← Chapters

ဘယ်သူ့ကိုခြိမ်းခြောက်နေတာ? ၃

Vol. 76 Ch. 1127

ဘယ်သူ့ကိုခြိမ်းခြောက်နေတာ? ၃

Vol. 76 Ch. 1127

လက်ထောက်ကအမြန်ဝင်လာပြီး လောလောနှင့်အစီရင်ခံသည်_

"မစ္စတာ Ellida.. ချင်းလင်ဓာတ်ခွဲခန်းကငြင်းလိုက်တယ်... ဓာတ်ခွဲခန်းကအရေးကြီးတဲ့နေရာမလို့ အပြင်လူတွေမဝင်ရဘူးတဲ့''

"ဘာ? မဖြစ်ဘူး.. မဖြစ်ဘူး.. သူတို့က သော*က်**ချင်နေ...!''

Ellida က ဒေါသတကြီးဆဲပြီး တဝက်တပျက်ရပ်သွားသည်။

သူအရူးမဟုတ်။ တဖက်က တမင်သက်သက်လုပ်မှန်း တန်းသဘောပေါက်သည်။

"မစ္စတာ Ellida.. သူတို့ကအင်တာဗျူးကိုလက်မခံချင်တာလား?''

လက်ထောက်ကသိသည်။

အကြောင်းရင်းကို လက်ထောက်ကတဲ့တိုးထုတ်ပြောလာ၍ Ellida က_

"ဖုန်းထပ်ဆက်လိုက်... ငါတို့ကိုဒီလိုလုပ်ရင် နိုဘယ်ဆုအတွက် ဒီနိုင်ငံပုံရိပ်ကျမယ်ဆိုတဲ့အကြောင်းနဲ့ ရမရမေးလိုက်''

ဒါခြိမ်းခြောက်ခြင်းပင်။

သဘောက သူတို့နဲ့ပူးပေါင်းမပေးရင် ရှေ့လျှောက် ဒီနိုင်ငံကလူတွေနိုဘယ်ဆုရဖို့မဖြစ်နိုင်။

အထင်သေးခံရပြီးနောက် Ellida အဖို့ ဒီနည်းသာရှိတော့သည်။

နိုဘယ်ဆုအတွက် ဒီနိုင်ငံသားတွေကိုတားမြစ်လိုက်ရင် တဖက်လူတာဝန်ယူနိုင်မည်မဟုတ်ဟု သူထင်သည်။

ချင်းလင်ဓာတ်ခွဲခန်းထဲတွင် ရှန်လီလည်းစာရသည်။

ဒီတစ်ခါ သူ့ဘာသာဆုံးဖြတ်ချက်မချရဲ။

ဒီလိုခြိမ်းခြောက်ခံရတာ သူမတတ်နိုင်သောကြောင့် ချင်းလင်အပန်းဖြေစံအိမ်သို့တန်းမောင်းပြီး သူဌေးကိုသူကိုယ်တိုင်အစီရင်ခံသည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က ရုံးခန်းလက်ဖက်ရည်စားပွဲတွင် လက်ဖက်ရည်နှပ်နေသည်။ တော်ဝင်ပညာရှင်လီနှင့်ယွမ်ရှန်အပြင် ဝန်ကြီးလုလည်းရှိသည်။

နိုဘယ်ဆုကြောင့်စိတ်ပူပြီး အပြေးရောက်လာခြင်းပင်။

သူမပြောမဆိုရောက်ရောက်လာတာကို ချင်လင်အသားကျနေပြီ။

သူတို့သုံးယောက်နှင့်စကားပြောနေစဉ် ရှန်လီရောက်ချလာပြီး ဝင်ဝင်ချင်းတန်းပြောသည်_

"ဥက္ကဌချင်.. တော်ဝင်ပညာရှင်တို့.. ဝန်ကြီးလုလည်းရောက်နေတာကိုး''

ချင်လင်က ရှန်လီလောနေပုံကိုကြည့်ရင်း_

"ဘာဖြစ်လို့လဲ? နိုဘယ်အဖွဲ့ကလူတွေအကြောင်းလား?''

"ဟုတ်တယ်!''

ရှန်လီကခေါင်းညိမ့်ပြီး ချက်ချင်းပြောပြသည်_

"ဥက္ကဌချင်.. Ellida ကခြိမ်းခြောက်တယ်... သူတို့နဲ့ပူးပေါင်းမပေးရင် ရှေ့လျှောက် ဒီနိုင်ငံကိုနိုဘယ်ဆုတားမြစ်မယ်... အကျိုးဆက်ကိုလက်ခံနိုင်လားတဲ့?''

“???”

ချင်လင် ပြောစရာစကားမရှိတော့။

အဲဒီကောင်တွေ ဘာဖြစ်နေတာလဲ?

သိပ္ပံပညာရှင်တချို့က အကြောင်းပြချက်အမျိုးမျိုးကြောင့် ဆုမယူနိုင်ခဲ့။ ပျက်ကွက်သူတွေရှိသော်လည်း ဒီနိုဘယ်ဆုကို အိမ်တိုင်ယာရောက်ပို့ပေးသေးသည်။

ခြိမ်းခြောက်ရင်ရမည်အထင်နှင့် ခြိမ်းခြောက်နေခြင်းပင်။

ချင်လင်ကတွေးတောပြီး ထပြောမည်အပြုတွင် ဝန်ကြီးလုကအရင်ပြောလာသည်_

"ဘယ်သူ့ကိုခြိမ်းခြောက်နေတာလဲ?''

ထိုသို့ပြောပြီး အားလုံးရှေ့တွင်ဖုန်းဆက်လိုက်သည်_

"ခေါင်းဆောင်.. ဆွစ်ဇာလန်ကိုဆေးနည်းပေးလို့မဖြစ်တော့ဘူး... သူတို့နိုင်ငံကအဖွဲ့က သူဌေးချင်ကိုခြိမ်းခြောက်တယ်''

နောက်နေတာလား?

သူဌေးချင်ကိုဒီလိုခြိမ်းခြောက်တယ်?

အခုအခြေအနေကဘယ်လိုလဲ?

ဆေးရည်မရှိဘဲ သွေးခဲပလိပ်ကြောင့် သူတို့တိရစ္ဆာန်အားလုံးကုန်တဲ့အထိစောင့်ကြပေါ့။

နောက်ပြီး ဆေးနည်းပေးရင်တောင် ဒီနိုင်ငံမှာပဲရှိတဲ့ဆေးပင်နှစ်မျိုးလိုဦးမည်။ သူတို့ပြင်ဆင်ချင်ရင်တောင် ပြင်ဆင်လို့မရ။

ဟွေးယိမြက်နှင့်တံစဉ်မြက်အကြောင်းကို သူလေ့လာထားသည်။ ဒီမြက်နှစ်မျိုးက ဒီနိုင်ငံမှာအလေ့ကျပေါက်သော်လည်း တခြားနိုင်ငံမှာ ရှင်သန်ရန်ခက်သည်။

လှပသောနိုင်ငံအတွက်ပေါင်းပင်ကခေါင်းကိုက်စရာဖြစ်ပြီး နှစ်တိုင်းငွေကုန်ကြေးကျများသည်။ တစ်ခါပေါက်ဖူးသည်နှင့် ထိုမျိုးစိတ်ကရောက်ရောက်လာတတ်သည်။

ဘယ်လို၊ဘာကြောင့်ရောက်လာသလဲ အဖြေရှာရဦးမည်။

ဒါပေမဲ့ ဒီလိုပေါင်းပင်မျိုးရှင်သန်ဖို့ သူတို့နိုင်ငံမှာမြေတောင်မရှိ။

ဒါအပင်များ၏နုနယ်သောအချက်ပင်။ အပင်အားလုံးက သူတို့ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေမဖြစ်နိုင်။

နောက်ပြီး အူလမ်းကြောင်းဆေးမှုန့်ကိုလက်တွေ့စမ်းသပ်၍ မှတ်ပုံတင်နံပါတ်ရထားပြီးထုတ်လုပ်နေပြီဖြစ်သည်။ ထိုဆေးက အစာအိမ်နှင့်အူလမ်းကြောင်းအနာများ၊ အူပိတ်ခြင်း၊ အူမကြီးကင်ဆာ၊ သွေးယိုစိမ့်ခြင်းများကိုကုနိုင်သည်။

တဖက်က မလိုဘဲနေမလား?

ကင်ဆာမျိုးစုံကုနိုင်သောလက်ဖက်ခြောက်လည်းရှိသည်။

အဲဒီကျမှ အကူအညီလာမတောင်းနဲ့!

အချိန်တန်ရင် အလောတကြီးရောက်လာပြီး အကူအညီလာတောင်းမှာမြင်ယောင်သေး။ နိုင်ငံတိုင်းမှာ ကင်ဆာလူနာတွေရှိသည်။ အထူးသဖြင့် ပိုက်ဆံရှိကင်ဆာဝေဒနာရှင်များပင်။

အဲဒီလူတွေဆူပူလာရင် ဘယ်လိုဖြစ်မလဲ?

ဆွစ်ဇာလန်နိုင်ငံလေးကဆုပဲဟာ၊ ဘာအရေးကြီးလို့လဲ?

တဖက်တွင်_

လက်ထောက်နှင့်ခြိမ်းခြောက်ခိုင်းပြီးနောက် Ellida စိတ်ပြေသွားသည်။

'ဒီလိုခြိမ်းခြောက်တာ ဟိုလူတာဝန်ယူရဲမယ်မထင်.. ငါတို့ကိုအထင်သေးရဲလိုက်တာ'ဟု သူ့ခေါင်းထဲတွေးနေသည်။

နိုဘယ်ဆုတားမြစ်ခံရရင် ဘယ်သူမှစိတ်မပူဘဲနေမည်မဟုတ်။

အရှေ့တိုင်းကလူတွေလည်း အတူတူပင်။

ပရောဂျက်အမျိုးမျိုးမှာထူးချွန်သူများအတွက်ဆိုပိုမှန်သည်။ သူတို့ကိုတားမြစ်မခံရရင် ဆုရဖို့စိတ်ကူးယဉ်နိုင်သေးသည်။ သူတို့ကိုဖိအားပေးမခံရရင် ဆုပေးဖို့မဖြစ်နိုင်သော်လည်း လုံးဝတားမြစ်ခံရပါက စိတ်ကူးယဉ်ခွင့်တောင်ရှိမည်မဟုတ်။

ထိုအတွေးနှင့် Ellida က တဖက်မှအဖြေစောင့်နေလိုက်သည်။ မကြာခင် သူ့တံခါးကိုလာခေါက်လိမ့်မည်ဟု သူယုံကြည်ထားသည်။

အကွက်မျိုးစုံ၊တန်ပြန်နည်းမျိုးစုံစဉ်းစားလာခဲ့ပြီးမှ တွေ့ခွင့်၊အကောင်အထည်ဖော်ခွင့်မရှိဘူးတဲ့။

တဖက်ကလာတာနဲ့ သူ့အပြော၊အကွက်ကျကျအစီအစဉ်နဲ့ တဖက်လူကိုဆုယူဖို့သိမ်းသွင်းနိုင်မည်ဟု သူထင်သည်။

သူ့မှာယုံကြည်ချက်ရှိသည်။

ဆုတက်မယူချင်သောနိုဘယ်ဆုရှင် ၁၁ ဦးကိုသူသိမ်းသွင်းခဲ့ဖူးသောကြောင့်ပင်။

သို့ရာတွင် ညဉ့်နက်မိုးချုပ်ပြီးနောက်တစ်နေ့ရောက်သည့်တိုင် ချင်းလင်ဓာတ်ခွဲခန်းမှအဖြေပြန်မလာသေး။

မေ့နေပြန်ပြီလား?

Ellida ထပ်ပြီးစိတ်ပျက်ရပြန်သည်။

အကောင်းအဆိုးလုံးဝမသိတဲ့လူပဲ!

All Chapters