← Chapters

ပင်လယ်ကြမ်းပြင်အောက်မှ ချိုင့်ဝှမ်း

Vol. 25 Ch. 349

ပင်လယ်ကြမ်းပြင်အောက်မှ ချိုင့်ဝှမ်း

Vol. 25 Ch. 349

"ဒါရိုက်တာ ခင်ဗျားရဲ့ အမြန်ချောပို့ ရောက်နေပါပြီ ခဗျ..."

အထုပ်ကို အံ့သြစွာ ဟူကျန်းကော် ကြည့် လိုက်၏။ အထုပ်မှာ အလွန်သေးငယ်ကာ အလျားနဲ့ အနံ ဆယ်စင်တီမီတာခန့်သာ ရှိသည်။

"ဒီလောက် သေးငယ်တဲ့ ပစ္စည်းက ဘာများပါလိမ့်.."

မကြာသေးမှီက ဘာတစ်ခုမှ သူ ဝယ် ယူထားခြင်း မရှိတာကို မှတ်မိကာသူ့ စိတ်ထဲတွင် ဌာနကမိတ်ဆွေများပို့ပေးတာ ဖြစ်လောက်မယ်လို့ တွေးမိသည်။

"ရှောင်လီ အဲ့ဒါကို ငါ့စားပွဲပေါ် တင် ထားလိုက်..."

ဟူကျန်းကော် အလေးမထားပဲ ပြန်ပြော လိုက်သည်။

ဒီအထုပ်သေးသေးလေးကို ဂရုမစိုက်ဘဲ ဟူကျန်းကော်က ဧည့်ခန်းရှိ ဆိုဖာပေါ်မှာ ထိုင်လျက် လျန်ဝမ်ချန်းနဲ့ စကားဆက် ပြောနေသည်။

"လူအိုကြီး ခင်ဗျား နောက်ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ.."

လျန်ဝမ်ချန်း သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး ပြန်ဖြေလိုက်၏။

“ဟူး ..ဒီမှာ အများကြီး မျှော်လင့်လို့ မရဘူး ဆိုရင်တော့ ပြည်ပက သွင်းကုန်တွေပေါ်မှာပဲ မျှော်လင့်ချက်ထားရမှာပေါ့..ငါ တို့ လိုအပ် တဲ့ စူပါသတ္တုစပ် တချို့ တင်သွင်းဖို့ပဲ မျှော် လင့်ရတော့မှာပဲ..”

လက်ရှိ တာဘိုဖန် X အင်ဂျင်ကို ပြည်တွင်း က အကောင်းဆုံး စူပါသတ္တုစပ်ကို အသုံး ပြုထားပေမယ့် စမ်းသပ်စစ်ဆေးမှု့ အကြိမ်အတော်များများ ပြုလုပ်ပြီးနောက် တာဘိုင်ဓားသွားတွေမှာ ပြဿနာတွေ အမြဲကြုံတွေ့ရမြဲပင်​။

ဥပမာအားဖြင့် ဓားသွားရဲ့ မျက်နှာပြင်မှာ ပွန်းပဲ့ခြင်း ဒါမှမဟုတ် ဓားသွား အက် ကွဲခြင်းတို့ကို ဖြစ်လာခဲ့သည်။

ဒါက စမ်းသပ်မှု့ သက်သက်ပဲရှိသေးတယ် ဒီလိုဖြစ်နေရင်တော့ အသုံးပြုနိုင်တဲ့ သက် တမ်း လုံးဝ မရှိပေ။

တာဘိုင်ဓားသွားတွေက အပူချိန်မြင့်မားတဲ့ အဓိက ပစ္စည်းနဲ့ ထိဆက်နေထားတာကြောင့် သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ဖို့ လို အပ်ပေသည်။။ အနည်းဆုံး နာရီ ၁,၀၀၀ ကြာနိုင်တဲ့ သက်တမ်းကို ပြည့်မီရမှာပဲ ဖြစ် ၏။ နိုင်ငံခြားတွေမှာတော့ မကြာခဏ ဆို သလို နာရီ ၅,၀၀၀ ဒါမှမဟုတ် နာရီ ၈,၀၀၀ အထိ အသုံးပြုနိုင်ကြသည်။

ဟူကျန်းကော် တောင်းပန်စကား ဆိုလိုက်သည်။

“လောလောဆယ်တော့ ငါ မင်းကို မကူညီနိုင် သေးဘူး သူငယ်ချင်းရာ.. ပြည်တွင်းမှာရှိတဲ့ တစ်ခုတည်းသော စူပါသတ္တုစပ်တွေ ဖွံ့ဖြိုး တိုးတက်ဖို့က အချိန်ယူရတယ်ကွ နိုင်ငံခြား က လာတဲ့ စူပါသတ္တုစပ်တွေ တင်သွင်း နိုင် အောင် ကြိုးစားဖို့ ငါ အကြံပြုချင်တယ်...”

လျန်ဝမ်ချန်း ခေါင်းညိတ်ကာ သဘော တူလိုက်၏။

“အေးကွာ ..ဒီနည်းပဲ ရှိတော့မယ် ထင်တယ်. ပြည်ပက...တစ်ခုတည်းသော စူပါ သလင်း ကျောက် သတ္တုစပ် တချို့တင်သွင်းနိုင်ဖို့ ...ငါလည်း မျှော်လင့်နေတာကွာ..”

လျန်ဝမ်ချန်း အခုလို တွေးလိုက်တာက အရင်ဆုံး တင်သွင်းတဲ့ အစိတ်အပိုင်းကို အရင်အသုံးပြုရင်းနဲ့ တစ်ဆင့်ချင်းစီ လုပ်ဆောင်ဖို့ပဲ ဖြစ်သည်။

တာဘိုဖန် X အင်ဂျင်ရဲ့ တာဘိုင်ရှေ့က အပူချိန်ကို ထပ်ပြီး မြှင့်တင်ဖို့ လိုအပ်နေ၏။

"ဒါမှသာ တွန်းအား-အလေးချိန် အချိုးကို ညီမျှနိုင်ပြီး တာဘိုင်ဓားသွားတွေရဲ့ သက်တမ်းကိုလည်း တိုးမြှင့်ရမည်။ အနည်းဆုံး နာရီ ၅၀၀ အထိဖြစ်ပြီး နာရီ ၁,၀၀၀ အထိ အသုံးပြုနိုင်ရင်တော့ ပိုကောင်း​ပေသည်။

ခဏကြာ စကားပြောပြီးနောက် လျန်ဝမ် ချန်း ထရပ်ပြီး နှုတ်ဆက်လိုက်သည်။ သူ့ရဲ့မျှော်လင့်ချက် ဆုံးရှုံးသွားတဲ့အတွက် တတ်နိုင်သမျှ အမြန်ဆုံးပြန်ပြီး အလုပ်ပြန်လုပ်ဖို့ လိုအပ်နေသည်။

အချိန်က အဖိုးတန်ပြီး တစ်ရက်ကို နှစ်ရက် အဖြစ် အသုံးချကာ တာဘိုဖန် X အင်ဂျင်ရဲ့ နည်းပညာဆိုင်ရာ ပြဿနာအားလုံးကို ဖြေရှ င်းပြီး အစုလိုက်အပြုံလိုက် ထုတ်လုပ်တဲ့ အဆင့်ကို တတ်နိုင်သမျှ အမြန်ဆုံး ရောက် ရှိနိုင်ဖို့ သူ ဆန္ဒရှိနေသည်။

တောင်းပန်စကားနဲ့အတူ ဟူကျန်းကော်က သူ့မိတ်ဆွေဟောင်းကို လိုက်ပို့ပြီးနောက် ရုံးခန်းကုလားထိုင်မှာ ထိုင်ကာ စားပွဲပေါ်က အထုပ်သေးလေးကို ကောက်ယူလိုက်၏။

"အာ ဒါ Universal က ပို့ထားတာပဲ ဘာတွေပါလိမ့် ..."

ဟူကျန်း‌ကော် အနည်းငယ် နားမလည် ဖြစ် သွားသည်။ ဒီ Universal ကုမ္ပဏီနဲ့ ဘာမှ မသက်ဆိုင်ကြောင်းကို မှတ်မိနေသည်။

"ဒီကုမ္ပဏီက သူ့ဆီကို ဘာလို့ အထုပ်ပို့ ရတာလဲ.."

အံဆွဲထဲက စက္ကူဖြတ်ဓားကို ထုတ်ကာ ဟူကျန်းကော် အထုပ်ကို ဂရုတစိုက် ဖွင့်ကြည့်လိုက်တော့ ပလတ်စတစ် ဖလင်နဲ့ ပတ်ထားတဲ့ ပစ္စည်းတစ်ခုနဲ့ ပုံနှိပ်ထားတဲ့ စာရွက်ငယ်တစ်ခုကို တွေ့လိုက်ရ၏။

စာရွက်လေးပေါ်တွင် စာသားအနည်းငယ် သာ ပါရှိပြီး ဒီသတ္တုက ပုံမှန်မဟုတ်တဲ့ အ တွက် အထူးသတ္တုပစ္စည်းတွေ သုတေ သန ဌာနကို သူ့ရဲ့သိပ်သည်းဆ၊ အရည် ပျော် မှတ်၊ မာကျောမှု့၊ ဆွဲအားစတာတွေ ပါဝင်တဲ့ စစ်ဆေးမှု့တွေ လုပ်ဆောင်ဖို့ အကူညီအ တောင်းတယ် လို့ ဆိုလိုထားသည်။

"ပလတ်စတစ်ဖလင်နဲ့ ထုပ်ထားတဲ့ သတ္တု တစ်စလား..."

ဟူကျန်း ကော်က ပလတ်စတစ်ဖလင်ကို ဖြုတ်လိုက်ရာ သတ္တုအပိုင်းအစကို မြင်လိုက်ရသည်။

သူက သတ္တုပစ္စည်းများဆိုင်ရာ ကျွမ်းကျင် သူဖြစ်တာကြောင့် ဒါဟာ ကျောက် ခဲမ ဟုတ်ဘဲ သတ္တုတစ်ပိုင်းဖြစ်တယ်ဆိုတာကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သိလိုက်သည်။ ဒါ့အပြင် ဒီသတ္တုရဲ့ သိပ်သည်းဆက အလွန်နည်းပါးပြီး အလွန်ပေါ့ပါးနေတယ် ဆိုတာကိုလည်း တွေ့လိုက်ရ၏။

မှန်ဘီလူးနဲ့ ကြည့်ပြီးနောက် သတ္တုက ပုံမှန်မ ဟုတ်ကြောင်း ဟူကျန်း‌ကော်သဘော ပေါက် လိုက်သည်။ ဒါကြောင့် ချက်ချင်း ကောက် ယူပြီး ဓာတ်ခွဲခန်းဆီကို သွားလိုက်သည်။

.....

မြောက်ပစိဖိတ်သမုဒ္ဒရာတွင်....

လိပ်ကြီးက ဒီနေရာကို ပြန်ရောက်လာကာ သူ့ရဲ့ကိုယ်ပိုင်ဂူမှာ နာရီအနည်းငယ် အနား ယူလိုက်သည်။မကြာမှီ ဗိုက်ဆာလာတယ်လို့ သူ ခံစားရပြီး ဧရာမလှံကြီးကို ကိုင်ကာ ရေမိုင် ၆၀ မှ ၇၀ အကွာရှိ ဧရာမတွင်း ကြီး ဆီ ဦးတည် ကူးခတ်သွားသည်။

လိပ်ကြီးက ဒီအကောင်တွေကို မျှော်လင့် ချက် ရှိနေသေးသည်။

"ဘာကြောင့် ဧရာမတွင်းထဲက ဧရာမရေဘဝဲ အနည်းငယ် ပျောက်သွားရတာလဲကွာ. သူ တို့က ဧရာမတွင်းကြီးဆီ ပြန်လာအုံးမှာလား ..."

ခဏအကြာမှာတော့ တွင်းကြီးရဲ့ အဝင်ဝကို လိပ်ကြီး ရောက်လာပြီး လှံကို ကိုင်ကာ ကူးခတ် ဝင်လာခဲ့၏။

ရေအနက်က တဖြည်းဖြည်း တိုးလာပြီး မီတာ ၅,၀၀၀ ကျော်တဲ့အထိ ဧရာ မရေ ဘဝဲရဲ့ အရိပ်ကို လိပ်ကြီး ရှာမတွေ့ဘဲ တွင်းရဲ့ အောက်ခြေကို ဆင်းသွားရာ အနက် မီတာ ၆,၅၀၀ ခန့်ကို ရောက်သွားသည်။

ဒီနေရာတွင်လည်း လုံးဝ ဗလာဖြစ်နေပြီး ဧရာမရေဘဝဲတွေ ရှိမနေချေ။

မျှော်လင့်ချက် ပျက်စီးသွားတဲ့အတွက် လိပ်ကြီး စိတ်ပျက်သွား၏။ တွင်းရဲ့ အောက်ခြေက မီးခိုးနက်ရောင် ကျောက် တုံးတွေကို ကြည့်လိုက်ပြီးနောက် ဂူထဲကနေ ဖြည်းဖြည်းချင်း သူ ရေကူးထွက်လာသည်။

ဗိုက်က ပိုပိုပြီး ဆာလာတယ်လို့ လိပ်ကြီး ခံစားရ၏။

"ထားလိုက်တော့ ဧရာမရေဘဝဲတွေ မရှိရင် ဗိုက်ဖြည့်ဖို့ တခြားတစ်ခုခု ရှာရမယ်..."

လိပ်ကြီး မကျေမချမ်း ရေရွတ်ရင်း ရေ မျက်နှာပြင်အောက် မီတာ တစ်ရာ နှစ်ရာ အကွာကို ရောက်လာကာ သူ့ ဗိုက်ကို ဖြည့်ဖို့ အတွက် ငါးကြီးတွေကို စတင်ရှာဖွေခဲ့သည်။

ပေါင်ရာချီလေးတဲ့ ငါးဆို သူ မဝပေ။ ဒီကောင်တွေက သူ့သွားကြားထဲမှာတောင် မညှပ်ပေ။

ခြင်က သေးငယ်ပေမယ့် အသားဖြစ်တယ် ဆိုတဲ့ မူကိုလိုက်နာပြီး ပေါင်ရာချီလေးတဲ့ ငါးကြီး ဆယ်ကောင်ကျော်ကို လိပ်ကြီး စားပစ်လိုက်သည်။

သူတို့ထဲက ပေါင် ငါးရာ ခြောက်ရာလေးတဲ့ တူနာငါးပြာတစ်ကောင်ပင် ပါဝင်သညိ။ ဒီလို ငါးကြီးတွေကို အဆင့်မြင့် စားသောက် ဆိုင်တချို့မှာဆို ဈေးကြီးပေးပြီး ရောင်း ချကြသည်။

အရသာကို ခံစားဖို့ အချိန်မရသလိုမျိုး လိပ်ကြီး တစ်ကိုက်တည်း စားလိုက်၏။

သူ့ရှေ့တွင် ဝေလငါးကြီးတစ်ကောင် ရှိနေပြီး ပင်လယ်ရေပြင်ပေါ်ကို ရေတွေ ဖြန်းထုတ်နေတာ တွေ့တော့ အစာအဖြစ် လိပ်ကြီး မှတ်ယူပြီး အလျင်စလို ပြေးသွားကာ ကိုက်စားလိုက်သည်။

ဝေလငါးကြီးတစ်ကောင် အပါအဝင် ငါး ရာချီစားပြီးနောက် သူ့ဗိုက်က တစ်ဝက် တစ်ပျက် ပြည့်သွား‌ တော့သည်။

တစ်တန်စီလေးတဲ့ ဧရာမရေဘဝဲတွေ မရှိ တော့တဲ့အတွက် လိပ်ကြီးရဲ့ အစာ ရှာ ဖွေတာက ပိုအချိန်ကုန်လာပြီး ငါးခြောက် ကောင် စားဖို့အတွက် တစ်နာရီကျော် သူ အချိန်ယူခဲ့ရသည်။

"ထားလိုက်တော့ ဒီ အနီးအနားမှာ ကြီးမား တဲ့ ဒီပင်လယ်ကြမ်းပြင်အောက်မှာ ချိုင့်ဝှမ်း ကြီးတွေ ရှိမရှိ ငါ သွားရှာကြည့်ရမယ်..."

တွင်းထဲမှ ဧရာမရေဘဝဲတွေ ထွက်သွားတာ ဖြစ်နိုင်ပြီး အနီးအနားက ပင်လယ်ကြမ်း ပြင်အောက်က ချိုင့်ဝှမ်းကြီးထဲမှာ ပုန်းနေတာ ဖြစ်နိုင်တယ်လို့ လျူယောင် ပြောခဲ့တာကို လိပ်ကြီးက မှတ်ထားခဲ့သည်။

ပင်လယ်ကြမ်းပြင်အောက်တွင် လိပ်ကြီးက ရေကူးခတ်နေပြီး မီတာ ၃,၀၀၀ ကျော်ရှိတဲ့ မြေပြန့်လွင်ပြင်မှာ ဟိုဟိုဒီဒီ ကူးရင်း တ ဖြည်းဖြည်း ပိုဝေးလာခဲ့သည်။

ရေမိုင် ၂၀၀ ခန့် လိပ်ကြီး ကူးခတ် ပြီး နောက် မြေပြင်အနေအထား ပြောင်းလဲ သွားတာကို တွေ့လိုက်ရသည်။ ဒါက ပြန့် နေတာ မဟုတ်တော့ဘဲ အနိမ့် အမြင့်တွေ ရှိလာ၏။

ရေမိုင်အနည်းငယ် ရှေ့ကို ကူးခတ် သွား ပြီးနောက် ပင်လယ်ကြမ်းပြင်ရဲ့ မြေ မျက် နှာသွင်ပြင်က အောက်ဘက်ကို စတင် စောင်းလာပြီး တဖြည်းဖြည်း မြင့်တက် လာကာ ဆင်ခြေလျှောဖြစ်နေသည်။

ဒါက ရေအောက်တောင်တန်းတစ်ခုဖြစ်ပြီး အလွန်ရှည်လျားပြီး ပင်လယ် ကြမ်းပြင် အောက်က လွင်ပြင်ထက် မီတာ နှစ်ရာ သုံးရာသာ ပိုမြင့်ပေသည်။

ဒီတောင်တန်းကို လိပ်ကြီး ဖြတ်ပြီးနောက် မြေပြင်အနေအထားက အောက်ဘက်ကို တိမ်းစောင်းလာကာ ထောင့်က ပိုပိုပြီး ကြီးလာတာကို လိပ်ကြီး တွေ့လိုက်ရ၏။။

ခဏအကြာကူးခတ်ပြီးနောက် လိပ်ကြီး ရပ်တန့်လိုက်သည်။

အဲဒီအခိုက်အတန့်မှာ သူက ဝမ်းသာအားရ ဖြစ်နေတယ်လို့ ခံစားလိုက်ရသည်။

ဒီနေရာက အဆုံးမရှိနက်ပြီး ကြီးမားတဲ့ ပင်လယ်ကြမ်းပြင် ချိုင့်ဝှမ်းကြီးက သူ့ ရှေ့မှာ ရှိနေတာကြောင့် ဖြစ်သည်။အဲ့ဒါက ဘယ်လောက် ရှည်ပြီး ဘယ်လောက် နက်တယ်ဆိုတာကိုတော့ လိပ်ကြီး မသိ သေးပေ။

သူ့ရဲ့ ရေမိုင် ၅၀၀ အတွင်း ထူးခြားတဲ့ အာ ရုံခံနိုင်စွမ်းကို လုံးဝကျော်လွန်နေတဲ့အတွက် ခဏရပ်ပြီးနောက် လိပ်ကြီး ဒီ နက်ရှိုင်းတဲ့ ချိုင့်ဝှမ်းကြီးထဲ ကူးခတ်ဝင်လာခဲ့သည်။

အနက် တဖြည်းဖြည်း တိုးလာပြီး ငါးမိုင် ခြောက်မိုင်အထိ ကူးခတ်လာပေမယ့် အောက်ခြေကို လိပ်ကြီး မရောက်သေး‌ပေ။

လိပ်ကြီးက ပိုနက်အောင် ဆင်းသွားဖို့ မလု ပ်ပဲ သူ့ရဲ့ အာရုံခံနိုင်စွမ်းကို အပြည့်အဝ ဖွင့်ကာ ဒီအနက်တွင် ဧရာမရေဘဝဲတွေကို တွေ့နိုင်ဖို့ မျှော်လင့်ခဲ့သည်။

ရေမိုင်အနည်းငယ် ကူးခတ်ပြီးနောက် လိပ် ကြီးထပ်ပြီး ရပ်လိုက်၏။ သူ၏ ထူးခြားတဲ့ အာရုံခံနိုင်စွမ်း အတွင်းတွင် ကြီးမားတဲ့ ပုံရိပ်တစ်ခု ပေါ်လာတာကြောင့်ပင်။

All Chapters