← Chapters

နှုတ်ထွက်ရတဲ့အကြောင်းရင်း!

Vol. 76 Ch. 1131

နှုတ်ထွက်ရတဲ့အကြောင်းရင်း!

Vol. 76 Ch. 1131

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က ခါတိုင်းလို ပန်းအိုးထဲမှမျိုးစေ့များကိုရေလောင်းနေသည်။

ဂိမ်းထဲမှညဘုရင်မမျိုးစေ့က ပေါက်နေပြီ။ တခြားမျိုးစေ့များမှာ အထူးမြေကြီးကြောင့်အပင်ပေါက်ပြီး တချို့ကလည်းမပေါက်ဘဲပုပ်သွား၏။

ဆောင်းတွင်းရောက်ပြီဖြစ်၍ ရာသီဥတုကအေးသည်ထက်အေးလာသည်။ တချို့မျိုးစေ့တွေက အထူးမြေကြီးနှင့်တောင် အပင်မပေါက်ကြ။

သို့သော် ဒီအခြေအနေက ဂိမ်းထုတ်ကုန်ညဘုရင်မမျိုးစေ့ကိုအာရုံစိုက်မိဖို့လွယ်သည်။

ဘေးနားမှတော်ဝင်ပညာရှင်လီက ဂိမ်းထုတ်ကုန်ညဘုရင်မမျိုးစေ့ကိုစိုက်ကြည့်ပြီး_

"သူဌေးချင်.. ဆောင်းတွင်းအပူချိန်နိမ့်တာ အပင်အင်ဇိုင်းတွေအပေါ်သက်ရောက်မှုကြီးတယ်... အင်ဇိုင်းရဲ့လုပ်ဆောင်ချက်ကိုလျော့ကျစေလို့ ကြီးထွားနှုန်းနှေးတယ်... ဒါပေမဲ့ ဒီအပင်တွေက အရမ်းမြန်နေတယ်... ထူးခြားချက်များရှိမလား?''

"ကျွန်တော်စမ်းကြည့်ပြီးပြီ.. နည်းနည်းထူးခြားတယ်... ဘာရမလဲတော့မသိဘူး''

ချင်လင်ကခေါင်းညိမ့်ပြီး မုသားတဝက်ရောပြောလိုက်သည်။

တော်ဝင်ပညာရှင်လီခေါင်းညိမ့်လိုက်သည်။

ဒီနည်းဥပဒေကိုသူသိသည်။ သိပ္ပံသုတေသနက နောက်ဆုံးရလဒ်ကိုကြည့်ရသည်။

သူတို့နှစ်ဦးစကားပြောနေစဉ် လီခိုင်ကမအီမသာမျက်နှာနှင့်ရောက်လာပြီး_

"ညီလေးချင်.. ဝန်ကြီးလုကိုပြောလိုက်စမ်းပါ... ငါတကယ် ချင်းလင်ဆုတည်ထောင်သူမလုပ်နိုင်ဘူးလို့... ငါကဘာကောင်လဲ? ဘာမှမဟုတ်ဘူးလေ.. မဟုတ်ဘူး.. သေချာပြောပြလို့လည်းမရဘူး''

သူနည်းနည်းစိတ်ဆတ်နေပြီး ရှင်းရှင်းလင်းလင်းမပြောနိုင်။

ဝန်ကြီးလုရောက်လာတုန်းက စိတ်ခံစားချက်မကောင်းမှန်းသူသိသည်။ တကယ်မကောင်းမှန်းမသိခဲ့။ ကြောက်စရာလန့်စရာပင်။

အဓိကက ဘာဖြစ်နေမှန်းမသိရဘဲ ဝန်ကြီးလုအကွက်ချတာခံနေရသည်။

ဝန်ကြီးလုက ကောင်းမွန်မှန်ကန်ကြောင်း၊အမြင်အကြောင်း စုံနေအောင်ပြောသည်။ သူသဘောမတူရင်မကောင်းသလိုခံစားရသောကြောင့် ခေါင်းပူပူနှင့်ခေါင်းညိမ့်မိခဲ့သည်။

ပြီးမှ စဉ်းစားရင်း တစ်ခုခုမှားနေသလိုဖြစ်လာသည်။

ဝန်ကြီးလုစကားက သူ့အဖေနဲ့အစ်ကိုအသုံးချပြီး အရူးလုပ်နေတာမလား?

တကယ်တော့ အတုအယောင်အခွံလွတ်သာဖြစ်ပြီး ဘာအဓိပ္ပါယ်မှမရှိ။

အဓိကက သူအကွက်ချခံနေရသည်။

ဒီအတောအတွင်း သူဒီကိစ္စအပေါ်လုံးဝစိတ်ရောက်နေ၏။ ဝန်ကြီးလုက ဟိုစာဖိုင်ဒီစာဖိုင်များ အချိန်နဲ့အမျှပို့ပေးနေသည်။

သူ့မိန်းမနဲ့ကလေးနဲ့ အတူနေဖို့တောင်အချိန်မရှိ။

စပါးမျိုးအသစ်ကစိုက်ပျိုးအောင်မြင်ပြီး စားလို့ရရင်ပိုဆိုးလာမည်။ စာတမ်းဘယ်လိုရေးရမလဲစဉ်းစားရဦးမည်။

'သော*က်?'

"အစ်ကိုလီ.. ဒီကိစ္စအရမ်းအဓိပ္ပါယ်ရှိတာ''

ချင်လင်က လီခိုင်အားတည်တည်ငြိမ်ငြိမ်ကြည့်လိုက်သော်လည်း ရင်ထဲမှာအူတလိပ်လိပ်တက်နေသည်။

ချင်းလင်ဆုက အရင်ကဝန်ကြီးလုပြောဖူးသောနိုင်ငံတကာဆုမျိုးဖြစ်သည်။

ချင်းလင်မှာ ချင်းလင်ဓာတ်ခွဲခန်းနာမည်ကိုယူသုံးထားခြင်းပင်။ ချင်းလင်ဓာတ်ခွဲခန်း၏ထုတ်ကုန်တစ်မျိုးဖြစ်သော စပါးမျိုးအသစ်အောင်မြင်သည်နှင့်သုံးမည်။

နောက်ပြီး ချင်းလင်ဓာတ်ခွဲခန်းက အစိုးရဓာတ်ခွဲခန်းမဟုတ်သောကြောင့် ဒီဆုကို အစိုးရအဖွဲ့အစည်းက မကျင်းပနိုင်။ ရှေ့လျှောက် ရံပုံငွေနှင့်ဆု​ကြေးများကို ချင်းလင်ဓာတ်ခွဲခန်းကတာဝန်ယူရမည်။

ဒီဆုက အချိန်တိုအတွင်းပြင်ဆင်နိုင်သောဆုမျိုးမဟုတ်။ ဆက်သွယ်ရန်လိုအပ်သောလူများ၊ကိစ္စများစွာရှိသည်။

အထူးသဖြင့် ဩဇာရှိသောဆုတစ်ခုဖြစ်ရန် နိုင်ငံတကာသုတေသနခေါင်းဆောင်များ၏တုံ့ပြန်ခြင်း၊ အသိအမှတ်ပြုခြင်းနှင့် အဆုံးအဖြတ်ပေးခြင်းတောင်လိုသည်။

နိုဘယ်ဆုကိုကြည့်ပါ။ နိုဘယ်ဆုကို စုစည်းတည်ထောင်ထားခြင်းဖြစ်ပြီး အနည်းဆုံးနိုင်ငံတကာသုတေသနနာမည်ကြီး ၁၂ ခုပါသည်။

ဒါကိုဝန်ကြီးလုစီစဉ်လိမ့်မည်။ မည်သို့ဆိုစေ နိုင်ငံအသီးသီးက သွေးခဲပလိပ်ရောဂါဆေးနှင့်အူလမ်းကြောင်းဆေးမှုန့်ကိုလိုအပ်နေကြသည်။

နှစ်ခုလုံးက တချို့အရာများကိုထိန်းချုပ်နိုင်စွမ်းရှိသောအချက်များဖြစ်သည်။

နောင်ရေးအကြောင်းမပြောခင် စပါးမျိုးအသစ်အနှံတင်အောင်စောင့်ရဦးမည်။ မဟုတ်လို့ အဓိကတည်ထောင်သူပုဂ္ဂိုလ်မရှိရင် အားလုံးအလကားဖြစ်သွားမည်။

သို့ရာတွင် ကြိုတင်ပြင်ဆင်နိုင်တာတချို့ရှိသည်။ ရုံးနေရာပြင်ဆင်ခြင်း၊ ဆန်းစစ်ခြင်း၊ ဝန်ထမ်းတချို့ခေါ်ခြင်းနှင့် သုတေသနဆုအကြောင်းအချက်အလက်များစုဆောင်းခြင်း စသည်...

အထူးသဖြင့် ဝန်ကြီးလုမှာ နိုဘယ်ဆုအကြောင်းအချက်အလက်အများကြီးရှိပြီး လီခိုင်ဆီပေးထားသည်။

ဒီလိုနှင့် လီခိုင်မှာ သူ့စမ်းသပ်ချက်များနှင့်မကင်းနိုင်ဘဲဖြစ်နေ၏။

ချင်လင်ကမူ 'ငါ့လက်ကလွတ်'ဟူ၍ ဝမ်းသာနေသည်။

အစ်ကိုလီ.. အောင့်ခံလိုက်ပါ!

တော်ဝင်ပညာရှင်လီက နားလည်သောကြောင့် ပြုံးလိုက်ပြီး_

"ပါမောက္ခလီခိုင်.. ဒါကောင်းတဲ့ကိစ္စပဲ!''

"တော်ဝင်ပညာရှင်လီ ဟုတ်တယ်မလား?''

ချင်လင်ကဝင်ပြောသည်။

"အင်း.. ဟုတ်တယ်!''

တော်ဝင်ပညာရှင်လီကလည်း ခေါင်းညိမ့်သည်။

လီခိုင်မှာ သူတို့နှစ်ဦးကိုကြည့်ပြီးဆွံ့အသွားသည်။ 'ညီလေးချင်ကို ဒီအကြောင်းလာမပြောသင့်'ဟုတွေးမိသည်။

ညီလေးချင်ကဘာလို့ ဒီကိစ္စသူနဲ့မဆိုင်သလိုလုပ်နေတာလဲ?

နောက်ဆုံး လီခိုင်မှာသက်ပြင်းရှည်ကြီးချပြီး စပါးမှည့်လာရင် မအောင်မြင်ပါစေနဲ့ဟုသာဆုတောင်းလိုက်ရသည်။

စပါးမျိုးအသစ်မအောင်မြင်မှ သူလွတ်လပ်ရေးရမည်။

မဟုတ်ရင် ချင်းလင်ဆုကိုဆက်လုပ်နေရမည်။

ချင်လင်ကအပင်ရေလောင်းပြီး သူ့အခန်းထဲပြန်လာသည်။ နောက်ခံ app ဖွင့်၍ လင်းလန်ဇီပို့ထားသောအီးမေးလ်ဖတ်ကြည့်ရာ_

"ဥက္ကဌချင်.. ဒီစာဖိုင်တစ်ချက်ကြည့်ပေးပါ... ရှင့်ထောက်ခံချက်လိုပါတယ်''

ချင်လင်ကဖိုင်ဖွင့်ပြီး နှစ်ကုန်ပါတီအကြောင်းဖတ်ရသည်။

ဘာလိုလိုနဲ့ နောက်တစ်နှစ်ကုန်တော့မှာပဲ။

နေရာအခက်အခဲကြောင့် ဒီနှစ်နှစ်ပတ်လည်ပွဲကို ကိုယ့်ကုမ္ပဏီမှာသာကိုယ်ကျင်းပရမည်။ ချင်းလင်ဝန်ထမ်းအားလုံးစုပြီး ကြီးကျယ်ခမ်းနားတဲ့နှစ်ပတ်ပွဲမျိုးလုပ်ဖို့မဖြစ်နိုင်။

နောက်နှစ်နှစ်ပတ်လည်ပွဲက ပိုကောင်းမည်။

အဲဒီအချိန်ကျရင် စီရင်စုခရိုင်အသစ်ထဲကဇာတ်ရုံပြီးလောက်ပြီ။ ဇာတ်ရုံမှာ လူ ၆၀၀၀၀ လောက်ဆံ့ပြီး ရုံချန်းကချင်းလင်ကုမ္ပဏီဝန်ထမ်းအားလုံးနေရာယူလောက်သည်။

ဒီနှစ်တော့ မနှစ်ကအတိုင်းပင်။

ချင်လင်ကထောက်ခံပေးပြီး လင်းလန်ဇီထံပြန်ပို့လိုက်သည်။

နှစ်သစ်ရောက်ရင် ရုံချန်းမှာအရှိန်လျော့ပြီး ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံမှာ လူသူနည်းသွားမည်။

All Chapters