အကြံအစည်တွေပျက်!
Vol. 76 Ch. 1128
ထပ်ပြီးလျစ်လျူရှုခံရသောကြောင့် Ellida ဒေါသမထိန်းနိုင်တော့။
သို့ရာတွင် နိုဘယ်အဖွဲ့ဝင်တစ်ဦးက အလောတကြီးပြောလာသည်_
"မစ္စတာ Ellida.. လိုင်းပေါ်ကသတင်းကြည့်လိုက်... သူတို့က တို့နိုဘယ်ဆုကိုတကယ်အထင်သေးတာ''
ထိုလူကပြောရင်းဆိုရင်း သူဖတ်နေသောသတင်းကို Ellida အားပြသည်။
သူကအင်တာနက်သတင်းတာဝန်ခံဖြစ်၍ တဖက်ကကြေညာချက်ကိုအရင်ဆုံးသတိထားမိသည်။
Ellida က ဖုန်းယူကြည့်ပြီး မျက်နှာပျက်သွား၏။
အဲဒါထက် သူမျက်စိသူမယုံနိုင်။
သတင်းက ချင်းလင်ဓာတ်ခွဲခန်းမှကြေညာချက်ဗီဒီယိုပင်။ သတင်းအဓိကအကြောင်းအရာမှာ ချင်လင်ဖြစ်သည်။
နိုဘယ်ဆုကိုစိတ်မဝင်စားလို့ မယူပါတဲ့။
ထိုထိရှလွယ်သောစကားကြောင့် Ellida ပေါက်ကွဲမတတ်ဒေါသထွက်သွားသည်။
နိုဘယ်ဆုကိုတကယ်ငြင်းလိုက်တာလား?
သူ့မှာဘာရှိလို့လဲ?
ဘယ်ကအင်အားရလဲ?
အမှန်ပင် ဝန်ကြီးလုစကားကြောင့် ချင်လင်သိပ်မပြောလိုက်ရ။ နိုဘယ်ဆုရှင်ကိုခြိမ်းခြောက်နေတာကြည့်မယ့်အစား လုံးဝငြင်းပြီးပြန်လွှတ်လိုက်မည်။
ချင်လင်၏ကြေညာချက်က တခဏချင်းနာမည်ကြီးလာသည်။ အင်တာနက်ပေါ်တွင် သူ့အကြောင်းနှင့်နိုဘယ်ဆုသတင်းချည်း။
လိုင်းပေါ်တွင် ချင်လင်ဆုယူရန်ခေါ်နေသောလူများလည်းရှိသည်။
အတော်များများအဖို့ နိုဘယ်ဆုကဂုဏ်ကြီးပြီး ချင်လင်ကစတုတ္ထမြောက်တရုတ်နိုင်ငံသားနိုဘယ်ဆုရှင်ဖြစ်လာမည်။
နောက်ပြီး သူဆုရတာ စာပေကျမ်းဂန်ကြောင့်မဟုတ်၊ သူ့ကိုယ်ပိုင်အစွမ်းအစကြောင့်ဖြစ်သည်။ နှစ်စဉ်အင်တာဗျူးမျက်နှာဖုံးဆုရှင်တောင်ဖြစ်ခဲ့သည်။ နှစ်တိုင်း ဒီလိုလူမျိုးတစ်ယောက်သာရှိ၏။
သို့ရာတွင် ချင်လင်ကနိုဘယ်ဆုကိုဂရုမစိုက်ကြောင်း၊ဆုလက်မခံတဲ့အကြောင်း တန်းကြေညာမည်ဟုမထင်မိပေ။
ထို့နောက် လိုင်းပေါ်မှာပေါက်သွားသည်။
တကယ်တော့ အတော်များများက ထိုလုပ်ရပ်ကြောင့်အံ့အားသင့်နေကြသည်။
ဒါနိုဘယ်ဆု၊ ကမ္ဘာ့အကြီးဆုံးဂုဏ်၊ အဲဒါကိုရှောင်ချင်ကငြင်းလိုက်တာလား?
စိတ်မလှုပ်ရှားဘဲနေဖို့မလွယ်။
"ဘာလို့မှန်းတော့မသိဘူး.. ရုတ်တရက်ကြီး ရှောင်ချင်ကအရမ်းလွှမ်းမိုးနိုင်သလိုခံစားရတယ်!''
"နိုဘယ်ဆုကို အံ့ဩစရာလို့ထင်ခဲ့တာ... ရှောင်ချင်ကြေညာလိုက်မှ သိပ်မဟုတ်တော့သလိုပဲ''
"ဟား ဟား.. ငါအတွေးတိမ်သွားတယ်... ရှောင်ချင်ကိုဆုမယူခိုင်းခဲ့သင့်ဘူး... နိုဘယ်ဆုပဲမလား? ပေးချင်ရင်တောင် စိတ်မဝင်စားသေးဘူး''
"ဒီလိုဖြစ်မယ်မထင်မိဘူး.. ရှောင်ချင်က နိုဘယ်ဆုသမိုင်းမှာ ဆုယူငြင်းတဲ့ဒုတိယမြောက်လူပဲ ဟုတ်တယ်မလား?''
“……”
လိုင်းပေါ်မှာမီးထိုးလေလေ Ellida ဒေါသထွက်လေလေပင်။
တဖက်လူကိုနိုဘယ်ဆုပေးပြီး နှစ်တစ်နှစ်ရဲ့မျက်နှာဖုံးအင်တာဗျုးတောင်ပေးခဲ့တာ တစ်ကမ္ဘာလုံးလည်းအသိ။
အခု သူ့လုပ်ရပ်က နိုဘယ်ဆုကိုစော်ကားပြီး သူတို့ဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်စေသည်။
ဒါပေမဲ့ သူတို့စကားပြန်ရုတ်သိမ်းလို့မရသလို သူများကိုဆုပေးလို့လည်းမရ။
ဒီလိုသာဆို သူတို့နိုဘယ်ဆုက အဖိုးမတန်ဖြစ်တော့မည်။
ပြီးတော့ တဖက်ကလည်း နိုဘယ်ဆုလုံးဝမယူချင်သလို အင်တာဗျူးကိုပါလက်မခံ။ သူ့စိတ်ကူးထဲကအကြံအစည်တွေကို ဘယ်လိုလုပ်အကောင်အထည်ဖော်ရမလဲ?
အဓိကက သူ့တာဝန်မပြီးရင် ဘာအကျိုးအမြတ်မှရမည်မဟုတ်။
"ဒီအတိုင်းလွှတ်ထားလို့တော့မဖြစ်ဘူး!''
Ellida ဒေါသထွက်နေသည်။ အကျိုးအမြတ်ရဖို့လား၊ နိုဘယ်ဆုရဲ့ဂုဏ်အတွက်လား ဘယ်သူမသိ။
ဘာပဲဖြစ်ဖြစ် သူသတင်းပြန်ပို့ရမည်။ နောက်ကျရင် ဒီနိုင်ငံကိုတားမြစ်ပြီး ဒီနိုင်ငံသားတစ်ယောက်ကိုမှ နိုဘယ်ဆုထပ်မပေးတော့။
သူအတွေးများနေစဉ် ဖုန်းဝင်လာသည်။ နိုဘယ်ဆုတာဝန်ခံပင်။
တဖက်ကလည်း သတင်းရလိမ့်မည်။
Ellida ကချက်ချင်းဖုန်းကိုင်ပြီး တာဝန်ခံကိုအစီရင်ခံမည်အပြုတွင် တဖက်ကဒေါသတကြီးအသံတန်းထွက်လာသည်_
"Ellida.. မင်းဘာတွေလုပ်နေတာလဲ? သူတို့ကိုတကယ်ခြိမ်းခြောက်ခဲ့တာလား? မင်းကိုဘယ်သူကအဲလိုလုပ်ခွင့်ပေးလို့လဲ?''
တာဝန်ခံက ဒေါသချောင်းချောင်းထွက်နေသည်။
အစက နိုဘယ်ဆုလက်ခံပွဲမှာ မော်ဒယ်ငယ်ငယ်လေးတွေထားဖို့ဆွေးနွေးခဲ့ကြသည်။
မော်ဒယ်လေးတွေ ဘာကြောင့်ထားရလဲဆိုတာကတော့ ဧည့်ခန်းထဲမှာရပ်ပြီးဧည့်ကြိုလုပ်ရင် ပျော်ဖို့မကောင်းဘူးလား? ကောင်းတာပေါ့။
ဒါပေမဲ့ သူပျော်မယ်ကြံမှ ဆွစ်ဇာလန်ကသူဌေးကြီးဖုန်းဆက်ပြီးဆူနေသည်။
နိုဘယ်ဆုက ကမ္ဘာကျော်ဖြစ်သော်လည်း ဆွစ်ဇာလန်၏ထုတ်ကုန်တစ်ခုဖြစ်နေသေးသည်။ စာရင်းသွင်းခြင်းနှင့်တခြားကိစ္စများ အကုန်ဒီမှာလုပ်ရသည်။
ဒီသူဌေးကြီးကိုပြန်ပြောခွင့်တောင်မရှိ။
အကြာကြီးအဆူခံရပြီးနောက် Ellida က ချင်ကိုခြိမ်းခြောက်ကြောင်း၊ အရှေ့တိုင်းနိုင်ငံခေါင်းဆောင်ကသိသွားကြောင်း အဖြေပေါ်လာသည်။
အခုအဲဒီနိုင်ငံက ဆွစ်ဇာလန်ကိုသွေးခဲပလိပ်ရောဂါဆေးရည်ကန့်သတ်တော့မည်။
ထို့အပြင် နောက်ထွက်လာမည့်သန့်စင်မြက်မပြောနှင့်၊ ရေပူစမ်းဆေးမှုန့်လိုပစ္စည်းများတောင် ဆွစ်ဇာလန်ကိုကန့်သတ်တော့မည်။
ဆွစ်ဇာလန်ခေါင်းဆောင်များ အံ့ဩသွားသည်။
သွေးခဲပလိပ်ရောဂါထက် သူတို့နိုင်ငံစိုက်ပျိုးရေးနှင့်တိရစ္ဆာန်မွေးမြူရေးက စီးပွားရေး ၆% အတွက်သာရှိသည်။ မွေးမြူရေးတိရစ္ဆာန်တွေသေကုန်ရင် သူတို့နိုင်ငံအတွက်ပြဿနာတက်သော်လည်း စီးပွားရေးအဆင်ပြေရင်ရသေးသည်။
မည်သို့ဆိုစေ အရင်းရှင်နိုင်ငံများနှင့်ရင်းနှီးသောကြောင့် အထက်မြို့တော်နှင့်ပြဿနာမရှိရင် အောက်ပြဿနာများဖြေရှင်းနိုင်သည်။
သို့ရာတွင် သန့်စင်မြက်ကိုကန့်သတ်ပြီး ရှေ့လျှောက်ရောင်းမပေးရင်ခက်ပြီ။
ဘာပဲဖြစ်ဖြစ် စိုက်ပျိုးရေးနှင့်တိရစ္ဆာန်မွေးမြူရေးက နိုင်ငံစီးပွားရေး၏ ၆% သာရှိပြီး အဓိကစီးပွားရေးမှာ စက်မှုလုပ်ငန်းကိုအားထားရသည်။
စက်မှုလုပ်ငန်းတိုးလာရင် လေအရည်အသွေးပြဿနာဆိုးဝါးလာမည်။ အနှေးနှင့်အမြန်ဆိုသလို ပြဿနာတက်မည်။
သန့်စင်မြက်က ထိုပြဿနာကိုဖြေရှင်းပေးနိုင်သည်။ ထို့ကြောင့် ဆွစ်ဇာလန်က သန့်စင်မြက်ကိုအဆက်အသွယ်ရှာနေသည်။
သူတို့ကရုတ်တရက်အဆက်အသွယ်ဖြတ်ပြီး စကားပြောခွင့်တောင်မပေးဘဲ ချက်ချင်းတားမြစ်လိုက်မယ်လို့ဘယ်ထင်မလဲ?