ကိုယ်ပိုင်ဆုထားကြရင်?
Vol. 76 Ch. 1130
သူဌေးကြီးဘယ်လောက်ပဲစိတ်ပျက်နေပါစေ၊ သူရင်ဆိုင်နေရသောအခြေအနေကိုမဖြေရှင်းနိုင်မှန်း သူလည်းသဘောပေါက်သည်။
သူတတ်နိုင်သောနည်းအမျိုးမျိုးက သူနေထိုင်သောနိုင်ငံမှလူမှုရေးအဆက်အသွယ်၊ဂုဏ်များအပေါ်မူတည်နေသည်။
ဒီအရင်းရှင်နိုင်ငံမှာ အရင်းအနှီးအများကြီးရှိပြီး လုပ်ပိုင်ခွင့်မျိုးစုံနှင့်လုပ်နိုင်တာအများကြီးရှိသည်။
ဥပမာ သူ့ကတော်တစ်ယောက်က အရက်မူးပြီးကားမောင်းရင်း ကလေးနှစ်ယောက်ကိုတိုက်မိခဲ့သည်။ ဒီလိုသတင်းမျိုးနာမည်ထွက်တာရှားသော်လည်း ပြည်တွင်းအတော်ဆုံးရှေ့နေရှာပြီး သက်ဆိုင်ရာလူများကိုလာဘ်ထိုးခဲ့သည်။
နောက်ဆုံး ကလေးနှစ်ယောက်မှာ မမျှမတကျန်ခဲ့၏။ သူတို့ကဆိုးရွားပြီး မသိတတ်သား၊ မိုးမမြင်လေမမြင်ဖြစ်၍ လမ်းစည်းကမ်းချိုးဖောက်ပြီး ကားတိုက်သည်တဲ့။
အဆုံးတွင် သူ့ကတော်မှာ တာဝန်မရှိချေ။
တကယ်တော့ ကလေးမိဘများက သူ့ကတော်ကိုအလွတ်မပေးချင်သောကြောင့် ကလေးမိဘများကို အစတောင်ဖျောက်ချင်ခဲ့သည်။
ဒါပေမဲ့ ဒီနည်းလမ်းတွေက အရှေ့တိုင်းမှာလုံးဝအသုံးမဝင်။
ဖုန်းမြည်လာသည်။
သူဌေးကြီးကနံပါတ်ကြည့်ပြီး မျက်မှောင်ကြုတ်ကာဖုန်းကိုင်လိုက်သည်။ ဖုန်းပြောရင်း သူမျက်နှာပိုပျက်ကာ စိတ်ရှုပ်လာသည်။
အရေးပါအရာရောက်သူများ၏ကိုယ်စားလှယ်တစ်ဦးက သူ့ကိုအူလမ်းကြောင်းဆေးမှုန့်ပြဿနာဖြေရှင်းခိုင်းနေသည်။
သူဌေးကြီးနောင်တရလာပြီ။
သူဘာလို့ သန့်စင်မြက်နဲ့ချင်းလင်အားဖြည့်လက်ဖက်ရည်နည်းပညာကိုလိုချင်ခဲ့ပါလိမ့်?
အခုတော့ သိုးမွေးအရှာထွက်ရင်း အစုတ်အပျက်နဲ့ပြန်လာရပြီ။ သူဘာမှမရဘဲ ကြီးကြီးမားမားပေးဆပ်ရတော့မည်။
အူလမ်းကြောင်းဆေးမှုန့်ကုန်ကျစရိတ်က နှစ်ဆပိုများ၏။
အူလမ်းကြောင်းဆေးမှုန့်သတင်းရုတ်တရက်ထွက်လာပြီး ပြည်တွင်းကလူတွေမြင်သွားကြသည်။
အမှန်အတိုင်းပြောရရင် ဒီသတင်းကိုမြင်သူတိုင်းနည်းနည်းလန့်သွားခြင်းမှာ အူလမ်းကြောင်းဆေးမှုန့်အာနိသင်ကြောင့်မဟုတ်။
ဒီဆေးကိုဖန်တီးသူက ရှောင်ချင်ဖြစ်နေသောကြောင့်ပင်။
အရင်တစ်ခါ ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်ပြီး လူအများအံ့ဩစရာကိုရှောင်ချင်လုပ်ခဲ့ကြောင်း လူတိုင်းသိကြသည်။
အဲဒီနောက် သွေးခဲပလိပ်ရောဂါဆေးရည်။
သွေးခဲပလိပ်ဘယ်လောက်ကြောက်စရာကောင်းမှန်း လူတိုင်းအသိ။
ရှောင်ချင်က သွေးခဲပလိပ်အတွက်ဆေးထုတ်ခဲ့သည်။ နောက်ပြီး အားလုံးက ရှောင်ချင်ကိုချီးကျူးထောမနာပြုနေစဉ် ဂိမ်းထဲကအစုံပျောက်ဆေးလို ပလိပ်ရောဂါအားလုံးပျောက်နိုင်သည်ဟူသောသတင်းမျိုးထွက်လာသည်။
ဒါကပိုအံ့ဩစရာ။ အံ့ဩစရာဆိုတာထက် လန့်စရာဟုဆိုရမည်။
ထိုသတင်းထွက်ပြီးမကြာမီ အူလမ်းကြောင်းဆေးမှုန့်ထွက်လာမည်ဟုမထင်မိ။ ရှောင်ချင်ကြောင့်ပဲဖြစ်နေပြန်သည်။
အူလမ်းကြောင်းဆေးမှုန့်အာနိသင်များကိုကြည့်ရုံနှင့်တင် ဘယ်လောက်စွမ်းကြောင်းသိနိုင်သည်။
ဒိရောဂါဖြစ်သူအတော်များများက စိတ်ပျက်လက်ပျက်နှင့်ချွတ်ခြုံကျရသည်။
အခု အသက်ကယ်ဆေးရုတ်တရက်ပေါ်လာသောကြောင့် ဝမ်းသာမျက်ရည်ကျကြသည်။
အင်တာနက်မှာ ရှောင်ချင်အကြောင်းပြည့်လာပြန်၏။
ဒီအချိန်မှာ ရှောင်ချင်ကခရီးသွားမေဂျာသာလေ့လာထားကြောင်း၊ စီးပွားတဖက်နှင့်သုတေသနသမားဖြစ်လာကြောင်း မှတ်မိကြသည်။
သို့ရာတွင် တစ်ခုပြီးတစ်ခုထွက်လာသောသူ့သုတေသနရလဒ်များက လန့်စရာကောင်းသည်။ သိပ္ပံသုတေသနသမားအတော်များများ တစ်ဘဝလုံးမရနိုင်သောအောင်မြင်မှုမျိုးဖြစ်၏။
ထို့ကြောင့် 'ရှောင်ချင်ရဲ့အနာဂတ်ကဘယ်လိုများနေမလဲ?'ဟု လိုင်းပေါ်မှလူတွေသိချင်လာကြသည်။
ဒီနည်းပညာတွေနဲ့တင် သူသေရင်တောင် သူ့နာမည်က စာအုပ်တွေထဲမှာကျန်ရစ်မည်။
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်က လက်ဖက်ရည်စားပွဲတွင်လက်ဖက်ရည်တစ်အိုးနှပ်ပြီး ဝန်ကြီးလုအတွက်တစ်ခွက်ငှဲ့ပေးလိုက်သည်။
ဝန်ကြီးလု လုံးဝစိတ်သက်သာရာရသွားသည်။
နိုဘယ်အဖွဲ့ပြန်သွားပြီး သူဌေးချင်ကလည်း နိုဘယ်ဆုကိုလက်မခံကြောင်းငြင်းလိုက်ပြီ။
လက်ဖက်ရည်တစ်ငုံသောက်ပြီး ဝန်ကြီးလုကရုတ်တရက် ချင်လင်ကိုမေးလိုက်သည်_
"သူဌေးချင်.. တို့ပြည်တွင်းမှာ နိုင်ငံတကာနိုဘယ်ဆုထားမယ်ဆိုရင် မင်းဘယ်လိုထင်လဲ? ဒါဆို ရှေ့လျှောက်သူများထိန်းချုပ်တာမခံရတော့ဘူး''
တကယ်တော့ ပြည်တွင်းမှာအတော်များများက ဘာကြောင့်ကိုယ့်ဘာသာဆုမပေးလဲ မေးနေကြသည်။
ပင်ဂွင်း၊ Fox နှင့် Mouyin က နည်းနည်းစီလှူရင် ဆုကြေးပိုများမည်ဟုတောင်ဆိုကြသည်။
ဘာစိုးရိမ်စရာရှိလဲ?
ဒီလူတွေက ဉာဏ်နည်းလွန်းသည်ဟုသာဆိုရမည်။
တကယ်တော့ နိုဘယ်ဆုက ဆုကြေးကြောင့်မဟုတ်။
ဆုရတဲ့ဘယ်သူက ပိုက်ဆံလိုနေလို့လဲ?
လူတွေမက်အောင် သန်းရာချီအထိဆုကြေးမြှင့်လို့ရတယ်တော့ မပြောနဲ့ပေါ့!
ဒါဆိုရင် ဆုကိုဘယ်လိုတန်ဖိုးဖြတ်လဲ?
ဆုပေးရမယ်?
ဆုကိုလက်မခံရင်ရော?
ဆုယူဖို့တန်းငြင်းလိုက်ရင်ရော?
ဒါဆို မျက်နှာဖြတ်ရိုက်ခံရသလိုဖြစ်မည်။
နောက်ဆုံး ကန့်လန့်ကာနောက်မှာ သူ့ဇာတ်သူကနေရမည်။
ဒါသူတို့နေ့တိုင်းစနောက်နေတဲ့ ကိုးရီးယား ဒါမှမဟုတ် ထိုင်ဝမ်တို့နဲ့ကွာခြားချက်ပဲမလား?
သူများကိုရယ်ရင် ကိုယ်လည်းဝဋ်ပြန်လည်တတ်သည်။
"လုပ်ချင်တဲ့သူရှိရင်တော့ ကျွန်တော်လှူနိုင်ပါတယ်!''
ချင်လင်ရယ်လိုက်သည်။
ဝန်ကြီးလုကသက်ပြင်းချပြီး_
"ဒီလိုဆုမျိုးလုပ်တာ ငွေကြေးကြောင့်မဟုတ်ဘူး... ဒီနေ့နိုဘယ်ဆုနာမည်ကြီးတာ ဆယ်စုနှစ်များစွာ သူ့ရဲ့ဂုဏ်နဲ့အောင်မြင်မှုကြောင့်ပဲ''
"နိုဘယ်ဆုရှင်က သူ့တစ်ဘဝလုံးမှာ မူပိုင်ခွင့်ရတီထွင်မှုပေါင်း ၃၅၅ ခုရှိတယ်... သူတီထွင်ခဲ့တဲ့ဒိုင်းနမိုက်က သူဖြစ်စေချင်သလို ငြိမ်းချမ်းရေးလက်နက်မဖြစ်ခဲ့ဘဲ ကမ္ဘာစစ်ကိုအစပျိုးလိုက်ပေမဲ့ ကမ္ဘာအပေါ်သက်ရောက်မှုရှိတဲ့နည်းပညာဖြစ်ခဲ့တာ''
"တို့နိုင်ငံက ကိုယ်ပိုင်နိုဘယ်ဆုလုပ်ဖို့ခက်တယ်... နိုဘယ်ဆုရှင်လို တစ်ကမ္ဘာလုံးအပေါ်သက်ရောက်မှုရှိတဲ့နည်းပညာမျိုးသုတေသနလုပ်နိုင်တဲ့သူရှိပြီး ငါတို့သိပ္ပံသုတေသနအင်အားကို တခြားနိုင်ငံတွေကလက်ခံမှရမယ်''
"အခု တို့နိုင်ငံမှာနည်းပညာပိုင်းယုံကြည်ချက်တချို့ရှိလာပြီ... ချင်းလင်အားဖြည့်လက်ဖက်ရည် သန့်စင်မြက် သွေးခဲပလိပ်ရောဂါဆေး အူလမ်းကြောင်းဆေးမှုန့် ဒါတွေဖြစ်ဖြစ်.. ကမ္ဘာ့ရှေ့ပြေးနေတဲ့ တော်ဝင်ပညာရှင်ဟောင်ရဲ့အာကာသဒုံးပျံနည်းပညာပဲဖြစ်ဖြစ်ပေါ့''
"အနောက်တိုင်းကလက်လှမ်းမမီနိုင်တဲ့ဟာတွေအများကြီးရှိတယ်... တို့အကူအညီတောင်လိုကြတယ်... ဒါပေမဲ့ နိုဘယ်ဆုရှင်လိုလူမျိုးကရှာရခက်တယ်''
"သူဌေးချင်.. မင်းသာ သုတေသနမှာအားအပြည့်စိုက်ထုတ်လိုက်ရင် နောက် ၁၀ နှစ်လောက်ဆို ရလဒ်တွေအများကြီးထွက်နေမှာ... မင်းကတည်ထောင်သူလုပ်ပြီး ချင်းလင်ဆုဖန်တီးလို့ရတယ်''
"အခု မင်းရဲ့ဆေးက အကန့်အသတ်ရှိနေသေးတယ်... တိရစ္ဆာန်တွေမှာပဲ အလုပ်ဖြစ်တာ... ကမ္ဘာအပေါ်သက်ရောက်မှုမရှိသေးဘူး''
ဝန်ကြီးလုကပြောရင်းဆိုရင်း ချင်လင်ကိုကြည့်ပြီး ချင်လင်များလုပ်မလားဟုမျှော်လင့်နေသည်။
'သူဌေးချင်လုပ်လို့ရတယ်'တော့မပြော။ ဥပမာ ခန္ဓာကိုယ်ကြံ့ခိုင်စေတဲ့အားဖြည့်ဆေးရည်ကို သူထုတ်ပြနိုင်သည်။
အခု အထက်လူတွေသေချာလေ့ကျင့်ဖို့ခေါ်ထားတဲ့အားကစားသမားနဲ့စစ်သားတွေက ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့ပေါင်းပြီး ထင်မထားလောက်အောင်တိုးတက်နေကြသည်။
နောက်နှစ်အိုလံပစ်ပွဲမှာ ဒီအားကစားသမားတွေက ကမ္ဘာကိုအံ့ဩသွားစေလိမ့်မည်။
ဒီစ*စ်သားတွေသာ စ*စ်ဘက်ဆိုင်ရာအားကစားပွဲတွေမှာဝင်ပါရင် လူတိုင်းအံ့အားသင့်သွားမည်။အားလုံးကကျန်းမာကြံ့ခိုင်သန်စွမ်းပြီး အထူးတပ်ဖွဲ့ရဲ့ခံနိုင်ရည်မျိုးရှိသည်။
ဒါပေမဲ့ ဒီကိစ္စက ထိပ်တန်းလျှိူ့ဝှက်ချက်ဖြစ်ပြီး ပြည်သူကိုချပြလို့မရ။
ဒီအုပ်စုကိုအောင်အောင်မြင်မြင်လေ့ကျင့်ပြီးရင် သူဌေးချင်ဆီလူတချို့ပို့ပေးရမည်။
ဘာပဲဖြစ်ဖြစ် သူဌေးချင်ကငယ်သေးသည်။
ရှေ့လျှောက်ဘာတွေဖြစ်မလဲ ဘယ်သူသိမလဲ?
သူတစ်ယောက်ယောက်ကိုရန်စမိရင်ရော?
ချင်လင်က အမြန်ပြောလိုက်သည်_
"ဝန်ကြီးလု.. အစ်ကိုလီကိုရော ဘယ်လိုထင်လဲ? သူ့ကိုတည်ထောင်သူလုပ်ခိုင်းရင်ရော?''
ဟာသပဲ။ သူသာဆုဖန်တီးချင်ရင် ပိုက်ဆံဖြစ်ဖြစ်၊ ချင်းလင်နာမည်ပဲဖြစ်ဖြစ်ပေးနိုင်သည်။ ဒါပေမဲ့ အရှေ့ထွက်ပြီး ပစ်မှတ်ဖြစ်လို့မရ။
လုပ်စရာတွေအများကြီးနဲ့ ဒုက္ခများလွန်းသည်။
ပြဿနာတက်ပြီးရင်တက်မှာစိုးသည်။
"ပါမောက္ခလီခိုင်''
ဝန်ကြီးလုက ခဏကြောင်သွားပြီး ခေါင်းရမ်းကာ_
"ပါမောက္ခလီခိုင်က အံ့ဩစရာပါ... သူက SMA ရောဂါဆေး အပူချိန်နိမ့်သီးနှံသုတေသနနဲ့ ကိုလာသီးလုပ်ထားတယ်... ဒါပေမဲ့ မလုံလောက်သေးဘူး!''
"ဝန်ကြီးလု.. ဆန်မျိုးအသစ်ကိုမေ့နေပြီလား?''
ချင်လင်က ရုတ်တရက်ရယ်လိုက်သည်။
အစ်ကိုလီနာမည်ခံထားတဲ့ဆန်မျိုးအသစ်က ကောက်ပဲသီးနှံထဲတွင် အကြီးအကျယ်အောင်မြင်မှုတစ်ခုဖြစ်လာမည်။
ပြောင်းပင်လောက်ရှည်ပြီး မြေပဲဆံလောက်အစေ့ထွက်ရင်ကို ကမ္ဘာ့စားနပ်ရိက္ခာရဲ့ရှိပြီးသားအဆင့်အတန်းကိုပြောင်းလဲစေမည်။
အဲဒီအပြင် မျိုးစေ့ထုတ်စက်ကြောင့် မျိုးစေ့အထွက်နှုန်းက နှစ်ဆတက်နိုင်သည်။
လူတို့ရဲ့အစားအသောက်ဖွဲ့စည်းပုံကိုပြောင်းလဲနိုင်တာထက်ပိုသည်။
ဒီပစ္စည်းထွက်လာရင် ကမ္ဘာအပေါ်သက်ရောက်မှုရှိလာမည်။ အနည်းဆုံးတော့ စားနပ်ရိက္ခာမလုံလောက်သောနိုင်ငံများရှိနေသည်။ အတော်များများကမပြည့်စုံဘဲ တချို့ကသွင်းကုန်ကိုသာအားထားနေရသည်။
ဝန်ကြီးလုကနားထောင်ရင်း တစ်ခုခုသဘောပေါက်ပုံနှင့်မျက်နှာဝင်းသွားပြီး_
"သူဌေးချင်.. ပါမောက္ခလီခိုင်ရဲ့စပါးအသစ်က ရလဒ်တွေထွက်နေတယ်လို့ပြောတာလား?''
"သွားကြည့်ရင် သိရမှာပေါ့''
ချင်လင်စိတ်ထဲကသိသော်လည်း ထုတ်မပြောဘဲ ဝန်ကြီးလုကိုသို့လောသို့လောဖြစ်အောင်လုပ်ထားသည်။
ဝန်ကြီးလုကသိချင်စိတ်ပေါက်သွားပြီး ချက်ချင်းချင်လင်နောက်လိုက်၍ ရုံးခန်းအပြင်ထွက်ကာ ဓာတ်ခွဲခန်းဆီသွားကြသည်။
မကြာမီ နှစ်ယောက်သား ချင်းလင်ဓာတ်ခွဲခန်းရောက်သွားသည်။
အတွင်းနှင့်အပြင်စမ်းသပ်ချက်မှာ ကွာခြားချက်ရှိသည်။
ပြင်ပမြေကွက်စမ်းသပ်ချက်များကို ဓာတ်ခွဲခန်းအပြင်မှာလုပ်သည်။ ဥပမာ ရှန်းရွှေလက်ဆောင်ဆန်ကို စီရင်စုအသီးသီးနှင့်ချင်းလင်စံအိမ်စိုက်ခင်းမှာစိုက်သည်။
အတွင်းစမ်းသပ်ချက်ကို ဓာတ်ခွဲခန်းမှာသာလုပ်ပြီး လုံခြုံရေးအစောင့်များပတ္တရောင်လှည့်စောင့်သည်။ ဥပမာ စပါးမျိုးအသစ်ကို ဒီအတွင်းမှာသာစမ်းသပ်ပြီး လုံခြုံရေးတင်းကြပ်ထားသည်။
အစစ်ဆေးများခံပြီးနောက် ချင်လင်နှင့်ဝန်ကြီးလုလည်း အတွင်းစမ်းသပ်နေရာဝင်လာပြီး စပါးမျိုးအသစ်စိုက်ထားသောစိုက်ခင်းဆီသွားကြသည်။
တိုက်တိုက်ဆိုင်ဆိုင် လီခိုင်ကဒြပ်ပေါင်း ၇ ခုကိုဆက်မလုပ်တော့ဘဲ စပါးမျိုးအသစ်သုတေသနလုပ်နေချိန်ဖြစ်သည်။
သုတေသနသမားများက စပါးမျိုးအသစ်မှာ ပိုရှည်လာကြောင်း၊ကိုင်းဖြာလာကြောင်း သူ့ကိုအစီရင်ခံလာသောကြောင့်ပင်။
ထိုကိုင်းများတွင် ပန်းခိုင်များဝေဝေဆာဆာရှိနေ၏။
တနည်းပြောရရင် စပါးမျိုးအသစ်က တစ်ကြိမ်ရိတ်သိမ်းရုံမဟုတ်။ မှည့်လာပြီးပုံမှန်အတိုင်းဖြစ်ရင်၊ပြဿနာမရှိရင် အထွက်နှုန်းက သူတို့ထင်ထားတာထက်ပိုများမည်။
သူလန့်သွားသည်။
အကြောင်းမှာ သူကိုယ်တိုင်က ထွက်လာသောစပါးမျိုးအသစ်ကိုသုတေသနသေချာမလုပ်ရသေးသောကြောင့်ပင်။ အထူးမြေကြီးကြောင့် လုံးဝမျိုးပြောင်းသွားခြင်းဖြစ်မည်။ ပုံမှန်ဟူ၍ပြောစရာမရှိ။
ဒါခေါင်းခံရမှာကြီးလွန်းပြီး ခံရခက်သည်။
'မှည့်လာရင် စားမရပါစေနဲ့'ဟု မျှော်လင့်မိသည်။
မျှော်သာမျှော်လင့်ရ၊ ဖြစ်နိုင်ခြေက ၅၅% ရှိနေသည်။
ဒီ ၅၅% စောင့်ရတာ တကယ်စိတ်ဖိစီးသည်။
ထိုအချိန်တွင် ချင်လင်နှင့်ဝန်ကြီးလုရုတ်တရက်ရောက်လာသောကြောင့် သူလည်းနှုတ်ဆက်လိုက်သည်_
"ညီလေးချင် ဝန်ကြီးလု.. ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ?''
သို့ရာတွင် ဝန်ကြီးလုက ပြောင်းပင်ထက်ရှည်ပြီးအနှံတင်သောစပါးပင်ဆီ အာရုံတန်းရောက်သွား၏။
အနှံမပြည့်သေးသော်လည်း စပါးစေ့မှန်းသိနိုင်သည်။
သူလည်း ချက်ချင်းစကားပုံတစ်ခုကိုသတိရသွားသည်။
အဲလိုဖြစ်လာရင် ဘယ်လိုလုပ်မလဲ?
ပြောမရနိုင်။
ဝန်ကြီးလုကတွေးတောရင်း ပါမောက္ခလီခိုင်အား အသံငြိမ်ငြိမ်နှင့်_
"ပါမောက္ခလီခိုင်... ခင်ဗျားကအံ့ဩစရာပဲ... ခင်ဗျားရဲ့စပါးမျိုးအသစ်အောင်မြင်ရင် တစ်ကမ္ဘာလုံးအံ့ဩသွားလိမ့်မယ်... ပြီးရင် စကားပြောကြမလား? ခင်ဗျားနဲ့ဆွေးနွေးစရာရှိတယ်''
"ဘာအကြောင်းပြောချင်လို့လဲ?''
ဝန်ကြီးလုက စပါးမျိုးအသစ်ကိုမီးတောက်မတတ်ကြည့်နေသောကြောင့် လီခိုင်ရင်တုန်သွားသည်။
ဘာလို့ဆိုးဆိုးဝါးဝါးဖြစ်တော့မလိုခံစားနေရတာလဲ?