ဘာလို့ ဒီလိုဖြစ်တာလဲဟ
Vol. 25 Ch. 345
ဒီအဆောက်အအုံက စုစုပေါင်း ၉၈ ထပ်ရှိ ၏။
မြေအောက်တွင် ၃ ထပ်ပါဝင်ပြီး အဆောက် အအုံတစ်ခုလုံး ကောင်းကင်ကို တန်း၍ ဆောက်ထားသည်။
လှပတဲ့ ပုံမှန်တာဝါ အဆောက်အအုံဖြစ်ပြီး ပထမထပ်မှ ၉၀ ထပ်အထိ အရွယ်အစား တူညီကာ တစ်ထပ်ချင်းစီရဲ့ ဧရိယာက စတုရန်းမီတာ ၂,၆၀၀ ကျော်ရှိပေသည်။
၉၁ ထပ်မှ ၉၈ ထပ်အထိ အရွယ်အနည်းင ယ်လျှော့ချထားသည်။ ဥပမာအားဖြင့် ၉၁ ထပ်တွင် စတုရန်းမီတာ ၂,၃၀၀ ရှိပြီး ၉၀ ထပ်ထက် စတုရန်းမီတာ ၂၀၀ မှ ၃၀၀ သာ ပို၍သေးငယ်ပေသည်။
၉၈ ထပ်တွင်မူ စတုရန်းမီတာ ၇၀၀ မှ ၈၀၀ ခန့်သာရှိပြီး အများကြီးပိုသေးငယ် ပေ သည်။
လှပသည့် ပြင်ပဖန်နံရံများက ပထမထပ်မှ အပေါ်ဆုံးထပ်အထိ ရှိနေသည်။ ၉၈ ထပ်အ ပေါ် ဆုံး ရဟတ်ယာဉ်ဆင်းသက်နိုင်တဲ့ နေ ရာ ကိုလည်း ဒီဇိုင်းထုတ်ထားပြီး ရဟတ် ယာဉ်များ တက်ခြင်းနဲ့ ဆင်းခြင်းများ ပြု လုပ်နိုင်၏။
လျူယောင် မော့ကြည့်လိုက်ပြီး စိတ်ထဲ ကနေ တွေးလိုက်မိသည်။
"ငါ့ရဲ့ Universal တာဝါက တကယ် ကိုလှ တာပဲ မူလဒီဇိုင်းထက်တောင် ပိုလှနေ တယ်..."
ဒီမိုးမျှော်အဆောက်အအုံကို နှစ်သက်စွာ ကြည့်ရှုနေစဉ် လျူယောင်ရဲ့နားတွင် အသံ တစ်သံ ထွက်လာခဲ့သည်။
"ဒါ ဘယ်သူ့ကားလဲ ဒီနေရာမှာ ရပ်လို့မရဘူး ဆိုတာ နားမလည်ဘူးလား "
လျူယောင်နဲ့ ချန်းဟူနှစ်ဦးစလုံး အတူတူ လှည့်ကြည့်လိုက်၏။ ပိုင်ရှင်တစ်ဦးလို ပုံစံ ဖြစ်နေတဲ့ လူတစ်ယောက်က Roll-Royce ကို လက်ညှိုးထိုးပြီး အော်ဟစ်နေတာကို တွေ့လိုက်ရသည်။
လျူယောင် ပြုံးလိုက်ကာ ချန်းဟူကို လက် ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"သွားမယ် ..ငါတို့ကားကို မြေအောက်ကားပါ ကင်မှာ ရပ်ရလိမ့်မယ်ထင်တယ်.."
"ဟုတ်ကဲ့ သူဋေး ကျွန်တော် ကားသွား ရပ် လိုက်ပါ့မယ်"
"ကောင်းပြီ ငါ ၉၈ ထပ်မှာ မင်းကိုစောင့် နေမယ်" လျူယောင် ပြန်ပြောလိုက်သည်။
နှစ်ယောက်သား လမ်းလျှောက်ဖို့ ပြင်လိုက် တာနဲ့ မန်နေဂျာတစ်ဦးဖြစ်ဟန်တူတဲ့ လူ တစ်ယောက်က ပြေးလာပြီး ထိုလူအား ဆူပူလိုက်သည်။
" ရှောင်ကျန်း မင်းရူးနေလား... ဒီကားက Roll-Royce ကားကွ.. "
လျူယောင် ကားရှေ့ကို လမ်းလျှောက် လာပြီး ပြုံးကာ ပြောလိုက်သည်။
"ရပါတယ်.. ဒီနေရာမှာ တကယ်တော့ ကားရပ်လို့မရဘူး သူလုပ်တာ မှန်ပါတယ်.."
မန်နေဂျာက လျူယောင်ကို ကြည့် လိုက်ပြီး နောက် အံ့ဩစွာဖြင့် မေးလိုက်၏။
"ဟာ ခင်ဗျားက သူဋေးလျူ ..သူဋေးလျူပဲ ဟုတ်တယ်မလား..."
သူ အလွန်ဝမ်းသာအံ့ဩသွားသည်။ သူဋေး လျူကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မ မျှော်လင့်ထားပေ။သူဋေးလျူက ဒီ အဆောက်အအုံရဲ့ ပိုင်ရှင်ပင်ဖြစ်သည်။
ဒီမန်နေဂျာက မငြိမ်မသက်ဖြစ်နေတော့၏။ သူ့မျက်နှာပေါ်က စိတ်လှုပ်ရှားမှု့မှာလည်း အလွန်ထင်ရှားနေသည်။
လျူယောင် ခေါင်းအနည်းငယ်ညိတ်ပြပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်... ငါ လျူယောင်ပါ ဒီနေရာကို ခဏလာကြည့်တာ .."
မန်နေဂျာက တအံ့တဩဖြစ်သွားပြီး ထို နေရာတွင် တောင့်တင်းစွာ ရပ်နေတော့ သည်။သူဋေးကို သူ ဘာပြောရမလဲ ဆို တာကို လုံးဝမေ့သွားပြီး မလှုပ်မယှက်ပင် ရှိနေသည်။
လျူယောင်က အဆောက်အအုံရဲ့ ပထမ ထပ်ရှိ ဧည့်ခန်းထဲ ဝင်သွားပြီး ချန်းဟူလည်း အောက်ထပ် ကားပါကင်ကို မောင်းသွားမှ သာ သူ သတိပြန်ဝင်လာသည်။
ရှောင်ကျန်းက စိတ်ရှုပ်ထွေးနေပြီး မေးလိုက် သည်။
" ဂျာကြီး ခင်ဗျားပြောတဲ့ မစ္စတာလျူက ဘယ်သူလဲ သူက အရေးပါတဲ့လူလားဗျ..."
မန်နေဂျာက ရှောင်ကျန်းကို မကျေနပ်တဲ့ မျက်လုံးဖြင့် ကြည့်လိုက်ပြီး ပြန်ဖြေလိုက် ၏။
"ခုနကလူက Universal ရဲ့သူဋေး လျူ ယောင်ပဲ.. သူက ဒီအဆောက်အအုံရဲ့ ပိုင်ရှင်..."
Universal မှ လျူယောင် မည်သူ ဖြစ် ကြောင်းကို သူတို့ သေချာ သိပေ သည် ။ဒီလူက ကျော်ကြားမူ့ များစွာရှိပေမဲ့ ကံ မကောင်းစွာဖြင့် သူတို့က ကြားဖူး ရုံမျှသာ ရှိပြီး လုံးဝမမြင်ဖူးသေးပေ။
ဒီအကြောင်းကို စိတ်ထဲတွင်တွေးနေရင်း ထိုမန်နေဂျာက အချိန်အတော်ကြာအောင် ရပ်နေမိသည်။
.
"ဒီအကြောင်းကို ငါ့လုပ်ဖော်ကိုင်ဖက်တွေကို ခဏတာ ကြွားလုံးထုတ်လို့ရပြီကွ.."
မန်နေဂျာက သူ့ စိတ်ထဲကနေ ထို့သို့ ပျော် ရွှင်စွာ ရေရွတ်လိုက်သည်။
လျူယောင် အဆောက်အအုံရဲ့ ပထမထပ်ရှိ ဧည့်ခန်းထဲ ဝင်ရောက်လာပြီး ဧည့်ခန်း ရဲ့ အလှဆင်မှု့က အခြေခံအားဖြင့် ပြီးစီးနေ တာကို သူ တွေ့လိုက်ရသည်။
ဧရာမဧည့်ခန်းထဲတွင် ကြမ်းပြင်က အလွန် တောက်ပနေတာကြောင့် လူများကိုပင် မြင် နိုင်လုနီးပါးဖြစ်နေသည်။
ခန်းမရဲ့ အပေါ်ဆုံးမျက်နှာကျပ်တွင် ခရစ္စ တယ်မီးလုံးကြီးက အလွန် ခန့်ညား ထည်ဝါ လှသည်။ ဒါက ခန်းမရဲ့အဆင့်အတန်းကို မသိမသာ မြှင့်တင်ပေးနေ၏။
Universal အဆောက်အုံံက ရှစ်ထောင့်ပုံ သဏ္ဍာန်ဖြစ်ပြီး အရှေ့! တောင်၊ အနောက်၊ မြောက်တို့တွင် ခန်းမလေးခုရှိကာ တစ်ခန်း စီရဲ့ဧရိယာက စတုရန်းမီတာ ၄၀၀ ကျော်ရှိ ပေသည်။
ဒီဧရိယာက ကျယ်ဝန်းပြီး အလှဆင် ထား တာ ကလည်း အလွန် ဇိမ်ခံလို့ ကောင်းမွန် ကာ အဆင့်အတန်းမြင့်လှသည်။
ပထမထပ်ရှိ ခန်းမလေးခုရဲ့ အလှဆင်မှု့က အခြေခံအားဖြင့် ပြီးစီးနေပြီး အခြားထပ် များတွင်တော့ ထိုသို့မပြီးသေးပေ။
သူတို့က အခြေခံအားဖြင့် ပြန်လည် မွမ်း မံနေကြဆဲဖြစ်သည်။ သေချာတာက ၉၁ ထပ်မှ ၉၈ ထပ်အထိ အလှဆင်မှု့မှာလည်း အခြေခံအားဖြင့် ပြီးစီးနေသည်။
ခန်းမထဲမှ လုံခြုံရေးခေါင်းဆောင်က လျူ ယောင်ကို မှတ်မိနေသည်။ သူက အထူး ဓာတ်လှေကားကို ဖွင့်ပေးရန် အလျင် အမြန် ပြေးလာခဲ့သည်။
ဒီဓာတ်လှေကားတွင် ခလုတ် အနည်းငယ် သာရှိ၏။ B1, B2, B3, 1, 91 မှ 98 ဖြစ်သည်။ ဆိုလိုတာက 1 ကနေ 98 ထိ အထပ်တိုင်းများကိုတိုက်ရိုက်သွားနိုင်ပေသည်။
Universal အဆောက်အုံရဲ့ မံခန့်ခွဲမှု့ကို ဟွာ ဟိုင်း မြို့ရှိ စွမ်းရည်မြင့်ပြီး နာမည် ကောင်း ရှိတဲ့ အိမ်ခြံမြေကုမ္ပဏီတစ်ခုကို လျူ ယောင် ဆောက်ခိုင်းခဲ့သည်။
ရက်အနည်းငယ်အကြာတွင် ထိုအိမ် ခြံ မြေကုမ္ပဏီက ဒီနေရာသို့ရောက်လာပြီး အဆောက်အအုံကို စီမံခန့်ခွဲမှု့ စတင် ခဲ့သည်။
ကျွမ်းကျင်ပြီး အစွမ်းထက်တဲ့ ကုမ္ပဏီ တစ်ခုက ဆောက်လုပ်စေခြင်းဖြင့် ပိုလွယ် ကူလာမည်ဖြစ်သည်။
လျူယောင် ဓာတ်လှေကားထဲ ဝင်လာခဲ့ သည်။ လုံခြုံရေးခေါင်းဆောင်ရဲ့ အဖော် ပြုမှု့ကို ငြင်းဆန်ပြီး ဓာတ်လှေ ကားအတွင်း ရှိ ၉၈ ထပ် ခလုတ်ကို နှိပ်လိုက်သည်။
အဆောက်အအုံ၏ အပေါ်ဆုံးထပ် ဖြစ်တဲ့ ၉၈ ထပ်ကို လျူယောင် တန်းသွားလိုက် သည်။
၉၈ ထပ်ရောက်ရှိပြီးနောက် ဓာတ်လှေ ကားထဲမှ ထွက်တာနဲ့ လျူယောင်ရဲ့ မျက်လုံးများ တောက်ပသွားသည်။
ကျိုးယန်ရဲ့အစီရင်ခံစာကို သူကြားခဲ့ရပေမဲ့ အလှဆင်မှု့က ဒီလောက်ထိခမ်းနားလိမ့် မည်ဟု မမျှော်လင့်ထားပေ။ဒါက စူပါ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုလိုပင် ဖြစ်သည်။
Grade A ရုံးအဆောက်အအုံရဲ့ စံနှုန်းကို လုံးဝကျော်လွန်နေသည်။
အဆောက်အအုံ ပထမထပ်မှ ၉၀ ထပ် အထိက Grade A ရုံးအဆောက်အ အုံ ရဲ့စံနှုန်း အတိုင်း ဖြစ်ပြီး ၉၁ ထပ်မှ ၉၇ ထပ်အထိက ထိုစံနှုန်းကို ကျော်လွန်နေကာ ၉၈ ထပ်ရဲ့ အလှဆင်မှု့စံနှုန်းက ပိုလို့ပင် မြင့်မားလှသည်။
ဒီအထပ်ရဲ့ဧရိယာက စတုရန်းမီတာ ၇၀၀ မှ ၈၀၀ ခန့်ရှိပေသည်။
အခြားထပ်များက စတုရန်းမီတာ ၂,၀၀၀ ဒါမှမဟုတ် ၁,၀၀၀ ထက် သေးငယ် နေပုံ ရပေမဲ့ သေးငယ်တယ်လို့လည်း လုံးဝ မထင်ရပေ။
အလွန်ကျယ်ဝန်းတယ်လို့ ထင်ရ၏။
စတုရန်းမီတာ ၇၀၀ မှ ၈၀၀ ခန့်ရှိတဲ့ ဧရိ ယာတွင် ရုံးခန်းကြီးအနည်းငယ် ရှိပေသည်။ ဧည့်ခံခန်းနှစ်ခန်းလည်း ရှိပြီး အစည်း အ ဝေးခန်းနှစ်ခန်းမှာ အကြီးတစ်ခန်းနှင့် အ သေးတစ်ခန်းဖြစ်ကာ အိမ်သာအနည်း ငယ်သာရှိသည်။
အစည်းအဝေးခန်းအသေးလေးက လူ ၂၀ မှ ၃၀ ခန့် အစည်းအဝေးလုပ်ရန်အတွက်သာ လုံလောက်သည်။ဒီဧရိယာက သေးငယ်ပေမဲ့ အလှဆင်မှုစံနှုန်းက အလွန်မြင့်မားပြီး၊ အဆင့်မြင့်အစည်းအဝေးသုံးပစ္စည်းအမျိုးမျိုးမှာလည်း အလွန်ပြည့်စုံလှသည်။
ကားကို ရပ်နားပြီးနောက် ချန်းဟူက ၉၈ ထပ်ကို ရောက်လာခဲ့သည်။
လျူယောင် လက်ဝှေ့ယမ်းပြကာ ပြောလိုက် သည်။
"သွားကြစို့..ဒီအထပ်တစ်ထပ်လုံးကို အ တူတူသွားကြည့်ကြမယ်"
ချန်းဟူ ခေါင်းညိတ်လိုက်ပြီး လျူယောင် နောက်လိုက်ကာ ၉၈ ထပ်တစ်ထပ်လုံးကို လိုက်လံကြည့်ရှု့နေခဲ့သည်။ ကြည့်ရှု့ နေစဉ် တွင် လျူယောင် စိတ်ထဲမှ တွေးလိုက်သည်။
"ဒီနေရာက အရမ်းခန့်ညားထည်ဝါတာပဲ.. ဒါက ကုမ္ပဏီရဲ့ ထိပ်တန်းအုပ်ချုပ် ရေးအဖွဲ့တွေ အလုပ်လုပ်တဲ့နေရာလား..."
ပတ်ပတ်လည်ကိုကြည့်ပြီးနောက် လျူ ယောင် သမ္မတရုံးခန်းရဲ့ တံခါးကို တွန်း ဖွင့်လိုက်သည်။ သူဝင်လာတာနဲ့ ကျယ် ဝန်းတဲ့ ခံစားမှု့မျိုး ပေးနေသည်။
အခြေခံအလှဆင်မှု့ ပြီးစီးနေပြီဖြစ်ပြီး ဇိမ်ခံစားပွဲကြီးနဲ့ ရုံးသုံးပစ္စည်းအချို့သာ လိုအပ်ပေသည်။ တစ်ခုလုံး ပိတောက် သားဖြင့်ပြုလုပ်ထားပြီး အလွန်ဇိမ်ရှိမှာပဲ ဖြစ်၏။
ရုံးခန်းက စတုရန်းမီတာ ၂၀၀ ကျော် ကျယ် ဝန်းပြီး လျူယောင်ရဲ့ လက်ရှိရုံးခန်းထက် အများကြီး ပိုကြီးပေသည်။
ကြမ်းပြင်ကို တန်ဖိုးကြီးတဲ့ မဟော်ဂနီ သစ် သားများဖြင့် ခင်းထားပြီး နံရံများ ရဲ့နောင် တွင် နာမည်ကြီးပန်းချီကားအချို့ကို ချိတ် ဆွဲထား၏။
ရုံးသုံးပစ္စည်းများအပြင် ရုံးခန်းကိုလည်း ရှေးဟောင်းပစ္စည်းများ ဒါမှမဟုတ် အဆင့်မြင့်လက်မှု့ပညာများဖြင့်လည်း အလှဆင်ထားမည်ဖြစ်သည်။
"ဒီရုံးခန်းက ကြီးလည်း ကြီးတယ်.. ကျယ် လည်း ကျယ်တယ်..လင်းလည်း လင်း တယ်ကွာ.."
လျူယောင် အလွန် စိတ်အား ထက်သန်နေ ပြီး ရုံးခန်းအတွင်းရှိ ကြမ်းပြင်မှ မျက်နှာ ကျက်အထိရှိသော ပြတင်းပေါက် ကြီးများ ဆီ လျှောက်သွားကာ ကုလားကာများကို ဖွင့်လိုက်သည်။
ဖန်ပြင်မှတဆင့် အောက်ကို လျူယောင် ငုံ့ကြည့်လိုက်သည်။သူ့ရဲ့ အမြင်ထဲတွင် အရာအားလုံးရှိနေသည်။
အဝေးကကြည့်လိုက်ရင် ဟွာဟိုင်းရဲ့ လမ်း မကြီးများအားလုံးကို မြင်ရပြီး အခြား အဆောက်အအုံများကတော့ အပုလေး များလို ဖြစ်နေသည်။
"အရမ်းလှတာပဲကွာ .."
လျူယောင် စိတ်ပွင့်လင်းလာပြီး ဂုဏ် ယူဝံ့ ကြွားမှု့အပြည့် ရှိနေသည်။သူက ကမ္ဘာကြီး ကို အုပ်စိုးနေတဲ့ ခံစားမှု့မျိုးကို ရနေခဲ့ သည်။
.......
မြောက်ပစိဖိတ်သမုဒ္ဒရာတွင်တော့...
နှစ်ရက် သုံးရက်အတွင်း လိပ်ကြီးက သူဖ မ်းမိထားတဲ့ ဧရာမရေဘဝဲကို ကုန်အောင် စားပစ်လိုက်သည်။ ဘာမှ မကျန်တော့ပေ။
ဗိုက်ပြန်ဆာလာတယ်လို့ ခံစားရတော့ လိပ် ကြီး သူ့ဧရာမလှံကို ယူကာ ပင်လယ် အောက်လွင်ပြင်ရှိ ကြီးမားတဲ့တွင်းကြီးဆီသို့ ကူးခတ်သွားသည်။
ထိုဧရာမတွင်းဝင်ပေါက်ကို ရောက် ရှိပြီး နောက် အတွင်းထဲသို့ လိပ်ကြီး ရေကူး ဝင်ကာ အနက်ပိုင်းကို ဦးတည်သွား ခဲ့သည်။သူ့ရဲ့ အရှိန်က လုံးဝနှေးကွေး မနေပေ။
မီတာ ၃,၀၀၀ ကျော်အနက်မှ မီတာ ၅,၀၀၀ ကျော်အထိ ရောက်ရန် လိပ်ကြီးက အချိန် အကြာကြီးမယူခဲ့ရပေ။ ဒီအနက်တွင် ဧရာ မရေဘဝဲများကို ပုံမှန်အားဖြင့် တွေ့နိုင်ပေမဲ့ အခုတော့ လိပ်ကြီးရဲ့ စူပါအာရုံခံနိုင်စွမ်း နယ်ပယ်အတွင်းတွင် ဧရာမရေဘဝဲများရဲ့ အရိပ်အယောင်ပင် လုံးဝ မရှိပေ။
"ဘာလို့ဒီလို ဖြစ်တာလဲဟ... "