လျူယောင်ကိုယ်တိုင် စမ်းသပ် ခြင်း
Vol. 25 Ch. 347
ချန်းဟူ စိတ်ရှုပ်ထွေးသွားပြီး စူးစမ်းလို စိတ် များ ဖြစ်ပေါ်လာ၏။
ဒီကျောက်တုံးနှစ်တုံးက သာမန် ကျောက် တုံးများနှဲ့ အနည်းငယ်ကွာခြားနေပုံရပြီး အနည်းငယ်ထူးခြားနေသည်။ ချန်းဟူ ဂရု တစိုက်ကြည့်ကာ သူ့လက်များဖြင့် ထိ ကြည့်လိုက်သည်။
"ဒါက ကျောက်တုံးမဖြစ်နိုင်ဘူး..."
ချန်းဟူ စိတ်ထဲ၌ ဆုံးဖြတ်လိုက်ပြီး ပိုမို ဂရုတစိုက်ကြည့်လိုက်၏။ အပြင်ဘက် မှကြည့်လျှင် မီးခိုးရောင်ဖြစ်ပြီး အရောင်က တူညီနေပေသည်။
တကယ်လို့ ဒါသာ ကျောက်တုံးဖြစ်ပါက အရောင် ဒီလောက်တူညီနေမည်မဟုတ်ပေ။ အချို့နေရာတွင် မျဉ်းကြောင်းများ ရှိနိုင်ပါသည်။
လက်ဖြင့်ထိကြည့်တဲ့ အခါ သတ္တုတွင်သာ ရှိနိုင်တဲ့ အေးမြမြ ခံစားမှု့မျိုးရှိနေတာကို ချန်းဟူ တွေ့လိုက်ရ၏။
ဒီစိတ်ကူးက ချန်းဟူရဲ့စိတ်ထဲတွင် ပေါ် လာတာနဲ့တစ်ပြိုင်နက် သူ ကျောက်တုံး နှစ်တုံး ကို အနီးကပ် ကြည့်ခါနီးတွင် လျူ ယောင်က ပင်လယ်ထဲမှ တက်လာသည်။
သူ့ရဲ့ လက်တစ်ဖက်စီတွင် ကျောက်တုံး နှစ်တုံးကို ကိုင်ထားပြီး တစ်တုံးက အကြီး တစ်တုံးက အသေးဖြစ်သည်။ ယခင် နှစ်တုံးလိုပင် အရောင် အတူတူပင် ဖြစ်၏။
ကျောက်တုံးနှစ်တုံးကို ကားနောက်ဖုံးထဲ ထည့်လိုက်ပြီးနောက် လျူယောင် သူ့ကိုယ် ပေါ်ရှိ ရေများကို မျက်နှာသုတ်ပဝါဖြင့် သုတ်လိုက်ပြီး ကားထဲတွင် အဝတ်အ စားသ န့်သန့်ကို ဝတ်ဆင်လိုက်သည်။
ကျောက်တုံးလေးတုံးကို ကြည့်ပြီး ချန်းဟူ က စူးစမ်းလိုစိတ်နဲ့ ပြောလိုက်သည်။
"သုဋေး.. ဒါတွေကို ဘယ်လိုကြည့်ကြည့် ကျောက်တုံးတွေနဲ့ မတူဘူးနော် သတ္တု့ အချို့နဲ့ ပိုတူနေတယ်..."
" အမ် သတ္တုနဲ့တူနေတာလား..."
လျူယောင် ကားနောက်ဘက်သို့ လျှောက် သွားပြီး ကျောက်တုံးများကို ထပ်ခါတလဲ လဲကြည့်လိုက်၏။ ချန်းဟူရဲ့ သတိပေး ချက်ကြောင့် ဒီကျောက်တုံးများက ကြည့် လေလေ သတ္တုနဲ့ပိုတူလေလေ ဖြစ်နေသည်။
"တကယ်ပဲ သတ္တုလားဟ ..."
ပင်လယ်အောက်ခြေရှိ မီတာထောင်ချီ အ နက်မှ တွင်းထဲတွင်ရှိတဲ့ ဒီသတ္တု့က ဘယ် လိုမျိုးနည်း။
" ဒါ ..ဂြိုဟ်သားတွေရဲ့ လက်ရာ ဖြစ်နိုင် လောက်လား"
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀,၀၀၀ လောက်က ဂြိုဟ်သားများက ဒီကမ္ဘာပေါ်ကို တကယ် ရောက်လာခဲ့ဖူး၏။
ကျောက်တုံးတစ်တုံးကို လျူယောင် ကောက်ယူလိုက်ပြီး အလေးချိန်ကို ချိန်ဆလိုက်သည်။
"ဟုတ်တယ်ဟ ဒါက အလွန်ပေါ့နေတာပဲ .. ကျောက်တုံးထက်ပင် ပိုပေါ့နေပုံရတယ်... သတ္တုလား ဒါမှမဟုတ် ဘယ်လိုသတ္တု မျိုးလဲဆိုတာကိုတော့..ငါ ပြန်ရောက်ပြီး လေ့လာကြည့်မှ သိရမယ်.."
လျူယောင် လက်ဝှေ့ယမ်းကာ ပြောလိုက် ၏။
"သွားကြစို့.. ကုမ္ပဏီကို ပြန်သွားကြမယ်.."
နှစ်ယောက်သား ကားထဲသို့ဝင်ကာ Universal Group ကို ပြန်လာကြသည်။ ချန်းဟူက အာရုံစိုက်ကာ ကားမောင်းနေပြီး လျူယောင်ကတော့ နောက်ခန်းထိုင်ခုံတွင် ထိုင်ရင်း အများကြီး စဉ်းစားနေသည်။
"တကယ် လို့သာ ဒါတွေက သတ္တု့ဖြစ်ပါက ဘယ်လိုသတ္တုများလဲ ..သူ့ရဲ့ ဂုဏ်သတ္တိ တွေ ကရော ဘာဖြစ်မလဲ...."
သေချာတာ တစ်ခုကတော့ ဒီကျောက်တုံး ကအခေါင်းပွမဟုတ်ပဲ သိပ်သည်းဆမှာ အတော်လေးနိမ့်နေသည်။
" ဒီလိုပေါ့ပါးတဲ့ သတ္တုမျိုး ရှိလို့လား..."
လျူယောင့် အထင်တွင် အလူမီနီယံ သတ္တုစ ပ်က အတော်လေးပေါ့ပါးတဲ့ သတ္တုပဲ ဖြစ် ၏။ လိပ်ကြီး ယူပေးတဲ့ ကျောက်တုံးများက အလူမီနီယံသတ္တုစပ်လိုမျိုး ပေါ့ပါးနေပုံ ရသည်။
ဒါ့အပြင် ဒီကျာက်တုံး ရဲ့သံချေးတက် ခြင်း ခံနိုင်ရည်က အလွန်အားကောင်း လောက် မည်။
ဒြပ်စင်များကို စစ်ဆေးခြင်းအရ ဒီဧရာမ တွင်းကြီးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀,၀၀၀ က ဖြစ်ပေါ်လာခဲ့သည်။ ဆိုလိုတာက ဒီ သတ္တုများကလည်း ပင်လယ် အောက်ခြေ တွင် နှစ်ပေါင်း ၅၀,၀၀၀ ကြာ ရှိနေခဲ့တာ ဖြစ်နိုင်လောက်သည်။
နှစ်ပေါင်း ၅၀,၀၀၀ ကြာအောင် ပင်လယ် ရေထဲတွင် နှစ်မြှုပ်ပြီးနောက် ဘယ် သတ္တု မဆို သံချေးတက်ပြီး အမှုန်အမွှားပင် ကျန် ခဲ့မှာ မဟုတ်ပေ။ ဒါပေမဲ့ ဒီသတ္တု အပိုင်း အစများရဲ့ မျက်နှာပြင်မှာတော့ သံချေး တက်ခြင်း လုံးဝ ရှိမနေပေ။
Universal ကို ချန်းဟူ ပြန်မောင်း လာခဲ့ ၏။ လျူယောင် လမ်းတစ်လျှောက်လုံး အများကြီးစဉ်းစားလာခဲ့ပြီး ပြောလိုက် သည်။
"ဒီပစ္စည်းတွေကို ငါ့ရုံးခန်းထဲကို ရွှေ့လိုက်"
ချန်းဟူ ခေါင်းညိတ်လိုက်ပြီး ပစ္စည်းများ ရွှေ့ရန် စတင်လိုက်သည်။
အသေးဆုံးအပိုင်းကို လျူယောင် ယူလာ ပြီး သူ့ကိုယ်ပိုင်ရုံးခန်းထဲ ဝင်လာခဲ့သည်။
အသေးဆုံးကျောက်တုံးကို စားပွဲပေါ်တ င်လိုက်ပြီးနောက် ဖုန်းကိုကောက်ယူပြီး ကျိုးယန်ကို လာဖို့ လျူယောင် ခေါ်လိုက် သည်။
ခဏအကြာမှာတော့ ကျိုးယန် ရောက် လာပြီး အသံကျာ်ကျယ်နဲ့ မေးလိုက်သည်။
"သူဋေး ...ကျွန်တော့်ကို ရှာနေတာလား ခဗျ.."
သူဋေးက သူ့ကို ကိုယ်တိုင်ခေါ်တာကြောင့် အရေးကြီးကိစ္စတစ်ခုခုရှိမယ်လို့ ကျိုးယန် ထင်မိသည်။ ဥပမာအားဖြင့် Universal အ ဆောက်အအုံကို ပြန်လည်ပြုပြင်ခြင်း ဒါမှမဟုတ် အဖွဲ့က Universal အဆောက် အုံကို ပြောင်းရွေ့ခြင်းတို့ ဖြစ်လောက် မည် ဟု ကျိုးယန် ထင်မိသည်။
ဒါပေမဲ့ အဲ့တာတွေ တစ်ခုမှ မဟုတ်ပေ။
လျူယောင် အရင်ဆုံး စာရွက်ဖြူတစ်ရွက်နဲ့ ဘောပင်တစ်ချောင်းကို ထုတ်လိုက်သည်။
သင်္ဘောကြီးအချို့ကို ဝယ်ခိုင်းမည်ဟု ကျိုးယန် ထင်လိုက်သည်။ဒါ့ကြောင့် သူ လျင်မြန်စွာ ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ပြဿနာမရှိပါဘူး သူဋေး ..အဖွဲ့ရဲ့ လက် ရှိဘဏ္ဍာရေးအခြေအနေက ကောင်းပါတယ် ငွေတွေလည်း လုံလောက်ပါတယ်... သင်္ဘော ကြီးအချို့ကို ထပ်ဝယ်ဖို့ ဖိအား မရှိပါဘူး ခဗျ.."
ဒီစကားကိုကြားတဲ့အခါ လျူယောင် အ နည်းငယ်ပြုံးလိုက်ပြီး ကျိုးယန် အထင်မှား နေတာကို သိလိုက်သည်။ သူ မပြင် ပေး တော့ပေ။ စာရွက်ဖြူကို စားပွဲ ပေါ်တင် လိုက်ပြီးနောက် ဘောပင်ကိုကောက်ယူကာ ရေးရင်း ပြောလိုက်သည်။
"ငါ ပစ္စည်းအချို့ လိုအပ်တယ်..ဒီ စာရွက် ပေါ်မှာ ရေးပေးမယ်..ဥပမာ- အီလက်ထရော နစ်အကြေးခွံ၊ တူသေးသေး၊ ဘီကာ၊ လွှငယ် ၊ စမ်းသပ်ပြွန်၊ ဆာလဖျူရစ်အက်ဆစ်၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ်..."
လျူယောင် ပြောနေရင်းရေးနေစဉ် သူ့ဘေး တွင်ရှိနေတဲ့ ကျိုးယန်၏မျက်နှာတွင် အံ့ အားသင့်တဲ့မျက်နှာ အမူအရာ ပေါ်လာပြီး အချိန်အတော်ကြာအောင် သတိမဝင်ခဲ့ပေ။
သူဋေးက သင်္ဘောကြီးအချို့ကို ဝယ်ခိုင်း တာ မဟုတ်ဘဲ စမ်းသပ်ဖို့အတွက် ပစ္စည်း အချို့ ဝယ်ခိုင်းခြင်းဖြစ်ကြောင်း နောက်ဆုံး တွင် သိလိုက်ရသည်။ငါ့ရဲ့ သူဋေးက ရုတ် တရက် ဓာတုဗေဒကို စိတ်ဝင်စား သွားပြီ လားလို့ပင် ကျိုးယန် တွေးမိသည်။
သတိပြန်ဝင်လာပြီးနောက် ကျိုးယန် လျင်မြန်စွာ ပြောလိုက်၏။
"ဟုတ်ကဲ့ပါ ဒီပစ္စည်းတွေကို လူစီစဉ်ပြီး ချက်ချင်းဝယ်ခိုင်းလိုက်ပါ့မယ်..."
စုစုပေါင်း ပစ္စည်းအမျိုးအစား၂၀ ၃၀ ခန့်ရှိပေသည်။ လျူယောင် စာရွက်ပေါ်တွင် ရေးပြီးနောက် အမိန့်ပေးလိုက်သည်။
"မြန်မြန်လုပ် ဒါတွေကို ငါ အရေးပေါ် သုံးရ မှာ"
"အခန်းတစ်ခန်းကို ... ပြင်ဆင်ထားပြီး ဒီ ပစ္စည်းတွေအားလုံးကို အဲ့ဒီမှာ ထားလိုက် ပါ..."
လျူယောင် ထပ်မံပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ကျွန်တော် ချက်ချင်း စီစဉ်လိုက် ပါ့မယ်..." ပြောပြီးနောက် ကျိုးယန် စာရွက် ကို ယူကာ ရုံးခန်းမှ ထွက်လာခဲ့သည်။
ကျိုးယန် ထွက်သွားတာနဲ့ ချန်းဟူက ကျောက်တုံးကြီးသုံးတုံးကို သယ်ပြီး ဝင်လာခဲ့၏။
"သူဋေး ပစ္စည်းတွေ ဘယ်မှာထားရမလဲ.."
သူ့ရုံးခန်းပတ်ပတ်လည်ကို လျူယောင် ကြည့်လိုက်ပြီးနောက် ကြီးမားတဲ့ ဗီရိုတစ်ခု ကို ဖွင့်လိုက်ကာ အောက်ဆုံးထပ်ကို ရှင်း လင်းပြီး နေရာချလိုက်သည်။
"အခုတော့ ဒီမှာပဲ ထားလိုက် ငါ မင်းနဲ့ လုပ်စ ရာ မရှိသေးဘူး...မင်း ကြိုက်တာလုပ် လို့ရ တယ်.."
လျူယောင် ပြောလိုက်သည်။
ချန်းဟူ ခေါင်းညိတ်လိုက်ပြီး ရုံးခန်း မှထွက် လာကာ တံခါးကို ညင်သာစွာ ပိတ်လိုက် သည်။
လျူယောင် ဗီရိုထဲရှိ ကျောက်တုံးသုံးတုံးကို ကြည့်လိုက်သည်။ သူကြည့်လေလေ ဒါက ကျောက်တုံးထက် သတ္တုအပိုင်းအစ သုံးတုံး နဲ့ ပိုတူလေလေဖြစ်နေသည်။
ခဏတာကြည့်ပြီးနောက် သူ ဗီရိုတံခါးကို ပိတ်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်ရင်း အံဆွဲထဲမှ မှန်ဘီလူးတစ်ခုကို ထုတ်လိုက် ကာ စားပွဲပေါ်ရှိ ကျောက်တုံးကို အလင်း ရောင်ဖြင့် ဂရုတစိုက်ကြည့်လိုက်သည်။
ခဏတာကြည့်ပြီးနောက် လျူယောင် သူ့ဘာသာသူ ပြောလိုက်၏။
"တကယ်ပဲ ဒါတွေက ကျောက်တုံးတွေ မဟုတ်ဘူး သတ္တုတွေပဲ..."
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀,၀၀၀ က တည်ရှိခဲ့တဲ့ သတ္တုက ဂြိုဟ်သားတွေရဲ့ ထုတ်ကုန် ဖြစ် နိုင်တယ်လို့ တွေးလိုက်တဲ့ အခါ လျူယောင် တဖြည်းဖြည်း စိတ်လှုပ်ရှားလာသည်။
ဂြိုဟ်သားတွေ ထုတ်လုပ်တဲ့ သတ္တုက ရိုး ရှင်းနေမည်မဟုတ်ပေ။ဒါတွေကို ဘာ အ တွက် လုပ်ထားတာကိုတော့ လျူယောင် မသိပေ။
" ဒီသတ္တုတွေကို ငါ ကိုယ်တိုင်စစ် ဆေး ကြည့်ရမယ်..."
ကျိုးယန်က လျင်မြန်ပြီး အလွန်အလုပ် လုပ်၏။ တစ်နာရီမပြည့်မီအချိန်တွင် တံခါးကိုခေါက်ကာ လျူယောင်ရဲ့ရုံးခန်းထဲ ဝင်လာခဲ့သည်။
"သူဋေး ခိုင်းတဲ့ပစ္စည်းတွေအားလုံးကို ကျွန် တော်ဝယ်ပြီးပြီ.. ဘေးခန်းမှာ ထားလိုက် ပါတယ်.. "
ဘေးအခန်းက အစည်းအဝေးခန်း အသေး လေးဖြစ်ပြီး အခုတော့ လျူယောင်ရဲ့ ကိုယ် ပိုင်ဓာတ် ခွဲခန်းအဖြစ် ယာယီအသုံးပြုရန် ရှင်းလင်းထား၏။
စားပွဲပေါ်က သတ္တုအပိုင်းတွေကို လက် တစ်ဖက်တည်းနဲ့ လျူယောင် ကိုင်ကာ ရုံးခန်းမှထွက်လာခဲ့သည်။
လျူယောင် ကိုင်ထားတဲ့ဟာကို မြင်တဲ့အခါ ကျိူးယန် စိတ်ရှုပ်ထွေးနေသည်။
"ဒီလောက်ကြီးတဲ့ကျောက်တုံးတွေကို သူဋေးက ဘာလုပ်ဖို့ စီစဉ်နေတာလဲ..."
ကျိုးယန် စိတ်ထဲကနေ တွေးလိုက်၏။
"သူဋေးက ဒီ ကျောက်တုံးကို ဓာတုဗေ ဒ စမ်းသပ်မှု့အတွက် အသုံးချင်တာလား မသိဘူး.. "
ကျိုးယန်ရဲ့ စိတ်ထဲတွင် အလယ်တန်း တုန်း က ဓာတုဗေဒဆရာတစ်ဦး စမ်းသပ်မှု့ ပြု လုပ်နေတဲ့ မြင်ကွင်းကို ပြန်ပြောင်း သတိရမိ သွားသည်။
အမှန်တကယ်တော့ ရုတ်တရက်ပေါ်လာတဲ့ စိတ်ကူးနဲ့ စမ်းသပ်ဖို့အတွက် ကျောက်တုံး ကို လျူယောင် ယူလာတာမဟုတ်ဘဲ သတ္တု ရဲ့ ဂုဏ်သတ္တိမတွေကို ကိုယ်တိုင်စစ် ဆေး လိုတာကြောင့်ပင်။
လျူယောင် တံခါးကိုတွန်းဖွင့်လိုက်ပြီး ဘေးအခန်းမှ အစည်းအဝေးခန်း အသေး လေးထဲ ဝင်လိုက်ရာ စားပွဲပေါ်က ပစ္စည်း များကို သူ တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင် လိုက်ရသည်။
စုစုပေါင်း ပစ္စည်း ၂၀ မှ ၃၀ အထိရှိ ပေ သည်။ကျိုးယန် ဒါတွေ အားလုံးကို ဝယ်ရန် လူတစ်ဦးကို စီစဉ်ခိုင်း လောက်မည်။
လျူယောင် အနည်းငယ်စိတ်လှုပ်ရှားနေ၏။ သူ အင်္ကျီကို ချွတ်လိုက်ပြီး လက်အရှည်ကို လှန်လိုက်ကာ ဒါတွေကို ကိုယ်တိုင် စစ်ဆေး ရန် သူ ပြင်ဆင်လိုက်သည်။
"ကဲ ဒီသတ္တုက ဘယ်လို ဂုဏ်သတ္တိ ရှိလဲ ဆိုတာ ကြည့်ရအောင်.." လျူယောင် ရေရွတ်လိုက်၏။