← Chapters

အခန်း (၃၉၈)

Vol. 29 Ch. 398

အခန်း (၃၉၈)

Vol. 29 Ch. 398

ချန်ကျဲ့မှ ပြောသည်။

“လူတစ်ယောက်က ချင်းထျန်းကို ကြုံတွေ့ဖို့ဆိုတာ ရှားပါးလှပါတယ်။ သခင်ကြီး၊ သခင်ကြီးက ကျွန်တော့်ရဲ့ချင်းထျန်းပါပဲ”

“ဟားဟား… ယခင်စုန့်မင်းဆက်ခေတ်က အခေါ်အဝေါ်ကို သုံးပြီး လက်ရှိခေတ်ရဲ့အရာရှိကို ညွှန်းဆိုတယ်။ မင်းက အတော်သတ္တိကောင်းတာပဲ”

“အရာရှိဆိုတာ ယခင်မင်းဆက်ခေတ်ဖြစ်ဖြစ် လက်ရှိမင်းဆက်ခေတ်ဖြစ်ဖြစ် အမြဲသက်ဆိုင်မှုရှိနေမယ့်သူတွေပါ။ ဒါပေမဲ့ သခင်ကြီး၊ တရားမျှတမှုကတော့ သေချာမှုမရှိနေပါဘူး။ ကျေးဇူးပြုပြီး သခင်ကြီးက ကျွန်တော့်အတွက် ဆုံးဖြတ်ပေးပါ”

ချန််ကျဲ့ ဦးညွှတ်၍ လက်သီးယှက်အရိုအသေပြုသည်။

ထိုအခါ စီရင်စုအုပ်ချုပ်ရေးမှူးသည် ထိုင်ခင်းထက်တွင် ကိုယ်ကိုစောင်းထိုင်လိုက်သည်။ ထို့နောက် သေရည်တစ်ခွက်ကို မော့သောက်လိုက်သည်။

“မင်းက ဘယ်လိုမတရားမှုမျိုးကို ခံစားခဲ့ရတာလဲ၊ ပြောပါဦး”

“ကျေးဇူးတင်ပါတယ် သခင်ကြီး။ ကျွန်တော် နန်ပါးထျန်းနဲ့ ကျွန်တော့်ရဲ့အစ်ကိုဖုန်းရွှမ်ကို ကျွန်တော့်ရဲ့မွေးစားအဖေ ဖန်းရှစ်ကျုံးကို လုပ်ကြံသတ််ဖြတ်မှုနဲ့ စွဲချက်တင်လိုပါတယ်…”

…

ချန်ကျဲ့ အဖြစ်အပျက်များကို အစမှ အဆုံးအထိ ပြန်ပြောပြခဲ့သည်။ စီရင်စုအုပ်ချုပ်ရေးမှူးသည် ၎င်းကို သတိထားမိပြီးဖြစ်ကာ အာရုံစိုက်စုံစမ်းနေခဲ့ပြီးဖြစ်သည်။ သို့သော် သူသည် ချန်ကျဲ့မှ အားလုံးပြောပြပြီးသည်အထိ နားထောင်နေခဲ့သည်။

စီရင်စုအုပ်ချုပ်ရေးမှူးသည် လက်ထဲမှ သေရည်ခွက်ကို ညင်သာစွာ ပြန််ချလိုက်ရင်း ပြောသည်။

“အဲဒီတော့ မင်းဆိုလိုတာက သူတို့နှစ်ယောက်က ဖန်းရှစ်ကျုံးကို သတ်ဖို့ ပူးပေါင်းကြံစည်ခဲ့ပြီးတော့ မင်းကို လူသတ်သမားအဖြစ် ချောက်ချခဲ့တယ်ပေါ့လေ?”

“ဟုတ်ပါတယ်။ ကျေးဇူးပြုပြီး သခင်ကြီး ကျွန်တော့်ရဲ့ မတရားခံရမှုကို ဖြေရှင်းပေးတော်မူပါ”

ထိုအခါ စီရင်စုအုပ်ချုပ်ရေးမှူးမှ ရယ်မော၏

“တကယ့်ကိုပဲ မတရားဘူးလို့ ထင်ရပါတယ်။ ဒါပေမဲ့ နန်ပါးထျန်းက ငါ့လူပဲ။ မင်းဒီကိုလာပြီး ငါ့လူကို ငါ့ဆီမှာ စွဲချက်လာတင်နေတာ ရယ်ဖို့ကောင်းတယ်လို့

မထင်ဘူးလား”

“သခင်ကြီး၊ အဲဒီလိုပြောတာ မမှန်ကန်ပါဘူး။ နန်ပါးထျန်းက သခင်ကြီးရဲ့လူဖြစ်ဖို့သက်သက်ထက် တခြားအရာတွေကိုလည်း ပိုပြီး လိုချင်တပ်မက်နေသူပါ”

ထိုစကားတွင် စီရင်စုအုပ်ချုပ်ရေးမှူးမှ မေးသည်။

“မင်းဘာကိုဆိိုလိုတာလဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“သခင်ကြီး၊ ကျွန်တော့်ရဲ့မွေးစားအဖေက သူမသေဆုံးခင်က ကျွန်တော့်ကို အရမ်းချစ်မြတ်နိုးခဲ့တယ်ဆိုတာ သခင်ကြီးလည်း သိမှာပါ။ အဲဒါကြောင့် မွေးစားအဖေက ကျွန်တော့်ကို ကိစ္စတော်တော်များများကို ပြောပြခဲ့တယ်၊ ကျားဖြူခန်းမက အခြေခံအုတ်မြစ်ကို ဘယ်လိုတည်ဆောက်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းတွေ အပါအဝင် တခြား ကျွန်တော်မသိသင့်လောက်မယ့်အရာတွေကိုရောပါပဲ”

“ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့နှစ်ခုစလုံးက အတော်လေး အင်အားကြီးမားတဲ့အဖွဲ့အစည်းတွေဖြစ်ကြပြီးတော့ ဒီအဖွဲ့အစည်းနှစ်ခုရဲ့အင်အားကို ဟန်ချက်ညီစေမယ့်အင်အားတစ်ခုကို လိုအပ်ခဲ့တယ်။ ကျားဖြူခန်းမက အဲဒီဟန်ချက်ညီစေမယ့် ကိရိယာပဲ။ ကျွန်တော့်ရဲ့မွေးစားအဖေက သခင်ကြီးအပေါ် အမှန်တကယ် သစ္စာရှိတဲ့သူတစ်ယောက်ဖြစ်ခဲ့တာပါ”

စီရင်စုအုပ်ချုပ်ရေးမှူးသည် ဘာမျှမပြောဘဲ ပြုံးရုံပြုံးနေခဲ့သည်။

ချန်ကျဲ့သည် စီရင်စုအုပ်ချုပ်ရေးမှူး၏ အတွေးကို မမှန််းဆနိုင်သော်ငြား ဆက်ပြောခဲ့သည်။

“ဒါပေမဲ့ မွေးစားအဖေရဲ့တည်ရှိမှုက နန်ပါးထျန်းရဲ့ ငါးဖမ်းကုန်သည်အဖွဲ့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းမယ့်အစီအစဉ်အတွက် အနှောင့်အယှက်ဖြစ်နေခဲ့တယ်။ အဲဲဒါကြောင့် နန်ပါးထျန်းက ဖုန်းရွှမ်နဲ့ပူးပေါင်းကြံစည်ပြီး မွေးစားအဖေကို လုပ်ကြံသတ်ဖြတ်ပြီးတော့ ကျားဖြူခန်းမကို ခေါင်းဆောင်မရှိတဲ့အဖွဲ့အစည်း ဖြစ်စေခဲ့တယ်။ အဲဒီနောက်တော့ ဖုန်းရွှမ်ကို ထောက်ခံအားပေးပြီး ကျားဖြူခန်းမကို သိမ်းယူခဲ့တယ်။ အဲဒီလိုနဲ့ ငါးဖမ်းကုန််သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ရဲ့ အင်အားညီမျှမှုကို ပျက်ပြားစေမယ့် သူ့ရဲ့ရည်ရွယ်ချက်ကို အောင်မြင်စေခဲ့တယ်။ အခု ကျားဖြူခန်းမက နန်ပါးထျန်းရဲ့လက်အောက်ခန်းမတစ်ခု ဖြစ်သွားခဲ့ပါပြီ”

“သခင်ကြီး၊ သခင်ကြီး ခုနက နန်ပါးထျန်းက သခင်ကြီးရဲ့လူပါလို့ ပြောခဲ့ပါတယ်။ နန််ပါးထျန်းက တကယ်ပဲ သခင်ကြီးရဲ့လူမှန်ရင် ဘာလို့များ သခင်ကြီးရဲ့စီစဉ်မှုကို ဆန့်ကျင်ပြီးတော့ သူ့ကိုယ်ပိုင်အကြံအစည်ကို အကောင်အထည်ဖော်ရတာပါလဲ”

ချန်ကျဲ့သည် စီရင်စုအုပ်ချုပ်ရေးမှူးကို ကြည့်နေခဲ့သည်။ စီရင်စုအုပ်ချုပ်ရေးမှူးသည် မျက်နှာအမူအရာကင်းမဲ့နေမြဲဖြင့် လက်ချောင်းထိပ်တို့သည် စားပွဲမျက်နှာပြင်ကို ဖွဖွခေါက်လျက် ဆော့ကစားနေသည်။

ထိုမြင်ကွင်းတွင် ချန််ကျဲ့ ခဏရပ်သွား၏။ ထို့နောက် ဆက်ပြောသည်။

“သခင်ကြီး၊ ကျွန်တော်ဒီနေ့ ဒီနေရာကို လာခဲ့ရတဲ့အကြောင်းအရင်းက ကျွန်တော်နဲ့ မွေးစားအဖေအတွက် လက်စားချေဖို့သက်သက်ပဲ မဟုတ်ပါဘူး။ သခင်ကြီးရဲ့လူဖြစ်လာချင်တဲ့ ကျွန်တော့်ရဲ့စိတ်ဆန္ဒကို ဖော်ပြဖို့အတွက်လည်း ပါပါတယ်။ ကျွန်တော်က သခင်ကြီးအတွက် ကျားဖြူခန်းမကို ပြန်လည်ရယူပြီး ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ကြား အင်အားဟန်ချက်ညီမှုကို ထိန်းသိမ်းပေးလိုပါတယ်။ ကျွန်တော့်ကို သခင်ကြီးရဲ့လက်ထဲက ဓားတစ်လက်ဖြစ်ခွင့်ပေးနိုင်မလား”

စီရင်စုအုပ်ချုပ်ရေးမှူး၏ စားပွဲမျက်နှာပြင်သို့ ခေါက်နေသည့် လက်ချောင်းများ ပို၍လျင်မြန်လာသည်။ ထို့နောက် ပြောသည်။

“ငါကြားမိတာတော့ ဖုန်းရွှမ်က အတော်လေး အရည်အချင်းရှိတယ်တဲ့”

ချန််ကျဲ့ ဆိုလိုရင်းကို ချက်ချင်းနားလည်လိုက်သည်။

ဖုန်းရွှမ်က အရည်အချင်းရှိတာပဲ။ ငါက ဘာလို့ မင်းကိုလိုအပ်မှာလဲ။

“သခင်ကြီး၊ သခင်ကြီးအတွက် အရည်အချင်းဆိုတာ သစ္စာစောင့်သိမှုနဲ့ တန်းတူဖြစ်ပါလိမ့်မယ်။ ဖုန်းရွှမ်သာ သခင်ကြီးကို ခစားဖို့ အမှန်တကယ် ရည်ရွယ်ချက်ရှိရင် သူဘာလို့ ဒီအချိန်အထိ သခင်ကြီးကို လာမတွေ့တာပါလဲ။ ဖုန်းရွှမ်က သူ့ကိုယ်သူ အေးဆေးနေနိုင်မယ်အထင်နဲ့ နန်ပါးထျန်းကို ကပ်တွယ်နေတာပဲ မဟုတ်ပါလား။ သခင်ကြီးအနေနဲ့ အဲဒီလိုလူတစ်ယောက်ကို ဘယ်လိုများ အားထားနိုင်မှာပါလဲ”

“အကယ်၍ အားထားခဲ့ရင်တောင် အခြေခံအားဖြင့် သူ့ကိုချုပ်ကိုင်ထားနိုင်ခဲ့ရင်တောင် သူလည်း နန်ပါးထျန်းလိုမျိုး မကောင်းတဲ့ရည်ရွယ်ချက်တွေ မမွေးမြူပါဘူးလို့ ဘယ်လိုများသေချာနိုင်မှာပါလဲ”

“သခင်ကြီးက ဟန့်လူမျိုးဆိုရိုးစကားတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိပါသလား”

စီရင်စုအုပ်ချုပ်ရေးမှူးမှ တုံ့ပြန်ပြောသည်။

“ဘာဆိုရိုးလဲ”

“ပိုးထည်မှာ ပန်းပွင့်တွေ ပေါင်းထည့်ရက်လုပ်တာထက် နှင်းထန်တဲ့ရာသီဥတုမှာ မီးသွေးပို့ဆောင်တာက ပိုကောင်းပါတယ်တဲ့။ ဖုန်းရွှမ်က အခု သူ့ရဲ့အထွတ်အထိပ်ဖြစ်တဲ့ ကျားဖြူခန်းမအရှင်သခင်အဖြစ် မကြာခင် ဆက်ခံတော့မှာ။ ဒီအချိန်မှာ သခင်ကြီးရဲ့ကြင်နာမှုအားလုံးဟာ သူ့အတွက် အသေးအဖွဲလေးသာ ဖြစ်နေပါလိမ့်မယ်။ ဖုန်းရွှမ်က သူ့ရဲ့လက်ရှိနေရာကို သခင်ကြီးရဲ့အကူအညီမပါဘဲ ရောက်ရှိခဲ့တာပါ။ သခင်ကြီးအနေနဲ့ ဖုန်းရွှမ်ကို သခင်ကြီးအပေါ် အမှန်တကယ် သစ္စာရှိလာအောင် မလုပ်ဆောင်နိုင်ပါဘူး”

“ဒါပေမဲ့ ကျွန်တော်ကတော့ မတူပါဘူး။ ကျွန်တော်က ရန်သူတွေ လိုက်လံဖမ်းဆီးခံရပြီး ကြိုးအစွန်းဖျားမှာ ရှိနေတာ။ အခု ကျွန်တော့်ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်က သခင်ကြီးက ကျွန်တော့်အတွက် တရားမျှတမှုရှာဖွေပေးတာပါပဲ။ အခုအချိန်မှာ သခင်ကြီးက ကျွန်တော့်ကို ကူညီပေးမယ်ဆိုရင် နှင်းထန်တဲ့ရာသီဥတုမှာ မီးသွေးပို့ဆောင်ပေးလိုက်သလို ဖြစ်လိမ့်မှာပါ။ အဲဲဒီလိုဆိုရင် ကျွန်တော််က သခင်ကြီးအပေါ်မှာ တစ်သက်တာ ကျေးဇူးကြွေးတင်သွားမှာပဲ မဟုတ်ပါလား”

“သခင်ကြီး ဆုံးဖြတ်ချက်ချဖို့ အဆင့်သင့်ဖြစ်ပါပြီလား”

ချန်ကျဲ့သည် လက်သီးယှက်အရိုအသေပြုလျက် စီရင်စုအုပ်ချုပ်ရေးမှူးကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည်။

စီရင်စုအုပ်ချုပ်ရေးမှူးသည် စားပွဲအား လက်ဖြင့်ခေါက်နေခြင်းကို ရပ်တန့်လိုက်ပြီးနောက် ချန်ကျဲ့ကို ကြည့်လာသည်။

“မင်း ညစာစားပြီးပြီလား”

ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုသည်။

“မစားရသေးပါဘူး”

“ညစာပြင်လိုက်”

စီရင်စုအုပ်ချုပ်ရေးမှူးသည် လက်ဝှေ့ယမ်း၍ အစေခံမိန်းကလေးများကို ညစာပြင်ရန် ခိုင်းစေလိုက်သည်။

ထို့နောက် ချန်ကျဲ့ကိုကြည့်၍ ပြောသည်။

“မင်းငါ့ကို ဖျောင်းဖျနိုင်ခဲ့တယ်။ ဒါပေမဲ့ ငါတချို့ကိစ္စတွေကိုတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပါဦးမယ်။ အရင်ဆုံး နန်ပါးထျန်း ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ငါ့မှာ သူ့ကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိဘူး”

“နားလည်ပါပြီ သခင်ကြီး။ နန်ပါးထျန်းနဲ့ ခေါင်းဆောင်လျိုက ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ချောင်ကုန်သည်အဖွဲ့ရဲ့ အဓိကမဏ္ဍိုင်တွေပဲ။ သူတို့ကို ပေါ့ပေါ့တန်တန် ဖယ်ရှားလိုက်လို့ မဖြစ်ပါဘူး။ ကျွန်တော့်ရဲ့ရန်သူက ဖုန်းရွှမ်ပါပဲ”

စီရင်စုအုပ်ချုပ်ရေးမှူးမှ ပြန်ပြောသည်။

“ကောင်းတယ်။ ဒုတိယအချက်က မင်းက မတရားစွပ်စွဲခံရတာပါလို့ မင်းပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီအတွက်က သက်သေလိုတယ်။ မဟုတ်ရင် ကျားဖြူခန်းမကလူတွေ လက်ခံအောင်လုပ်ဖို့ ခက်ခဲလိမ့်မယ်။ အဲဒီလိုဆိုရင် မင်းငါ့ကို ကျားဖြူခန်းမကို ထိန်းချုပ်ဖို့ ကူညီနိုင်မှာ မဟုတ်ဘူး။ အဲဒါဆိုရင်တော့ မင်းက ငါ့အတွက် အသုံးမဝင်ဘူး”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဟုတ်ကဲ့ပါ သခင်ကြီး မစိုးရိမ်ပါနဲ့။ ကျွန်တော့်မှာ သက်သေရှိပါတယ်။ ပြဇာတ်သရုပ်ဆောင်ဟွားသျဲ့က မွေးစားအဖေကို တိုက်ခိုက်ဖို့အကြံအစည်မှာ ပါဝင်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို ဖမ်းမိထားပြီး အရာအားလုံးလည်း ဝန်ခံထားပြီးပါပြီ”

စီရင်စုအုပ်ချုပ်ရေးမှူးသည် အံ့ဩသွား၏။

“နန်ပါးထျန်းက အဲဒီလိုဟာကွက်ကို ချန်ထားတယ်ပေါ့လေ? အဲဒါက သူလုပ်နေကျပုံစံ မဟုတ်သလိုပဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“သခင်ကြီး ယောကျာ်းတိုင်းမှာ အထိခိုက်မခံနိုင်တဲ့ တန်ဖိုးထားရာကိုယ်စီ ရှိတတ်ကြပါတယ်”

စီရင်စုအုပ်ချုပ်ရေးမှူးသည် ပို၍မမေးမြန်းဘဲ ဆက်ပြောသည်။

“အဲဒီတော့ မင်းက ပြင်ဆင်ထားပြီးပြီပေါ့။ မင်းက ငါ့ကို ဘာအတွက် လိုအပ်နေသေးတာလဲ”

ချန်ကျဲ့မှ ပြောသည်။

“သခင်ကြီး လက်စားချေရမှာက ကျွန်တော့်ရဲ့တာဝန်ဖြစ်ပြီးတော့ ကျွန်တော့်မှာ လုပ်ဆောင်နိုင်စွမ်းလည်း ရှိပါတယ်။ ဒါပေမဲ့ နန်ပါးထျန်းသာ ကြားဝင်နှောင့်ယှက်လာခဲ့ရင် ကျွန်တော့်အနေနဲ့ မွေးစားအဖေအတွက် လက်စားချေနိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျေးဇူးပြုပြီးတော့ သခင်ကြီးက ကျွန်တော့်ကို နန်ပါးထျန်းနဲ့ပတ်သက်ပြီးတော့ ကူညီပေးပါ”

စီရင်စုအုပ်ချုပ်ရေးမှူးမှ ပြောသည်။

“အင်း မနက်ဖြန်ကျ ငါ ချီမုကောကို လွှတ်လိုက်မှာမို့ နန်ပါးထျန်းက မင်းကို နှောင့်ယှက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါမင်းကို တစ်ခုသတိပေးပါရစေ– ဖုန်းရွှမ်က စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းသွားပြီ။ သူ့ကိုရင်ဆိုင်ဖို့ လွယ်ကူမှာမဟုတ်ဘူး။ မင်းသူ့ကိုသတ်ပြီး လက်စားချေနိုင်ဖို့ ယုံကြည်ချက်ရှိရဲ့လား”

စာစဉ်ပြီး၏

All Chapters