ပျားအုံကို တုတ်နဲ့ ထိုးမိခြင်း
Vol. 25 Ch. 343
လိပ်ကြီးရဲ့ ဉာဏ်ရည်မှာ နည်နည်း တိုးတက် လာ၏။အခုလက်ရှိ သူ့ရဲ့ ဉာဏ်ရည်အဆင့် က ၁၃ နှစ် ၁၄ နှစ်အရွယ် ကလေးတစ် ယောက်နဲ့ အတူတူလောက်ရှိနေသည်။
ရေအနက် မီတာ ၃,၀၀၀ ကျော်တွင် နောက် ထပ်ကြီးမားတဲ့ စက်ဝိုင်းပုံစံ တွင်းကြီး တစ်တွင်းကို သူ ထပ်မံတွေ့သွားခဲ့သည်။
ဒါကို တွေ့တဲ့ အခါ သူမယုံကြည်နိုင်လောက် အောင် ဖြစ်သွားပြီး သူ့ရဲ့ စူပါအာရုံခံနိုင်စွမ်း တွင် တစ်ခုခုမှားယွင်းနေတာလားလို့ ထင် မှတ် ခဲ့၏။
ဒီ ကြီးမားတဲ့စက်ဝိုင်းတွင်းကြီးရဲ့ အစွန်းနား ရောက်တဲ့ အထိ လိပ်ကြီး ခဏတာ ကူး ခတ်သွားခဲ့သည်။ မှန်ကန်ကြောင်း အတည် ပြုပြီးနောက် သူ လျူယောင်နဲ့ တက်ကြွစွာ ဆက်သွယ်လိုက်သည်။
"သခင်ရေ..သခင် ဒီမှာ ကြီးမား တဲ့တွင်း ကြီးတစ်တွင်းရှိတယ်ဗျ... ပြီးခဲ့တဲ့ မြောက် အတ္တလန္တိတ်က တွေ့ခဲ့တဲ့ ဧရာမတွင်း ကြီး သုံးတွင်းနဲ့ အတူတူပဲ..."
"ဘာ..."
"နောက်ထပ် ဧရာမတွင်းကြီးတစ်တွင်းကို တွေ့ခဲ့ပြန်ပြီလား"
လျူယောင် တုန်လှုပ်သွားခဲ့သည်။
တတိယအမြင်မှတဆင့် သူ ကြည့်လိုက်ရာ လိပ်ကြီးရဲ့တည်နေရာက မြောက်အတ္တလန္တိ တ်သမုဒ္ဒရာတွင်မဟုတ်ဘဲ မြောက်ပစိဖိတ် သမုဒ္ဒရာတွင် ရှိကြောင်း အတည်ပြုရန် အိမ်မွေးတိရစ္ဆာန်ထိန်းချုပ်ရေး ချပ်ပြား ကို လျင်မြန်စွာဖွင့်ကြည့်လိုက်သည်။
မီတာ ၃,၀၀၀ ကျော်အနက်ရှိ ပင်လယ် အောက်ခြေက လျူယောင် ရှေ့တွင် ရှင်း ရှင်းလင်းလင်း ပေါ်လာခဲ့သည်။
သံသယဖြစ်စရာမလိုပေ ဒီနေရာက ပင် လယ်ရေအောက်လွင်ပြင် ဖြစ်လောက် သည်။သူ့ရဲ့ မီတာ ၁,၀၀၀ အချင်းရှိတဲ့ မြင်ကွင်းထဲတွင် မြေမျက်နှာသွင်ပြင်က အလွန်ပြန့်ပြူးနေခဲ့သည်။
ဧရာမစက်ဝိုင်းတွင်းကြီးကိုလည်း လျူ ယောင် မြင်လိုက်ရ၏။
ထိုတွင်းက အလွန်ပုံမှန်ဖြစ်ပြီး အောက် ဘက်ကို ဒေါင်လိုက်တည့်တည့်ကျနေကာ နက်ရှိုင်းလွန်းတာကို တွေ့ခဲ့ရသည်။
လျူယောင် ထိတ်လန့်သွားခဲ့သည်။
ပစိဖိတ်သမုဒ္ဒရာရဲ့ မီတာ ၃,၀၀၀ ကျော် နက်တဲ့ ပင်လယ်အောက်ခြေတွင် ဒီလို ကြီးမားတဲ့ တွင်းကြီးတစ်တွင်း ဘာလို့ ရှိ နေတာလဲဆိုတာကို သူ စဉ်းစားလို့ မရနိုင်ခဲ့ပေ။
"သခင်ရ ကျွန်တော် ဝင်ကြည့်လိုက်ရလား.."
"နောက်ထပ် ဧရာမတွင်းကြီးတစ်တွင်းလား"
လျူယောင်လည်း ဒီတွင်းရဲ့ အခြေအနေကို အရမ်း သိချင်နေသည်။
"ဒီ ဧရာမတွင်းကြီးထဲရော.. ဘာတွေရှိနေ မလဲ တကယ်ပဲ အရမ်းနက်ရှိုင်းနေမလား..."
မြောက်အတ္တလန္တိတ်သမုဒ္ဒရာမှ တွင်းကြီး သုံးတွင်းအနက် တစ်တွင်းထဲတွင် ကြီးမား တဲ့ပုံသဏ္ဍာန်တစ်ခု လျှပ်တစ်ပြက်ဖြတ် သွားတာကို လျူယောင် တွေ့ခဲ့ရသည်။
"ဒီ ဧရာမတွင်းကြီးထဲရော ဘာရှိနေသလဲ.."
နောက်ဆုံးတော့ လျူယောင် သဘောတူ လိုက်၏။
"အင်း မင်းဝင်ကြည့်လို့ရတယ် ဒါပေမယ့် သတိရပါ...ဘေးကင်းရေးက ပထမပဲဆိုတာ ဖြည်းဖြည်းသွား"
"ဟုတ်... သခင် ကျွန်တော် ဂရုစိုက်ပါ့မယ်..."
ထိုသို့ပြောပြီးနောက် ဧရာမလှံနဲ့အတူ လိပ် ကြီး ထွက်ခွာလာကာ နက်ရှိုင်းတဲ့တွင်းထဲသို့ ရေကူးဝင်လာ ပြီးအနက်ပိုင်းကို ဖြည်း ဖြည်းချင်း ရောက်လာခဲ့သည်။
လျူယောင်ကတော့ တတိယအမြင်မှ တစ် ဆင့် တွင်းထဲရှိ အခြေအနေကို ဂရုတစိုက် ကြည့်နေခဲ့သည်။ဒီ ဧရာမတွင်း နံရံများက လည်း အလွန်ပြန့်ပြူးနေပြီး လက်ဖြင့် ဖြတ် ထားသလို ဖြစ်နေ၏။ဒါက သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းနဲ့ လုံးဝ တူမနေပေ။
ဒီတွင်းနံရံရဲ့အခြေအနေကိုကြည့်ရင် ပြီး ခဲ့တဲ့သုံးတွင်းရဲ့အခြေအနေနဲ့ အခြေခံအား ဖြင့် ဆင်တူနေပေသည်။ ရှေးကျတဲ့ခံစားမှု့ မျိုးရှိပြီး အသစ်တူးထားသလို လုံးဝ ဖြစ်မ နေပေ။
လိပ်ကြီး ဖြည်းဖြည်းချင်းဆင်းသွားပြီး ရေ အနက်ပိုင်းကို တဖြည်းဖြည်း ရောက်လာခဲ့ သည်။ မီတာ ၃,၀၀၀ ကျော်မှ မီတာ ၄,၀၀၀ ကျော် ပြီးနောက် မီတာ ၅,၀၀၀ ကျော်အနက် ကို လိပ်ကြီး ရောက် လာခဲ့သည်။
မီတာ ၅,၀၀၀ ကျော် ရေအနက်ကို လိပ်ကြီး ရောက်တဲ့အခါ တတိယအမြင်မှတစ်ဆင့် လျူယောင် တစ်ခုခုကို တွေ့လိုက်ရသည်။
အောက်ဘက်တွင် ကြီးမားသောရေဘ ဝဲအမြောက်အမြားကို သူ တွေ့လိုက်ရ၏။
ဒါကလူသားများ မသိရှိလောက်တဲ့ ကြီးမား တဲ့ ရေဘဝဲမျိုးစိပ်ဖြစ်ပြီး ဒီကောင်က အလွန် ကြီးမားလှသည်။ လက်တံ ခြေတံ များရဲ့ အလျားကပင် မီတာ ၁၀၀ ကျော်ရှိ နေသည်။
" ဒါ အိမ်မက်လားဟ... "
ဒီကောင်ကြီးက တကယ် ကြီးမားတဲ့ သတ္တ ဝါအစစ်အမှန်ဖြစ်ပြီးလိပ်ကြီး ထက်ပင် အလေးချိန်ပိုနိုင်လောက်တယ်လို့ ခန့်မှန်းနိ င်ခဲ့သည်။သူတို့က တစ်ကောင်တည်း မဟုတ်ဘဲ အများကြီး ရှိနေသေးသည်။
လျူယောင် လျင်မြန်စွာ သတိပေးလိုက်၏။
"လိပ်ကြီး ..မင်း ..ဆက်ဆင်းရင် ဧရာမရေ ဘဝဲကြီးတွေနဲ့ တွေ့လိမ့်မယ်...သူ တို့တစ် ကောင်ချင်းစီက ဧရာမတွေဖြစ်ပြီး မင်း ထက်တောင် အလေးချိန်ပိုများနိုင်တယ်..."
လိပ်ကြီး အနည်းငယ်စိတ်လှုပ်ရှားသွား သည်။ သူက အလွန်ကြီးမားတဲ့ ပင်လယ် သတ္တဝါများကို မတွေ့ရတာ အချိန်အတော် ကြာခဲ့ပီလေ။
"အိုခေဘာသခင် သူတို့ရဲ့အရသာက ဘယ် လိုလဲမသိဘူး တစ်ကောင်လောက်ဖမ်းပြီး စားချင်လိုက်တာ.."
" လခွမ်း အစားမက်တဲ့ကောင် တကယ် အစားမက်တဲ့ကောင်ပဲ.."
လျူယောင် ခဏ စကားမပြောနိုင် ဖြစ်သွား ပြီး သူ့စိတ်ထဲကနေလည်း ဒီကောင်တွေကို လိပ်ကြီးနဲ့ နိူင်းယှဥ် ကြည့်နေသည်။
ဒီဧရာမရေဘဝဲက ကြီးမားပေမဲ့ သူတို့က လိပ်ကြီး အစာဖြစ်နိုင်ပြီး တိုက်ခိုက်ရေးစွမ်း ရည်မှာတော့ လိပ်ကြီးနဲ့ မယှဉ်နိုင်လောက် ပေ။
"ဒါဆို မင်း ဂရုစိုက်အုံး သူတို့က များတယ်နော်...အကြီးဆုံးတစ်ကောင်ကတော့ ကြောက်စရာကောင်းလောက်မယ် .."
လိပ်ကြီးက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေ လိုက်၏။
"သခင်ကလည်း စိတ်မပူပါနဲ့ဆို ဗျာ ..ကျွန်တော် အန္တရာယ်မရှိပါဘူး..."
သူက ယုံကြည်မှု့ရှိတဲ့ အသွင်အပြင်ကို ပြသ ခဲ့ပြီး ဘယ်လိုကိုင်တွယ်ရမည်ကို သိနေပုံရ ၏။အရှိန်ကိုလျှော့ကာ ဧရာမတွင်းရဲ့ ရေ နက်ပိုင်းကို ဖြည်းဖြည်းချင်း ရေကူးသွား တော့သည်။
နောက်ဆုံးတွင် လိပ်ကြီးရဲ့ စူပါအာရုံခံနိုင် စွမ်းနယ်ပယ်အတွင်း၌ ပထမဆုံးရေဘဝဲကို တွေ့သွားခဲ့သည်။လိပ်ကြီး၏ အရှိန် ပိုပြီးနှေးကွေးသွားကာ ဒီကောင်ကြီး နားကို တိတ်တဆိတ် ချဉ်းကပ်သွားလိုက်သည်။
အကွာအဝေး မီတာ ၂၀၀ ၃၀၀ လောက်ရှိ တော့တဲ့ အထိပင် ဒီဧရာမရေဘဝဲကတော့ လိပ်ကြီးကို မတွေ့သေးပေ။
နောက်ဆုံးတော့ မဖိတ်ခေါ်ပဲ ရောက်လာ တဲ့ ဧည့်သည်ကို ရေဘဝဲကြီး တွေ့သွား၏။
သူတို့၏အမြင်တွင် ဒီဧရာမတွင်းကြီးက သူတို့ရဲ့နယ်မြေဖြစ်ပြီး လိပ်ကြီးက ကျူး ကျော်သူဖြစ်သည်။
ကျူးကျော်သူကို ရင်ဆိုင်ရန်အတွက် ဧရာမရေဘဝဲ က ရုတ်တရက်ပြေးလာပြီး မီတာရာချီရှည်လျားတဲ့ လက်တံရှည်များနှင့် ခြေတံရှည်များကိုပင် ဝှေ့ယမ်းလိုက်သည်။
လိပ်ကြီးက အခွင့်အရေးကို ဆုပ်ကိုင်လိုက် ၏။ တစ်ရှိန်ထိုးပြေးဝင်သွားပြီး လှဲနဲ့ ထိုး သွင်းလိုက်ရာ လှံသွားက ဧရာမရေဘဝဲ၏ ကိုယ်ထဲ ဝင်သွားကာ မီတာ ၂၀ ကျော် အနက်ထိရောက်ရှိသွားသည်။
" အစ်.."
ဒီဧရာမရေဘဝဲက လက်တံများနဲ့ လိပ်ကြီး ကိုတင်းကျပ်စွာ ရစ်ပတ်လိုက်၏။
တင်းကြပ်တဲ့ဖိအားကို လိပ်ကြီး ခံစား ရပေမဲ့ ခံနိုင်ရည်ရှိနေသေးသည်။
လိပ်ကြီးက ဧရာမလှံနဲ့ ပို ပြင်းထန်စွာ ထိုးသွင်းလိုက်ပြီး မွှေနှောက်လိုက်သည်။
" အီး.. သေပါပြီ.. "
ဒီ ဧရာမရေဘဝဲကြီး နောက်ဆုံးတွင် သေဆုံး သွားခဲ့ပြီး လိပ်ကြီးကို တင်းကျပ်စွာ ရစ်ပတ် ထားတဲ့ လက်တံများက တဖြည်းဖြည်း လျော့ကျသွားသည်။
လျူယောင် တတိယအမြင်မှတဆင့် တိုက်ပွဲ တစ်ခုလုံးရဲ့ အခြေအနေကို ရှင်းရှင်းလင်း လင်း မြင်တွေ့လိုက်ရပြီး လိပ်ကြီးကို စိတ် ထဲမှ သူ ချီးကျူးလိုက်သည်။
တန် ၉၀၀ ကျော်အလေးချိန်ရှိတဲ့ လိပ်ကြီး ၏ တိုက်ခိုက်အားက တကယ့်ကို အစွမ်းထ က်လှပေသည်။
တစ်ချိန်တည်းမှာပင် ကျန်ရှိနေသေးတဲ့ ဧ ရာမရေဘဝဲများထိတ်လန့်သွားပြီး သူတို့က လိပ်ကြီးဆီ အလျင်အမြန်ပြေးလာနေတာကို တတိယအမြင်မှတဆင့် လျူယောင် မြင် လိုက်ရသည်။
လိပ်ကြီးက ပျားအုံကို တုတ်နဲ့ထိုးမိသလို ဖြစ်သွားပုံရ၏။
ဒီ ဧရာမရေဘဝဲများက လိပ်ကြီးဆီ အလျင် အမြန်ပြေးလာနေတာကြောင့် တွင်းကြီးရဲ့ အောက်ခြေကို သေချာကြည့်ရှုရန် အချိန် မရှိတော့ပေ။ လိပ်ကြီး အရင် ဆုတ်ခွာရ တော့သည်။
"ငါက တစ်ယောက်ချင်းပဲ တိုက်ချင်တာ အဖွဲ့လိုက်တိုက်ချင်ရင်တော့ မဖြစ်နိုင်ဘူး ဆုတောင်းလိုက်...လစ်ပီ... "
ဧရာမရေဘဝဲများ ပြေးလာတာကို လိပ်ကြီး အာရုံခံမိလိုက်ပြီး လှံ ကို ဆွဲယူပြီးနောက် ပြန် ဆုတ်ခွာခဲ့သည်။ဒီရေဘဝဲများက လိပ် ကြီးနောက်ကို ခဏ လိုက်လာကြကာ နောက် ဆုံးတော့ လက်လျှော့လိုက်ရသည်။
ဧရာမရေဘဝဲအသေကို တွင်းထဲမှ လိပ်ကြီး ဆွဲထုတ်ပြီး မီတာ ၃,၀၀၀ ကျော်အနက်ရှိတဲ့ ပင်လယ်ရေအောက်လွင်ပြင်ကို ပြန်ရောက် လာခဲ့သည်။
သူက ရေမျက်နှာပြင်ပေါ်ကို တက်ရန် ရည် ရွယ်ခြင်းမရှိပေ။ဒီ မီတာ ၃,၀၀၀ ကျော် အ နက်က အဆင်ပြေတယ်လို့ လိပ်ကြီး ခံစား ရတာကြောင့်ပင်။
ဧရာမလှံကို မြေပြင်ပေါ်ချထားပြီးနောက် လိပ်ကြီး မနေနိုင်တော့ဘဲ အရင်ဆုံး ရေ ဘဝဲကြီးရဲ့ကြီးမားတဲ့ လက်တံများနဲ့ ခြေ တံများကို ကိုက်ဝါးလိုက်သည်။
လိပ်ကြီးက ဒီလက်တံနဲ့ ခြေတံကို အံ့အား သင့်ဖွယ် ကိုက်အားနဲ့ ကိုက်ဖြတ် လိုက် ပြီးနောက် ကြီးမားတဲ့ မုန့်ချောင်း စားသလို စားလိုက်တော့သည်။
"အိူးး အရသာက တကယ့်ကို ကောင်းပြီး ဝါးရတာ အရသာရှိတာပဲ..ဟိုးဟိုး"
ဒီရေဘဝဲက ခွန်အားအပြင် အရသာ က လည်း အလွန်ကောင်းမွန် နေသည်။ ကြီး မားတဲ့ရေဘဝဲကို လိပ်ကြီး စားဖူးပေမဲ့ ဒီလို အရသာရှိခြင်းမျိုး မခံစားရဖူးပေ။
ဒီကြီးမားတဲ့ ရေဘဝဲကို အရသာခံ စားနေ စဉ် လျူယောင်နဲ့ လိပ်ကြီး ဆက်သွယ် နေသည်။
လိပ်ကြီး ပျော်ပျော်ရွှင်ရွှင်စားနေတာကို မြင် တဲ့အခါ လျူယောင်ရဲ့ စားချင်စိတ်ကလည်း ထကြွလာ၏။
လက်တံ တစ်ခုတည်းကပင် တန်တစ်ရာ ကျော် အလေးချိန်ရှိသည်။ လိပ်ကြီးက အဲ့ဒါကို အချိန်တိုအတွင်း စားပစ် လိုက်ပြီး ဒုတိယလက်တံကိုလည်း တစ်ကိုက်တည်း ကိုက်ဖြတ်လိုက်သည်။
ဒီဧရာမရေဘဝဲက တန် ၁,၀၀၀ ကျော် အ လေးချိန်ရှိတာကြောင့် လိပ်ကြီးအတွက် နှစ်ရက် သုံးရက်လောက် စားရန် လုံလောက် ပေသည်။
ဒီအချိန်တွင် တွင်းကြီးထဲသို့ နောက် တစ် ကြိမ်သွားကြည့်ရန် လိပ်ကြီးကို လျူ ယောင် တောင်းဆိုချင်ခဲ့ သည်။ဒီဧရာမ တွင်းရဲ့အောက်ခြေတွင် တစ်စုံတစ်ခုရှိ နေပုံရ၏။
သူ ခုနက အလျင်အမြန်ကြည့်ခဲ့ပေမဲ့ သေ ချာမမြင်ခဲ့ရပေ။
ဒီတွင်းကြီးထဲတွင် ဧရာမရေဘဝဲအ များ အပြားရှိနေတာတော့ သေချာသည်။ လိပ် ကြီးက တစ်ကောင်ချင်းတိုက်ရင် အဆင် ပြေပေမဲ့ အဖွဲ့လိုက်တိုက်ခိုက်ရင်တော့ မဖြစ်နိုင်ပေ။
ဒီ တွင်းကြီးအောက်ခြေကို ကြည့်လိုပါက ရက်အနည်းငယ်လောက် ထပ်စောင့် ရလိမ့် မယ်လို့ လျူယောင် ခန့်မှန်းမိသည်။