← Chapters

ဒီလူ ဘာကြောင့်လာတာလဲ

Vol. 25 Ch. 341

ဒီလူ ဘာကြောင့်လာတာလဲ

Vol. 25 Ch. 341

နစ်ဘစ်ကုမ္ပဏီရဲ့ ရုံးခန်းထဲတွင်...

မော်ဒီဂါဗင် ဖုန်းပြောလို့ ပြီးသွားခဲ့သည်။ လစ်သိုဂရက်ဖီစက် လေးလုံး ပင်လယ်ထဲ ပြုတ်ကျသွားပြီး ဘယ်လိုမှ ပြန်ရှာ မတွေ့ တာကြောင့် တခြားနည်းလမ်းမရှိတော့ဘဲ နောက်ထပ် လေးလုံး ထပ်မံမှာ ယူရတော့ မည်။

ဒီစက်က စျေးကြီးလွန်းတာကြောင့် မော် ဒီဂါဗင် အနည်းငယ်စိတ်မသက်မသာ ဖြစ် နေခဲ့သည်။

ဒါ့အပြင် ဒီလေးလုံးက ဘာ့ကြောင့် ရုတ် တရက် ပျောက်ကွယ်သွားရလဲဆိုတာကို သူ ဘယ်လိုမှစဉ်းစားမရခဲ့ပေ။

"ဒီစက်တွေ ဘယ်ကိုရောက်သွားတာလဲကွာ ..ငါတို့ ရှာဖွေ‌နေတဲ့ချိန် တစ်ခြား နေရာတွေ ကိုများ လျစ်လျူရှုခဲ့မိလို့လား... "

ဆေးပြင်းလိပ်ကို မော်ဒီဂါဗင် မီးညှိပြီး ဆိုဖာပေါ်တွင် ထိုင်နေရင်း ဒီအကြောင်းကို ဆက်လက်တွေးနေခဲ့သည်။

"ဒေါက် ဒေါက် ဒေါက် "

ထိုအချိန် တံခါးခေါက်သံကို ကြားတဲ့အခါ မော်ဒီဂါဗင် အသံကျယ်ကျယ်နဲ့ အော် ပြော လိုက်သည်။

" ဝင်ခဲ့.."

တံခါးကို ဖွင့်ကာ ဝင်လာသူမှာ အာနက် စတာပင်ဖြစ်၏။ သူ့ကို ဒီကုမ္ပဏီရဲ့ အဆင့် မြင့်အရာရှိတစ်ဦးအဖြစ် သတ်မှတ်နိုင်ပေ သည်။

လွန်ခဲ့တဲ့ နှစ်လက စက်ကို သယ်ယူလာတဲ့ လေယာဉ်ပျက်ကျပြီးနောက် ဒီလူက ကုမ္ပ ဏီကိုယ်စား ရှာဖွေရေးလုပ်ငန်းများကို လုပ် ဆောင်ခဲ့သည်။ဒီ ရှာဖွေရေးလုပ်ငန်းစဥ်က ဆယ်ရက်ကျော်ကြာမြင်ခဲ့၏။

အာနက်စတာ ဝင်လာတာကို မြင်တဲ့အခါ မော်ဒီဂါဗင် သူ့လက်ထဲမှ ဆေးပြင်းလိပ်ကို ချလိုက်ပြီး မေးလိုက်သည်။

“ ဘာလဲ..ဘာကိစ္စရှိလို့လဲ…”

အာနက်စတာက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ရုံးခန်းတံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး နောက် အစီ ရင်ခံလိုက်သည်။

"သူဋေး…ကျွန်တော် သတင်းတစ်ခု ရထား ပါတယ်.. ယန်နိုင်ငံမှာ ချပ်ပြား ထုတ်လုပ် ရေးကုမ္ပဏီတစ်ခု တည်ထောင်နေပြီး ...မှတ် ပုံတင်ထားတဲ့ မတည်ရင်းနှီးငွေက ယွမ် ၁၅ ဘီလီယံရှိပါတယ်ခဗျ.."

"သြော် ဒီလိုကိစ္စမျိုးရှိတာလား"

မော်ဒီဂါဗင် ပို၍ပင် စူးစမ်းလို စိတ်ပြင်းပြ လာပြီး သူ့မျက်နှာတွင် စိတ်ဝင်စားမှု့ အ ပြည့်အဝရှိနေခဲ့သည်။

အာနက်စတာ ဆက်ပြောလိုက်၏။

"ဒီထက်မကပါဘူး သူဋေး.. အဲ့ဒီ့ Universal ကုမ္ပဏီက ချပ်ပြာထုတ် တဲ့စက်ရုံကြီး နှစ် ရုံကို ဆောက်လုပ်နေတယ်လို့လဲ သိရပါ တယ်..ပြီးတော့ ၅-နာနိုမီတာနဲ့ ၈-နာနိုမီတာ စက်တွေတောင် ရှိတယ် လို့လည်း ကြား ရပါတယ်..."

"ဘာ..."

"သူတို့မှာ ၅-နာနိုမီတာနဲ့ ၈-နာနိုမီတာ စက်တွေ တကယ်ရှိနေတာလား.."

မော်ဒီဂါဗင်ရဲ့ တုံ့ပြန်မှု့က ကြီးမားလှသည်။ သူ ဆိုဖာပေါ်မှ ရုတ်တရက်ထရပ်လိုက်ပြီး မယုံကြည်နိုင်တဲ့ မျက်နှာအမူအရာဖြင့် အော်ပြောလိုက်သည်။

"ဒါက လုံးဝမဖြစ်နိုင်ဘူး…သူတို့မှာ ဒီလို စက်မျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ..."

တကယ်လို့သာ Universal တွင် ၂၀-နာနိုမီ တာ စက် ဒါမှမဟုတ် ဆယ်ဂဏန်း စက်သာ ရှိနေတာဆိုပါက မော်ဒီဂါဗင် ယုံကြည် ကောင်းယုံကြည်နိုင်ပေမည်။ ယန်နိုင်ငံက ဒီလို စက်မျိုးကို ကိုယ်တိုင်ဒီဇိုင်းထုတ်ကာ တည်ဆောက်ပြီး ထုတ်လုပ်နိုင်ကောင်း ထုတ်လုပ်နိုင်ပေလိမ့်မည်။

ဒါပေမဲ့ ၅-နာနိုမီတာနှင့် ၈-နာနိုမီတာ စက် များရှိတာကိုတော့ သူ မယုံကြည်ပေ။ အ ကြောင်းမှာ အရေးယူ ပိတ်ဆို့မူ့ များကြောင့် ယန်နိုင်ငံကို ဘယ်ကုမ္ပဏီကမှ ဒီလိုမျိုးစက် များ တင်သွင်းလို့ မရနိုင်ပေ။

အာနက်စတာလည်း တွေဝေစွာ ပြောလိုက် ၏။

"သူဋေး.. ကျွန်တော်လည်း အစကတော့ မယုံခဲ့ပါဘူး.. ဒါပေမယ့် ကျွန်တော် အထူး စုံစမ်းစစ်ဆေးမှု့လုပ်ခဲ့ပြီးတော့ သူတို့မှာ ဒီ လို စက်မျိုး ရှိနေတယ်ဆိုတာ အခြေခံအား ဖြင့် သေချာပါတယ်ခဗျ.."

ဒီစကားကို ကြားတဲ့အခါ မော်ဒီဂါဗင် တိတ် ဆိတ်သွားခဲ့သည်။

ခဏကြာမှ သူ သတိပြန်ဝင်လာပြီး မေး လိုက်သည်။

"သူတို့ဆီ မှာ ဒီလို စက်မျိုး ဘယ်လို လုပ်ရှိ နေတာလဲ..သူတို့ရဲ့ စက်တွေက ဘယ်ကရ တာလဲ"

"အမှန်ပါပဲ သူဋေး ..ဒါ့ကြောင့် ကျွန်တော် သံသယဝင်မိပါတယ် ...ကျွန်တော်တို့ မ ရှင်းမလင်းဖြစ်နေတဲ့.. စက်လေးလုံးက Universal ရဲ့လက်ထဲကို ရောက်သွားတာ ဖြစ်နိုင်သလားလို့ပါ.."

မော်ဒီဂါဗင် အချိန်အတော်ကြာ တိတ် ဆိတ် သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက် သည်။

"ဒီလိုဖြစ်နိုင်ခြေတော့ ရှိတယ်...ဒါပေမယ့် ငါတို့မှာ သက်သေအထောက်အထားမရှိ ဘူး.."

အာနက်စတာက ဂရုမစိုက်ပဲ ပြောလိုက် သည်။

"ဒီကိစ္စအတွက် သက်သေမလိုပါဘူး သူဋေး. .ကျွန်တော်တို့ရဲ့ စက်လေးလုံး ပျောက်ဆုံး နေတာနဲ့... သူတို့မှာ ၅-နာနိုမီတာနဲ့ ၈-နာနို မီတာ စက်တွေ.. ရှိနေတာက ဘယ်လိုမှ တိုက်ဆိုင်မှု့တစ်ခု မဖြစ်နိုင်ပါဘူး..."

မော်ဒီဂါဗင် ခေါင်းခါကာ ပြန်ပြောလိုက်၏။

"ဒီအချက်မှာ အကြောင်းပြချက်လိုတယ်.. ဒါပေမယ့် ငါတို့မှာ သက်သေမရှိဘူး..."

အာနက်စတာ မေးလိုက်၏။

"သူဋေး ..ကျွန်တော် ကုမ္ပဏီကိုယ်စား သူတို့ ဆီသွားပြီး စက်တွေကို ပြန်တောင်း ခံကြည့် ရင်ရော ဘယ်လိုသဘောရလဲ..."

မော်ဒီဂါဗင် ခဏတာ တိတ်ဆိတ်နေကာ အချိန်အကြာကြီးစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"မင်း သွားပြီး ကြိုးစားကြည့်လိုက်ပါ.. ဒါ ပေမယ့် ငါတို့မှာ ဘာသက်သေမှ မရှိဘူး ..သူတို့ဆီ မှာ ငါတို့ရဲ့ လစ်သို ဂရပ်ဖီ စက် လေးလုံး ရှိနေရင်တောင် ပြန်ရဖို့ မလွယ်ကူ ဘူးလို့ ငါထင်တယ်.."

မော်ဒီဂါဗင် ကြီးမားတဲ့ မျှော်လင့်ချက်များ မထားဝံ့ပေ။ သို့ပေမဲ့ အာနက်စတာကမူ ယုံကြည်မှု့အပြည့်ရှိနေသည်။ သူက ယန် နိုင်ငံကို ကိုယ်တိုင်သွားပြီး Universal ဆီသို့ သွားရောက်ကာ စက် လေးလုံးကို ပြန် တောင်းခံမည်ပဲ ဖြစ်၏။

..........

မြောက်ပစိဖိတ်သမုဒ္ဒရာတွင်.....

လိပ်ကြီးက ဒီရေပြင်တွင် ပေါ်လာခဲ့သည်။ အခု သူ့ရဲ့ အဓိကတာဝန်က ကြီးထွားလာ ရန် ဖြစ်သည်။ တန်ချိန် ၁,၀၀၀ အထိ ကြီးထွားရန်နှင့် တန်ချိန် ၁,၀၀၀ မှတ်တိုင်ကို ကျော်ဖြတ်ရန် သူ ကြိုးစားနေပေသည်။

ဒီရက်များတွင် လိပ်ကြီးက အစာအတွက် အခြေခံအားဖြင့် ဟိုဟိုဒီဒီ သွားလာ ရှာ နေခဲ့သည်။ ပေါင်ရာချီ ဒါမှမဟုတ် ပေါင် ထောင်ချီအလေးချိန်ရှိတဲ့ ငါးကြီးများက သူ့ရဲ့သွားကြားတွင်ပင် မလောက်ပေ။ တန်တစ်ရာဆိုလျှင်ပင် ငါးအကောင်ရေ ၂၀၀၊ ၃၀၀ ခန့် သူ စားရပေမည်။

ရေအောက် ပေ ၁၀၀ ကျော်အနက်တွင် လိပ် ကြီးက မြောက်ဘက်ကို လျင်မြန်စွာ ဆက် လက် ကူးခတ်နေသည်။ရေ လမ်းတစ် လျှောက်တွင်လည်း ဝေလငါးအမျိုးမျိုး အပါအဝင် ကြီးမားတဲ့ငါးမန်းအမျိုးမျိုးကို ပါ သူ စားပစ်ခဲ့သည်။

ယခုအခါ အမြင့်ပိုင်းလတ္တီတွဒ်ကို ရောက်ရှိ နေတာကြောင့် ပင်လယ်ရေရဲ့ အပူချိန်က အနည်းငယ်နိမ့်နေသည်။ လိပ်ကြီးက မြောက်ဘက်ကို ဆက်လက်မသွားတော့ဘဲ ဒီဧရိယာတွင်သာ လှည့်လည်သွားလာ နေခဲ့ သည်။

ပင်လယ်ရေမိုင် ရာပေါင်းများစွာ လှည့် လည်သွားလာပြီးနောက် လိပ်ကြီး ရပ်တန့် လိုက်သည်။ သူ့ရှေ့တွင် ကျောက်တုံးများ ဖြင့် ပြည့်နေပြီး သစ်ပင်တစ်ပင် ဒါမှမဟုတ် မြက်ပင်တစ်ပင်မှတောင် မရှိတဲ့ ကျွန်းငယ် လေးတစ်ကျွန်းကို တွေ့လိုက်ရသည်။

လိပ်ကြီးရပ်တန့်ရတဲ့ အကြောင်းရင်းမှာ ဒီကျွန်းငယ်လေးပေါ်တွင် ပင်လယ်ဖျံများ လျှို့ဝှက်နေထိုင်နေတာကြောင့်ပင်။ အရေ အတွက်မှာ အနည်းဆုံး ထောင်ပေါင်းများစွာ ရှိနေသည်။

လိပ်ကြီး ရေထဲမှ ထွက်လာလျှင်ပင် ဒီဖျံ တွေရဲ့ အနံ့ကို အဝေးကပင် ရခဲ့သည်။ ပင်လယ်ဖျံအများအပြားက ဒီကျွန်းငယ် လေးပေါ်တွင် အစာစားခြင်း သောက်သုံး ခြင်း မစင်စွန့်ခြင်းနဲ့ သားပေါက်ခြင်းများ ပြုလုပ်နေကြသည်။ အနံ့မထွက်နေမှသာ အံ့ဩစရာပင်။

“ထွီး နံ့လိုက်တာ..”

အစက လိပ်ကြီး ပတ်ပတ်လည်ကို ကြည့်ဖို့ ရေထဲမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ အနံ့ အ သက်က အနည်းငယ်ဆိုးတာကြောင့် ရွံရှာစွာ ဖြင့် ရေအောက်ကို ပြန်ဝင်သွား ခဲ့သည်။

ဒီကျွန်းငယ်လေးအနီးရှိ ရေပြင်တွင် ပင် လယ်ဖျံများက ဆော့ကစားခြင်း၊ အမဲလိုက် ခြင်းစသည်တို့ကို လုပ်ဆောင်နေခဲ့သည်။ ကြီးမားသောငါးမန်းဖြူအချို့နဲ့ လူသတ်ဝေ လငါးများ လှည့်လည်သွားလာ နေတာကို လည်း လိပ်ကြီး တွေ့မြင်ရသည်။သူတို့က ပင်လယ်ဖျံများကို အမဲလိုက်နေကြတာ ကြောင့်ပဲ ဖြစ်၏။

လိပ်ကြီး အနည်းငယ်စိတ်မသက်မသာ ဖြစ်သွားသည်။

"ဒီ ပင်လယ်ဖျံတွေကို ငါ့ပိုင်ဆိုင်တာလေ ..ငါးမန်းဖြူရော လူသတ်ဝေလငါးရော မင်းတို့ အားလုံး ဒီနေရာက ထွက်သွားကြ... "

များပြားလှတဲ့ ဒီပင်လယ်ဖျံများက အ ကောင်ရေတစ်သိန်းကျော်နိုင်ရှိတာကြောင့် စားစရာအတွက် လိပ်ကြီး စိတ်ပူစရာ မလို တော့ဘဲ တန်ချိန် ၁,၀၀၀ အထိ ကြီးထွားနိုင် တော့မှာပဲ ဖြစ်သည်။

အနီးအနားတွင် လှည့်လည်နေတဲ့ လူသတ် ဝေလငါးတစ်ကောင်ကို မြင်တဲ့အခါ လိပ် ကြီး အလျင်အမြန် ကူးခပ်သွားပြီး တစ် ကိုက်တည်းကိုက်ပစ်လိုက်သည်။

" ဂျွက် ဂျွက်.. "

ဒီလူသတ်ဝေလငါးကို စားနေစဉ် လိပ်ကြီး စိတ်ထဲကနေ တွေးလိုက်မိသည်။

"အင်း အရသာက ပုံမှန်ပဲ ဒါပေမယ့် ပင် လယ်ဖျံတွေရဲ့ အရသာက ပိုကောင်းတယ်"

သူ အရင်ကလည်း ပင်လယ်ဖျံများကို စား ခဲ့ဖူး၏။သို့ပေမဲ့ အရေအတွက်မှာ များများ စားစားမရှိပေ။လိပ်ကြီး ထိုအရသာကို လွမ်းဆွတ်နေပေသည်။

အလေးချိန် ခြောက်တန် ခုနစ်တန်ခန့်ရှိတဲ့ ဒီလူသတ်ဝေလငါးကို စားပြီးနောက် သူ့ သွားကြားတွင်ပင် မလောက်သေးဘူးလို့ လိပ်ကြီး ခံစားရတာကြောင့် ရှေ့ကို ရေ ဆက်လက် ကူးခတ်သွားသည်။

ထိုနေရာတွင် လှည့်လည်နေတဲ့ ငါးမန်းဖြူ ကြီးများ၊ လူသတ်ဝေလငါးများနှင့် အခြား သားရဲတိရစ္ဆာန်များက လိပ်ကြီးကို မြင် တော့ တစ်ကောင်ပြီးတစ်ကောင် ရှောင်ပြေး သွားကြသည်။

လိပ်ကြီးရဲ့ ရှေ့တွင် ပင်လယ်ဖျံ အချို့ရှိ နေသည်။ အကြီးဆုံးတစ်ကောင်မှာ အလေး ချိန် လေးတန် ငါးတန်ခန့်ရှိပြီး အဆီအသား ပြည့်ဝကာ အလွန်အရသာရှိပုံရသည်။

လိပ်ကြီး အလျင်အမြန်ပြေးသွားပြီး ထို ဖျံကြီးကို တစ်ချက်တည်းဖမ်းဆုပ်ကာ တစ်ကိုက်ချင်း စားလိုက်တော့သည်။

.........

Universal တွင်

ဟူဂျွန်းရှီ တံခါးခေါက်ကာ ရုံးခန်းထဲ ဝင်ရောက်လာကာ အစီရင် ခံလိုက်သည်။

"အစ်ကိုယောင် အာနက်စတာလို့ခေါ်တဲ့ နိုင်ငံခြားသားတစ်ယောက် ရောက်နေ ပါတယ်.. သူက နစ်ဘစ်ကုမ္ပဏီရဲ့ အလုပ် အမှုဆောင်တစ်ဦးဆိုပြီး ကျွန်တော့်ကို တွေ့ချင်တယ်လို့ ပြောပါတယ်"

နစ်ဘစ် ကုမ္ပဏီကိုတော့ လျူယောင် သိ၏။ ဒီကုမ္ပဏီက စက်မှု့လုပ်ငန်းများတွင် ချပ်ပြ ား ထုတ်လုပ်ခြင်းကို အထူးပြုလုပ်ကိုင်တဲ့ M နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်ပြီး သူတို့ စွမ်းရည်မှာ အလွန် အဆင့်မြင့်ပေသည်။

လျူယောင် ဖြည်းညှင်းစွာ မေးလိုက်သည်။

"မင်းပြောကြည့်စမ်း သူတို့ လာတွေ့တဲ့ အဓိကအကြောင်းရင်းက ဘာဖြစ်နိုင်မလဲ..."

ဟူဂျွန်းရှီက ချက်ခြင်း ပြန်ဖြေလိုက်၏။

"သူက အကြောင်းရင်းကို မပြောခဲ့ဘူး ...ပြိုင်ဘက်ကုမ္ပဏီတွေဆိုတာ ရန်သူတွေပါ အကိုယောင်..ပူးပေါင်းဆောင်ရွက်ဖို့ လာတာ မဟုတ်လောက်ဘူးလို့တော့ ကျွန်တော် ထင် ပါတယ်..."

ဟူဂျွန်းရှီရဲ့ ခန့်မှန်းချက်ကို လျူယောင် သ ဘော တူကာ ခေါင်းညိတ်လိုက်သည်။ ပူး ပေါင်းဆောင် ရွက်ဖို့ မဟုတ်တာတော့ သေ ချာပေသည်။

" ဒီလူ ဘာကြောင့် လာတာလဲ... "

စက်လေးလုံးကို လျူယောင် ချက်ချင်းစဉ်း စားမိသွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

All Chapters