အခန်း (၃၉၃)
Vol. 29 Ch. 393
ဖုန်းရွှမ်မှ လက်ဆန့်ထုတ်လျက် ယင်းသာ့ကို လျင်မြန်သည့် လှုပ်ရှားမှုတစ်ချက်ဖြင့် ချုပ်ကိုင်လိုက်သည်။ ယင်းသာ့သည် ဒေါသတကြီး အော်ဟစ်၏၊
“ငါမင်းကို ကြောက်မယ်များထင်နေလား။ ဒီလက်ဝါးတစ်ချက်ကို ခံစားကြည့်လိုက်!”
ဘုန်း!
လက်ဝါးရိုက်ချက်နှစ်ခု ထိခတ်သံသည် ပဲ့တင်ထပ်သွားခဲ့ပြီး ယင်းသာ့သည် ဖုန်းရွှမ်၏ လက်ဖဝါးရိုက်ချက်တစ််ချက်တွင် လွင့်ထွက်သွားခဲ့သည်။ ယင်းသာ့သည် အစည်းအဝေးခန်းမ၏ တံခါးများသို့ အရှိန်ပြင်းစွာ လွင့်ထွက်သွားခဲ့ပြီး တံခါးများလည်း ကျိုးပဲ့သွားခဲ့သည်။
အဟွတ်!
နွဲ့ပျောင်းအရွတ်အဆင့် အထွတ်အထိပ်အဆင့်ရှိသော ယင်းသာ့၏ နှုတ်ခမ်းထောင့်မှ သွေးစိီးကြောင်းတစ်ကြောင်း စီးကျလာခဲ့ကာ ယင်းသာ့သည် သိုင်းကွက်တစ်ကွက်ဖြင့်ပင် သေလုမျောပါး ခံစားလိုက်ရသည်။
ထိုမြင်ကွင်းတွင် ဖန့်ဖူ ရုတ်တရက် ထရပ်လိုက်၏။ သူ၏မျက်လုံးအစုံသည် အံ့ဩမှုကြောင့် ပြူးကျယ်နေလျက် ဖုန်းရွှမ်ကို ကြောင်အစွာ ငေးစိုက်ကြည့်နေခဲ့သည်။
“စွမ်းအင်ပြောင်းလဲခြင်းအဆင့်ပဲ! မင်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို ရောက်နေပြီလား”
ဖုန်းရွှမ်သည် ဖန့်ဖူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောသည်။
“ဦးလေးဖူ အံ့ဩသွားလား”
“ခန်းမအရှင်သခင်ဖြစ်ဖို့ဆိုရင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်မနေဘဲနဲ့တော့ ဘာကိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလေ”
ထိုအခိုက်အတန့်တွင် အားလုံးသည်လည်း အံ့အားသင့်ကုန်ကြသည်။ သူတို့သည် မျက်လုံးအပြူးသားဖြင့် ဖုန်းရွှမ်ကို ကြည့်နေကြ၏။ ထို့ပြင် ဖုန်းရွှမ်သည် တိုက်ခိုက်ရာတွင် အလွန်အထိန်းအကွပ်မဲ့စွာဖြင့် ယင်းသာ့အား အသက်နုတ်ယူရန်အထိ တိုက်ခိုက်ခဲ့ပေသည်။
ယင်းသာ့၏ ဖန်းရှစ်ကျုံးနှင့် အတူရှိချိန်သည် ဖုန်းရွှမ်ထက်ပင် ပိုကြာမြင့်ကြောင်း လူတိုင်းသိကြသည်။
ဖုန်းရွှမ်မှ ယင်းသာ့ကို သတ်လိုက်သည်တွင် လင်းယုန်အစောင့်အရှောက်၁၂ဦးအပြင် အချို့သော ဦးစီးမှူးများသည်လည်း စိတ်မကျေမနပ်ဖြစ်သွားကြသည်။ သို့သော် ဖုန်းရွှမ်၏ စွမ်းအင်ပြောင်းလဲခြင်းအဆင့်စွမ်းအားကို မြင်တွေ့လိုက်ရသောကြောင့် အားလုံးသည် တိတ်ဆိတ်သွားခဲ့ကြသည်။
သိုင်းလောက၌ အခြေအနေကိစ္စရပ်များ မည်သို့ပြောင်းလဲသည်ဖြစ်စေ နောက်ဆုံးတွင်တော့ အင်အားကြီးမားသူသာလျှင် ရှင်သန်နိုင်မည်ဖြစ်၏။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်စွမ်းအားသည် ဖန့်ဖူအပါအဝင် လူအားလုံးကို တိတ်ဆိတ်သွားစေရန် လုံလောက်သည်။
ထို့နောက် ဖုန်းရွှမ််သည် ဖန့်ဖူကိုကြည့်၍ ဖြည်းနှေးစွာ ပြောသည်။
“ဦးလေးဖူ၊ ဦးလေးလည်း အသက်ကြီးနေပါပြီ။ ဦးလေးဖူအနေနဲ့ ကျားဖြူခန်းမရဲ့ အရေးကိစ္စတွေအတွက် ပူပန်မနေသင့်တော့ပါဘူး။ ဦးလေး အနားယူသင့်တဲ့အချိန်ကို ရောက်နေပါပြီ”
ဖုန်းရွှမ်၏စကားတွင် အားလုံး၏စိတ်နှလုံးများ တင််းကျပ်သွားကြသည််။
သူ ဖန့်ဖူကို ရှင်းထုတ််ဖို့ ကြံစည်နေတာလား။
ခေါင်းဆောင်အပြောင်းအလဲတွင် သစ္စာရှိလူယုံတော်များ ပြောင်းလဲခြင်းမှာ သဘာဝကျပါ၏။ သို့သော် ဖန့်ဖူသည် ကျားဖြူခန်းမအတွက် ဆယ်စုနှစ်များစွာ ကြိုးပမ်းအားထုတ်ပေးခဲ့သူဖြစ်သည်။
ခန်းမအရှင်သခင်ဟောင်းရဲ့ အလောင်းခန္ဓာတောင် အပြည့်အဝ မအေးစက်သေးဘူး၊ ဖုန်းရွှမ်က လုံးဝ တရားလွန်လုပ်နေပြီ။ ဒါက အရမ်းလွန်သွားပြီ မဟုတ်ဘူးလား?
အားလုံးသည် စိတ်အတွင်းထဲ၌ ဒေါသဆူပွက်နေကြသော်ငြား ထုတ်ဖော်မပြောရဲကြပေ။
ဖန့်ဖူသည် မိမိမှာ ဝံပုလွေတစ်ကောင်နှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း အခုမှ နားလည်လိုက်ရသည့်အလား ဖုန်းရွှမ်ကို စူးစိုက်ကြည့်နေခဲ့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် ဖန့်ဖူမှ ပြောသည်။
“ကောင်းပြီ၊ ငါမနက်ဖြန်ကျရင် မွေးရပ်မြေစန်းဖူတန့်ကို ပြန်သွားလိုက်မယ်”
ဖုန်းရွှမ်မှ ပြောသည်။
“ကောင်းပါပြီ။ မနက်ဖြန်ကျ ကျွန်တော့်မှာ လုပ်စရာကိစ္စလေးတွေ ရှိသေးတာမို့လို့ ဦးလေးဖူကို လိုက်မပို့တော့ပါဘူး”
ထိုအခါ အားလုံးမှာ ကြက်သီးမွှေးညှင်းများ ထသွားရသည်။ ထို့နောက် ဖုန်းရွှမ်သည် အားလုံးကို တစ်ချက်ဝေ့ဝဲကြည့်လိုက်ပြီး ကြေညာသည်။
“အခုကစပြီးတော့ လင်းယုန်အစောင့်အရှောက်အဖွဲ့ကို ယင်းအာ့က စီမံခန့်ခွဲလိမ့်မယ်။ ဖချိုက်က ကျားဖြူခန်းမကို စီမံမယ်။ ညီငယ်၃ကတော့ ဒဏ်ရာတွေ မပျောက်ကင်းသေးတာမို့ သူ့ရဲ့ကျားခေါင်းလမ်းမကို ကျားဖြူကပဲ လက်လွှဲယူလိုက်ပါမယ်”
“ပြီးတော့ အစွန်အဖျားဒေသက ငါးဖမ်းကုန်သည်အဖွဲ့ခွဲတွေ ငါတို့ကျားဖြူခန်းမရဲ့ မြို့သုံးမြို့ကိုလည်း အကြောင်းကြားလိုက်ပါ။ အခွန်အခတွေကို နှစ်ဆမြှင့်မယ်လို့။ နန်ရေကန်၊ သတ္တုတွင်းနဲ့ ယုံချန်းလမ်းမကြီးတွေကို ဌာနချုပ်ဆီ ပေးအပ်လိုက်တဲ့အကြောင်းလည်း ထုတ်ပြန်လိုက်။ အမှားမရှိစေနဲ့”
“ကဲ ကန့်ကွက်ချင်တဲ့သူရှိသေးလား?”
ဖုန်းရွှမ်သည် အခြေအနေကို နားမလည်နိုင်သည့် ဤငတုံးတစ်သိုက်ကို စိတ်မရှည်တော့ပေ။
အခုက ဘယ်လိုအချိန်ကို ရောက်နေပြီလဲ။ အခုအချိန်အထိ ဖန်းရှစ်ကျုံးရဲ့ခေတ်လို့ အထင်မှားနေတုန်းပဲလား?
ခင်ဗျားတို့မှာ ကျုပ်ကို လာညှိနှိုင်းဖို့ အခွင့်ရှိသေးတယ်လို့ ထင်နေတာလား။
အားလုံးတိတ်ဆိတ်နေခဲ့သည်။ လက်ရှိအချိန်တွင် မည်သူမျှ ဖုန်းရွှမ်ကို အပြစ်မပြုရဲကြပေ။
ဖုန်းရွှမ်သည် သံမဏိအရိုးအဆင့်မျှသာ ဖြစ်ပါက သူတို့အနေဖြင့် ဆက်လက်ငြင်းခုံရဲသေးသည်။ သို့သော် ဖုန်းရွှမ်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းသွားပြီဖြစ်သည်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ဟူသည် သူတို့မေးခွန်းထုတ်နိုင်သည့်လူမျိုး မဟုတ်ပေ။
မျန့်ရွှေစီရင်စု၌ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သည် အထွတ်အထိပ်သော သိုင်းပညာအင်းအားကို ကိုယ်စားပြုပြီး တုနှိုင်းမဲ့သော တည်ရှိမှုဖြစ်သည်။
အားလုံးတိတ်နေသည်ကို မြင်သောအခါ ဖုန်းရွှမ်မှ ပြောသည်။
“ကောင်းပြီ။ လွှဲပြောင်းပေးအပ်မှုတွေအားလုံးကို မနက်ဖြန် ကျုပ် ခန်းမအရှင်သခင်အဖြစ်ခံယူမှု မပြီးမြောက်သေးခင်မှာ အပြီးလုပ်ထားဖို့ မျှော်လင့်ပါတယ်။ မှတ်ထားကြပါ၊ အခုအချိန်က စပြီးတော့ ကျုပ်ကသာလျှင် ကျားဖြူခန်းမရဲ့ အရှင်သခင်ပါ”
ဖုန်းရွှမ်သည် ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားခဲ့သည်။
ဖုန်းရွှမ် သူ၏ကိုယ်ပိုင်အိမ်ဆောင်သို့ ပြန်ရောက်သောအခါ နှစ်လိုဖွယ်ရှိသော အမျိုးသမီးတစ်ဦးမှ သူ့ကို နှုတ်ဆက်သည်။
“ကျွန်မရဲ့သခင်ကြီးရယ် ဘာလို့များ သူတို့ကြောင့်နဲ့ စိတ်အနှောင့်အယှက်အဖြစ်ခံနေမှာလဲ။ သူတို့က ဒီတိုင်း အသုံးမကျတဲ့လူတစ်စုပဲကို”
ဖုန်းရွှမ်သည် ရောက်လာသည့် အမျိုးသမီးကို ခါးမှ ပွေ့လိုက်ရင်း ပြောသည်။
“အခုကျ ဘာလို့ ကျုပ်ကို သခင်ကြီးလို့ ခေါ်နေတာလဲ။ ဦးလေးမဟုတ်တော့ဘူးလား မိန်းကလေးကျောင်း?”
အမျိုးသမီးသည် ခပ်ထေ့ထေ့ပြုံးရယ်သည်။
“ဟားဟား မနေ့က သခင်ကြီးက ကျွန်မကို ရယူပြီးချိန်က စလို့ ကျွန်မက သခင်ကြီးရဲ့အပိုင်ဖြစ်သွားခဲ့ပါပြီ။ မိန်းကလေးကျောင်းဆိုတဲ့ အသုံးအနှုန်းကို မေ့လိုက်ပါတော့။ အခုအချိန်ကစပြီး ကျွန်မက သခင်ကြီးကို ခစားတဲ့ နိမ့်ပါးတဲ့မိန်းကလေးတစ်ယောက်ပါပဲ”
“မင်းက အဲဒီငတုံးကျန်းချွမ်ရဲ့နှလုံးသားကို ဖမ်းယူနိုင်တာ မအံ့ဩတော့ပါဘူး။ မင်းမှာ လှည့်ကွက်လေးတွေ ရှိတာပဲကိုး။ လာ အိပ်ရာပေါ်တက်ခဲ့။ မင်းပြောတာ မနေ့က အဲဒီအနေအထားက ကျန်းချွမ် တစ်ခါမှ စမ်းမကြည့်ခဲ့ဖူးဘူးဆို၊ အခုစမ်းကြည့်ရအောင်”
အမျိုးသမီးမှ ရှက်ရွံ့ဟန်ဖြင့် ပြောသည်။
“သခင်ကြီး အခုက နေ့အလင်းရောင်ရှိနေတုန်းပါပဲ…”
…
ဦးစီးမှူးတစ်စုသည် စိုးရိမ်ပူပန်နေသော မတရားချိုးနှိမ်ခံရခြင်းသော မျက်နှာအမူအရာများဖြင့် အချင်းချင်း အကြည့်များဖလှယ်ကြလျက် ခံစားချက်သည်တော့ အကင်ခံလိုက်ရသည့် ဘဲများအလားဖြင့် အစည်းအဝေးခန်းမအပြင်သို့ ထွက်လာခဲ့ကြသည်။ လူတစ်ယောက်သည် သူတို့၏အဖြစ်ကို ရပ်တည်ခြင်းအားဖြင့် ပြောလာသည်။
“ဖုန်းရွှမ်က ဘယ်လိုဖြစ်ပြီး ဒီလိုတောင်လုပ်နိုင်ရတာလဲ။ ဦးလေးဖူက ကျားဖြူခန်းမအတွက် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပေးခဲ့တာကို ခန်းမအရှင်သခင်ဟောင်း ကွယ်လွန်သွားတာနဲ့ပဲ ဒီလိုမျိုးဖယ်ထုတ်ခံလိုက်ရတယ်။ ဒါက ဘယ်လိုအပြုအမူမျိုးလဲ!”
“ဟုတ်ပဗျာ၊ ဖုန်းရွှမ်ရဲ့ ထောင်လွှားနေတဲ့မျက်နှာထားကို ကြည့်ပါဦး။ နန်ရေကန်၊ သတ္တုတွင်းနဲ့ ယုံချန်းလမ်းမကြီးတွေက အရမ်းအရေးပါတဲ့နေရာတွေ၊ အဲဒါကို သူက အလွယ်တကူပဲ ပေးပစ်လိုက်တယ်။ အခုအချိန်ကစပြီးတော့ ငါတို့က ဌာနချုပ်ကို အလုပ်အကျွေးပြုရတဲ့ ခွေးတွေအဖြစ် အဆင့်ကျသွားပြီပဲ။ ခန်းမအရှင်သခင်ဟောင်းဖန်းက အုတ်ဂူထဲကနေ တူးထွက်လာချင်စိတ်တောင် ပေါက်နေလောက်ပြီ”
“ဟုတ်တယ်၊ ဖုန်းရွှမ်က ဘယ်လိုလုပ်ပြီး အဲဒီလိုလူမျိုးအဖြစ် ပြောင်းလဲသွားရတာလဲ။ အရင်တုန်းက ငါတို့သိခဲ့တဲ့ ယဉ်ကျေးတဲ့ဖုန်းရွှမ်နဲ့ လုံးဝ ကွာခြားသွားပြီ”
“လတ်တလော ကုန်သည်အဖွဲ့ထဲမှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေကို မင်းတို့ကြားမိကြသေးလား။ တချို့လူတွေပြောနေကြတာ ခန်းမအရှင်သခင်ဟောင်းဖန်းကို သတ်တာက ချန်ကျိုစစ်မဟုတ်ဘဲ…”
“ရှူး… မင်းအသက်မရှင်ချင်တော့ဘူးလား? ပေါက်ကရစကားတွေကို ပြောချင်တိုင်းလျှောက်မပြောနဲ့လေ”
“ရှူး ငါပြောတဲ့စကားက ကောလာဟလတွေပဲဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ညီနောင်ရ မင်းပြောကြည့်စမ်းပါဦး။ အကယ်၍ ချန်ကျိုစစ်သာ ခန်းမအရှင်သခင်ဖြစ်လာခဲ့မယ်ဆိုရင် ဖုန်းရွှမ်လိုမျိုး အသုံးမကျဖြစ်နေမှာ မဟုတ်ဘူး ဟုတ်တယ်မလား”
”သေချာပေါက် မဖြစ်ဘူးပေါ့။ ချန်ကျိုစစ်က မွေးစားအဖေကိုတောင် သတ်ပစ်ရက်တဲ့ နှလုံးသားမရှိတဲ့ ဝံပုလွေကောင်ဖြစ်ပေမဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေက ပြတ်သားပြီး ဌာနချုပ်နဲ့လည်း ဘယ်တုန်းကမှ ဘွင်းဘွင်းရှင်းရှင်းပြောဆိုညှိနှိုင်းတာမျိုး မရှိခဲ့ဖူးဘူး။ ချန်ကျိုစစ်သာ ခန်းမကို တာဝန်ယူမယ်ဆိုရင် ပိုင်နက်နယ်မြေတွေကို အရေးမပါသလို ပေးပစ်မှာ မဟုတ်သလို ဦးလေးဖူလို ဆုလာဘ်ချီးမြှင့်ထိုက်တဲ့လူမျိုးကိုလည်း ဖယ်ထုတ်ပစ်မှာ မဟုတ်ဘူး။ အဲဒီလိုလုပ်ရပ်တွေနဲ့ ငါတို့ရဲ့စိတ်တွေကို သွေးကွဲစေမယ့် လုပ်ရပ်တွေကိုလည်း လုပ်မှာမဟုတ်ဘူး…”
“ဒီအကြောင်းတွေပြောနေလို့ရော ဘာအသုံးဝင်မှာလဲ။ သူက ငါတို့ရဲ့ခန်းမအရှင်သခင်ဟောင်းဖန်းကို သတ်လိုက်မှတော့ ငါတို့ရဲ့ကမ္ဘာမကျေရန်သူဖြစ်သွားပြီ။ သူ့မှာ ငါတို့ကျားဖြူခန်းမရဲ့ ခန်းမအရှင်သခင်ဖြစ်ဖို့ အခွင့်အရေးမရှိနိုင်တော့ဘူး”
“ညီနောင်ရ မင်း ဒီကိစ္စကြီးတစ်ခုလုံးက တစ်ခုခုမူမမှန်ဘူးလို့ မခံစားမိဘူးလား။ စဉ်းစားကြည့်နော်၊ ခန်းမအရှင်သခင်ဟောင်းဖန်းက ချန်ကျိုစစ်ကို ခန်းမအရှင်သခင်ရာထူးပေးဖို့ ရည်ရွယ်ထားပြီးသားပဲ။ အဲဒါကို ချန်ကျိုစစ်က ဘာအကြောင်းကြောင့်နဲ့ အရာအားလုံးကို ရင်းနှီးစွန့်စားပြီးတော့ ခန်းမအရှင်သခင်ဟောင်းကို သတ်ရမှာလဲ။ အဆုံးသတ်ကျ သူ့ရဲ့ဂုဏ်သရေကျဆင်းပြီးတော့ပဲ ကျန်ရစ်ခဲ့ရမှာကိုလေ?”