← Chapters

သက်သေက ဘယ်မှာလဲ

Vol. 25 Ch. 342

သက်သေက ဘယ်မှာလဲ

Vol. 25 Ch. 342

လျူယောင် စဉ်းစားနေတာကို မြင်တဲ့အခါ ဟူဂျွန်းရှီ တစ်ခုခုကို သဘောပေါက်သွားပြီး လျင်မြန်စွာမေးလိုက်သည်။

"အစ်ကိုယောင်...အကိုတစ်ခုခုကို ခန့်မှန်းမိ လို့လား..."

လျူယောင် ခေါင်းညိတ်ပြလိုက်သည်။

"ငါ့ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီလူက စက်အတွက် လာတာပဲ..."

"ဘာ..."

"စက်အတွက်လား"

ဟူဂျွန်းရှီ ရုတ်တရက် စိတ်ပူပန်သွားပြီး တုံ့ပြန်မှုက အလွန်ပြင်းထန်လှသည်။ သူက အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။

"ဒီလူတွေက ကောင်းကောင်းစဉ်းစား ထားတာပဲ.. ကျွန်တော်တို့ရဲ့ စက်တွေကို လာပြီး စိတ်ကူးရှိနေသေးတယ်"

ဒီစက်တွေက အဖိုးတန်တာကြောင့် ဘယ်သူ ကမှစိတ်ကူးမယဉ်ရဲပေ။

လျူယောင် သေချာ မှာလိုက်၏။

"မင်း သူတို့ကို မနက်ဖြန်တွေ့လိုက်ပါ တ ကယ် လို့ တကယ်ပဲ စက်အတွက်ဆိုရင် အဲဒီ့ လို ကိစ္စမရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြောလိုက်.."

"ဟုတ်ကဲ့ ကျွန်တော်သိပါပြီ"

ဟူဂျွန်းရှီ လျင်မြန်စွာ ခေါင်းညိတ်လိုက် သည်။

......

နောက်တစ်ရက်တွင်...

လျူယောင်ရဲ့ ညွှန်ကြားချက်အရ ဟူဂျွန်း ရှီက Universal ၏ မန်နေဂျာအနေဖြင့် အာ နက်စတာတို့ အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သည်။

နှစ်ဦးသားတွေ့ဆုံတာနဲ့ အဓိကအကြောင်း အရာကို အာနက်စတာ တန်းပြောလိုက်၏။

"ခင်ဗျားတို့ ကုမ္ပဏီမှာ ၅-နာနိုမီတာ စက် နဲ့ ၈-နာနိုမီတာ စက်တွေ ရှိတယ်လို့ ကျွန်တော် ကြားတယ်..."

ဟူဂျွန်းရှီက ဒီအချက်ကို မဖုံးကွယ်ထား ခဲ့ပေ။ သူဖုံးကွယ်ထားချင်ရင်တောင် မဖြစ် နိုင်တာကြောင့် ရိုးရိုးသားသားပင် ဝန်ခံ လိုက်သည်။

"ဟုတ်ပါတယ် ကျွန်တော်တို့ဆီမှာ ဒီလို စက်တွေ ရှိပါတယ်..."

အာနက်စတာက လှောင်ပြောင်တဲ့ လေသံနဲ့ ပြောလိုက်၏။

"ခင်ဗျားတို့နိုင်ငံရဲ့ စွမ်းရည်နဲ့ဆို.. ဒီလို စက်မျိုးကို ထုတ်လုပ်နိုင်မှာ မဟုတ်ဘူး..."

အခြားလူရဲ့လှောင်ပြောင်မှု့ကို ခံစားမိတာ ကြောင့် ဟူဂျွန်းရှီ ချက်ခြင်း ပြန် ဖြေလိုက် သည်။

"ဒါက ခင်ဗျားတို့နဲ့ ဘာဆိုင်သလဲ"

"ကျွန်တော်တို့ နိုင်ငံက.. ဒီအဆင့်လို စက် မျိုးကို အခုထိ ထုတ်လုပ်နိုင်ခြင်းမ ရှိသေး ဘူး... ဒါပေမယ့် နောက် သုံးနှစ်..ငါးနှစ် အတွင်းမှာတော့ မထုတ်လုပ်နိုင်ဘူးလို့ မဆိုနိုင်ဘူး..."

"ဆိုင်တာပေါ့ ငါတို့နဲ့ ဆိုင်တာပေါ့.. သေချာ ပေါက် ငါတို့နဲ့ဆိုင်ပါတယ်.. ခင်ဗျားတို့ ကုမ္ပဏီရဲ့ စက်က ငါတို့ရဲ့လေယာဉ် ပျက် ကျပြီး ပင်လယ်ထဲပြုတ်ကျ ပြောက်ဆုံး နေတဲ့စက် ဖြစ်တယ် ဆိုတာ သံသယရှိ တယ်"

"ဟဲဟဲ..."

ဟူဂျွန်းရှီက မျက်နှာကို တည်တည်ထား လိုက်ပြီး လက်ဝှေ့ယမ်းကာ မေးလိုက်သည်။

"သက်သေက ဘယ်မှာလဲ သက်သေ ကိုပြ စမ်း"

အာနက်စတာက ပိုလို့ပင် မျက်နှာ ပြောင် ပြောင်နဲ့ ပြောလိုက်သည်။

"ငါတို့က သက်သေမလိုဘူး မင်းတို့လက်ထဲ မှာရှိတဲ့ စက်က ငါတို့ရဲ့ဟာ အခုပဲ ငါတို့ကို ပြန်ပေးပါ"

"ဒီလူ ငါ မင်းကို ရိုက်ဖို့အိပ်မက်မက်နေတာ လား"

"မင်းက မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ သက်သေမလိုရအောင်.."

ဟူဂျွန်းရှီ စိတ်ထဲကနေ ဒေါသထွက်ကာ ရေရွတ်ရင်း ပြောလိုက်သည်။

"သက်သေမရှိဘူးဆိုရင် ကျေးဇူးပြုပြီး ပြန်သွားပါ"

သူက ဧည့်သည်ကို တိုက်ရိုက်ပြန်လွှတ် လိုက်၏။ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကို သူ နားလည်သွားပြီးနောက် အာနက်စတာ နဲ့အတူ အချိန်ကုန်ခံလိုစိတ်မရှိတော့ပေ။

အာနက်စတာက နစ်ဘစ် လို့ခေါ်တဲ့ ကုမ္ပဏီ ကြီးတစ်ခုရဲ့ အကြီးတန်းအမှု့ဆောင် တစ်ဦး ဖြစ်ပြီး သူတို့ကုမ္ပဏီက ချပ်ပြား ထုတ်လုပ် ရေးနယ်ပယ်တွင် လည်း အားကောင်းတယ် လို့ ယူဆထားတာကြောင့် သူ တိုက်ရိုက်ခြိမ်း ခြောက်လိုက်သည်။

"ကောင်းပြီ ငါ အခုပြန်မယ် ဒါပေမယ့် မင်း တို့ကုမ္ပဏီက အနာဂတ်မှာ ဖြစ်လာမယ့် အရာအားလုံးအတွက် တာဝန်ယူ ရလိမ့် မယ်.."

ဟူဂျွန်းရှီ အနည်းငယ်ဒေါသထွက်သွားပြီး အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်။

"လုံခြုံရေးတွေ ဘယ်မှာလဲ ဒီလူတွေကို အပြင်ထုတ်လိုက်စမ်း"

ချက်ချင်းဆိုသလို လုံခြုံရေးအစောင့် ခုနစ် ဦး ရှစ်ဦး ဝင်လာခဲ့သည်။ဒါကို မြင်တဲ့အခါ အာနက်စတာနဲ့ အခြားသူများက စိတ်ပျက် အားငယ်စွာဖြင့် ထွက်ခွာသွားရတော့သည်။

.....

ခဏအကြာတွင်...

တံခါးကို ပြန်ခေါက်ပြီး လျူယောင်ရဲ့ ရုံးခန်း ထဲသို့ ဟူဂျွန်းရှီ ဝင်ရောက်ကာ ခုနက အခြေ အနေကို အစီရင်ခံလိုက်သည်။ဒီအချိန်ထိ ဟူဂျွန်းရှီရဲ့ စိတ်ထဲက ဒေါသမှာ မပြေသေး ပေ။

လျူယောင်ကို သူ အကြောင်းစုံ ပြောပြ လိုက်သည်။

"ဒီလူတွေက သူတို့ကိုယ် သူတို့ အရမ်း အထင်ကြီးနေကြတယ်..ကျွန်တော် တို့ကို တောင် လာပြီး ခြိမ်းခြောက်နေ သေး တယ်.. . ကျွန်တော်ကတော့ သိပ်မကြောက်ပါဘူး..."

လျူယောင် နှစ်သိမ့်ကာ ပြောလိုက်၏။

"ဒီလို ရူးသွပ်နေတဲ့ ခွေးမျိုးကို ပညာပေးဖို့ မလိုပါဘူး ..ငါတို့ရဲ့ စက်ရုံနှစ်ရုံစလုံး လည် ပတ်ပြီးရင် Universal ကုမ္ပဏီ ရဲ့ နာမည်နဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက် မယ်"

ကြေညာချက်ပါ အကြောင်းအရာက အလွန် ရိုးရှင်းလှသည်။ နစ်ဘစ်နဲ့ ပူးပေါင်းဆောင် ရွက်တဲ့ မည့်သည့် ကုမ္ပဏီကိုမဆို Universal ကုမ္ပဏီက ချပ်ပြားထုတ်လုပ်ရေးကို လက်မ ခံကြောင်း ချပ်ပြားကုမ္ပဏီများအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြခြင်းပင် ဖြစ်၏။

ဒီစကားကို ကြားတဲ့အခါ ဟူဂျွန်းရှီရဲ့ မျက် လုံးများက အရောင် တောက်လာခဲ့သည်။

သူက လက်မထောင်ပြပြီး ချီးကျူးလိုက် ၏။

"အစ်ကိုယောင် ..ဒီနည်းလမ်းက တကယ့်ကို မိုက်တယ် တကယ့်ကို မိုက်တာပဲဗျာ"

ကမ္ဘာတစ်ဝန်းလုံးကို ကြည့်လိုက်ရင် အကြီး ဆုံး ချပ်ပြား လုပ်တဲ့ ဈေးကွက်က ဘယ်မှာ လဲ ယန်နိုင်ငံမှာဆိုတာ သံသယဖြစ်စရာ မလိုပေ။

နှစ်စဉ် တင်သွင်းလာသော ချပ်ပြားများက ဒေါ်လာဘီလီယံရာချီရှိပေသည်။သူတို့က ဘာ့ ကြောင့် ချ ပ်ပြားများစွာကို တင် သွင်း ရသနည်း။ အဓိကအကြောင်းရင်းမှာ ကိုယ် တိုင်မထုတ်လုပ်နိုင်ခြင်းကြောင့်ပင် ဖြစ်၏။

ဒီဇိုင်းဆွဲခြင်းနှင့် တည်ဆောက်ခြင်းက ပြ ဿနာမရှိပေ ။ အဓိကပြဿနာကတော့ ထုတ်လုပ်ခြင်းနှင့် တည်ဆောက် ခြင်းတို့ တွင်ဖြစ်သည်။အမှန်ပါပဲ သူတို့တွင် လစ်သိုဂရက်ဖီစက် မရှိတာကြောင့်ပင်။

အခု ဒီပြဿနာက မရှိတော့ပေ။ Universal ချပ်ပြားထုတ်လုပ်ရေး ကော်ပို‌ ရေးရှင်းကို တည်ထောင်ပြီး ထုတ်လုပ်မှု့ စတင် လိုက် တာနဲ့ ပြည်တွင်းတွင် လိုအပ်တဲ့ ချပ်ပြားများ ကို အခြေခံအားဖြင့် ထုတ်လုပ်နိုင်တော့ မည် လေ။

နောက်ကွယ်တွင် ဒီလိုကြီးမားတဲ့ ပြည်တွင်း ချပ်ပြား ဝယ်လိုသူ ဈေးကွက်ရှိနေတဲ့ အ တွက် ဘယ်သူ့ကို ကြောက်နေရမည်နည်း။

လျူယောင်က တိုက်ရိုက်နည်းဗျူဟာကို အ သုံးပြုခဲ့သည်။ သူက နှစ်ခုထဲမှ တစ်ခု ကို သာ ရွေးချယ်နိုင်စေရန် လုပ်လိုက်သည်။ နီဘစ် ကုမ္ပဏီနဲ့ ပူးပေါင်းတဲ့ ဘယ်ကုမ္ပဏီ မဆို Universal က လက်တွဲတော့မှာ မဟုတ် ပေ။

"ဒါပေါ့ "

"ဒါပေါ့.."

ဒီနည်းလမ်းရဲ့ စွမ်းအားကို နားလည်သွား ပြီးနောက် ဟူဂျွန်းရှီ လေးစားအားကျသွား သည်။

အာနက်စတာတို့အဖွဲ့ကတော့ အရှက်ကွဲစွာ ဖြင့်သာ ပြန်သွားခဲ့ရသည်။

နီဘစ်ကုမ္ပဏီကို ပြန်ရောက်တဲ့အခါ ပထမ ဆုံးမော်ဒီဂါဗင်ထံ အစီရင်ခံ လိုက်ခြင်း ဖြစ် ၏။

မော်ဒီဂါဗင်က အာနက်စတာရဲ့ မျက်နှာ အမူ အရာကို မြင်လိုက်တဲ့အခါ. ဘာဖြစ်ခဲ့လဲ ဆိုတာ အခြေခံအားဖြင့် နားလည်သွားပြီး မေးလိုက်သည်။

"အဲဒီ စက်တွေကို ပြန်မရခဲ့ဘူး မို့လား..."

အာနက်စတာက ဒေါသတကြီး ပြောလိုက် ၏။

"ဒါက ကျွန်တော်တို့ရဲ့ စက်ဆိုတာ ထင်ရှား နေတာတောင် ပြန်မရဘူး ..ကျွန်တော် တ ကယ် မခံစားနိုင်ဘူးဗျာ"

မော်ဒီဂါဗင်က သူ့ပခုံးကို ဖြည်းညှင်းစွာ ပုတ်ပေးပြီး နှစ်သိမ့်လိုက်သည်။

"ဒီကိစ္စကို မေ့လိုက်ရအောင်.. လစ်သိုဂရပ်ဖီ စက် လေးလုံးက ပင်လယ်ထဲပြုတ်ကျ သွားပြီး ရှာမတွေ့တော့ဘူး ..သက်သေမရှိပဲ ငါတို့က ဘာမှ ဆက်လုပ်လို့မရဘူး ..."

ဒီစကားကလွဲပြီး ပိုကောင်းတဲ့နည်းကို မော် ဒီဂါဗင် မစဉ်းစားနိုင်တော့ပေ။

.....

မြောက်ပစိဖိတ်သမုဒ္ဒရာ...

လိပ်ကြီးက ဒီကျွန်းအနီးတွင် ရက်အနည်း ငယ်နေခဲ့သည်။ ဗိုက်ဆာတဲ့အခါ ပင်လယ် ဖျံဝကြီးများကို စားပြီး ဗိုက်ပြည့်တဲ့အခါ အနားယူခြင်း ဒါမှမဟုတ် အနီးအနားတွင် လှိုင်းစီးနေခဲ့သည်။သူက အပူအပင် လုံးဝ ရှိမနေပေ။

အရင်က ဒီကျွန်းအနီးတွင် ငါးမန်းဖြူ ကြီး များလူသတ်ဝေလငါးများနှင့် အခြားသား ရဲကြီးများ ရှိခဲ့သည်။ လိပ်ကြီး ပေါ်လာ ပြီး နောက် သူတို့၏အရေအတွက်မှာ တဖြည်းဖြ ည်းလျော့နည်းလာခဲ့သည်။

ပင်လယ်ဖျံများကို ရက်အနည်းငယ်စားပြီး နောက် လိပ်ကြီး အနည်းငယ်ငြီးငွေ့လာပြီး အရသာပြောင်းလဲလိုခဲ့သည်။ သူ တောင် ဘက်ခြမ်းကို ကူးခတ်သွားပြီး တစ်ဆက် တည်း ပင်လယ်ရေမိုင်ထောင်ချီ ကူးခတ် လိုက်သည်။

ဒီနေရာရဲ့ လတ္တီတွဒ်က အနည်းငယ်နိမ့်ပြီး နွေးထွေးနေ၏။ ပင်လယ်ဖျံများကို မြင်ရရန် ခက်ခဲမည်ဟု ခန့်မှန်းရသည်။ လိပ်ကြီး ပင် လယ်နက်ထဲ သွားကြည့်ရန် ရည်ရွယ် ထား ပြီး ကံကောင်းရင် ကြီးမားတဲ့ အကောင် အချို့ကို သူ တွေ့နိုင်ပေမည်။

ယခင်က အိန္ဒိယသမုဒ္ဒရာတွင် ထိုအမည် မ သိချောက်နက်ထဲတွင် ကြီးမား တဲ့အကောင် များရှိခဲ့သည်။ထိုထဲတွင် ထူးဆန်းတဲ့ငါးဖြူ အကောင်ငယ်က တန်ရာချီအလေးချိန်ရှိပြီး အကြီးဆုံးက တန်သုံးရာကျော် အလေးချိန် ရှိပေသည်။

တန် ၃၀၀ ကျော်အလေးချိန်ရှိတဲ့ ထူးဆန်း ငါးဖြူက လိပ်ကြီးရဲ့ ဗိုက်ကို ၈၀ ရာခိုင်နှုန်း ခန့် ဝစေရန် အခြေခံအားဖြင့် လုံလောက်ပေ သည်။

အခု သူ့ အလေးချိန်က တန် ၉၀၀ ကျော် ရှိပြီး တစ်ကြိမ်လျှင် အစာ တန် ၃၀၀ ခန့်စား ခြင်းမှာ ပြဿနာမရှိပေ။ သုံးတန် ဒါမှမဟု တ် ငါးတန်အလေးချိန်ရှိတဲ့ ပင်လယ်ဖျံ မျိုး ဆို လိပ်ကြီးက တစ်ကြိမ်လျှင် ဒါဇင်နှင့်ချီ စားသုံးနိုင်သည်။

တောင်ဘက်ကို ပင်လယ်ရေမိုင်ထောင်ချီ ကူးခတ်ပြီးနောက် ဒီနေရာရဲ့ရေအနက်မှာ သုံးထောင် ဒါမှမဟုတ် လေးထောင်မီတာခန့် ရှိနိုင်တာကို လိပ်ကြီး ခံစားခဲ့ရသည်။ အောက်တွင် ရေအောက်ချောက်လား ဒါမှ မဟုတ် တစ်စုံတစ်ခု ရှိကောင်းရှိနိုင်လောက် မည်။

လိပ်ကြီး၏ ရည်ရွယ်ချက်က ကြီးမားတဲ့ ရေအောက်ချောက် တစ်ခုကို ရှာဖွေရန် ဖြစ် ပြီး အဲ့ဒီ့ထဲသို့ သူ ဝင်ကြည့်မှာပဲ ဖြစ်၏။

ကံကောင်းရင် ကြီးမားတဲ့ အကောင် အချို့ ကို တွေ့နိုင်ပြီး အစာအတွက် လိပ်ကြီး ပူစရာမလိုတော့ပေ။

ရေနက်ပိုင်းကို လိပ်ကြီး ကူးခတ်နေပြီး ရေအနက်က တဖြည်းဖြည်းနက် လာ သည်။မီတာ ရာဂဏန်းမှ တစ်ထောင်မီတာ ကျော် ပြီးနောက် နှစ်ထောင်မီတာကျော် သုံးထောင်မီတာ ကျော်လာကာ ပင်လယ် အောက်ခြေကို ရောက်လာခဲ့သည်။

စူပါအာရုံခံနိုင်စွမ်းကို လိပ်ကြီးက အပြည့် အဝ အသက်သွင်းပြီး ပင်လယ်အောက် ခြေ တွင် ဖြည်းဖြည်းချင်း ရေကူးကာ ဘေးကို ကြည့်လိုက်‌‌ တော့ အမှန်တကယ် ပင်လယ် ရေအောက်လွင်ပြင်ဖြစ်နေတာကြောင့် အ နည်းငယ်စိတ်ပျက်သွားရသည်။

ဒီနေရာက အလွန်ပြန့်ပြူးတဲ့ နေရာဖြစ်ပြီး ရေအနက်မှာ ၃,၆၀၀ မှ ၇၀၀ မီတာခန့် ရှိ ၏။ပင်လယ်ရေမိုင် ဆယ်ဂဏန်းခန့် လိပ် ကြီး ဖြည်းဖြည်းချင်း ရေကူး သွားကာ ပင် လယ်ကြမ်းပြင်အောက် လွင်ပြင်တွင်သာ ရှိနေ သေးသည်။ ဒီပင်လယ်အောက်လွင် ပြင်က ဘယ်လောက်ကြီးမားလဲဆိုတာတော့ သူ မသိပေ။

လိပ်ကြီးရဲ့ စိတ်ထဲတွင် အနည်းငယ် စိတ် ဓာတ်ကျသွားခဲ့သည်။ သူရှာဖွေနေတာက ရေအောက်ချောက်နက် ဖြစ်ပြီး ပင်လယ် ရေအောက်လွင်ပြင်မဟုတ်ပေ။

ပင်လယ်ရေမိုင် ဆယ်မိုင်ကျော်ခန့် ဖြည်း ဖြည်းချင်း ရေကူးပြီးနောက် လိပ်ကြီး ရပ် တန့်လိုက်သည်။ သူ့ရှေ့တွင် ကြီးမားတဲ့ ရေအောက်တွင်းကြီးတစ်တွင်းကို တွေ့လိုက် ရ၏။

ဒီဧရာမတွင်းကလည်း မြောက်အတ္တလန္တိတ် သမုဒ္ဒရာတွင် လိပ်ကြီး တွေ့ခဲ့တဲ့ စက်ဝိုင်း ပုံစံ တွင်းသုံးတွင်းနှင့် လုံးဝ တူညီပေသည်။ ညီညာတဲ့ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီး အော က်ဘက်သို့ ဒေါင်လိုက်တည့်တည့် ဆင်း သွားတာကို သူ တွေ့လိုက်ရသည်။

All Chapters