အခန်း (၃၉၆)
Vol. 29 Ch. 396
“သေပြီ?”
ချန်ကျဲ့လည်း ထိတ်လန့်သွား၏။
သူက ကောင်းကောင်းအသက်ရှင်နေသင့်တာလေ၊ ဘယ်လိုလုပ်ပြီး သေသွားရတာလဲ?
ကျိုးချူမှ ပြောသည်။
“မင်းထွက်သွားပြီး နောက်တစ်နေ့မှာ နန်ပါးထျန်းက ကြေညာချက််ထုတ်ပြန်ခဲ့တာ။ ဟွားသျဲ့က ပြစ်ဒဏ်ကို ကြောက်ရွံ့ပြီးတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့တယ်တဲ့။ သူ့အလောင်းကိုလည်း မီးသဂြိုဟ်လိုက်ပြီ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“သေချင်ယောင်ဆောင်တာ ဖြစ်နိုင်တယ်”
ထိုအခါ ကျိုးချူမှ ပြောသည်။
“အင်း အခု မင်းပြောလိုက်တော့မှ ဟန်ဆောင်တာလို့ ထင်ရသလိုပဲ။ ဒါနဲ့ ငါတို့အခု ဟွားသျဲ့ကို ဖမ်းပြီရင် ငါက ဘာလုပ်ရမှာလဲ”
“မင်းက ဟွားသျဲ့ကို ပိတ်ထားလို့ရနိုင်မယ့် ဘယ်သူမှ ရှာမတွေ့နိုင်မယ့် နေရာတစ်နေရာရှာပေးပါ။ မြို့ထဲက ငါသိတဲ့နေရာတွေအကုန်လုံးက လူတစ်ယောက်ကို ဖွက်ထားဖို့ မဖြစ်နိုင်ဘူး”
ထိုအခါ ကျိုးချူမှ ပြောသည်။
“အဲဒါက လွယ်ပါတယ်။ သူ့ကို ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းမှာပဲ ဖွက်ထားလိုက်တာပေါ့။ ဒီမှာဆို သေချာပေါက်လုံခြုံတယ်။ ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အင်း ကောင်းပြီ။ ဒါဆိုရင်တော့ ဒီကိစ္စအတွက် မင်းကိုပဲ ဒုက္ခပေးရပါဦးမယ်”
ကျိုးချူမှ ပြောသည်။
“ငါမင်းကို တခြားကူညီပေးနိုင်တာ ရှိသေးလား ကျိုစစ်”
ချန်ကျဲ့မှ ပြောသည်။
“တခြားလိုအပ်တာတော့ မရှိဘူး။ ငါဒီနေ့ မင်းဆီလာရတဲ့ အဓိကအကြောင်းအရင်းက ငါပြန်လာတဲ့အကြောင်း မင်းကို အသိပေးဖို့ပဲ”
ထိုအခါ ကျိုးချူမှ ပြောသည်။
“အင်း အခု မင်းပြန်လာပြီဆိုတော့ ငါတို့ညီနောင်တွေမှာ ကျောရိုးထောက်တိုင်ကြီး ပြန််ရှိသွားပြီပေါ့ကွာ”
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ၊ မင်း အိမ်ပြန်နားတော့လေ။ မနက်ဖြန်ကျ အလုပ်များတော့မှာ”
ကျိုးချူမှ တောက်ပစွာသောမျက်လုံးများဖြင့် ပြောသည်။
“ကောင်းလိုက်တာ၊ ငါအလုပ်များတာကို ကြိုက်တယ် ဟားဟားဟား…”
“ကောင်းပြီ၊ မသောက်နဲ့တော့၊ မင်းပြန်ရောက်တဲ့အခါ မိန်းမရိုက်တာခံနေရမယ် သတိထားဦး”
“သခင်မ သားမက်တော်က ဒီမှာ သေရည်သောက်နေတာပါ!”
ကျိုးချူ အမြန်ပြန်သွားတော့မည်အပြုတွင် ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း၏ တံခါးမကြီး ပွင့်ဟလာသည်။ ထိုအခါ ချန်ကျဲ့သည် နေရာမှ ဘေးဘက်သို့ ချက်ချင်း ရှောင်ထွက်လိုက်သည်။ ကျိုးချူသည်တော့ နေရာတွင် ကြက်သေသေလျက် ရပ်ကျန်ခဲ့သည်။ ထို့နောက် မိန်းကလေးအစေခံတစ်ဦးသည် စားသောက်ဆိုင်ကို လက်ညှိုးညွှန်ပြ၏။
ထို့နောက် တံခါးနောက်မှ အသံတစ်သံထွက်ပေါ်လာသည်။
“လူကြီးမင်းကျိုး ကျွန်မ ရှုသောက်တောင်ကို ဖြတ်လိုပါတယ်။ သုံး…”
ထိုအသံကိုကြားလိုက်သည်နှင့် ချက်ချင်း ကျိုးချူသည် ချန်ကျဲ့ကို မျက်လုံးဖြင့် အချက်ပြသည်။ ချန်ကျဲ့ ကျိုးချူကို ကြည့်လိုက်ပြီး ပြောသည်။
“မင်းရဲ့ဇနီးက စီချွမ်းလူမျိုးလား။ လူကြီးမင်းစွင်းကတော့ မဟုတ်လောက်ဘူးထင်ရတာပဲ ဟုတ်တယ်မလား”
ကျိုးချူမှ ပြောသည်။
“ငါ့ယောက္ခမက စီချွမ်းကလေ။ ငါ့ဇနီးက အမေနဲ့တူတာ”
“နှစ်!”
အိမ်ထဲရှိ အသံပိုင်ရှင်မှ ထပ်ပြောသည်။ ထိုအခါ ကျိုးချူသည် အော်ပြောရင်း အပြေးသွားတော့သည်။
“လာပြီ လာပြီ~”
ကျိုးချူ၏ အားတက်သရောပုံစံကို ကြည့်နေခဲ့ရင်း ချန်ကျဲ့သည် အတော်လေး စိတ်ပျော်ရွှင်သည်ဟု ခံစားလိုက်ရသည်။
ချန်ကျဲ့ ရယ်မောရင်း ခေါင်းခါရမ်း၏။
ကိစ္စကြီးတွေ ဖြစ်ပျက်ဖို့အချိန်ကျပြီ။
…
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၌
“သခင်ကြီး”
ချီမုကောသည် စီရင်စုအုပ်ချုပ်ရေးမှူး၏အခန်းထဲသို့ ဝင်ရောက်သွား၏။ စီရင်စုအုပ်ချုပ်ရေးမှူးသည် ဟန့်လူမျိုးအမျိုးသမီးတစ်ယောက်၏ ပေါင်ပေါ်တွင် လဲလျောင်းနေကာ အမျိုးသမီးနှစ်ဦးသည် သူ၏ပခုံးနှင့် ခြေထောက်များကို နှိပ်နယ်ပေးနေသည်။
စီရင်စုအုပ်ချုပ်ရေးမှူးသည် သက်သောင့်သက်သာ လဲလျောင်းနေခဲ့ကာ မျက်နှာအမူအရာသည် အလွန်တရာ စိတ်ချမ်းမြေ့နေဟန်ရှိသည်။
ချီမုကောဝင်လာသည်ကို မြင်သောအခါ စီရင်စုအုပ်ချုပ်ရေးမှူးမှ ပြောသည်။
“ချီမုကော ဘာကိစ္စလဲ”
ချီမုကောမှ ပြောသည်။
“သခင်ကြီး ကျားဖြူခန်းမရဲ့အမှုကို သေချာ စုံစမ်းစစ်ဆေးပြီးပါပြီ။ နောက်ကွယ်မှာ နန်ပါးထျန်းရဲ့အရိပ် ရှိနေတယ်လို့ ထင်ရပါတယ်”
“နန်ပါးထျန်း ဟက် အရမ်းရည်မှန််းချက်ကြီးလွန်းတာပဲ”
ထိုအခါ ချီမုကောမှ ပြောသည်။
“သခင်ကြီး ကျွန်တော်တို့ သူ့ကို သတိပေးဖို့ လိုအပ်ပါသလား”
“အင်း သတိပေးဖို့က လိုအပ်တယ်။ ဒါပေမဲ့ သက်သေရှိသလား။ ငါတို့က ကျားကစားပွဲရဲ့ ကစားသမားတွေဖြစ်ပေမဲ့ နန်ပါးထျန်းကို ရင်ဆိုင်ဖို့မှာတော့ သက်သေလိုအပ်သေးတယ်။ သက်သေမရှိရင် ငါတို့ သူ့ကို အကျိုးသင့်အကြောင်းသင့် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါတို့လည်း ရှေ့လျှောက်ပြီးတော့ သူ့ရဲ့အကူအညီကို လိုအပ်သေးတယ်”
“သခင်ကြီး သက်သေရှာဖို့ ခက်ခဲမှာစိုးမိပါတယ်။ နန်ပါးထျန်းက ကိစ္စတွေဖြေရှင်းတဲ့အခါ အမြဲ စေ့စပ်သေချာတဲ့သူပါ”
ချီမုကောမှ ပြန်ပြောသည်။
စီရင်စုအုပ်ချုပ်ရေးမှူးသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မေးသည်။
“ကျားဖြူခန်းမရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ”
“ကြည့်ရတာတော့ နန်ပါးထျန်းက ဖုန်းရွှမ်းကို သူ့လက်အောက်ခံအဖြစ် သိမ်းသွင်းထားပုံပါပဲ”
“ဖုန်းရွှမ်”
စီရင်စုအုပ်ချုပ်ရေးသည် ရေရွတ်၏
“အဲဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဖန်းရှစ်ကျုံးနဲ့ ယှဉ်နိုင်မှာလဲ”
“အဲဒီကောင်လေးက ကျောရိုးမဲ့သတ္တဝါလိုမျိုးပဲ။ ပြီးတော့ နန်ပါးထျန်းရဲ့ လွှမ်းမိုးမှုလည်း ခံထားရပြီးပြီ။ ရာထူးမဆက်ခံရသေးခင်မှာတင် နန်ရေကန်၊ ယုံချန်းလမ်းမကြီးနဲ့ သတ္တုတွင်းတွေကို နန်ပါးထျန်းဆီ လက်လွှဲပေးပြီးနေပြီ”
“ဘာရယ်? သတ္တုတွင်းကိုပါ နန်ပါးထျန်းဆီ ပေးလိုက်ပြီလား”
“ဟုတ်ပါတယ်”
စီရင်စုအုပ်ချုပ်ရေးမှူးမှ ပြောသည်။
“ဒါဆိုရင်တော့ သူ့ကိုထားလို့ ဘာမှ အဓိပ္ပာယ်မရှိတော့ဘူး။ ဖုန်းရွှမ်မဟုတ်ဘဲ ကျားဖြူခန်းမကို တာဝန်ယူဖို့အတွက် တခြားသင့်တော်တဲ့သူ ရှိသေးလား”
ချီမုကောမှ ဖြေသည်။
“မရှိပါဘူး။ အရင်ကတော့ အတော်လေး အရည်အချင်းကောင်းမွန်တဲ့ ကျန်းချွမ်ရှိခဲ့ပေမဲ့ ကံဆိုးစွာနဲ့ပဲ သူက မိန်ဂိုဏ်းနဲ့ လျှို့ဝှက်အရောင်းအဝယ်လုပ်ခဲ့တာကြောင့် ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်”
“ခန်းမအရှင်သခင်ရာထူးနဲ့ သင့်တော်တဲ့ ချန်ကျိုစစ်ဆိုတဲ့တစ်ယောက်လည်း ရှိခဲ့ပေမဲ့ သူက ဒီတစ်ကြိမ်လုပ်ကြံမှုရဲ့ ပစ်မှတ်ဖြစ်သွားပြီးတော့ ထွက််ပြေးသွားပါတယ်။ လက်ရှိ ကျားဖြူခန်းမမှာ ခန်းမအရှင်သခင်နေရာကို ဖုန်းရွှမ်နဲ့ ပြိုင်ဆိုင်နိုင်မယ့်သူ တစ်ယောက်မှ မရှိပါဘူး”
ချီမုကောမှ ပြောသည်။
“ဒါက နည်းနည်းတော့ အကျပ်ရိုက်တာပဲ… နန်ပါးထျန်းက တကယ် အကွက်ကောင်းတစ်ကွက်ကို ထုတ်သုံးလိုက်တာပဲ”
ထိုအခါ ချီမုကောမှ ပြောသည်။
“သခင်ကြီး၊ ကျားဖြူခန်းမက သီးသန့်အင်အားအာဏာကို ပိုင်ဆိုင်သင့်တာပါ။ ချောင်ကုန်သည်အဖွဲ့က ငါးဖမ်းကုန်သည်အဖွဲ့နဲ့ တန်းတူယှဉ်နိုင်တဲ့ အင်အားမရှိသေးသ၍ ကျားဖြူခန်းမက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ လက်အောက်ခံအဖြစ် အပြည့်အဝသွတ်သွင်းခံလိုက်ရလို့ မဖြစ်ပါဘူး။ မျန့်ရွှေစီရင်စုရဲ့ သိုင်းလောကအင်အားစုတွေရဲ့ ဟန်ချက်ညီမှုပျက်ပြားသွားပြီး အခုအတိုင်းဆက်သွားရင် ကျွန်တော်တို့ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်”
“အဲဒါကြောင့် သခင်ကြီး၊ ကျွန်တော်တို့ ကျားဖြူခန်းမရဲ့ကိစ္စကို လျစ်လျူရှုထားလို့ မဖြစ်ပါဘူး”
ချီမုကောသည် ဖြစ််နိုင်ခြေရှိသည့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြသည်။ စီရင်စုအုပ်ချုပ်ရေးမှူးသည် ခဏမျှစဉ်းစားပြီးနောက် ပြောသည်။
“ဒါဆိုလည်း ဖန်းရှစ်ကျိုးသေဆုံးရတဲ့ အကြောင်းအရင်းအမှန်ကို အာရုံစိုက်ကြတာပေါ့။ အို ပြီးတော့ ချန်ကျိုစစ်ကို ရှာလိုက်၊ သူ့ကို သုံးလို့ရဦးမလား ကြည့်ကြတာပေါ့။ သုံးလို့ရသေးရင် သူ့ကို ဖုန်းရွှမ်နေရာမှာ အစားထိုးကြည့်မယ်။ ကျားဖြူခန်းမက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ လက်အောက်ခံတစ်ယောက်ဖြစ်နေတဲ့ ခန်းမအရှင်သခင်ကို မလိုအပ်ဘူး”
“ဟုတ်ကဲ့”
ချီမုကော ထွက်ခွာသွားခဲ့သည်။ သို့သော် စီရင်စုအုပ်ချုပ်ရေးမှူးမှ ရုတ်ချည်း ထပ်ပြော၏။
“အို ပြီးတော့ ဖန်းရှစ်ကျုံးရဲ့သေဆုံးမှုအတွက် သက်သေက လူတွေ လက်ခံနိုင်လောက်မယ့်အရာ ဖြစ်ရမယ်။ လူတွေ ငါတို့ကို ဝေဖန်ပြစ်တင်စရာ ဟာကွက်ပေးလိုက်လို့ မဖြစ်ဘူး၊ နားလည်လား”
“ဟုတ်ကဲ့ပါ သခင်ကြီး”
ချီမုကောမှ ပြန်လည်တုံ့ပြန်သည်။ ထို့နောက် ထွက်ခွာရန်ပြင်သည်တွင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။
“အဲဒီမှာရပ်လိုက်စမ်း! အဲဒီက ဘယ်သူလဲ? လုပ်ကြံသူရှိတယ်!”
လုပ်ကြံသူ!
ထိုအခါ ချီမုကောသည် လက်ဟန်ဖြင့် အချက်ပြကာ ချက်ချင်းပြေးထွက်သွား၏။
ဘယ်လိုအရူးကောင်က စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို ကျူးကျော်ရဲတာလဲ!
ထိုစဉ် အပြင်ဘက်၌ မုလန်ရဲမက်များသည် ဝါးခမောက်ဖြင့်လူတစ်ယောက်ကို ဝန်းရံထားကြသည်။ သူတို့သည် လှံရှည်များကို ကိုင်ဆောင်ထားကြပြီး တစ်ယောက်ချင်းစီတိုင်းသည် တိုက်ခိုက်ရန်် အသင့်ဖြစ်နေကြသည်။
သို့သော် ဝါးခမောက်ဖြင့်လူသည် အေးအေးလူလူ ဟိုသည်ကြည့်ရှုလျက် စိတ်လှုပ်ရှားတုန်လှုပ်ခြင်းမရှိ ရပ်နေခဲ့သည်။
ထို့နောက် ချီမုကောရောက်လာပြီး အမိန့်ပေးသည်။
“မင်းဘယ်သူလဲ!”
ချီမုကောကို မြင်သောအခါ ချန်ကျဲ့သည် ဝါးခမောက်ကို ချက်ချင်း ပင့်တင်လိုက်သည်။ ချီမုကော တွေဝေသွား၏။
“ချန်ကျိုစစ်လား”
ချန်ကျဲ့ အရိုအသေပြုလိုက်သည်။
“တပ်မှူးချီမုကောကို ဂါရဝပြုပါတယ်”
“မင်းက စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို ဘာလာလုပ်တာလဲ”
ချီမုကော မျက်မှောင်ကြုတ်သွား၏။ ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော့်ကို ခွင့်လွှတ်ပါ တပ်မှူး။ ကျွန်တော် မတရားစွပ်စွဲခံထားရတာကြောင့် စီရင်စုအုပ်ချုပ်ရေးမှူးကို တိုင်ကြားဖို့လိုအပ်တာမို့လိုပါ”
“မတရားစွပ်စွဲခံရတယ်?”
ချီမုကောမှ ပြောသည်။
“မင်း မတရားစွပ်စွဲခံရတယ်ဆိုရင် တရားရုံးတော်ကို သွားထွက်ဆိုလေ။ စီရင်စုအုပ်ချုပ်ရေးမှူးကို ဘာကိစ္စလာရှာရတာလဲ။ ရဲမက်တို့—”
“နေဦး၊ သူ့ကိုဝင်ခိုင်းလိုက်”
ချီမုကောမှ တိုက်ခိုက်လုနီးတွင် စီရင်စုအုပ်ချုပ်ရေးမှူး၏အသံ ထွက်ပေါ်လာခဲ့သည်။ ချီမုကောလည်း ရပ်သွားပြီး ခေါင်းညိတ်လိုက်ရင်း ပြောသည်။
“ဟုတ်ကဲ့”
ထို့နောက် ချန်ကျဲ့သို့ ပြောသည်။
“ငါနဲ့လိုက်ခဲ့”
ထိုသို့ပြောပြီးနောက် ချီမုကောသည် ချန်ကျဲ့ကို စီရင်စုအုပ်ချုပ်ရေးမှူး၏ အခန်းထဲသို့ ခေါ်သွားခဲ့သည်။