← Chapters

ထူးဆန်းသော ကျောက်တုံး

Vol. 25 Ch. 346

ထူးဆန်းသော ကျောက်တုံး

Vol. 25 Ch. 346

လိပ်ကြီး အလွန်အံ့အားသင့်သွားပြီး နေရာမှာပဲ ငြိမ်ငြိမ်လေး နေလိုက်၏။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သတိထားကာရေနက်ပိုင်းကို လိပ်ကြီး ဆက်လက် ကူးခတ်လာခဲ့သည်။

မီတာရာပေါင်းများစွာ ဆင်းသွားပြီးနောက် ဒီနေရာရဲ့ ရေအနက်က မီတာ ၅,၈၀၀ ကျော်သွားပြီပဲ ဖြစ်သည်။

ဒါပေမဲ့လည်း အခြေအနေက အတူတူပင် ဧရာမရေဘဝဲများရဲ့ အရိပ်အယောင်ပင် မရှိပေ။

လိပ်ကြီး တအံ့တဩဖြစ်သွားပြီးနောက် လျူယောင်နဲ့ ဆက်သွယ်လိုက်သည်။

"သခင်ရေ ဒီ တွင်းကြီးထဲက ဧရာမရေဘဝဲ တွေ ပျောက်သွားပြီထင်တယ် ကြည့်ပေးပါ အူံး"

လျူယောင် ချက်ချင်းဆိုသလို တတိယ အမြင်မှတဆင့် ကြည့်လိုက်၏။ ဧရာမ တွင်းထဲတွင်ရှိတဲ့ လိပ်ကြီးကို မြင်လိုက်ရပြီး ဧရာမတွင်းကြီးရဲ့ အတွင်းပိုင်းကိုလည်း သူ မြင်လိုက်ရသည်။

ဒီဧရာမတွင်းကြီးထဲတွင် ယခင်က ဧရာမ ရေဘဝဲအနည်းငယ် ရှိနေသည်။သို့ပေမဲ့ လိပ်ကြီး အမဲလိုက်သတ်ဖြတ်ပြီးနောက် အနည်းဆုံး သုံး လေးကောင် လောက် ကျန်အူံးမည်လေ။ခုတော့ တစ်ကောင်မှ ရှိမနေတာ အမှန်ပင်။

"ဟုတ်တယ် ငါ့ကောင်ရ တကယ်ပဲ ဧရာ မရေဘဝဲတွေ မရှိတော့ဘူး သူတို့အားလုံး ထွက်ပြေးသွားကြပြီထင်တယ်..."

လိပ်ကြီးက တစ်ကောင်ပြီးတစ်ကောင် လာရောက်အမဲလိုက်တာကြောင့် ကျန်နေတဲ့ ဧရာမရေဘဝဲတွေက ကြောက်သွားပြီး တိတ်တိတ်လေး ထွက်ပြေးသွားတာ သေချာပေသည်။

ဒီစကားကို ကြားတဲ့အခါ လိပ်ကြီး ခဏတာ စိတ်ဓာတ်ကျသွား၏။

လျူယောင် ပြုံးကာ နှစ်သိမ့်လိုက်သည်။

"စိတ်မပျက်ပါနဲ့ကွာ သူတို့က အဝေးကို ပြေးနိုင်မှာမဟုတ်ဘူးလို့ ငါထင်တယ်.. အနီးနားက ရေအောက်မြောင်းတစ်ခုထဲ ထွက်ပြေးသွားတာ ဖြစ်လောက်မယ်.."

ဒီဧရာမရေဘဝဲမျိုးက မျိုးရိုးဗီဇ ပြောင်းလဲ နိုင်တဲ့ မျိုးစိတ်ဖြစ်ကြောင်း ထင်ရှား လှ သည်။

သူတို့နဲ့လိုက်လျောညီထွေရှိတဲ့ ပင်လယ် ရေအနက်က မီတာ ၅,၀၀၀ ကျော်ဖြစ်မည်။ ဒီကြီးမားတဲ့ တွင်းကြီးမှ ထွက်ပြေးပြီး နောက် အပြင်ဘက် ပင်လယ်ရေအောက် လွင်ပြင်ရဲ့ ရေအနက်မှာ မီတာ ၃,၀၀၀ ကျော်သာ ရှိသည်။

သူတို့က ဒီရေအနက်နဲ့ အချိန်အကြာကြီး လိုက် လျောညီထွေ နေနိုင်မှာ မဟုတ်ပေ။

ဒီကောင်တွေက အနီးဆုံးရေ အောက် မြောင်းကို ထွက်ပြေးသွားလောက်မယ်လို့ လျူယောင် ခန့်မှန်းမိသည်။ဒါ့အပြင် ဒီဧရာမရေဘဝဲတွေက ယခင်ကတည်းက အနီးအနားမှာရှိတဲ့ ရေအောက်မြောင်း တစ်ခုတွင် နေထိုင်ခဲ့ပြီး ဒီဧရာမတွင်းကြီးကို တွေ့သွားကာ ယာယီဝင်ရောက်နေထိုင်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းလိုက်သည်။

လျူယောင်ရဲ့ ဆန်းစစ်ချက်နှင့် နှစ်သိမ့်စ ကားများကို နားထောင်ပြီးနောက် လိပ်ကြီး ရဲ့စိတ်ခံစားချက်က ပိုကောင်းမွန်လာသည်။

"သခင်ရေ.. ဒါဆို ကျွန်တော် ပတ်ပတ် လည် ကို ရှာဖွေပြီး အနီးအနားက ရေအောက် မြောင်းကို ရှာချင်တယ်..."

လျူယောင် သဘောတူလိုက်၏။

"အင်း ဒါပေမယ့် အဲဒီ့မတိုင်ခင် မင်းမှာ လုပ် စရာတစ်ခုရှိသေးတယ်... ငါ ဒီဧရာမ တွင်း ကြီးရဲ့အောက်ခြေကို မြင်ခဲ့ပြီးပြီ...မင်း ဒီ တွင်းရဲ့အောက်ခြေကို အရင် သွားကြည့် ပေးအုံး"

လျူယောက့်ရဲ့ ညွှန်ကြားချက်အတိုင်း ရေ အနက်ပိုင်းထဲသို့ လိပ်ကြီး ဆက်လက် ဆင်းလာခဲ့သည်။ ခဏအကြာတွင် ဧရာမ တွင်းကြီးရဲ့ အောက်ခြေကို လိပ်ကြီး ရောက်လာခဲ့သည်။

ဧရာမတွင်းကြီးရဲ့အနက်က မီတာ ၆,၅၀၀ ခန့်ရှိပြီး ပြောမပြတတ်တဲ့ အကြောင်း ရင်းတစ်ခုကြောင့် ဒီအနက်ကို လိပ်ကြီး ရောက်လာကာ ဆက်လက် မဆင်းတော့ပေ။

ဒီတွင်းက မြောက်အတ္တလန္တိတ် သမုဒ္ဒရာ မှာရှိတဲ့ ဧရာမစက်ဝိုင်းတွင်းကြီးသုံးတွင်းလို မနက်ရိူင်းပေ။

ဒီဧရာမတွင်းကြီးရဲ့အောက်ခြေက အတော် အတန်ပြန့်ပြူးနေပြီး တတိယ အမြင်မှ တစ်ဆင့် အဲ့ဒါကို လျူယောင် ရှင်းရှင်း လင်းလင်း မြင်နေရသည်။

ပြန့်ပြူးတဲ့ ဧရာမတွင်းကြီးရဲ့ အောက်ခြေ တွင် တစ်စုံတစ်ခု ရှိနေပုံရ၏။

သာမန်ကျောက်တုံးအချို့အပြင် အမှန် တကယ်တော့ မီးခိုးနက်ရောင် ကျောက်တုံး အချို့ရှိနေသည်။

သူတို့က အရွယ်အစား အမျိုးမျိုး ရှိနေ ၏။အကြီးဆုံးက မီတာအနည်းငယ် အရွယ်အစားရှိကာ တန်ဒါဇင်ပေါင်းများစွာ အလေးချိန်ရှိနိုင်ပြီး အသေးဆုံးက လက်သီးအရွယ်အစားမျှသာ ရှိပေသည်။

လျူယောင် စိတ်ထဲကနေ တွေးမိလိုက် သည်။

"ဒီမီးခိုးနက်ရောင်ကျောက်တုံးတွေကို ဧရာမရေဘဝဲတွေ စုဆောင်းထားတာ ဖြစ်နိုင်လောက်လား"

ရေဘဝဲအချို့က သူတို့နှစ်သက်တဲ့အရာ များကို မကြာခဏ စုဆောင်းလေ့ရှိတယ်လို့ သူ ကြားခဲ့ဖူးသည်။

ဒီ မီးခိုးနက်ရောင်ကျောက်တုံးများက သာမန်ကျောက်တုံးနဲ့အနည်းငယ် ကွာ ခြားလှသည်။ သူတို့က သတ္တုရိုင်း တစ် မျိုးမျိုးလား ဒါမှမဟုတ် ဧရာမရေဘဝဲများ ၏ အမြင်တွင် လှလို့ စုဆောင်းထား တာ လား ဆိုတာကိုတော့ လျူယောင် စဥ်းစား မရခဲ့ပေ။

တတိယအမြင်မှတစ်ဆင့် ဒီမီးခိုးနက် ရောင် ကျောက်တုံးတွေကို လျူယောင် ဂရု တစိုက် ကြည့်လိုက်သည်။

လိပ်ကြီးကတော့ ဧရာမတွင်းထဲရှိ အခြေ အနေကို ကြည့်နေပြီး ဧရာမလှံကိုကိုင်ကာ စူးစမ်းလိုစိတ်ဖြင့် ဟိုနေရာကို ခေါက်ကြည့် ဒီနေရာကို ထိုးကြည့်လုပ်နေသည်။

သူ့ရဲ့ရှုထောင့်အမြင်ကို လျူယောင် ချိန်ညှိ လိုက်ပြီး အဲ့ဒီ့မီးခိုးနက် ရောင်ကျောက် တုံးကို ချဲ့ကြည့်လိုက်သည်။သူ ကြည့် လေ လေ ဒါတွေက သာမန်ကျောက်တုံး များမ ဟုတ်ကြောင်း ပိုမို ခံစားမိလေလေ ဖြစ် သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါက တတိယအ မြင်ဖြ စ်တာကြောင့် မျက်စိရှေ့တွင် မြင်နေရသလို မျိုး လက် တွေ့တော့ မကျပေ။

ခဏတာစဉ်းစားပြီးနောက် လျူယောင် ညွှန့်ကြား လိုက်၏။

"ငါ့ကောင်ကြီး ဒီလို မီးခိုးနက်ရောင် ရောင် ကျောက်တုံးတွေကို မင်းတွေ့လား.. သေး ငယ်တဲ့အတုံးအချို့ကို ယူပြီး ပင်လယ် ကမ်းစပ်နာက ဂိုဒေါင်ထဲ သယ်ပို့ပေးအုံး.. ဒါက ဘယ်လိုကျောက်တုံးမျိုးလဲဆိုတာ ငါကြည့်ချင်တယ်..."

လိပ်ကြီး ချက်ခြင်း သဘောတူလိုက်သည်။

"အိုခေဘာသခင် ပြဿနာမရှိပါဘူး"

ထိုကျောက်တုံးနှစ်တုံး သုံးတုံးကို လိပ်ကြီး ကျ ပန်း ကောက်ယူလိုက်သည်။ထိုအထဲက အသေးဆုံးမှာ တစ်မီတာကျော် အရွယ်အစားရှိပေသည်။

ဒီလို ကြီးမားတဲ့ ကျောက်တုံးတစ်တုံးက အမြင်အားဖြင့် အနည်းဆုံး တန်အနည်းငယ် အလေးချိန်ရှိ၏။ လိပ်ကြီးက ဒီဟာကို ကျောက်တုံးသေးသေးလေးဟု ထင် မှတ်ပေမဲ့ လျူယောင်မတွက် တော့ အဲ့ဒါက အလွန်ကြီးတယ်လို့ ထင်ရသည်။

"ဒီလောက်ကြီးဖို့မလိုဘူး ပိုသေးတဲ့ အတုံးကို ရွေးလိုက်..."

လျူယောင်က သတိပေးလိုက်သည်။

နောက်ဆုံးတွင် လိပ်ကြီးက အဝတ် လျှော် ဇလုံအရွယ်အစားရှိတဲ့ ကျောက်တုံး နှစ်တုံး သုံးတုံးနဲ့ အဝတ်လျှော်ဇလုံ တစ်ဝက်အ ရွယ်အစားရှိတဲ့ တစ်တုံးကို ရွေးချယ် လိုက် သည်။

"သခင်.. ဒီသေးတဲ့ကျောက်တုံးတွေဆို ဘယ်လိုလဲ..."

လျူယောင် ခေါင်းညိတ်ကာ မှာလိုက်၏။

"အင်း မဆိုးဘူး...ဒါတွေကို ငါ့ဆီပို့ပေး... ဟွာဟိုင်း မြို့နားနီးရင် ငါ့ကို ဆက်သွယ် လိုက်"

ပင်လယ်ကမ်းစပ်ဂိုဒေါင်ကို လိပ်ကြီး သွားလို့မရတာ သေချာ၏။

တစ်ဖက်တွင် လိပ်ကြီးက ကြီးလာတာ ကြောင့်ဂိုဒေါင်၏ ရေလမ်းကြောင်းမှ ဝင်ရောက်ရန် အနည်းငယ် ကျဉ်းနေ ပေ မည်။ အခြားတစ်ဖက်တွင်တော့ ဂိုဒေါင် ထဲတွင် စက် များ ရှိနေတာကြောက့် လုံခြုံ ရေးအစောင့်များက အချိန်တိုင်း စောင့် ကြည့်နေတာမို့လို့ ဂိုဒေါင်ထဲသို့ လိပ်ကြီး လာလို့မရပေ။

ဟွာဟိုင်း မြို့အနီးက သဲသောင်ပြင်တစ်ခုကို သွားခြင်းမှာ အကောင်းဆုံးပင်။ မီးခိုးနက် ရောင်ကျောက်တုံးတွေနဲ့ အတူ ကြီးမားတဲ့ တွင်းထဲမှ လိပ်ကြီး ထွက်လာခဲ့သည်။

တွင်းကြီးထဲမှထွက်ပြီးနောက် ရေမျက်နှာ ပြင်အောက် မီတာ 2၀၀ 3၀၀ အကွာကို လိပ်ကြီး ရောက်လာကာ အလျင်အမြန်ပင် ရှေ့ကို ဆက်လက်ကူးခတ်သွားသည်။

.......

နောက်တစ်နေ့ နံနက်စောစောတွင်....

လျူယောင် အိပ်ရာမှထတာနဲ့ လိပ်ကြီး ရဲ့အသံက ထွက်ပေါ်လာသည်။

"သခင်ရေ...ကျနော်.. ဟွာဟိုင်းမြို့အနီးကို ရောက်လုနီးပါးဖြစ်နေပါပီ..."

ဒီအမြန်နူန်းက တကယ့်ကို ပုံမှန်မဟုတ်တဲ့ အမြန်နှုန်းပဲ ဖြစ်၏။ လိပ်ကြီး ဖြစ်ထိုက်ပါ ပေသည်။

ပင်လယ်ရေမိုင်ထောင်ချီရှည်လျားတဲ့ ခရီး ကို ဆယ်နာရီအတွင်း မြန်မြန် ရောက်လာ ခဲ့သည်။

လျူယောင် ချက်ခြင်းပြန်ဖြေလိုက်၏။

"ဟုတ်ပြီ ငါ အခုပဲ ကမ်းခြေကို သွားလိုက် မယ်.. မင်းရဲ့ပစ္စည်းတွေကို ပင်လယ်ထဲမှာပဲ ထားခဲ့... ကုန်းပေါ်တက်ဖို့မလိုဘူး..."

ဒါတွေကို ပင်လယ်ကမ်းစပ်အနီးရှိ ဆယ်မီ တာကျော် အနက်မှ ပင်လယ်အောက် ခြေ တွင် ထားတာက အကောင်းဆုံးပဲ ဖြစ်သည်။

တကယ်လို့ လိပ်ကြီးသာ ကုန်းပေါ် တက်ရန် စွန့်စားပါက နေ့ခင်းကြောင် တောင်ဖြစ် တာကြောင့် တစ်ယောက်ယောက် တွေ့ သွားရင် ကြောက်လန့်စေနိုင်တာမို့ မကောင်း လှပေ။

လျူယောင် ဖုန်းကို ယူကာ ခေါ်လိုက်၏။ ချန်းဟူအား Big-G ကားကို မောင်းလာရန် မှာလိုက်ပြီးနောက် မနက်စာစားကာ လျူယောင်အပြင်ကို ထွက်လာလိုက်သည်။

ချန်းဟူက ရောက်နှင့်နေပြီး ကြီးမားတဲ့ ဗီလာဂိတ်ရှေ့တွင် စောင့်နေသည်။

လျူယောင် ထွက်လာတာကို မြင်တဲ့အခါ.သူ ကားပေါ်မှဆင်းပြီး တံခါးဖွင့်ပေးလိုက် သည်။ လျူယောင် ကားထဲဝင်ပြီးနောက် ချန်းဟူ ယာဉ်မောင်းထိုင်ခုံတွင် ထိုင်လိုက် ၏။ ဒီတစ်ကြိမ်မှာတော့ ရှေ့ထိုင်ခုံတွင် မည်သူမျှ မရှိပေ။

ဒါကလျူယောင်ရဲ့ အမိန့်ဖြစ်ပြီး ကိစ္စက အရေးကြီးတာကြောင့် ချန်းဟူ တစ်ဦး တည်းသာ သိသင့်ပေသည်။အ ခြားလူများ ကို လျူယောင် သိစေလိုခြင်းမရှိခဲ့ပေ။

ကားထဲဝင်ထိုင်ပြီးနောက် တည်နေရာကို လျူယောင် ပြောပြလိုက်ကာ ချန်းဟူက ထိုနေရာသို့ မောင်းနှင်လာခဲ့သည်။

အကွာအဝေးက ဝေးပေမဲ့ နည်းလမ်းမရှိပေ။ နီးစပ်တဲ့နေရာများတွင် လူများစွာ ရှိ တာကြောင့် လျူယောင်ရွေးတဲ့နေရာက အနည်းငယ်ဝေးပေမဲ့ တိတ်ဆိတ်ပြီး အခြားလူများလည်း ရှိမနေပေ။

တစ်နာရီခွဲကျော်ကြာ မောင်းနှင်ပြီးနောက် ကားက ပင်လယ်ကမ်းစပ်ကို ရောက်လာ ခဲ့သည်။ လျူယောင် ကားပေါ်မှဆင်းပြီး သူ့ရဲ့ အပြင်အဝတ်အစားများကို ချွတ် လိုက်၏။ပြီးနောက် ရေကူးဘောင်းဘီတိုကို ဝတ်လိုက်ကာ ပင်လယ်ထဲ ဆင်းရန် ပြင်ဆင်လိုက်သည်။

ဒါကို မြင်တဲ့အခါ ချန်းဟူက အလျင်အမြန် ပြောလိုက်သည်။

"သူဋေး ကျွန်တော်လုပ်လိုက်ပါ့မယ်"

လျူယောင် ခေါင်းခါကာ မှာလိုက်၏။

"ရတယ် ..မင်း ကားထဲမှာပဲ ငါ့ကို စောင့်နေ ..."

ပြောပြီးတာနဲ့ သူ ပင်လယ်ကမ်းစပ်ကို လျှောက်သွားပြီး ရေအောက်ထဲသို့ လျင် မြန်စွာ ပျောက်ကွယ်သွားသည်။ ဒီ ကျောက် တုံးများရဲနေရာအတိအကျကို လျူယောင် တစ်ဦးတည်းသာ သိတာကြောင့် ကိုယ် တိုင်သွားခြင်းက ပိုမြန်ဆန်ပြီး မကြာမှီပင် ဒီဟာကို ယူလာနိုင်တော့ မှာပဲဖြစ် သည်။

သုံးမိနစ် လေးမိနစ်ကြာပြီးနောက် လျူ ယောင် ပင်လယ်ထဲမှ ထွက်လာခဲ့သည်။ သူ့လက်ထဲတွင် အဝတ်လျှော် ဇလုံ အရွယ် အစားရှိတဲ့ မီးခိုးနက်ရောင် ကျောက် တုံးနှစ် တုံးကို ကိုင်ထားပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။

"ချန်းဟူ ဒီကျောက်တုံးတွေကို ကားပေါ်တ င်လိုက်"

ချက်ချင်းဆိုသလို ချန်းဟူ ပြေးလာပြီး ကျောက်တုံးတစ်တုံးကို လက်တစ်ဖက်စီ ဖြင့်ကိုင်ကာ ကားပေါ်တွင် တင်လိုက်၏။

ဒီအတောအတွင်း ပင်လယ်ထဲကို နောက် တစ်ကြိမ် လျူ​ယောင် ဆင်းလာခဲ့သည်။

ကျောက်တုံးအကြီးတစ်တုံးနဲ့အသေးတစ်တုံးကျန်နေသေးသည်။

ကျောက်တုံးများကို ကားနောက်ခန်းထဲ ထည့်လိုက်ပြီးနောက် ချန်းဟူ ဒီကျောက် များကို ဂရုတစိုက်ကြည့်လိုက်၏။

ကြည့်နေရင်းနဲ့ သူ့စိတ်ထဲတွင် ဒီကျောက် တုံးနှစ်တုံးက ပုံမှန်မဟုတ်သလို ခံစားနေ ရပြီး ဒါတွေက သာမန်ကျောက်တုံးနဲ့ လုံးဝ တူမနေပေ။

All Chapters