ရေအောက်ကြမ်းပြင်မှာ ရှိနေတဲ့ တောင်
Vol. 25 Ch. 344
နှစ်ရက်ကြာပြီးနောက်....
တန်ချိန်တစ်ထောင်ကျော်အလေးချိန်ရှိတဲ့ ဧရာမရေဘဝဲကို လိပ်ကြီး လုံးဝ ကုန်စင် အောင် စားပစ်လိုက်သည်။
"ဟိုးဟိုး တကယ့်ကို အရသာရှိတာပဲ..ငါ နောက်တစ်ကောင် ထပ်စားချင်လိုက်တာ"
လိပ်ကြီး တွေးပြီး ဧရာမတွင်းကြီးထဲ မဝင် မီ ပတ်ပတ်လည်ကို အရင့ ရှာဖွေမည်ဟု ဆုံးဖြတ်လိုက်သည်။
လိပ်ကြီး စိတ်ထဲ ဒီလိုမျိုး တွေးနေမိသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း အစာ လုံလုံ လောက်လောက်ရှိတာကြောင့် လိပ်ကြီး ပျော်ရွှင်တဲ့ ဘဝကို နေထိုင်ခဲ့ရပြီး အစာ ရှာ ဖွေခြင်းအတွက် အချိန်မကုန်ခဲ့ ရပေ။ဒါ ကြောင့် သူက ဒီနေရာပတ်ပတ်လည်တွင် ဒုတိယတွင်းကြီးတစ်ခုတွင်း ရှိမရှိကို ရှာ ဖွေချင်ခဲ့သည်။
လိပ်ကြီး၏ မျက်လုံးထဲတွင် ဒီဧရာမ တွင်း တွေကို အရသာရှိတဲ့ အစာလို့ မြင်နေခဲ့ သည်။တကယ်လို့သာ ဒီနေရာမှာ ဒုတိယဧ ရာမတွင်းကြီးတစ်တွင်းကို ထပ်တွေ့ရင် အ ထဲ၌ နောက်ထပ်ဧရာမရေဘဝဲတစ်ကောင် ရှိနိုင်လောက်မည်။
နှစ်ရက်တာကာလအတွင်း နေပူဆာလှုံရန်နှင့် လေကောင်းလေသန့်ရယူရန် ပင်လယ်ပြင်ကို ရံဖန်ရံခါ သွားခြင်းမှအပ အချိန်အများစုကို ပင်လယ်ရေအောက်လွင်ပြင်မှာ ရှာဖွေရင်း သာ လိပ်ကြီး အချိန် ကုန်ခဲ့၏။
ဧရာမလှံကိုကိုင်ကာ ရေအနက် မီတာ ၃,၀၀၀ ကျော်ရှိတဲ့ ပင်လယ်အောက်ခြေတွင် လိပ်ကြီး ဖြည်းဖြည်းချင်း ကူးခတ်ရင်း ထပ် မံ ထွက်ခွာလာခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ သူ ဝေးဝေးသွားမှာပဲ ဖြစ်၏။ ကြီးမားတဲ့ တွင်းကြီးကို ဗဟိုပြုပြီး ပင်လယ်ရေမိုင်ဆယ်ဂဏန်းများအတွင်း လိပ်ကြီး ရှာဖွေခဲ့ပေမဲ့ ဒုတိယတွင်းကြီးကို မတွေ့ခဲ့ရပေ။
ဒီနေရာက ဧရိယာကျယ်ဝန်းတဲ့ ပင်လယ် ရေအောက်လွင်ပြင် သာဖြစ်ပြီး မို့ တက်နေ သော တောင်ငယ်တစ်ခုမျှပင်မရှိဘဲ အလွန်ပြန့်ပြူးနေပေသည်။
လိပ်ကြီး၏ အကွာအဝေးက တဖြည်းဖြည်း ပိုဝေးလာပြီး ဒီဧရာမတွင်းကြီးမှ ပင်လယ် ရေမိုင် ၆၀ မှ ၇၀ ခန့် ကွာဝေးတဲ့ နေရာကို ရောက်လာမှသာ စေ့စေ့စပ်စပ် ရှာဖွေတော့ သည်။
ခဏအကြာမှာတော့ သူ့ရှေ့တွင် တောင် တန်း ယတစ်ခုကို လိပ်ကြီး တွေ့လိုက်သည်။ အမြင့်မီတာရာဂဏန်းသာရှိပေမဲ့ အလျား ကတော့တော်တော်ရှည်လျားနေသည်။
ထိုနေရာကို ကူးခတ်လာပြီး မကြာမီ တောင် ထိ ယပ်ကို လိပ်ကြီး ရောက်လာခဲ့သည်။
ဒီတောင်တန်းတစ်ခုသာ ရှိပုံရပြီး တောင် တန်းရဲ့နောက်တွင် လွင်ပြင်တစ်ခုရှိ နေ တာကို လိပ်ကြီး တွေ့လိုက်ရသည်။
အဆုံးမရှိတဲ့လွင်ပြင် အောက်တွင် ရုတ် တ ရက်ဒီလိုတောင်တန်းတစ်ခု ရှိနေတာလို့ ထင် ရ၏။
တောင်တန်းတစ်လျှောက် အသွားအပြန် လိပ်ကြီး ကူးခတ်ကြည့်ပြီးနောက် ဒီတောင် တန်း၏ အလျားကရေမိုင် ၃၀ ခန့်ရှိတာကို အခြေခံအားဖြင့် လိပ်ကြီး ဆုံးဖြတ်လိုက် သည်။
ဒီတောင်တန်းက အနည်းငယ်တော့ ထူးဆန်း နေပေသည်။နေရာအများအပြားတွင် မြေမျက်နှာပြင် များက ညီညာနေခဲ့သည်။
သာမန်တောင်များလို ကွေးကောက်ပြီး အတက် အကျရှိခြင်းမျိုး မဟုတ်ပေ။
"ဟေး အဲ့ဒီမှာ ဂူတစ်ခုရှိတယ်..."
လိပ်ကြီး ချက်ချင်း ထိုဂူနားကို ကူးခတ် သွား၏။
ဂူက လုံးဝန်းခြင်း ဒါမှမဟုတ် ကွေ့ကောက် ခြင်းမရှိပေ။ ဂူဝင်ပေါက်က ထောင့်မှန် စတုဂံနှင့် အနည်းငယ်ဆင်တူနေ၏။
ဂူအနက်မှာ မီတာ ၂၀၀ ခန့်ရှိနေကာ ဂူအ တွင်းပိုင်းမှာတော့ ဖြောင့်စင်းနေပေသည်။
ဂူထဲကို လိပ်ကြီး ကြည့်လိုက်ရာ ပုံသဏ္ဍာ န်က အနည်းငယ်ဆန်းကြယ်ပေမဲ့ အရွယ် အစားက သင့်တော်နေတာမို့ ဒီဂူထဲတွင် ယာယီနေထိုင်ရန် နေရာတစ်ခုအဖြစ် အသုံး ပြုဖို့ လိပ်ကြီး ရွေးချယ်လိုက်သည်။
ပင်ပန်းတဲ့အခါ ဂူထဲတွင် လှဲအိပ် အနားယူ နိုင်ပြီး သူဖမ်းမိထားတဲ့ အစာများကိုလည်း ဂူထဲတွင် ယာယီသိမ်းဆည်း ထားနိုင်သေး သည်။
ယာယီနေထိုင်ရာနေရာကို သတ်မှတ်ပြီး နောက် ဧရာမလှံကို ကိုင်ကာ ကြီးမားတဲ့ တွင်းကြီးဆီသို့ လိပ်ကြီး ကူးခတ်လာ သည်။
ပင်လယ်ရေမိုင်ဆယ်ဂဏန်းအတွင်းတွင် ဒီဧရာမတွင်းကြီးတစ်တွင်းသာရှိပြီး ဒု တိယတစ်တွင်းမရှိတော့တာကို အခြေခံအ ားဖြင့် လိပ်ကြီး သေချာစေခဲ့သည်။
ပင်လယ်ရေမိုင် ၆၀ မှ ၇၀ ခန့်အကွာ အဝေး က လိပ်ကြီးအတွက် အချိန်ကြာကြာ မယူ ခဲ့ရပေ။ သူ့ရှေ့တွင် ကြီးမားတဲ့ စက်ဝိုင်း တွင်းကြီးကို မြင်တဲ့အခါ တွင်းကြီးထဲသို့ လိပ်ကြီး ကူးခတ်ဝင်လိုက်၏။
အောက်ဘက်ကို ဒေါင်လိုက်ကျနေပြီး ရေ အနက်မှာ တဖြည်းဖြည်း တိုးလာခဲ့သည်။ မီတာ ၅,၀၀၀ အနက် ရောက်ရှိတဲ့အခါ အရှိန်ကို လိပ်ကြီး နှေးလိုက်သည်။
"ငါ အသံမထွက်အောင် တိတ်တိတ်လေး သွားမယ်.. "
သူ့ရဲ့ အောက်ဘက် မီတာ ၃၀၀ မှ ၅၀၀ ခန့်အကွာအဝေးတွင် ဧရာမရေ ဘဝဲ တစ် ကောင်ကို လိပ်ကြီး တွေ့လိုက်ရသည်။ ဒီ ရေဘဝဲက ပြီးခဲ့တဲ့တစ်ကောင်ထက်ပင် ပိုကြီးနေသည်။
ပြိုင်ဘက်က သတိမထားမိတာကို အခွင့် ကောင်းယူပြီး လိပ်ကြီးက တိတ်တိတ်လေး အနားကပ်သွာကာ ပို နီးကပ်လာ တဲ့အခါ တစ်ရှိန်ထိုးပြေးဝင်သွားသည်။ဒါက ပုံမှန် တိတ်တဆိတ် ချောင်းတိုက်ခိုက်ခြင်းပဲ ဖြစ်၏။
တိတ်တဆိတ်တိုက်ခိုက်ခြင်းနဲ့ အရှိန် အဟုန် ပြင်းစွာ တိုက်ခိုက်ခြင်းတို့ ပေါင်းစပ်မှု့က အမြဲတမ်းအောင်မြင်လေ့ရှိပြီး ဒီတစ် ကြိမ် လည်း အတူတူပင်ဖြစ်သည်။ ဧရာမလှံက ဒီရေဘဝဲကြီး၏ ကိုယ်ထဲသို့ တိကျစွာ ထိုး ဖောက် သွားခဲ့သည်။
" အီး...အီး.."
ဒီဧရာမရေဘဝဲကြီးက သေခါနီး သွေးရူး သွေးတမ်းနဲ့ လိပ်ကြီးကို သူ့ရဲ့ လက်တံများ ဖြင့် အတင်းအကျပ်ရစ်ပတ်လိုက်၏။။
လိပ်ကြီးက ယခင်နည်းလမ်းဟောင်းကိုပင် အသုံးပြုခဲ့သည်။ရေဘဝဲကြီး ကိုယ်ထဲ ဝင် နေတဲ့ လှံကို ပြင်းပြင်းထန်ထန် ထပ်ထိုးပြီး အားပါးတရမွှေနှောက်လိုက်သည်။ မကြာ မှီမှာပဲ ဧရာမရေဘဝဲကြီး အသက်ပျောက် သွားသည်။
ဧရာမရေဘဝဲကြီး၏ လက်တံများနှင့် ခြေတံ များ လျော့ကျသွားတာကို မြင်တဲ့အခါ လိပ် ကြီး မရပ်တန့်တော့ဘဲ သူ့သားကောင်ကို ဆွဲ ယူပြီး ခုနကတွေ့ခဲ့တဲ့ ဂူဝင်ပေါက်ဆီ အ လျင်အမြန် ကူးခတ်လာခဲ့သည်။
အံ့အားသင့်စရာကောင်းတာက တခြား ဧရာမရေဘဝဲများက သူ့နောက်ကို လိုက် မလာကြပေ။ကျန်တဲ့ ရေဘဝဲများ အိပ်မော ကျနေတာလားလို့ လိပ်ကြီး တွေးမိလိုက် သည်။
ထူးဆန်းတယ်လို့ လိပ်ကြီး ခံစားရပေမဲ့ များများစားစားမစဉ်းစားတော့ပဲ ဒီရေဘဝဲ သေကြီးကို ရေမိုင် ၆၀ မှ ၇၀ ခန့် အထိ တစ်ဆက်တည်းဆွဲယူလာခဲ့ပြီး ယာယီဂူထဲ သို့ ဝင်ကာ ပါးစပ်အပြည့်ဖြင့် စားတော့ သည်။
ယခင်ကအတိုင်းပင် ရေဘဝဲရဲ့ လက်တံ များကို အရင်ဆုံး စားလိုက်သည်။
ရေဘဝဲကြီးရဲ့ လက်တံတစ်ချောင်းကို တစ် ကိုက်တည်းကိုက်ဖြတ်ပြီးနောက် တစ်ကိုက် ချင်း ကိုက်စားတော့သည်။
"ဝိူး အရသာ ရှိတယ်..ဒီကောင်က ငါး မန်းဖြူကြီး ဒါမှမဟုတ် ဝေလငါးကြီးကို စားရတာထက် ပို အရသာရှိတာပဲ..."
စိတ်ထဲကနေ ပျော်ရွှင်စွာ လိပ်ကြီး တွေး လိုက်သည်။
ထိုငါးမန်းဖြူကြီးကလည်း မသေးလှပေ။ အကြီးဆုံးကောင်ဆို ကီလိုဂရမ် ၂၀၀ မှ ၁,၀၀၀ အလေးချိန်ရှိပေမဲ့ လိပ်ကြီး၏ သွားကြားထဲ ထည့်ရုံမျှသာ လုံလောက်ပြီး တစ်ကိုက်ပင် မကိုက်ခဲ့ရပေ။
ဒီလို ဧရာမရေဘဝဲကြီးကို စားရတာ အလွန် ပျော်စရာကောင်းလှပေသည်။ ဒီရေဘဝဲက ဘယ်လိုမျိုးစိတ်ဖြစ်လို့ ဒါမှမဟုတ် အခြား အကြောင်းရင်းကို မသိပေမဲ့ တန်တစ် ထောင်ကျော်အထိ သူတို့က ကြီးထွားနိုင်၏။
လက်တံတစ်ချောင်းတည်းပင် အနည်းဆုံး တန်တစ်ရာကျော်အလေးချိန်ရှိတာကြောင့် နိူင်းယှဥ်လို့မရတဲ့ ပျော်ရွှင်မှု့ တစ်မျိုးနှင့် အတူ လိပ်ကြီး စားနေခဲ့သည်။
.......
"လဲ့လဲ့ ဒီနေ့မွန်းလွဲပိုင်းမှာ ကိုယ် လာကြို မယ်.."
ကျောင်းပြန်ဖွင့်ထားပြီမို့လို့ လီချန်လဲ့က အ လုပ် များနေပြန်သည်။ ဆရာမတစ်ဦး အနေ ဖြင့် သူမက နေ့တိုင်း ရှစ်နာရီမတိုင်မီ ကျောင်းကို သွားရပြီး ညနေငါးနာရီ နောက် ပိုင်းမှသာ ပြန်ရလေ့ရှိသည်။
ကံကောင်းစွာနဲ့ပဲ ဒါက အဆောင်နေ စနစ်မ ဟုတ်တာကြောင့် မဟုတ်ရင် သူမ ကျောင်းတွင် တစ်ညလုံးနေရပေလိမ့်မည်။
တကယ်လို့ လီချန်လဲ့သာ အရမ်းပင်ပန်း နေရင် ဆရာမ မလုပ်ဘဲ လွတ်လွတ်လပ် လပ်နေဖို့ လျူယောင် အကြံပြုခဲ့သည်။
လီချန်လဲ့ကတော့ သဘောမတူခဲ့ပေ။ ဆရာမလုပ်တာက အလွန်ကောင်းတယ်လို့ သူမ ခံယူထား၏။
ဒီအလုပ်ကို သူမ အလွန်နှစ်သက်ပေသည်။ တကယ်လို့ သူမသာ ဆရာမမလုပ်ရပါက စိတ်ထဲတွင် လစ်ဟာနေမှာဖြစ်ပြီး ဘာလုပ် ရမှန်းမသိဖြစ်နေလိမ့်မယ်လို့ ပြန်ပြောခဲ့ သည်။
ဒါ့ကြောင့် သူ့မ သဘောအတိုင်းသာ ဖြစ်စေ တော့သည်။
"အစ်ကိုယောင် ညနေငါးနာရီလောက်တော့ ဖြစ်လိမ့်မယ် ..အရင် အချိန်လောက်ပေါ့..."
လီချန်လဲ့ ပျော်ရွှင်စွာ ပြန်ပြောလိုက်၏။
"ဟုတ်ပြီ ဒါဆို ညနေငါးနာရီမထိုးခင် ကျောင်းဂိတ်ဝမှာ ကိုယ်စောင့်နေမယ်..."
သူ့ ရည်းစား ကျောင်းထဲ ဝင်သွားတာကို ကြည့်ပြီးနောက် လျူယောင် လက်ဝှေ့ယ မ်းလိုက်ကာ ချန်းဟူအား ပြောလိုက်သည်။
"သွားကြမယ် Universal အဆောက်အုံကို သွားကြည့်ကြမယ်.."
ကားမောင်းနေစဉ် ချန်းဟူ စိတ်ဝင်တစား ပြောလိုက်သည်။
"သူဋေး အပေါ်ဆုံးထပ်ကို သွားလို့ရပြီလို့ ကျွန်တော်ကြားပါတယ်..."
လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက် ၏။
"ဟုတ်တယ် ဓာတ်လှေကားအများစုကို တပ် ဆင် စမ်းသပ်ပြီးပြီ... အဆောက်အအုံရဲ့ ပြင်ပအလှဆင်တာလည်း ပြီးသွားပြီ..အခု အတွင်းပိုင်းအလှဆင်တာကို လုပ်နေ တယ်.. ငါ သွားပြီး ကြည့်ရမယ်.. "
နောက်ဆုံးတွင် အဆောက်အအုံရဲ့ အတွင်း ပိုင်းကို ဝင်ရောက်နိုင်ပြီဖြစ်ပြီး အပေါ်ဆုံး ထပ်ကိုပင် ဓာတ်လှေကားနဲ့ သွားနိုင်ပြီပဲ ဖြစ်၏။ အဲ့ဒီ့ နေရာကို လျူယောင် သေချာ ပေါက် သွားကြည့်ချင်ခဲ့သည်။
ချန်းဟူက ကားကို မြန်မြန်ဆန်ဆန် မောင်း နှင်ခဲ့ပြီး တစ်နာရီမပြည့်မီအချိန်တွင် ကား က universal အဆောက်အအုံ အနီး ရောက် ရှိလာသည်။
လမ်းတစ်ဖက်တွင် ရှိနေပေမဲ့ ပြတင်း ပေါက် မှန်မှတစ်ဆင့် မတ်မတ် ဆောက်ထားတဲ့ Universal အဆောက်အအုံကို လျူယောင် မြင်နေရသည်။
ဒီ အထင်ကရအဆောက်အအုံကို လျူ ယောင် ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် အ နည်းငယ်လှုပ်ရှားသွားသည်။ နှစ်လသုံးလ အတွင်းတွင် သူ အိမ်သစ်ကို ပြောင်းရွှေ့ နိုင်တော့မည်လေ။
အစက အမျိုးသားနေ့တွင် ပြောင်းရွှေ့ရန် လျူယောင် စီစဉ်ထားပေမဲ့ အတွင်းပိုင်း အ လှဆင်မှု့လုပ်ငန်းက မပြီးသေးပေ။ အခုက စက်တင်ဘာလ ရောက်နေပြီမို့လို့ အမျိုး သားနေ့မရောက်မှီ ရက်အနည်းငယ်သာ လို တော့၏။အဲ့ဒါက နောက်ကျနေပြီပဲ ဖြစ် သည်။
နှစ်သစ်ကူးနေ့မတိုင်မီ Universal အထင် ကရ အဆောက်အအုံကို သေချာပေါက် ပြီးစီးပြီး အပ်နှံနိုင်လောက်မည်။
ဒီ နှစ်သစ်ကူးနေ့တွင် ကုမ္ပဏီအသစ်ကို ပြောင်းရွှေ့ရန် လျူယောင် စီစဉ်ထား၏။
အရင် ငှားထားသည့် Universal ကုမ္ပဏီ ကလည်း ဒီ Universal တာဝါ ကို ပြောင်း ရွှေ့ကြမည်ဖြစ်သည်။
ခဏအကြာတွင် ကားက Universal အ ဆောက်အဦးရဲ့ ဝင်ပေါက်ကို ရောက်လာ ခဲ့သည်။
မြေအောက်ကားပါကင် နေရာကို ချန်းဟူ မောင်းဝင်တော့မည်ပဲ ဖြစ်သည်။
"ဘေးမှာပဲ ရပ်လိုက်...ငါ ဒီနေရာကနေပဲ ကြည့်ချင်တယ်..."
လျူယောင် ပြောလိုက်၏။
ဒါ့ကြောင့် ဘေးဘက် မောင်းထွက်ကာ ကား ရပ်ရန် နေရာတစ်ခုကို ချန်းဟူ ရွေးလိုက် သည်။
ကားရပ်ပြီးနောက် လျူယောင် ကား ပေါ်မှ ဆင်းလာကာ ဒီလှပပြီး ခန့်ညားထည်ဝါတဲ့ တာဝါကြီးကို သူမော့ကြည့်လိုက် တော့ သည်။