးမှာပါ။ ဒါပေမဲ့ ဒီလိုတန်ဖိုးကြီးလက်ဆောင်မျိုးကိုတော့ ကျွန်တော် လက်မခံနိုင်ပါဘူး”
ဝူဟုန်သည် ခေါင်းမာတတ်သူဖြစ်ပြီး ဆုံးဖြတ်ပြီးသည့်အရာကို ပြန်လည်ပြင်ဆင်ခဲ၏။
သမားတော်ပိုင်မှ ပြောသည်။
“ကောင်းပြီ၊ ငါနားလည်ပြီ။ အဲဒီတော့ စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးက နယ်ပယ်အဆင့်တက်လှမ်းနိုင်ဖို့အတွက်ပဲ။ ဆေးလုံးက နှစ်လုံးနဲ့တစ်ဝက်ရှိတယ်။ တစ်ဝက်ကိုတော့ လောလောဆယ် မဆုံးဖြတ်နိုင်သေးဘူး။ ကျိုစစ်က တစ်လုံးသောက်လိမ့်မယ်။ တစ်လုံးသောက်ပြီးလို့ ကျိုစစ်က စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်သွားခဲ့ရင် ကျန်တဲ့ဆေးတစ်လုံးက ကျိုစစ်အတွက် အသုံးမဝင်တော့ဘူး။ အဲဒီအခါကျ ဆေးတစ်လုံးကို ကျိုစစ်က မင်းကိုပေးတဲ့လက်ဆောင်လို့ သဘောထားလိုက်တော့။ အဲဒါပြီးရင်တော့ မင်း ကျိုစစ်အပေါ်မှာ ကျေးဇူးကြွေးတင်သွားပြီမို့လို့ နောက်ကျ ပြန်ပေးဆပ်ပါ”
“သူ အဆင့်တက်လှမ်းတာ မအောင်မြင်ခဲ့ရင် အဲဒီဆေးလုံးကို ကျိုစစ်ကပဲ ထပ်အသုံးပြုလိမ့်မယ်။ ဒီလိုဆို မျှတသွားပြီမလား”
“မင်းတို့နှစ်ယောက် ဘာပြောချင်တာရှိသေးလဲ”
ထိုအခါ ချန််ကျဲ့သည် လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။
“ကျွန််တော် ဆရာ့ရဲ့အကြံဉာဏ််ကို သဘောတူပါတယ်”
ဝူဟုန်သည် မျက်မှောင်ကြုတ်နေဆဲပင်။ ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုဟုန် အစ်ကိုဆက်ပြီးငြင်းနေရင် အစ်ကိုက ကျွန်တော့်ကို ညီအစ်ကိုအဖြစ် သဘောမထားတာပဲ”
“ငါ… ကောင်းပြီ၊ ဆေးလုံးကို ကျိုစစ် အရင်သောက်ပါစေ။ သူ အဆင့်တက်လှမ်းသွားရင် ကျွန်တော် ဆေးလုံးကို လက်ခံလိုက်မယ်”
“ဟားဟား … ကောင်းတယ်၊ အစကတည်းက ဒီလိုဖြစ်သင့်တာ”
ချန််ကျဲ့သည် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီးနောက် ဆက်ပြောသည်။
“ဒါဆို အစ်ကိုဟုန်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကာကွယ်ပေးပါဦး”
ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် ထိုက်ဆွေ့ဆေးတစ်လုံးကို ဦးစွာ သောက်လိုက်သည်။ ချက်ချင်းပင် အိပ်ရေးပျက်ခဲ့သော ညများကြောင့် ပင်ပန်းနွမ်းနယ်မှုများသည် သွေးကြောထဲမှ ဖယ်ရှားခံလိုက်ရပြီး ချန်ကျဲ့၏ခန္ဓာကိုယ်အား ကနဦး အကောင်းဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။ ထို့နောက် စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို သောက်ခဲ့သည်။
ဆေးလုံးကို မြိုချလိုက်သည်နှင့်တစ်ပြိုင်နက် ပူရှိန်းရှိန်းအရာတစ်ခုကို မြိုချလိုက်မိသည့်အလား လည်ချောင်းတွင် အေးစက်သွားခဲ့သည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ယန်ချွမ်ကျင့်စဉ်သည်လည်း ဖြည်းဖြည်းချင်း စတင်လှုပ်ရှားလာခဲ့သည်။ ထို့နောက် တစ်ပြိုင်နက်တည်းတွင် အရေပြား၊ အသွေးအသား၊ အရွတ်နှင့် အရိုးများ အာရုံလှုံ့ဆော်မှုဖြင့် နိုးထလာခဲ့ကြကာ အတွင်းအားနှင့်ဆင်တူသော စွမ်းအင်တစ်မျိုးသည် သူ၏ခန္ဓာကိုယ်အတွင်း လည်ပတ်စီးဆင်းလာခဲ့သည်။
၎င်းလည်ပတ်စီးဆင်းမှုသည် ပို၍ ပို၍ မြန်ဆန်လာနေခဲ့ပြီး ချန်ကျဲ့သည် အတွင်းအားများအားလုံး တစ်နေရာတည်းတွင် စုစည်း၍ ဖြည်းဖြည်းချင်း နစ်မြုပ်လာနေသည်ဟု ခံစားနေရသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးသည် ပေါက်ထွက်သွားခဲ့သည်။ နစ်မြုပ်နေသည့်အတွင်းအားများသည် ချက်ချင်း စတင််ပြောင်းလဲလာခဲ့ပြီး အရှိန်တငြီးငြီး တောက်လောင်နေသော ချီစွမ်းအင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
ချီစွမ်းအင်သည် တသွင်သွင်စီးဆင်းနေသည့် ချောင်းငယ်လေးကဲ့သို့ စတင်ဖြစ်တည်ကာ ထို့နောက်တွင် တစ်ခုတည်းအဖြစ်သို့ တဖြည်းဖြည်း စုစည်းသွားခဲ့သည်။ ထို့နောက် စီးကြောင်းနှစ်ခုဖြစ်တည်သွားပြီး နောက်ဆုံးတွင် ယန်ဇီမြစ်ကဲ့သို့ စီးဆင်းကာ မြစ်ဝါမြစ်ကဲ့သို့ မာန်ဟုန်ပြင်းပြနေခဲ့သည်။
၎င်းစွမ်းအင်သည် ချန်ကျဲ့၏သွေးကို စတင်၍ ဆင့်ကဲပြောင်းလဲစေခဲ့ပြီး စတင်၍ ပျစ်ခဲလာစေသည်။ သူ၏အရိုးများထဲရှိ ရိုးတွင်းခြင်ဆီသည် ခဲသွားခဲ့လျက် အဖြူရောင်ပြောင်းသွားခဲ့သည်။
ရိုးတွင်းခြင်ဆီကို ဆီးနှင်းအလား သန့်စင်၍ သွေးအား ပြဒါးကဲ့သို့ သန့်စင်မည်။
ချန်ကျဲ့ မျက်လုံးဖွင့်လိုက်ချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးမှ မောပန်းနွမ်းနယ်ခြင်း အလျဉ်းမရှိနိုင်ဟန်သော ခံစားချက်ကို ခံစားလိုက်ရသည်။
လက်တစ်ချက််အဝှေ့တွင် အကန့်အသတ်ကင်းမဲ့သော စွမ်းအင်ကို ခံစားရ၏။ ချန်ကျဲ့ ထခုန်လိုက်ပြီး ဦးစွာ ရေထိန်းချုပ်လက်ဝါးသိုင်းကို အသုံးပြုပြီးနောက် သံမဏိလက်ဝါးသိုင်းကို အသုံးပြုနေစဉ် အဆုံးအစမဲ့စွမ်းအင်နှင့်အတူ အားမာန်တက်ကြွမှုကို ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် ယခင်က မိမိမှာ လက်ရှိမိမိ၏ သိုင်းကွက်သုံးကွက်ကိုပင် ခံနိုင်ရည်မရှိလောက်ကြောင်း ခံစားမိလိုက်၏။
ဤသည်မှာ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်သည်။
မျန့်ရွှေစီရင်စု အစောင့်အရှောက်ကြီး၁၃ဦး၏ ကျင့်ကြံဆင့်နယ်ပယ်ဖြစ်သည်။
“အဆင့်တက်လှမ်းသွားပြီ!”
ဝူဟုန်သည် ချန်ကျဲ့၏သိုင်းကွက်များကို မြင်တွေ့ရပြီးနောက် မထိန်းချုပ်နိုင်စွာ ပြောလာခဲ့သည်။ သမားတော်ပိုင်မှ မေးသည်။
“သူ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းသွားပြီလား”
ဝူဟုန်မှ ပြောသည်။
“ဟုတ်တယ်၊ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းသွားပြီ။ သူ့လက်တွေကိုကြည့်”
သမားတော်ပိုင်သည် အသေးစိတ်ကြည့်ရှုပြီးနောက် ချန်ကျဲ့မှ သိုင်းကွက်ထုတ်ချိန်တွင် သူ၏လက်ဖဝါး၌ ချီစွမ်းအင်များ စုစည်းနေသည်ကို မြင်တွေ့ရသည်။
ချီစွမ်းအင်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်၏ သင်္ကေတဖြစ်ရာ ကျိုစစ်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို အမှန်တကယ် ရရှိပြီးဖြစ်ပေသည်။
ဘုန်း!
ချန်ကျဲ့သည် ခြံဝင်းထဲမှ ကျောက်တုံးတစ်တုံးကို လက်ဝါးတစ်ချက်ဖြင့် ခွဲပစ်လိုက်ပြီး မျက်နှာအမူအရာသည် ရွှင်ပျလန်းဆန်းနေသည်။
နောက်ဆုံးတွင်တော့ သူ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေပြီ။
ဟား ဟား ဟား… အခု ငါပြန်သွားပြီး မွေးစားအဖေအတွက် လက်စားချေလို့ရပြီီ။
ချန်ကျဲ့၏မျက််လုံးများသည် သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ဖုန်းရွှမ်၊ မင်းက မင်းရဲ့အာဏာကို အရမ်းကြီးကြီးကျယ်ကျယ်တွေ ကြွားလုံးထုတ်လွန်းတယ်။ ငါ့ကို မျန့်ရွှေမြို့ကနေ ထွက်သွားရအောင်လုပ်ပြီး နေရာတိုင်းမှာ လိုက်ဖမ်းတယ်။ ငါ့ကို အရမ်းသေစေချင်နေတာ။ ငါ ရန်ငြိုးရန်စ တစ်ခုချင်းစီတိုင်းကို မှတ်မိတယ်။ ငါ အရာအားလုံးအတွက် ပြန်လက်စားချေမယ်။
ချန်ကျဲ့တွေးတောနေစဉ် ဝူဟုန်နှင့် သမားတော်ပိုင်တို့မှ ဂုဏ်ပြုကြသည်။
ချန်ကျဲ့မှ ပြောသည်။
“အစ်ကိုဟုန် ကျွန်တော် ဒီတစ်ဆင့်မှာတော့ အစ်ကို့ကို ကျော်တက်သွားပြီ။ ဒီစိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးက အခု အစ်ကို့ရဲ့အပိုင်ပဲ”
ဝူဟုန်သည် ချန်ကျဲ့ကိုကြည့်လျက် ပြောသည်။
“ကျိုစစ်… ကောင်းပါပြီ၊ ငါလက်ခံလိုက်မယ်။ ငါ ဒီကျေးဇူးကို မှတ်ထားပါ့မယ်”
“ဒီအသေးအဖွဲကိစ္စလေးတွေကို ခဏထားလိုက်ရအောင်။ ဒါနဲ့ အစ်ကိုဟုန်၊ ကျွန်တော် မြို့ကနေထွက်သွားပြီးနောက်ပိုင်း ဖုန်းရွှမ်နဲ့ မြို့ရဲ့အခြေအနေကို ပြောပြပေးပါလား”
လက်စားမချေမီ အခြေအနေကို အပြည့်အဝနားလည်ထားလိုသည်။
ဝူဟုန်မှ ပြောသည်။
“ဖုန်းရွှမ်၊ ဖုန်းရွှမ်က အခု အတော်လေး အထက််စီးဆန်လွန်းတယ်။ ဖုန်းရွှမ်က ကျားဖြူခန်းမအရှင်သခင်ဖြစ်လာဖို့ အလဲအလှယ်အနေနဲ့ ကျားဖြူခန်းမရဲ့ နန်ရေကန်၊ ယုံချန်းလမ်းမကြီးနဲ့ သတ္တုတွင်းတွေကို နန်ပါးထျန်းဆီ ပေးအပ်လိုပြီ။ ဒါနဲ့ သူ့ရဲ့ရာထူးဆက်ခံပွဲက မနက်ဖြန်ပဲ။ မြို့ရဲ့ အထင်ကရပုဂ္ဂိုလ်အားလုံးကို ဖိတ်ကြားထားတယ်လို့ ကြားတယ်…”
ဝူဟုန််၏ ထိုစကားတွင် ချန်ကျဲ့၏မျက်လုံးအစုံမှာ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်လျှံသွားခဲ့သည်။