ဘယ်သူ့ကိုခြိမ်းခြောက်နေတာ? ၂
Vol. 76 Ch. 1126
"ဝန်ကြီးလု.. ဘာလုပ်ပေးရမလဲ?''
သူကပြုံးပြုံးနှင့်ပြောလိုက်သည်။
"သူဌေးချင်''
ဝန်ကြီးလုက စိုးရိမ်သံနှင့်_
"မင်းကိုမေးစရာရှိလို့.. နိုဘယ်ဆုကို မင်းဘယ်လိုမြင်လဲ?''
ချင်လင်ကရယ်လိုက်ပြီး_
"ဝန်ကြီးလု.. ဘာစဉ်းစားနေစရာလိုလဲ? သူတို့ကဆုပေးတာ... ကျွန်တော်က သွားမယ် မသွားဘူးပေါ့''
"အဲဒီတော့ မင်းမသွားဘူးပေါ့?''
ဝန်ကြီးလုက ဝမ်းသာနေသောအသံနှင့်။
"ဘာသွားလုပ်ရမလဲ? ကျွန်တော့်ကိုအရူးမှတ်နေတာ.. လုံးဝစဉ်းစားမရဘူး''
ချင်လင်ကဆက်ပြောသည်။
"ကောင်းတယ်.. ကောင်းတယ်!''
ဝန်ကြီးလုကသက်ပြင်းချလိုက်ပြီး_
"သူဌေးချင်.. မင်းသိမယ်ဆိုတာ ငါသိတယ်''
ဝန်ကြီးလု ဒီကိစ္စကိုစိတ်ထဲထားနေမှန်း ချင်လင်သိသည်။ တဖက်ကစိတ်လှုပ်ရှားသံကိုခံစားမိသောကြောင့် ခဏဆက်ပြီးနှစ်သိမ့်လိုက်၏။
ဝန်ကြီးလုမှတဆင့် အထက်လူတွေစိတ်ပူနေမှန်းလည်းသိသည်။
ဒီတော့ အရူးပဲဆုသွားယူမှာပေါ့?
ကိုယ့်နိုင်ငံမှာကိုယ်နေတာ မကောင်းဘူးလား?
သူ့မှာ ပုန်ကန်လိုစိတ်မရှိ။ နိုင်ငံရပ်ခြားကလကို ပိုဝိုင်းသည်၊ပိုလင်းသည်ဟုမထင်။ ယွမ် ၅၀၀၀၀၀ က ခြေထောက်ပေါက်လာတာမဟုတ်ချေ။
တရုတ်ဆေးရုံတစ်ရုံတွင် ဝန်ကြီးလုမှာ ချင်လင်အသံကြားမှစိတ်သက်သာရာရတော့သည်။ သို့ရာတွင် စိတ်မချသေးသောကြောင့် သူ့အတွင်းရေးမှူးအား လေယာဉ်လက်မှတ်ဖြတ်ခိုင်းလိုက်သည်။
ရုံချန်းကို ကိုယ်တိုင်သွားတာပိုကောင်းမည်။
ချင်လင်ကို တကယ်စိတ်ပူသည်။
…
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်ကဖုန်းချပြီး သူ့စိတ်ထဲမှဂိမ်းကိုကြည့်မည်အပြုတွင် ရှန်လီအလောတကြီးရောက်လာသည်။
"ဥက္ကဌချင်.. အရေးကြီးတင်ပြစရာရှိလို့''
ရှန်လီက ရုံးခန်းထဲဝင်ဝင်ချင်းပြောသည်။
"ဘာဖြစ်လို့လဲ?''
ချင်လင်ကဇဝေဇဝါနှင့်မေးသည်။
ရှန်လီက ရှင်းပြ၏_
"ရုံချန်းရောက်နေတဲ့နိုဘယ်ကော်မတီအဖွဲ့ဝင်တစ်ဦးပါ... နိုဘယ်မျက်နှာဖုံးဆုရှင်အတွက်ရောက်နေတာတဲ့... အင်တာဗျူးအခမ်းအနားပြင်ထားတယ်ပြောတယ်... ရှောင်ချင် အင်တာဗျူးလာလို့ရပြီဆိုပြီး ဥက္ကဌချင်ကိုပြောနေတယ်''
"အင်တာဗျူးလာဖြေခိုင်းတာပေါ့''
ချင်လင်ကရယ်ပြီး မသတီသံနှင့်ပြောသည်_
"သူတို့ကိုယ်သူတို့ဘာမှတ်နေလဲ? ဂရုမစိုက်နဲ့... ခင်ဗျားကိုထပ်မေးရင် ကျွန်တော်မအားဘူးလို့ပြောလိုက်ပါ''
"ကောင်းပါပြီ ဥက္ကဌချင်''
ရှန်လီခေါင်းညိမ့်လိုက်သည်။ သူဌေးရဲ့သဘောထားကိုသူသိပြီ။ အဲဒီလူတွေကို သူလုံးဝဂရုမစိုက်။ တနည်းပြောရရင် သူ့သူဌေးက ဒီနိုဘယ်ဆုကိုယူချင်စိတ်မရှိပေ။
ဖြစ်သင့်သည်ဟု သူထင်သည်။
ဘာပဲဖြစ်ဖြစ် သူဌေးရဲ့အရည်အချင်းကိုအားလုံးသိသည်။ ရှန်းရွှေလက်ဆောင်ဆန်နဲ့အံ့ဖွယ်ဆေးရည်ကိုသူလုပ်နိုင်ခဲ့သည်။
ပြီးတော့ သူဌေးလေ့လာတာ ဘယ်လောက်ကြာသေးလို့လဲ?
သူဌေးက ဉာဏ်ကြီးရှင်။
ဉာဏ်ကြီးရှင်များက အတော်များများကိုမလိုအပ်။
ဘုရားသခင်နှင့်နီးစပ်သည်ဟုလူသိများသော Tesla လိုပင်။
နိုဘယ်ဆုကို ၉ ကြိမ်ဆက်တိုက်ပယ်ချခဲ့သည်။
လူတိုင်းက နိုဘယ်ဆုကိုချီးကျူးသလို၊ ရဖို့ကြိုးစားသလို၊ မျှော်လင့်သလို၊ တကယ်လိုချင်နေကြသော်လည်း...
ဒီလူကတော့ နိုဘယ်ဆုက သူ့ကိုပေးဖို့အဆင့်မမီ၊ သူ့အောင်မြင်မှုက နိုဘယ်ဆုထက်သာသည်ဟုထင်သည်။
သူ့ကိုနိုဘယ်ဆုပေးခွင့်မရှိ။
ဒီတော့ သူဌေးက ဒုတိယမြောက်နိုဘယ်ဆုကိုငြင်းတဲ့လူဖြစ်တော့မှာပေါ့?
သူဌေးသာ ဇွဲလုံ့လနဲ့သူ့အရည်အချင်းကိုကောင်းကောင်းအသုံးချရင်၊ ဓာတ်ခွဲခန်းမှာအာရုံလုံးဝစိုက်ထားရင်၊ Tesla ထက်မညံ့လောက်ဘူးမလား?
ဇာတ်လမ်းကောင်းဖြစ်တော့မည်။
ရှန်လီကတွေးတောရင်း သွေးပူလာ၏။
သူဌေးကစိတ်မပါတာ နှမြောစရာ။ သူ့မှာအရည်အချင်းရှိရဲ့သားနဲ့ သူစိတ်ပါမှသာ ဓာတ်ခွဲခန်းထဲဝင်တတ်သည်။ တစ်နှစ်မှ သုံးလေးကြိမ်တောင် ဓာတ်ခွဲခန်းကိုမရောက်ပေ။
ချင်းလင်ဓာတ်ခွဲခန်းပြန်ရောက်သောအခါ ရှန်လီထိုအကြောင်းမေ့သွားသည်။ နိုဘယ်အဖွဲ့ကလူတွေရောက်နေတာ သူမသိတော့သလို တန်းဘေးချိတ်ထားလိုက်၏။
အချိန်ကုန်ပြီး တစ်ရက်လွန်သွားသည်။
Ellida တို့အဖွဲ့က စိတ်ပူလာ၏။
"ဘယ်လိုဖြစ်တာလဲ? ချင်းလင်ဓာတ်ခွဲခန်းက ပြန်မဖြေသေးဘူးလား? ဘယ်လိုဖြစ်တာလဲ?''
Ellida က မျက်မှောင်ကြုတ်ပြီး သူ့လက်ထောက်ကိုမေးသည်။
"မဖြေသေးဘူး''
လက်ထောက်ကဇဝေဇဝါနှင့်ခေါင်းခါပြီး_
"မေ့နေလားမသိဘူး''
"ဘယ်လိုလုပ်မေ့ရတာလဲ? ငါတို့က နိုဘယ်ဆုမျက်နှာဖုံးအတွက်အင်တာဗျူးလာတာလေ''
Ellida က ချက်ချင်းခေါင်းခါပြီး ငြင်းလိုက်သည်။
ဟာသပဲ။ နိုဘယ်ဆုမျက်နှာဖုံးအင်တာဗျူးကိုဘယ်သူငြင်းနိုင်မှာလဲ?
ရှင်းရှင်းပြောရရင် နှစ်တိုင်းသူတို့မျက်နှာဖုံးအင်တာဗျူးက သရဖူနဲ့နတ်ဘုရားပဲမလား?
ဒီလောက်ဂုဏ်ရှိတာ ဘယ်သူငြင်းနိုင်မလဲ?
လက်ထောက်ကနားထောင်ရင်း မျက်မှောင်ပိုကြုတ်သွားကာ_
"ဒါဆို တမင်သက်သက်ပြန်မဖြေတာဖြစ်မယ်''
ထိုစကားကြောင့် Ellida မျက်စိမျက်နှာပျက်သွားပြီး_
"ဖုန်းထပ်ဆက်လိုက်... ငါတို့နိုဘယ်ဆုကိုအထင်သေးလို့မရဘူး''
လက်ထောက်ကခေါင်းညိမ့်ပြီး အပြင်ထွက်ကာ ချင်းလင်ဓာတ်ခွဲခန်းကိုဖုန်းဆက်လိုက်သည်။
Ellida စောင့်နေပြီးခဏအကြာ လက်ထောက်ပြန်ရောက်လာ၍တန်းမေးလိုက်သည်_
"ဘယ်လိုပြန်ဖြေလဲ?''
လက်ထောက်က မျက်နှာပျက်နေပြီး_
"အဲဒီချင်က အခုအရေးကြီးတဲ့သုတေသနလုပ်နေတယ်တဲ့... အင်တာဗျူးဖို့အချိန်မရှိဘူးတဲ့''
"သော*က်!''
သတင်းကြားပြီး Ellida အောင့်သက်သက်ဖြစ်သွားသည်။
နိုဘယ်ဆုမျက်နှာဖုံးအင်တာဗျူးရှိတာကို၊ သုတေသနလုပ်ချင်စိတ်ကရှိသေးလား? သူဘယ်လောက်မိုက်လဲ သူမသိဘူးလား?
သို့ရာတွင် တာဝန်နှင့်လာရသောကြောင့် စိတ်ကိုဆွဲဆန့်ထားပြီး သူ့လက်ထောက်အား_
"ဖုန်းထပ်ဆက်ပြီး ငါတို့ကိုယ်တိုင်အင်တာလာဗျူးလို့ရမလား မေးလိုက်ပါ''
ဒါတော်တော်လျှော့ပေးထားတာ။
သူတို့ကိုဒီလိုခံစားရအောင်လုပ်တဲ့အင်တာဗျူးဆုရှင်မျိုး မရှိခဲ့ဖူး။
ဒါပေမဲ့ အခု ဒီနည်းသာရှိတော့သည်။
ဆုလာယူအောင်လုပ်နိုင်သရွေ့ တန်ရာတန်ကြေးပြန်ရနိုင်သည်။ အဲဒီကျရင် ဒီလူထောင်လွှားမောက်မာနေလို့မရတော့။
လက်ထောက်မှာမတတ်သာဘဲ အပြင်ပြန်ထွက်ပြီး ချင်းလင်ဓာတ်ခွဲခန်းကိုဖုန်းဆက်ရပြန်သည်။
Ellida က စောင့်နေဆဲ။