← Chapters

အခန်း (၃၉၂)

Vol. 29 Ch. 392

အခန်း (၃၉၂)

Vol. 29 Ch. 392

သို့သော် ချန်ကျဲ့၏ ပျမ်းမျှအင်အားသည် ဖန်းရှစ်ကျုံးထက် အားနည်းနိုင်သည်။ သို့ဖြစ်ရာ စွမ်းအင်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်သို့ တက်လှမ်းပြီးဖြစ်သည့် နန်ပါးထျန်း၊ လျိုလောင်ကွေ့တို့ထက်လည်း ပို၍အားနည်းလိမ့်မည်။

သေချာပေါက်ပင် ချန်ကျဲ့တွင် အသုံးမပြုသည့် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက် ရှိပါသေးသည်။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို အသုံးပြုပါက ချန်ကျဲ့သည် ဖန်းရှစ်ကျုံးထက် ပို၍အင်အားကြီးမားနိုင်သည်။ သို့သော် နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့နှင့် နှိုင်းယှဉ်လျှင်မူ အားနည်းနေဆဲဖြစ်သည်။

သို့သော် ထိုသူနှစ်ဦးမှ ချန်ကျဲ့ကို သတ်ချင်ပါကလည်း တန်ကြေးတစ်ခုခု မပေးဆပ်ပါဘဲ အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။

ချန်ကျဲ့ သမားတော််ပိုင်နှင့် ဝူဟုန်တို့ကို နှုတ်ဆက်ထွက်ခွာလာခဲ့သည်။

ထို့နောက် ဝူဟုန်သည် ဟွားသျဲ့ကို ဖမ်းဆီးရန် လင်မြို့သို့ မြင်းဖြင့် ခရီးနှင်ခဲ့သည်။

ဟွားသျဲ့သည် အလွန်အရေးကြီး၏။ သူမသည် အရေးပါသည့် မျက်မြင်သက်သေဖြစ်သည်။

တစ်ဖက်၌ ချန်ကျဲ့သည် ပစ္စည်းများကို အမြန်ထုပ်ပိုး၍ ဝါးခမောက်ကို ငိုက်ငိုက်ဆောင်းကာ မျန့်ရွှေစီရင်စုမြို့သို့ ဦးတည််ခရီးနှင်ခဲ့သည်။

ဤတစ်ကြိမ် ချန်ကျဲ့ပြန်လာခြင်းသည် အလွန်တည်ငြိမ်အေးဆေး၏။ မျန့်ရွှေမြို့မှ ထွက်ပြေးစဉ်အခါက စိတ်နေသဘောထားနှင့် လုံးဝ ကွဲပြားပေသည်။

ထိုအချိန်က မျန့်ရွှေမြို့မှ ထွက်ပြေးရခြင်းသည် ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်ရခြင်းဖြစ်ခဲ့ပြီး ယခုသည်တော့ ဝရမ်းပြေးတစ်ဦးဖြစ်နေဆဲ ဖြစ်သည့်တိုင် ဘုရင်တစ်ပါးကဲ့သို့ ပြန်လာခြင်းဖြစ်သည်။

ငါ ချန်ကျိုစစ် ကျိန်ဆိုတယ်၊ ဒီနေ့ မြို့ထဲကို ဝင်ပြီးတာနဲ့ ငါ့ကို မြို့ထဲကနေ ထွက်ခွာအောင် ဘယ်သူမှ မလုပ်နိုင်စေရဘူး!

ဒီမျန့်ရွှေမြို့က အနှေးနဲ့အမြန် ငါချန်ကျိုစစ်ရဲ့အပိုင်ဖြစ်လာစေရမယ်!

…

ကျားဖြူခန်းမ အစည်းအဝေးခန်းမဆောင်၌

“ငါသဘောမတူဘူး!”

ဖန့်ဖူသည် စားပွဲကို လက်ဖြင့်ရိုက်ချလိုက်ရင်း ထရပ်သည်။

“ဖုန်းရွှမ်၊ မင်း ခန်းမအရှင်သခင်လုပ်မှာကို ငါမကန့်ကွက်ပါဘူး ဒါပေမဲ့ နန်ရေကန်က ငါတို့ညီနောင်တွေရဲ့ အသက်တွေနဲ့ရင်းနှီးပြီးတော့ သိမ်းပိုက်ခဲ့ရတဲ့အရာပဲ။ ငါတို့က ဘာလို့ အဲဒါကို ဌာနချုပ်ဆီ ပေးအပ်ရမှာလဲ။ ပြီးတော့ ယုံချန်းလမ်းမကြီးရောပဲ၊ အဲဒါက ငါတို့ရဲ့အခြေခံအုတ်မြစ်ပဲ။ မင်းက အဲဒါကို လင်းယုန်ခန်းမဆီ ဒီတိုင်းလက်လွှဲပေးလိုက်မယ်တဲ့လား”

“ပြီးတော့ အဲဒီသတ္တုတွင်း၊ အဲဒါက ခန်းမအရှင်သခင်ဟောင်းဖန်း အသက်နဲ့ရင်းပြီး တိုက်ခိုက်ယူခဲ့ရတဲ့ ပိုင်ဆိုင်မှုပါ။ ငါတို့က အဲဒါကို ဘာလို့လက်လျှော့ပေးလိုက်ရမှာလဲ။ ကျားဖြူခန်းမက အခု ဘယ်လိုတောင်ဖြစ်လာပြီလဲ– ဌာနချုပ်ရဲ့ နောက်လိုက်ခွေးလား”

ဖန့်ဖူသည် စားပွဲကို တဒုန်းဒုန်းထုရိုက်လျက် ဒေါသတကြီး အော်ဟစ်ပြောဆိုသည်။

ထိုစဉ် အစည်းအဝေးအတွင်းရှိ အခြားတစ်ယောက်၊ လင်းယုန်အစောင့်အရှောက်၁၂ဦး၏ ခေါင်းဆောင်သည်လည်း စားပွဲကို ပြင်းပြင်းဆောင့်ရိုက်၍ ပြောလာခဲ့သည်။

“ဟုတ်တယ် ကျုပ်တို့ရဲ့သခင်ဟောင်း၊ ခန်းမအရှင်သခင်ဟောင်းဖန်းက အသတ်ခံလိုက်ရတယ်။ ဒါပေမဲ့ ကျုပ်တို့ကျားဖြူခန်းမကတော့ ပြိုကွဲသွားလို့ မဖြစ်ဘူး။ ကျုပ်တို့က ဌာနချုပ်ရဲ့လက်အောက်ခံ မဟုတ်ဘူး။ သူတို့ရဲ့နောက်လိုက်ခွေး ပိုလို့တောင် မဟုတ်သေးတယ်။ မဖြစ်ဘူး၊ ကျုပ်တို့ ဒါကို ဘယ််လိုမှ လက်မခံနိုင်ဘူး။ ကျုပ်တို့သဘောမတူဘူး။ ဒီပိုင်နက်နယ်မြေသုံးခုစလုံး တစ်ခုကိုမှ ဌာနချုပ်ကို မပေးအပ်လိုက်နိုင်ဘူး။ ကျားဖြူခန်းမရဲ့ ပိုင်ဆိုင်မှုအကျိုးအမြတ်တွေကို တခြားသူက အလကား လာရိတ်သိမ်းတာကို ကျုပ်တို့ခွင့်မပြုနိုင်ဘူး”

“အမှန်ပဲ။ သခင်ကြီး ခင်ဗျားဒီလိုလုပ်လို့ မရဘူး။ လင်းယုန်ခန်းမ ယုံချန်းလမ်းမကြီးကို လက်လွှဲယူဖို့လာတဲ့နေ့က သူတို့ရောက်လာပြီး လူတွေကို ရိုက်နှက်ခဲ့တယ်။ သခင်၃က သည်းမခံနိုင်ဘဲ မျက်ကန်းငတုံးတချို့ကို ပြန်တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးတော့ ချင်းယင်က သခင်၃ရဲ့ ခြေထောက်နှစ်ချောင်းစလုံးကို ချိုးပစ်ခဲ့တယ်။ အခု သခင်၃က လက်တွန်းလှည်းကို အသုံးပြုနေရတုန်းပဲ။ သခင်ကြီးအနေနဲ့ ဒီကိစ္စကို လျစ်လျူရှုထားလို့ မရပါဘူး!”

“ဟုတ်တယ် ဟုတ်ပါတယ် သခင်ကြီး၊ သခင်ကြီး ဒီကိစ္စကို လျစ်လျူရှုလို့မရပါဘူး။ ကျားဖြူခန်းမက ဘယ်တုန်းကများ ဒီလိုစော်ကားမှုမျိုးကို သည်းခံခဲ့ရဖူးလို့လဲ။ ခန်းမအရှင်သခင်ဟောင်းဖန်းသာ အသက်ရှင်နေဦးမယ်ဆိုရင် ကျုပ်တို့ ဒီလိုမျိုး စော်ကားခံနေရမှာ မဟုတ်ဘူး!”

…

ကျားဖြူခန်းမ၏ အဓိကအဖွဲ့ဝင်များဖြစ်ကြသော ဦးစီးမှူးများသည် ဆူညံပွက်လောရိုက်နေကြသည်။ ဖုန်းရွှမ်၏ လိုက်လျောအလျှော့ပေးမှုများသည် အလွန််သိသာလွန်းနေကာ ကျားဖြူခန်းမ၏ အခြေခံအုတ်မြစ်ကို လှုပ်ယိမ်းစေပေသည်။

သို့ဖြစ်ရာ အစုအဖွဲ့လိုက် ငြင်းခုံမှုများ ဖြစ်ပေါ်လာခဲ့သည်။

သို့သော် လူတစ်ယောက်သည်တော့ ဘာမျှမပြောဘဲ ထောင့်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ ထိုလူမှာ သခင်၆ကျိုးချူ ဖြစ်သည်။

ကျိုးချူသည် တိတ်ဆိတ်နေခဲ့သည်။

ဖုန်းရွှမ်သည် အခန်းတစ််ခုလုံးကို အကဲခတ်ကြည့်ရှုနေခဲ့၏။ နောက်ဆုံး၌ သူ၏အကြည့်များသည် ကျိုးချူထံတွင် ရပ်တန့်သွားခဲ့သည်။

ကျိုးချူက ချန်ကျဲ့ရဲ့လူယုံတော်ပဲ။ ကြည့်ရတာ သူကနေ စသင့်တယ်ထင်တယ်။

“ညီငယ်၆ မင်းရော ဘယ်လိုထင်လဲ”

ထိုအခါ ကျိုးချူသည် ဖုန်းရွှမ်ကို လှည့်ကြည့်လာသည်။ ထို့နောက် ပြောသည်။

“ဟား အစ်ကိုကြီး၊ အစ်ကိုကြီး ကျွန်တော့်ကို သိပါတယ်၊ ကျွန်တော်က စာပေရော သိုင်းပညာရော မထူးချွန်ပါဘူး။ ကျွန်တော့်မှာ ဘယ်လိုထင်မြင်ချက်တွေများ ရှိနိုင်ပါ့မလဲ။ ကျွန်တော်ကတော့ အစ်ကိုကြီးရဲ့ဆုံးဖြတ်ချက်တွေက သေချာပေါက် မှန်ကန်တဲ့အရာဖြစ်မယ်လို့ တွေးထင်ပြီး အစ်ကိုကြီးကို အပြည့်အဝ ထောက်ခံပါတယ်”

ဖုန်းရွှမ်မှ ပြောသည်။

“အဲဒီလိုလည်း မဟုတ်သေးဘူးလေ ညီငယ်၆ရဲ့။ ပြောကြတာတော့ ညီငယ်၆က ညီငယ်၅နဲ့ အတူရှိစဉ်အခါက အတွေးအကြံတွေ ပေါများတယ်တဲ့။ ဘယ််လိုလုပ်ပြီး အခုကျတော့မှ ဘာအတွေးအမြင်မှ မရှိရတော့တာလဲ။ မင်းမှာ အစ်ကိုကြီး ငါ့အပေါ် စိတ်ဘဝင်မကျတာရှိတယ်လို့တော့ မပြောလိုက်နဲ့နော်”

ကျိုးချူ ပြုံးလိုက်သည်။

“ဟား အစ်ကိုကြီး အဲဒါက ဘယ်လိုစကားပါလဲ။ ချန်ကျိုစစ်က ဘယ်လိုလုပ်ပြီး အစ်ကိုကြီးနဲ့ ယှဉ်နိုင်ပါ့မလဲ။ သူ့နောက်လိုက်တာက ရူးမိုက်တာပါပဲ။ ပြန်တွေးကြည့်လိုက်ရင် ကျွန်တော် အဲဒါကို စောစောနားမလည်နိုင်ခဲ့တာကို နောင်တရမိပါတယ်။ အစ်ကိုကြီး ကျွန်တော့်ကို ထပ်ပြီး မလှောင်ရယ်ပါနဲ့တော့”

ဖုန်းရွှမ်သည် ကျိုးချူကို ကြည့်လျက်ပင် ဆက်ပြောသည်။

“မင်းတကယ်ပဲ ငါ့လုပ်ရပ်တွေမှာ အမှားမရှိဘူးလို့ တွေးတာလား”

“အစ်ကိုကြီးရဲ့ဆုံးဖြတ်ချက်တွေက နက်ရှိုင်းတဲ့ ဆင်ခြင်သုံးသပ်မှုတွေအပေါ် မူတည်ဆုံးဖြတ်ထားတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က ဘယ်လိုလုပ်ပြီး အကြီးတစ်ယောက်ကို မဆင်မခြင် အပြစ်ရှာဝံံ့မှာပါလဲ”

“နန်ရေကန်က မင်းရဲ့နယ်မြေပဲ။ မင်းက အဲဒါကို ဒီလောက်လွယ်လွယ်နဲ့ လက်လွှတ်ပေးဖို့ ဆန္ဒရှိတယ်လား”

ကျိုးချူမှ ပြောသည်။

“ဟား ကျွန်တော့်ရဲ့နယ်မြေဆိုတာ ဘာကိုပြောတာပါလဲ။ အဲဒါက ကျားဖြူခန်းမရဲ့နယ်မြေပါ။ အစ်ကိုကြီးက ခန်းမအရှင်သခင်ဖြစ်နေမှတော့ အဲဒါက အစ်ကိုကြီးရဲ့နယ်မြေပါပဲ။ အခု အစ်ကိုကြီး ပြန်ယူသွားတယ်ဆိုတာလည်း ဘာမှ အမှားမရှိပါဘူး”

“ပြီးတော့လည်း ကျွန်တော့်မှာ အစ်ကိုကြီးကို အကူအညီတောင်းလိုတာလေးရှိပါတယ်။ အစ်ကိုကြီးသိတဲ့အတိုင်း ကျွန်တော့်ရဲ့ယောက္ခထီးက လတ်တလောမှာ ကိုယ်ရံတော်အဖွဲ့အစည်းရဲ့ အလုပ်တွေနဲ့ အရမ်းအလုပ်များနေတာပါ။ ကျွန်တော် ယောက္ခထီးကို သွားကူညီပေးချင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် ကျားဖြူခန်းမရဲ့ အရေးကိစ္စတွေမှာ ဆက်ပြီး မပါဝင်လိုတော့ပါဘူး။ အခုကစပြီးတော့ အရာအားလုံးက အစ်ကိုကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ”

ဖုန်းရွှမ်သည် ကျိုးချူကို ကြည့်နေဆဲပင်။ ကျိုးချူသည် အလွန််ပါးနပ်ပြီး အချိန်အခါကို နားလည်ကြောင်း ဖုန်းရွှမ်သိလိုက်ရသည်။ ကျိုးချူသည် သူ၏အင်အားအာဏာအားလုံးကို တိုက်ရိုက်ပြန်လည်ပေးအပ်၍ အိမ်ပြန်ကာ ခန်းမ၏အရေးကိစ္စများမှ ဘေးထွက်နေမည်ဟု ပြောခဲ့သည်။

အဲဒီလိုလူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ပစ်မှတ်ထားရပါ့မလဲ။

အခြားရွေးချယ်စရာမရှိလေရာ ဖုန်းရွှမ်သည် အခြားတစ်ယောက်ကိုသာ ဥပမာအဖြစ် ရွေးချယ်ရန် ဆုံးဖြတ်လိုက်ရတော့သည်။

ထို့နောက် အခန်းကို ထပ်မံ၍ အကဲခတ်ကြည့်ရှုပြီးနောက် ပြောသည်။

“အမ်း ကျွန်တော် အားလုံးရဲ့ခံစားချက်တွေကို နားလည်ပါတယ်။ ဒါပေမဲ့ ခန်းမအရှင်သခင်ဟောင်းကို သစ္စာဖောက်ချန်ကျိုစစ်က သတ်သွားခဲ့တာပါ။ ဒီနေ့ရဲ့ကျားဖြူခန်းမက အရင်က ကျားဖြူခန်းမ မဟုတ်တော့ပါဘူး။ အဲဒီလိုလိုက်လျောပေးမှုတွေ မရှိဘဲနဲ့တော့ ဌာနချုပ်က ကျွန်တော်တို့ကို နှစ်ဦးနှစ်ဖက်ပြေလည်စွာနဲ့ လက်ခံပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

“အဲဒါကြောင့် ပိုကောင်းမွန်တဲ့ရလဒ်အတွက် နန်ရေကန်၊ သတ္တုတွင်းနဲ့ ယုံချန်းလမ်းမကြီးတွေကို ပေးအပ်လိုက်ရတာပါ။ ဒီလိုက ကျွန်တော်တို့ကျားဖြူခန်းမကို တခြားဌာနခွဲတွေနဲ့ တန်းတူဖြစ်စေနိုင်ပါတယ််။ တခြားဘာမှ ထူးခြားကွဲပြားမှု မရှိပါဘူး။ အားလုံးပြ စိတ်အေးလက်အေးနေနိုင်ပါတယ်”

”အဲဒါကြောင့် အားလုံးပဲ မှတ်ထားကြပါ။ အခုက အရင်လိုမဟုတ်တော့ပါဘူး။ ခန်းမအရှင်သခင်ဟောင်းက သေသွားခဲ့ပြီ။ ကျွန်တော်တို့ကို ဘယ်သူကမှ ကာကွယ်ပေးမှာ မဟုတ်တော့ဘူး။ အဲဒါကြောင့် ခင်ဗျားတို့ရဲ့ ပါးစပ်တွေကို ပိတ်ထားပြီး နည်းနည်းလောက် နှိမ့်ချနေကြပါ။ အဲဒီလိုလုပ်လို့ အကျိုးရှိပါတယ်“

”ပြီးတော့ ကျွန်တော် ထပ်ပြောပါရစေ။ နန်ရေကန်၊ သတ္တုတွင်းနဲ့ ယုံချန်းလမ်းမကြီးတွေကို လက်လွှဲပေးအပ်ဖို့က ဆုံးဖြတ်ထားပြီးသားပါ။ ဒါက တိုင်ပင်ဆွေးနွေးနေတာ မဟုတ်ဘဲ ခင်ဗျားတို့ကို အသိပေးနေတာပါ။ နားလည်ကြရဲ့လား”

ဘုန်း!

လင်းယုန်အစောင့်အရှောက်၏ ယင်းသာ့သည် စားပွဲကို ရိုက်ချလိုက်ပြီး ထရပ်၏။ ထို့နောက် ဒေါသူပုန်ထကာ ဆဲရေးတော့သည်။

“ဖုန်းရွှမ် မင်းဘာသဘောလဲ။ မင်းက အခု ကျားဖြူခန်းမရဲ့ ခန်းမအရှင်သခင် မဟုတ်သေးဘူး။ မင်းက ဘာလုပ်ပိုင်ခွင့်နဲ့များ ကျုပ်တို့ကို အသိပေးရုံပဲ လုပ်ရတာလဲ။ မင်းမှာ ကျုပ်တို့ကို ဒီလိုပြောရအောင် ဘာအခွင့်အာဏာရှိလို့လဲ!”

“အိုး ယင်းသာ့၊ ခင်ဗျားမှာ ကျွန်တော်ပြောခဲ့တာနဲ့ပတ်သက်ပြီး ထင်မြင်ချက်ရှိလို့လား”

ယင်းသာ့မှ ပြန်ပြောသည်။

“အဲဒီတော့ ဘာဖြစ်လဲ၊ ရှိလို့မရဘူးလား”

“သေချာပေါက် ရတာပေါ့။ ဒီလိုဆိုမှတော့ သိုင်းလောကရဲ့ထုံးစံအတိုင်း သိုင်းပညာနဲ့ ဖြေရှင်းကြတာပေါ့”

All Chapters