← Chapters

ဆန်းကြယ်သော သတ္တု့

Vol. 25 Ch. 350

ဆန်းကြယ်သော သတ္တု့

Vol. 25 Ch. 350

လိပ်ကြီး၏ ထူးခြားတဲ့ အာရုံခံနိုင်စွမ်း အတွင်းတွင် ဧရာမ ပုံရိပ်ကြီးတစ်ခု ရှိနေတာကြောင့်ရုတ်တရက် ဝမ်းသာအားရ ဖြစ်သွားကာ တိတ်တိတ်တိတ်လေး ကူးခတ်သွားခဲ့သည်။

"အိုး ဒါက ဧရာမ ရေဘဝဲတစ်ကောင်ပဲ..."

သူ့ရဲ့ လက်တံနဲ့ ခြေတံတစ်ချောင်းစီဟာ မီတာတစ်ရာကျော် ရှိပြီး ဘီလူးကြီး တစ် ကောင်လို ကြောက်စရာကောင်းပေမယ့် လိပ်ကြီး ကတော့ သဘောကျနေခဲ့သည်။

ဒီအကောင်ကြီးနားကို တိတ်တိတ်လေး အနားကပ်ပြီးနောက် အမြန် ရေကူးကာ လိပ်ကြီး ကျော်ဖြတ်လာခဲ့သည်။

အလျှင်အမြန် အဆုံးသတ်နိုင်ရန်အတွက် လိပ်ကြီးက ခိုးကြောင်ခိုးဝှက် တိုက်ခိုက် ခဲ့သည်။ သေချာစေတဲ့ ဒီခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု့က အလွန် အောင်မြင်ခဲ့ ပေသည်။

ကြီးမားတဲ့ အင့်အားနဲ့ မြန်နှုန်းမြင့် ထိတွေ့မှုကြောင့် လိပ်ကြီး ရဲ့ ဧရာမလှံက ရေဘဝဲရဲ့ ကိုယ်ထည် ထိုးဖောက်သွားခဲ့ပြီး တိုက်ရိုက်ထိုးဖောက်လုနီးပါး ဖြစ်သွား၏။

ဧရာမရေဘဝဲဟာ သေလုနီးပါး ဖြစ်နေတ ာကြောင့် တုံ့ပြန်မှု့က ကြီးမားလှသည်။ ဧရာမလက်တံ ခြေတံအချို့နဲ့ လိပ်ကြီး ကို သွေးရူးသွေးတန်းရစ်ပတ်ဖို့ စတင်ခဲ့သည်။

ကံမကောင်းစွာနဲ့ပဲ လိပ်ကြီးရဲ ခုခံကာ ကွယ် မှု့ကို လုံးဝ ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့ပေ။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ ရေဘဝဲ ကြီး၏ ဧရာမလက်တံ ခြေတံတွေ လျော့ရဲ သွားကာ အားမရှိဘဲ တွဲကျလာသည်။ဒီ ဧရာမရေဘဝဲကြီး သေဆုံးသွားခဲ့သည်။

လိပ်ကြီး အလွန် ပျော်ရွှင်ခဲ့ရ၏။

တန်ချိန် ၁,၀၀၀ ကျော်ရှိတဲ့ ဧရာမ ရေဘဝဲ က နှစ်ရက်စာ လုံလောက်တာကြောင့် နောက်နှစ်ရက်အတွက် အစာရှာဖို့ သူ စိတ်ပူစရာ မလိုတော့ပေ။

"ဝိူး..ကောင်းလိုက်တာ..."

"အရမ်းအရသာ ရှိတာပဲ.. "

လိပ်ကြီး သူ့စိတ်ထဲကနေ ကျေနပ်စွာ တွေး လိုက်သည်။ ဒီလို အရသာရှိတဲ့ အစာကို ထပ်စားနိုင်တာကြောင့် ဒီလိုနေ့ရက်မျိုးက သူ့အတွက်တော့ အရမ်းလှပနေပေသည်။

လိပ်ကြီး ပျော်ရွှင်နေစဥ်မှာပဲ သူ့ရဲ့ ထူး ခြားတဲ့ အာရုံခံနိုင်စွမ်း အတိုင်းအတာ အ တွင်း နောက်ထပ် ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်လာခဲ့သည်။ ဒါက နောက်ထပ် ဧရာ မရေဘဝဲတစ်ကောင်ပဲ ဖြစ်၏။ ချက်ချင်း ဆိုသလို လိပ်ကြီး နောက်ဆုတ်လာခဲ့သည်။

သူက တိုက်ခိုက်နိုင်စွမ်း မရှိလို့ မဟုတ်ဘဲ မလိုအပ်တဲ့အတွက် ဖြစ်သည်။သူ့ရဲ့ လှံ ကို ဆွဲယူပြီး အမြန် ရေကူးထွက်လာကာ မ ကြာခင်မှာ ဒီဧရာမ ပင်လယ် ကြမ်းပြင် အောက်မှ ချိုင့်ဝှမ်းကြီးထဲကနေ လိပ်ကြီး ထွက်လာခဲ့သည်။

ထွက်လာပြီးနောက် လိပ်ကြီး က ပင်လယ် ကြမ်းပြင်အောက်က ချိုင့်ဝှမ်းကြီးကို ကြည့် ပြီး သခင့် ရဲ့ ခန့်မှန်းချက်က လုံးဝမှန်ကန် ကြောင်း စိတ်ထဲကနေ တွေးလိုက်သည်။ ဒီချိုင့်ဝှမ်းကြီးက ဧရာမ ရေဘဝဲများရဲ့ အသိုက် ဖြစ်နေသည်။

အရင်က ဧရာမစက်ဝိုင်းတွင်းထဲမှာ ပေါ် လာတဲ့ ရေဘဝဲ အများစုက ဒီချိုင့်ဝှမ်းကြီး ထဲကို ထွက်ပြေးသွားခဲ့တာ ဖြစ်နိုင်သည်။ ဘာကြောင့်လဲဆိုတော့ ရေဘဝဲတွေက သဘာဝအတိုင်း အပေါက်တွေနဲ့ ဒီလို အနေရာတွေကို ကြိုက်တဲ့အတွက်ပဲ ဖြစ်၏။

အသေကောင်လို ဖြစ်နေတဲ့ သူ့ရဲ့ အဖိုး တန်ဆုကို ဆွဲယူပြီး ယာယီဂူကို လိပ်ကြီး ပြန်လာခဲ့သည်။

ပြန်ရောက်တာနဲ့ ပထမဆုံး လုပ်ရမယ့်အရာ က သူ့လက်ထဲမှာရှိတဲ့ လှံကို မြေပြင်ပေါ်မှာ ထားလိုက်ပြီးတော့ အစာစားပွဲကြီး ကျင်းပခြင်းပဲဖြစ်၏။

" ဂျွက် ဂျွက် ဂျွက်.."

ဧရာမ ရေဘဝဲရဲ့ လက်တံတွေနဲ့ ခြေတံတွေ ထဲက တစ်ချောင်းကို ကိုက်ဖြတ်လိုက်ပြီး အစပ်တုတ်ကြီးတစ်ချောင်းလို လိပ်ကြီး စားပစ်လိုက်သည်။

.........

ယန်နိုင်ငံ၏ အထူးသတ္တုပစ္စည်းများ သုတေသနဌာန....

ဓာတ်ခွဲခန်းထဲတွင် ဟူကျန်းကော်ရဲ့ ညွှန် ကြားချက်အရ နည်းပညာ ရှင်အချို့နဲ့ သု တေသီနှစ်ဦးက ဒီသတ္တုအပိုင်း အစလေးကို စစ်ဆေးမှု့တွေ ပြုလုပ်နေခဲ့သည်။

ဒီသတ္တုရဲ့ သိပ်သည်းဆကို တွေ့ရှိထားပြီး .သူ့ရဲ့သိပ်သည်းဆက တစ်ကုဗစင်တီမီတာ ကို ၂.၆၂ ဂရမ်ရှိသည်။ ဒီဟာက အလူမီနီ ယမ် သတ္တုစပ်ထက်တောင် ပိုနည်းနေသည်။

မာကျောမှု့ ၅၂ ရှိတာကိုလည်း တွေ့ရပြီး သာမန်သံမဏိရဲ့ မာကျောမှု့က ၃၅ ကနေ ၄၅ လောက်ရှိပြီး ဒီဟာရဲ့ မာကျောမှု့က သာမန်သံမဏိထက် ပိုမြင့်၏။

အရည်ပျော်မှတ်က ပိုပြီး အံ့ဩစရာကောင်း လှသည်။ ၃,၁၅၀ ဒီဂရီကို ရောက်ရှိနေပြီး သာမန်သံမဏိရဲ့ အရည်ပျော်မှတ်က ၁,၅၃၈ ဒီဂရီဖြစ်ပြီး အရည်ဆူမှတ်က တန်ချိန် ၂,၇၅၀ ဖြစ်သည်။ ဒီသတ္တုရဲ့ အရည်ပျော် မှတ်က ၃,၁၅၀ ဒီဂရီကို ရောက်ရှိခဲ့တာမို့လို့ သာမန်သံမဏိရဲ့ အရည်ဆူမှတ်ထက် ပိုမြ င့်​မားပေသည်။

“ဒါရိုက်တာ ..မယုံနိုင်စရာပဲ အရည်ပျော် မှတ်က ဒီလောက် မြင့်တာ ၂,၅၀၀ ဒီဂရီ အထိ အပူပေးတာတောင် နီရဲမလာဘူး ၃,၀၀၀ ဒီဂရီကျော်တောင် ပျော့တာ မစ သေးဘူး... "

“ဟုတ်တယ်... ငါ. တစ်သက်လုံး သတ္တု ပစ္စည်းတွေအကြောင်း လေ့လာခဲ့တာ ဒါမျိုး ထူးခြားတဲ့ သတ္တုကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲကွာ.."

ဟူကျန်းကော်က အံ့အားသင်ကာ ပြန်ဖြေ လိုက်၏။

လက်ထောက်သုတေသန ပညာရှင်က မေး လိုက်သည်။

“ဒါရိုက်တာ ဒီသတ္တုအပိုင်းအစက ဘယ်က ရတာလဲ။"

ဒီသုတေသီနှစ်ဦးပဲဖြစ်ဖြစ် တခြားနည်း ပညာရှင်တွေပဲဖြစ်ဖြစ် အကုန်လုံးက အံ့အားသင့်ကာ စိတ်ဝင်စားနေကြ၏။ ဒီလိုသတ္တုပစ္စည်းမျိုး ဘယ်က ရလာတာလဲ ဆိုတာကိုပေါ့။

အချို့က စိတ်ထဲကနေ ဒီလို တွေးမိသည်။

"ဒါက ဒါရိုက်တာရဲ့ လျှို့ဝှက်သုတေသန ရလဒ် ဖြစ်နိုင်ပြီး သူတို့ အရင်က မသိခဲ့ကြ တာလား ..."

တစ်ခုပြီးတစ်ခု တွေ့ရှိရတဲ့ အချက်အလက် တွေကို ကြည့်ပြီး စိတ်လှုပ်ရှားမှု့ကို ဟူ ကျန်းကော် မဖုံးကွယ်နိုင်တော့ပေ။ သူက သတ္တုပစ္စည်းများဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်ပြီး ဒီပစ္စည်းက ကမ္ဘာကို ဆန့်ကျင်တဲ့ သတ္တုပစ္စည်းတစ်မျိုးဖြစ်နိုင်တယ်လို့ ကြိုတင်သိနေခဲ့သည်။

ဒီသတ္တုပစ္စည်း ပေါ်ပေါက်လာတာနဲ့ ဒီနေ့ကမ္ဘာမှာရှိတဲ့ သတ္တု့ဖွဲ့စည်းပုံကို လုံးဝ ပြန်လည်ရေးသားနိုင်ဖွယ် ရှိသည်။

ဒါပေမယ့် ဒီသတ္တုရဲ့ ရုပ်ပိုင်းဆိုင်ရာ ခိုင်ခံ့မှု ဘယ်လိုရှိမလဲဆိုတာကိုတော့ သူ မသိ သေးပေ။ ဒါ့အပြင် ဆန့်နိုင်အား ပြုပြင်နိုင် စွမ်း စတာတွေကိုလည်း စစ်ဆေးဖို့ လိုအပ် နေသည်။

.....

နှစ်ရက်ကြာပြီးနောက်...

ဟူကျန်း‌ကော် တည်ငြိမ်မှု့ မရှိနိုင်တော့ပေ။ သူ့စားပွဲပေါ်တွင် အသေးစိတ် စမ်းသပ် ထားတဲ့ စစ်ဆေးမှု့ အစီရင်ခံစာတစ်စောင် ရှိနေပြီး သူက ဒါကို ထပ်ခါထပ်ခါ ဖတ်နေခဲ့သည်။

အချက်အလက်တွေက အရမ်းကို ထူးခြာ းဆန်းကြယ်လွန်းပြီး ဒီသတ္တုရဲ့ စွမ်းဆော င်ရည်က အံ့အားသင့်စရာကောင်းနေ၏။ မြင့်မားတဲ့ အရည်ပျော်မှတ်နဲ့ သိပ်သည်းဆ နည်းပါးတာတွေအပြင် ပိုပြီး ဝမ်းသာစရာ ကောင်းတာက ရုပ်ပိုင်းဆိုင်ရာ ခိုင်ခံ့မှုဟာ အလွန် မြင့်မားတာပါပဲ။

ပစ္စည်းက ကန့်သတ်ထားပြီး ဒီအပိုင်းအစ တစ်ခုတည်းသာ ရှိတဲ့အတွက် စမ်းသပ်မှု့က ရရှိတဲ့ အချက်အလက်တွေကို ကိုးကားဖို့ပဲ အသုံးပြုနိုင်ပေမယ့် လူတွေကို တည်ငြိမ်မှု့ မရှိစေရန် လုံလောက်နေပေသည်။

သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခိုင်ခံ့မှု့က ခိုင်ခံ့မှု့မြင့် မားတဲ့ သံမဏိထက် ငါးဆပိုများနေသည်။

"ဘုရားရေ သံမဏိထက် ငါးဆ ခံနိုင်ရည်ရှိ နေတာလား.."

"အရမ်းမိုက်တာပဲကွာ..."

အချိန်အကြာကြီးကြာပြီးနောက် သတ္တု ပစ္စည်းတွေကို တစ်သက်လုံး လုပ်ကိုင်ခဲ့တဲ့ ဟူကျန်း‌ကော် အနည်းငယ် တည်ငြိမ်သွား ပြီး အံဆွဲထဲက အမြန်ချောပို့ ထုပ်ပိုးတဲ့ အထုပ်ကို အရင် ထုတ်ကြည့်လိုက်သည်။

အပေါ်က အချက်အလက်တွေကို သူ ကြည့်လိုက်ပြီး Universal ဆိုတဲ့ စာလုံး တွေ ကို ကြည့်ပြီးနောက် သင်္ဘောကုမ္ပဏီက ဒီသတ္တုနဲ့ ဘယ်လို ပတ်သက်နိုင်လဲဆိုတာကို သူ မတွေးနိုင်တော့ပေ။

ထုပ်ပိုးထားတာကို ချလိုက်ပြီးနောက် ဟူ ကျန်းကော် ဖုန်းကို ကိုင်ကာ နံပါတ်တစ်ခုကို ကိုယ်တိုင် ခေါ်ဆိုလိုက်သည်။

…..

နာမည်ကြီး လေကြောင်းအင်ဂျင် ဒီဇိုင်း သုတေသနဌာန...

ဖုန်းဖြေဆိုမူ့တစ်ခု ပြီးလုပ်နောက် ရုတ်တ ရက် လျန်ဝမ်ချန်းရဲ့ မျက်နှာက အလွန် လေးနက်သွားပြီး မျက်မှောင်ကြုတ်လိုက် သည်။

သူ့လက်အောက်မှ ဒီဇိုင်းရုံး ဒါရိုက်တာ တစ်ယောက်က မေးလိုက်၏။

“ဆရာလျန် မျှော်လင့်ချက် မရှိတော့ဘူး လား..."

လျန်ဝမ်ချန်း သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်သည်။

“ဟူး မျှော်လင့်ချက် မရှိတော့ဘူး.. တစ်ဖက် က ဘယ်လောက် ပေးပေး မရောင်းဘူးလို့ ရှင်းရှင်းလင်းလင်း ပြောလိုက်တယ်... "

"ဒါ ဘယ်လိုဖြစ်တာလဲ.."

"တခြားလူက မရောင်းဘူး​တဲ့..."

ထို ဒါရိုက်တာ မတွေးနိုင်တော့ပေ။ တကယ် တမ်းဆိုရင်ဈေးနှုန်း မှန်ကန်နေသရွေ့ မရောင်းနိုင်စရာ အကြောင်းမရှိပေ။

လျန်ဝမ်ချန်းက သူ့အတွေးတွေကို မြင်နေ ပုံရပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“တစ်ဖက်က ဒီ သလင်းကျောက် စူပါသတ္ တုစပ်ကို ငါတို့ရဲ့ Turbofan X အင်ဂျင်မှာ အသုံးပြုဖို့ မှာတယ်ဆိုတာ သိနေတယ်. .သူတို့က ငါတို့ ဒီအင်ဂျင်ကို အောင်မြင်စွာ တီထွင်နိုင်တာကို မမြင်ချင်ဘူး.. ဒါကြောင့် ငါတို့ကို မရောင်းတာ ဖြစ်ရမယ်..."

မျိုးဆက်တစ်ဆက်ရဲ့ပစ္စည်းတွေက မျိုး ဆက်တစ်ဆက်ရဲ့ လေယာဉ်အင်ဂျင် တွေပဲ ထုတ်နိုင်ခဲ့သည်။

ကောင်းမွန်တဲ့ ပစ္စည်း မရှိရင် ဒီဇိုင်း ကောင်း တာတောင် အသုံးမဝင်ပေ။ ထုတ်လုပ်ထား တဲ့ အစိတ်အပိုင်းတွေက လိုအပ်ချက်တွေကို လုံးဝ ပြည့်မီနိုင်မှာ မဟုတ်တာကြောင့် ဖြစ်၏။

ဥပမာအားဖြင့် တာဘိုဖန် X အင်ဂျင်ရဲ့ ဒီဇိုင်းက ထူးချွန်တယ်လို့ ဖော်ပြနိုင်သည်။ ဒီဇိုင်းပိုင်းမှာတော့ စတုတ္ထမျိုးဆက် လေ ယာဉ်အင်ဂျင်ရဲ့ စံနှုန်းတွေနဲ့ ကောင်းစွာ လိုက်ဖက်မှု့ရှိနေပေမယ့် သတ္တု့ကတော့ မကောင်းခဲ့ပေ။

ပြည်တွင်းက အပူချိန်မြင့်မားတဲ့ သတ္တု စပ် တွေနဲ့ ပြုလုပ်ထားတဲ့ တာဘိုင်ဓားသွားတွေနဲ့ တခြား အစိတ်အပိုင်းတွေက လိုအပ်ချက် တွေ မပြည့် မီခဲ့ပဲ စမ်းသပ်ပြေးဆွဲမှု့ အနည်းငယ်အကြာမှာပဲ စွန့်ပစ်ရပြီး ဆက်လက်အသုံးပြုနိုင်တဲ့ သက်တမ်း လုံးဝ မရှိတော့‌ပေ။

"ဟူး ငါ ဒီလို လုပ်ရမှာလား.."

ဒါရိုက်တာ လျန်ဝမ်ချန်း သက်ပြင်း ချလိုက် ပြီး နောက်ဆုံးတော့ သူ တတ်နိုင်တာ လေး ကိုပဲ လုပ်ရတော့မည်။

လက်ထောက်ဒါရိုက်တာက စိုးရိမ်စွာ မေးလိုက်၏။

"ဒါဆို ကျွန်တော်တို့ ဘယ်ဘိုလုပ်နိုင်မလဲ.. "

"ဒီဇိုင်းကို ပြောင်းပြီး ဒီဇိုင်းစံနှုန်း ကုဒ်ကို လျှော့ချဖို့ လိုအပ်လား ..."

လျန်ဝမ်ချန်းက ဒီလို လုပ်ချင်စိတ် မရှိပေ။ ဒါက တာဘိုဖန် X အင်ဂျင်ရဲ့ရဲ့ စွမ်းဆော င်ရည်ကို စွန့်လွှတ်လိုက်တာ ဖြစ်ပြီး စတုတ္ထ မျိုးဆက်ထိသုံးနိုင်တဲ့ အင်ဂျင်က တတိယ မျိုးဆက်ကို ကျဆင်းစေနိုင်သည်။

အခန်းရဲ့ အငွေ့အသက်က အရမ်းကို လေး နက်နေပြီး ဘယ်သူမှ စကားမပြော ဖြစ်ကြ ပေ။ လူတိုင်းက ဒီ ကိစ္စရဲ့ အရေးပါမူ့ကို နားလည်ခဲ့ကြသည်။

" ဒီး..ဒီး..ဒီး.."

ထိုအချိန် စားပွဲပေါ်မှ လျန်ဝမ်ချန်း၏ ဖုန်း က မြည်လာခဲ့ပြီး ညလေးနက်မှု့ကို ဖြတ် တောက်လိုက်သည်။

လျန်ဝမ်ချန်း ဖုန်းကို ကောက်ယူကြည့် လိုက် တော့ သူ့မိတ်ဆွေ ဟူကျန်းကော် ခေါ်ဆိုမှန်း တွေ့လိုက်ရသည်။

ဖုန်းလက်ခံလိုက်ပြီးနောက် ဟူကျန်း‌ကော်၏ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေတဲ့ အသံက ဖုန်းထဲကနေ ထွက်လာသည်။

“သူငယ်ချင်းရေ သတင်းကောင်းပဲ..မင်းရဲ့ လိုအပ်ချက်တွေကို ပြည့်မှီနိုင်တဲ့ သတ္တု ပစ္စည်းတစ်မျိုးကို ငါ တွေ့ခဲ့ပြီ..ဒီသတ္တု... စမ်းသပ်ထားတဲ့ ရလဒ်ကို..ငါ.. မင်းဆီ အရင် ပို့လိုက်မယ်... "

All Chapters