ကျွမ်းကျင်တဲ့ ပညာရှင်လိုတယ်
Vol. 25 Ch. 348
"လိုအပ်တာတွေအားလုံးကို ဝယ်ပြီးပြီပဲ "
ဒီပစ္စည်းတွေကိုမြင်တော့ စိတ်လှုပ်ရှား မှု့ ဖြင့် လျူယောင် တုန်ယင်နေခဲ့သည်။ သူ့ လက်ထဲက သတ္တုအပိုင်းအစကို စားပွဲပေါ် မြန်မြန်တင်လိုက်ပြီး ပစ္စည်းတွေကို ကျေနပ် စွာ ကြည့်လိုက်သည်။
ထိုအရာများက သာမန်ပစ္စည်းများ ဖြစ်ပေမဲ့ ဥပမာ- သာမန်အီလက်ထရောနစ်အကြေးခွံ၊ ဖြတ်တောက်ရေးကိရိယာများ စသဖြင့် ဖြစ် သည်။
လျူယောင် လေဝင်လေထွက်ပန်ကာကို ဖွင့်လိုက်ပြီး လိုက်ကာများကို ဆွဲတင်ကာ ကိုယ်တိုင်စစ်ဆေးတာကို စတင်လိုက်၏။။
ပထမဆုံးစစ်ဆေးရမည့်အရာမှာ ဒီအမည် မသိ သတ္တု၏ သိပ်သည်းဆဖြစ်သည်။ ဒါ့ကြောင့် လျှပ်စစ်ဖြတ်တောက် ရေးကိရိ ယာကို ကိုင်ပြီး လျူယောင် စတင်ဖြတ် တောက်လိုက်သည်။
ခဏအကြာတွင် ဒီသတ္တုက အလွန်ပေါ့ပါး ပေမဲ့ မာကျောမှု့ မနိမ့်ကြောင်း သူ သိလိုက် ရသည်။
ဒါက သာမန်သံမဏိထက် သေချာပေါက် ပိုပြီးမာနေ၏။ အချိန်အတော်ကြာအောင် ဖြတ်တောက်ပြီးနောက် လျှပ်စစ်ဖြတ် တောက်ရေးကိရိယာဖြင့် အပိုင်းသေးသေး လေးတစ်ခုကို ဖြတ်တောက်ရန် အတော်ပင် အားထုတ်ခဲ့ရသည်။
ဖြတ်ထားတဲ့ မျက်နှာပြင်တွင် ထင်ရှားတဲ့ သတ္တုအရောင်ရှိနေတာကြောင့် ဒါကို သတ္တု အစစ်ဖြစ်ကြောင်း လျူယောင် ပိုအတည် ပြုလိုက်သည်။ဒါက ဂြိုဟ်သားခေတ်က ထုတ်လုပ်ထားတဲ့ သတ္တုတစ်မျိုး ဖြစ် လောက်မည်။
"အရင်ဆုံး အလေးချိန်ကို တိုင်းကြည့် ရအောင်.."
ဖြတ်ထားတဲ့ သတ္တုအပိုင်းအစကို အီလက် ထရောနစ်တိုင်းတာရေးခွက်ပေါ်တွင် လျူ ယောင် တိုင်းကြည့်လိုက်တဲ့အခါ ၂၇.၃၅ ဂရမ် ရှိ၏။
ပြီးနောက် ဂဏန်းပေါင်းစက်ဖြင့် လျူ ယောင် တွက်ကြည့်လိုက်ရာ သိပ်သည်း ဆက ၂.၆ ပဲ ဖြစ်သည်။
သံရဲ့ သိပ်သည်းဆက ၇.၈၊ တိုက်တေနီ ယမ် သတ္တုစပ်ရဲ့သိပ်သည်းဆက ၄.၅ ခန့် အလူ မီနီယံသတ္တုစပ်ရဲ့ သိပ်သည်းဆက ၂.၇ ဖြစ်ကြောင်း ကျွန်ုပ်တို့ သိထားကြပေသည်။
ဒီမီးခိုးနက်ရောင်သတ္တုရဲ့ သိပ်သည်း ဆ က၂.၆ ဖြစ်တာကြောင့် အလူမီနီယံ သတ္တု စပ်ထက် အနည်းငယ် မြင့်မားနေ သည်။ ထိုသတ္တု့အစလေးကို လျူယောင် ပေါ့ပေါ့ တန်တန်ယူလိုက်သည်။
"ဒါက ပိုပြီးတော့ အမိုက်စားပဲ..."
တကယ်ပင် အလွန်ပေါ့ပါးလှ၏။ အလူမီနီ ယံသတ္တုစပ်ထက် ပိုပေါ့ပါးပေမဲ့ အလူမီ နီယံသတ္တုစပ်လိုတော့ မနူးညံ့ပေ။သူ့ရဲ့ မာကျောမူ့က သာမန်သံမဏိထက် အနည်း ငယ် မာကျော၏။
ထို့နောက် သံချေးတက်ခြင်း ခံနိုင်ရည်ကို လျူယောင် ထပ်မံ စမ်းသပ်ခဲ့သည်။ အဲ့ဒါ ကို ဆာလဖျူရစ်အက်ဆစ်ထဲ ထည့်ကြည့် ပြီး ဟိုက်ဒရိုကလိုရစ်အက်ဆစ်ထဲသို့ ထည့်ကြည့်ရာ တုံ့ပြန်မှု့ လုံးဝမရှိပေ။
လျူယောင် ဒါကို မယုံကြည်နိုင်ဘဲ သူ ကိုယ်တိုင် ရွှေပျော်ရည် ဖန်ခွက်တစ်ခွက်ကို ဖန်တီးလိုက်သည်။
ပြီးနောက် ခုနက ဖြတ်တောက်ထားတဲ့ သတ္တုမှုန့်များကို သူ စုဆောင်းပြီး ရွှေ ပျော်ရည် ဖန်ခွက်ထဲကို လောင်းထည့် လိုက် သည်။
ရွှေပျော်ရည်က အလွန်သံချေးတက် စေ သည့် အရည်ပင် ဖြစ်၏။ ရွှေကိုပင် သံ ချေးတက်စေနိုင်သည်။ ဒါပေမဲ့ ဒီ သတ္တု မှုန့်များကို ရွှေပျော်ရည် ထဲ လောင်းထည့် လိုက်တဲ့အခါ သံချေးတက်မှု့က အလွန်နှေး ကွေး နေပေသည်။
ဖန်ချောင်းဖြင့် လျူယောင် မွှေနှောက် ကြည့်ရာ ဒီသတ္တု့ရဲ့ တုံ့ပြန်မှု့အရှိန် အလွန် နှေးကွေးနေသေးသည်။
"အရှိန်က အရမ်းနှေးနေတဲ့အတွက် ဒီမှာထားပြီး ရလဒ်ကြည့်ကြည့်မယ်ကွာ.. "
လျူယောင် အချိန်ကို မှတ်ထားလိုက်၏။ နာရီအနည်းငယ်ကြာပြီးနောက် သတ္တုမှုန့် များက လုံးဝတုံ့ပြန်နိုင်သွားသည်။
ထို့နောက် စမ်းသပ်မှု့အများအပြားကို လျူယောင် ပြုလုပ်ခဲ့ရာ ရလဒ်များက အံ့အားသင့်စရာ ကောင်းလှ၏။
ဥပမာအားဖြင့် ဒီသတ္တုရဲ့ အရည်ပျော် မှတ် က အလွန်မြင့်မားနေပုံရသည်။ ဒါကို မီး တောက်ဖြင့် တစ်ဝက်လောက်ကြာအောင် အပူပေးလိုက်ပေမဲ့ အနီရောင်ပင် မပြောင်း လဲပေ။ အရောင်တစ်ချက်မှ မပြောင်းပဲ အနက်ရောင်နဲ့ မီးခိုးရောင်သာ ရှိနေသည်။
သူ့ရဲ့ မီးတောက်မှာများ တစ်ခုခုမှားယွင်း နေတာလားလို့ လျူယောင် ထင်လိုက် သည်။ဒါ့ကြောင့် သွပ်နန်းကြိုးတစ်ချောင်း ကို သူ လျင်မြန်စွာရှာလိုက်၏။
ထိုမီးတောက် လောင်ကျွမ်းမူ့ အောက်တွင် သွပ်နန်းကြိုးက အနီရောင် ပြောင်းသွားပြီး နောက် အဖြူရောင်ဘက် ပြောင်းလဲသွား သည်။
ဒါက မီးတောက်အပူချိန် အလွန် မြင့်မား ကြောင်း ပြသနေသည်။သွပ်နန်းကြိုးရဲ့ အ ရည်ပျော်မှတ်ကို မရောက်ပေမဲ့ ဒီဂရီ ၁,၂၀၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်း ရ သည်။ သွပ်နန်းကြိုးရဲ့ အရည်ပျော် မှတ် ဖြစ်တဲ့ ၁,၅၀၀ ဒီဂရီကျော်နဲ့ သိပ်မဝေး တော့ပေ။
စမ်းသပ်မှု့အများအပြားပြုလုပ်ပြီးနောက် ဒီသတ္တုအကြောင်းကို လျူယောင် အ ကြမ်းဖျင်းနားလည်သွားခဲ့၏ ။
ဒီသတ္တု့ရဲ့ ဂုဏ်သတ္တိများက သိပ်သည်း ဆနိမ့်ခြင်း ၊ အရည်ပျော်မှတ်မြင့်မားခြင်း ၊ မာကျောမှု့မြင့်မားခြင်း ၊ သံချေးတက် တာကိုခံနိုင်ရည်ရှိခြင်း စသဖြင့် ဖြစ်၏။
" ဘုရားရေ..."
" ဒါက ဂြိုဟ်သားတွေရဲ့ ထုတ်ကုန်ဖြစ် ထိုက်ပြီး ကမ္ဘာဂြိုဟ်ရဲ့ ထုတ်လုပ်မူ့ကို ကျော်လွန်နေတာပဲ..."
လျူယောင် စိတ်ထဲကနေ အံအားသင့်ကာ ရေရွတ်လိုက်သည်။
ဒီ သတ္တု၏ မာကျောမှု့၊ ဆွဲအားခံနိုင်ရည်၊ ပုံသွင်းနိုင်စွမ်း၊ အရည်ပျော်မှတ် ဒီလို သီးခြားဂုဏ်သတ္တိများရဲ့ အသေးစိတ်ကို စမ်းသပ်ရန်တော့ ပရော်ဖက်ရှင်နယ် သတ္တု့စမ်းသပ်တဲ့ ကျွမ်းကျင်ပညာရှင်များ လိုအပ်ပြီး လက်ရှိအချိန်မှာတော့ စစ်ဆေး လို့ မရနိုင်ပေ။
"ဒါကို စမ်းသပ်ဖို့အတွက် ငါ ကျွမ်းကျင် အဖွဲ့အစည်းတစ်ခုခုကို ပို့သင့်လား.."
လျူယောင် ဆုံးဖြတ်ချက်တစ်ခု ချလိုက် ၏။
အလေးချိန် ၂၀ ဂရမ်သာရှိတဲ့ ဖြတ်ထား သော သတ္တုအပိုင်းအစများကို ပလတ်စတ စ်အလွှာများစွာဖြင့် ဂရုတစိုက်ပတ် လိုက်ပြီး နောက် ကျိုးယန်အား ပို့ပေးရန် သူ အမိန့် ပေးလိုက်သည်။
ဒါကို ယန်နိုင်ငံရဲ့ အခိုင်မာဆုံး ပရော် ဖက်ရှင်နယ်အဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံ၏ အကယ်ဒမီ လက်အောက်မှာရှိတဲ့ အထူးသ တ္တုပစ္စည်းများ စမ်းသပ်ဌာနကို လျူယောင် စာပို့လိုက်သည်။
လက်ခံသူကတော့ ထိုသုတေသငှာနရဲ့ ဒါရိုက်တာ ဟူကျန်းကော်ပင် ဖြစ်၏။ သူက အထူးသတ္တုပစ္စည်းများဆိုင်ရာ အကယ်ဒမီ ပညာရှင်တစ်ဦး လည်းဖြစ်ပေသည်။
.......
အထူးသတ္တုသုတေသနဌာနတွင်....
ဟူကျန်းကော်က ရုံးခန်းထဲတွင် ဧည့်သည် တစ်ဦးနဲ့ တွေ့ဆုံနေသည်။ ထိုဧည့်သည်မှာ ယန်ကော လေယဥ် အင်ဂျင်များဆိုင်ရာ ပညာရှင်ဖြစ်တဲ့ လျန်ဝမ်ချန်းပဲ ဖြစ်သည်။
သူတို့နှစ်ဦးက တက္ကသိုလ် အတူတူ တက်ခဲ့ တဲ့ အတန်းတူ ကျောင်းသားဟောင်း များဖြ စ်ကြသည်။ တက္ကသိုလ်တစ်ခုတည်း တစ် တန်းတည်း ဘွဲ့ရခဲ့ကြပေမဲ့ အဓိက ဘာသာရ ပ်များကတော့ ကွဲပြားခဲ့သည်။ တစ်ဦးက သတ္တုပစ္စည်းများကို အထူးပြုပြီး တစ်ဦး ကတော့ လေယဥ်အင်ဂျင်ဒီဇိုင်းကို အ ထူးပြုထားသည်။
လေယာဥ်အင်ဂျင်များရဲ့ ဒီဇိုင်းနှင့် ဖွံ့ဖြိုး တိုးတက်မှု့တွင် အရေးကြီးဆုံး အရာများ ထဲမှ တစ်ခုက သတ္တုပစ္စည်းပဲဖြစ်သည်။
မျိုးဆက်တစ်ဆက်တည်း အသုံးခံသည့် သတ္တုပစ္စည်းများ ဒါမှမဟုတ် လေယာဥ် အင်ဂျင်များဖြစ်၏။
ယန်နိုင်ငံက လေယာဥ် အင်ဂျင်နယ် ပယ် တွင် တတိယတန်းစားဟုသာ သတ်မှတ် နိုင် ပြီး တတိယမျိုးဆက် အင်ဂျင် များအဆင့် တွင်သာ ရှိနေသည်။
ဖွံ့ဖြိုးပြီးနိုင်ငံအချို့ကမူ စတုတ္ထမျိုး ဆက် လေကြောင်းအင်ဂျင်များရဲ့ နည်းပညာတွင် အလွန်ရင့်ကျက်နေပြီး ပဉ္စမမျိုးဆက် လေယာဥ်အင်ဂျင်များကိုပင် အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။
ထိုဖွံ့ဖြိုးပြီးနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ယန်နိုင်ငံ၏ လေယာဥ်အင်ဂျင်နယ်ပယ်နဲ့ နည်းပညာကွာဟချက်မှာ အနည်းဆုံး နှစ် ၂၀ မှ ၃၀ ခန့် နောက်ကျနေပေသည်။
ဟူကျန်းကော်က. စိုးရိမ်တကြီး မေးလိုက် သည်။
"အဘိုးကြီး..ခင်ဗျားရဲ့ တာဘိုဖန် X အင်ဂျင် အခြေအနေ ဘယ်လိုလဲ"
တာဘိုဖန် X ဆိုတာက စတုတ္ထမျိုး ဆက် အင်ဂျင်ဖြစ်ပြီး သူ့ရဲ့တွန်းအား-အလေးချိန် အချိုးက ၁၀:၅ ဖြစ်ပြီး Vector နော်ဇယ် နည်းပညာကို အသုံးပြုထားသည်။ ထို အရာ ကို ပြည်တွင်းထုတ် ပဉ္စမမျိုးဆက် တိုက် လေယာဉ်အသစ်များတွင် အသုံးပြု မည်ဖြစ်သည်။
နိုင်ငံတော်က ဒီလိုအင်ဂျင်ကို အလွန် မျှော် လင့်ထားပြီး ပံ့ပိုးမှု့များလည်း ပေးထား၏။
ဒါပေမဲ့ အင်ဂျင် ထုတ်လုပ်မူ့ မှုလုပ်ငန်း စဉ် တွင် အခက်အခဲများစွာရှိနေပြီး ပြဿနာ အမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။
လုပ်ငန်းစဉ်တစ်ခုလုံးက အလွန်ခက်ခဲ လှ သည်။
ခါးသီးသောမျက်နှာ အမူအရာနဲ့ လျန်ဝမ် ချန်း ညီးတွားလိုက်သည်။
"ဟူး..ပြဿနာအချို့တော့ ရှိနေသေးတယ် ကွာ.. အရေးကြီးဆုံးကတော့ တာဘိုင်ရှေ့က အပူချိန်ကို မြှင့်တင်လို့မရဘူး ပြီးတော့ ဓါးသွားတွေရဲ့သက်တမ်းကလည်း မကောင်းဘူး..."
လေယာဥ်အင်ဂျင် ရှေ့ရှိ အပူချိန်က အ ရေး ကြီးတဲ့ အရာ တစ်ခုပဲ ဖြစ်၏။ အဆင့် မြင့် အင်ဂျင်တစ်ခုရဲ့ တာဘိုင်ရှေ့ရှိ အပူချိန်က စင်တီဂရိတ် ၁,၈၀၀ ဒီဂရီကျော် အထိ ရောက်နိုင်၏။
ဒီလိုမြင့်မားတဲ့ အပူချိန်တွင် သတ္တု များစွာ က အရည်ပျော်သွားမှာပဲ ဖြစ်၏။ဒါ့ကြောင့် သင့်တင့်တဲ့ အပူချိန်အတွက်သာ အလုပ် လုပ်နိုင်ပြီး ပြင်းထန်တဲ့တွန်းအားကို ထုတ် ပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ဒီလို ခံနိုင်ရည်ရှိစေရန် အထူးသတ္တုများ ဒါ မှမဟုတ် စူပါသတ္တုစပ်များ လိုအပ် ပေသည်။
အချို့သောအဆင့်မြင့်အင်ဂျင်များအတွက် လိုအပ်တဲ့ စူပါသတ္တုစပ်များက သာမန် မဟုတ်ပေ။အဲ့ဒါက ပိုမိုမြင့်မားတဲ့အပူချိန်ကို ခံနိုင်ရည်ရှိတဲ့ အမှုန့်သတ္တုဗေဒ စူပါသတ္တု စပ်ပင်ဖြစ်သည်။
ဒါ့အပြင် တာဘိုင်ဒစ်နဲ့ တာဘိုင်ဓါးသွားများ ကို ဒီလိုမြင့်မားတဲ့အပူချိန်တွင် အချိန်အ ကြာကြီးပုံမှန်အလုပ်လုပ်နိုင်ရန်အတွက် ခံနိုင်ရည်ရှိတဲ့ သတ္တု လိုအပ်နေပေသည်။
လျန်ဝမ်ချန်းက တာဘိုဖန် X အင်ဂျင်ရဲ့ တာဘိုင်ရှေ့ရှိ အပူချိန်ကို ထပ်မံမြှင့် တင် ရန်နဲ့ ဓါးသွားများရဲ့ သက်တမ်းကို တိုး မြှင့်ရန် အိပ်မက်မက်ခဲ့ပေမဲ့ ကံမကောင်း စွာနဲ့ပဲ ပစ္စည်းများက လုံလောက်မှု့မရှိခဲ့ပေ။
"ကျန်းကော် ငါ ဒီတစ်ခါလာတာ မင်းရဲ့ အကူအညီကို တောင်းဖို့ပဲ.. ငါတို့က .. ပြည် ပကနေ မြင့်မားတဲ့ အပူချိန်ခံသတ္တုစပ်နဲ့ နှိုင်းယှဉ်နိုင်တဲ့ သတ္တုတစ်မျိုး လိုအပ် နေတယ်ကွာ..မဟုတ်ရင် ငါတို့ရဲ့ တာဘိုဖန် X စီမံကိန်းက ရပ်တန့်သွားလိမ့်မယ်"
ဒီစကားကိုကြားတဲ့အခါ ဟူကျန်းကော် အလေးအနက်ထားလိုက်ကာ ဖြည်းဖြည်း ချင်း ပြောလိုက်၏။
"ဘယ်လိုပြောရမလဲ မင်းရဲ့ အရေး ပေါ်လို အပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ် လောက်ဘူးကွာ..ငါတို့ကလည်း .. ရိုးရိုးစူ ပါသတ္တု ကို ပြည်တွင်းမှာထုတ်လုပ်ဖို့ စီမံကိန်းတစ်ခု စတင်ခဲ့ပေမယ့်… စက်မှု့လု ပ်ငန်းမှာ အသုံးပြုနိုင်ဖို့အတွက် အနည်းဆုံး ငါးနှစ်ကနေ ရှစ်နှစ်အထိ ကြာလိမ့်မယ်..."
"ဘာ ငါးနှစ်ကနေ ရှစ်နှစ်အထိလား .."
လျန်ဝမ်ချန်း ညည်းတွားလိုက်သည်။ အချိန်က အရမ်း ကြာလွန်းတာကြောင့် အဲ့ဒါတွေကို စောင့်နိုင်မှာမဟုတ်ပေ။
ပြည်ပမှ ရိုရိုးစူပါစပ်သတ္တု သွင်းကုန်များက အလွန်ခက်ခဲရုံသာမက ဈေးနှုန်းကလည်း အလွန်မြင့်မားနေသည်။ဒါ့အပြင် သူ့ရဲ့ လည်ပင်းကိုလည်း အချိန်မရွေးညှစ် နိုင်သည်။
တစ်နေ့နေ့တွင် ထောက်ပံ့မှုရပ်တန့်သွား ပါကပြဿနာ ဖြစ်လာလိမ့်မည်။
"ဘယ်လိုလုပ်ရမလဲ...ငါ ဘယ်လိုလုပ်ရမဲ..."
လျန်ဝမ်ချန်း စိတ်ထဲကနေ စိုးရိမ်ပူပန် နေခဲ့သည်။
"ဒုန်း..ဒုန်း.. ဒုန်း..."
ထိုအချိန် ရုံးခန်းတံခါး ခေါက်သံကို သူတို့ နှစ်ယောက် ကြားလိုက်ရ၏။ ဟူကျန်းကော် ရဲ့လက်ထောက်က တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့ရာ သူ့လက်ထဲတွင် ချောစာထုပ် တစ်ထုပ် ကိုင်ထားပေသည်။