← Chapters

နှုတ်ထွက်ရတဲ့အကြောင်းရင်း! ၂

Vol. 76 Ch. 1132

နှုတ်ထွက်ရတဲ့အကြောင်းရင်း! ၂

Vol. 76 Ch. 1132

နှစ်သစ်တွင် အများစုကလည်ပတ်ဖို့ထက် အိမ်မှာသာနေကြသည်။ ရှားရှားပါးပါးမိသားစုဆုံသောအချိန်လည်းဖြစ်သည်။

ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံဝန်ထမ်းများလည်း အလုပ်များစသိမ်းပြီး အားလပ်ရက်စောင့်နေကြသည်။ ဒီနှစ်အလုပ်အပြီးသတ်ပြီး နှစ်ကုန်ပွဲစောင့်ခြင်းပင်။ နှစ်ကုန်ပွဲမှာ ကံကောင်းပြီးဟုန်ပေါင်းအကြီးကြီးရမလားမျှော်လင့်ကြသည်။

ချင်းလင်စံအိမ် ရွက်လွှင့်ပရောဂျက်_

ခရီးသည်နည်းနည်းလာပြီး စံအိမ်ပိတ်တော့မည်။ ဝန်ထမ်းများက ကယက်လှေများ၊အသက်ကယ်အင်္ကျီနှင့်လုံခြုံရေးဦးထုပ်များ စသိမ်းနေကြပြီ။

ဒါမှစံအိမ်ပိတ်ရင် အမြန်ဆုံးသန့်ရှင်းရေးလုပ်ပြီး အားလပ်ရက်အပန်းဖြေနိုင်မည်။

နှစ်ကုန်မှာ တကယ်တော့ ကုမ္ပဏီအတော်များများအဖို့စမ်းသပ်ချက်တစ်ခုဖြစ်သည်။

နှစ်ကုန်ချိန်တွင် နှုတ်ထွက်သူများသည်။ အထူးသဖြင့် ဝန်ဆောင်မှုလုပ်ငန်းများပင်။ အတော်များများက နှစ်ကုန်ထွက်ပြီး တချို့ကနှစ်သစ်ရောက်မှထွက်ရသည်။

သူဌေးဖြစ်သူက ဒီအခြေအနေကိုဆင်ခြင်သုံးသပ်ရသည်။

ချင်းလင်စံအိမ်မှာ ဒီလိုအခြေအနေမျိုးမရှိ။ တခြားဝန်ဆောင်မှုလုပ်ငန်းများကတောင်နှုတ်ထွက်လာပြီး ချင်းလင်စံအိမ်မှာအလုပ်ရှာကြသည်။

ခြွင်းချက်လည်းရှိသည်ပင်။

အားလုံးက ရွက်လွှင့်ဌာနထဲအလုပ်ဝင်နေကြစဉ် ချူယဲ့မှာစားပွဲတစ်လုံးတွင် အလုပ်ထွက်စာထိုင်ရေးနေသည်။

သူ့ဘေးမှလုပ်ဖော်ကိုင်ဖက်က သံသယသံနှင့်မေးသည်_

"မန်နေဂျာချူ.. ဘာလို့ရုတ်တရက်ကြီး အလုပ်ထွက်ရတာလဲ? မန်နေဂျာက ခင်ဗျားကိုဒုမန်နေဂျာလုပ်စေချင်တာမလား? ဘယ်လောက်ကောင်းတဲ့အခွင့်အရေးလဲ! သူများတွေ ဒီအခွင့်အရေးရဖို့စိတ်ကူးယဉ်နေကြတာ!''

ချူယဲ့ မတတ်နိုင်။

သူလာတာ ရာထူးတိုးဖို့လား?

ရာထူးတိုးဖို့လာစရာလိုလို့လား?

ချင်းလင်က ဘာလို့ဒီလောက်နာမည်ကြီးလဲ အဖြေလာရှာတာ။ ဒါမှ ကမ္ဘာ့နံပါတ်တစ်ရွက်လွှင့်ကိုဖန်တီးနိုင်မှာ။

ဒါ သူ့အိပ်မက်။

ချင်းလင်ရွက်လွှင့်ကို တခြားအကြောင်းနဲ့ဘာလာလုပ်ရမလဲ?

အစပိုင်း စိတ်အားထက်သန်မှုနဲ့စာရင် အခုသူနည်းနည်းစိတ်ပျက်နေပြီ။ သူအစွမ်းကုန်လုပ်ပေမဲ့ အဖြေမထွက်သေး။ အစွမ်းကုန်မှတော့ ဘာလုပ်နိုင်ဦးမလဲ?

နောက်ဆုံး_

ချင်းလင်ရွက်လွှင့်က ပေါက်ချင်လို့ပေါက်တာဟုသာတွေးလိုက်တော့သည်။ ပထမက မျှော်လင့်ချက်၊ ဒုတိယက အငွေ့အသက်၊ တတိယက ကြော်ငြာအား၊ စတုတ္ထက စိတ်ပိုင်းဆိုင်ရာတွေရောထွေးနေသည်။

အားလုံးပေါင်းပြီး လက်ရှိအခြေအနေဖြစ်လာ၏။

ဒါတွေအားလုံးက ချင်းလင်စံအိမ်ရေပန်းစားမှုကြောင့်ဖြစ်လာမှန်း သူလည်းသိသည်။ ချင်းလင်စံအိမ်မရှိဘဲ ဒါတွေမဖြစ်နိုင်။

ဒီတော့ ချင်းလင်စံအိမ်မဖန်တီးနိုင်ရင် ချင်းလင်ရွက်လွှင့်ကိုမဖန်တီးနိုင်မှန်း ထူးထူးခြားခြားသိလိုက်ရသည်။

ဒါ သူ့အတွေးသက်သက်သာ။ တခြားအချက်ရှိမလား သူမသိ။

နှုတ်ထွက်စာရေးပြီး ချူယဲ့က သူ့ဘေးမှလူကိုပေးကာ_

"မန်နေဂျာကိုဒီစာပေးပြီး ငါအလုပ်ထွက်ကြောင်းပြောလိုက်ပါ''

မန်နေဂျာကို သူမတွေ့ချင်။

သူမပြောချင်သော်လည်း ချင်းလင်စံအိမ်ရွက်လွှင့်ပရောဂျက်မန်နေဂျာက တကယ်လူတော်ဖြစ်သည်။ အနည်းဆုံးတော့ ရွက်လွှင့်ပရောဂျက်စီမံရေးနှင့်ဝန်ထမ်းရေးရာကိုကောင်းကောင်းထိန်းသိမ်းနိုင်သည်။

နောက်နောင် ရွက်လွှင့်ပရောဂျက်လုပ်ရင် ဒီမန်နေဂျာကိုဆွဲခေါ်ရမလားဟုတောင် စဉ်းစားသေးသည်။

အခု စဉ်းစားစရာမလိုတော့။

ဒီတော့ မန်နေဂျာကိုမတွေ့ချင်။ သူ့ကိုထပ်ဆွဲနေလိမ့်မည်။ သူလည်း ဂနာမငြိမ်ဘဲအများကြီးရှင်းပြနေရမည်။

ချူယဲ့ကစကားပြောပြီးထွက်သွားရာ ဘေးလူမှာကြောင်တောင်တောင်နှင့်ကျန်ခဲ့သည်။ ချင်းလင်စံအိမ်လက်ထောက်မန်နေဂျာဖြစ်ပြီးမှအလုပ်ထွက်သူမြင်ဖူးတာ ဒါပထမဆုံးပင်။

ဘာပဲဖြစ်ဖြစ် ဒါချင်းလင်စံအိမ်။ ဒီမှာလက်ထောက်မန်နေဂျာဆိုတဲ့ဂုဏ်က နိုင်ငံတကာမြို့ကြီးတွေကအဖွဲ့အစည်းတွေထက်မလျော့။

ချူယဲ့တကယ်ထွက်သွားသောကြောင့် ထိုလူက သူ့နှုတ်ထွက်စာကိုပိုက်ပြီး မန်နေဂျာဆီသွားပေးသည်။

ချူယဲ့အလုပ်ထွက်ရသည့်အကြောင်းပြချက်မှာ:

အိမ်ပြန်ပြီး ၁၀ ဘီလီယံကျော်တန်ဖိုးရှိတဲ့မိသားစုအမွေဆက်ခံဖို့တဲ့။

“သော*က်!”

အကြောင်းပြချက်မြင်ပြီး ထိုလူကဆဲလိုက်သည်။

ပရောဂျက်မန်နေဂျာကိုနှုတ်ထွက်စာပေးလိုက်သောအခါ မန်နေဂျာဆွံ့အသွားသည်။

နောက်နေတာမဟုတ်ပါဘူးနော်?

ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်လက်ထောက်မန်နေဂျာတောင်မလုပ်ချင်တာ။

ချူယဲ့နှုတ်ထွက်စာက ချင်းလင်စံအိမ်ဝန်ထမ်းအဖွဲ့အသီးသီးမှာ တမဟုတ်ချင်းပြန့်သွားတော့သည်။

ဝန်ထမ်းများက ချူယဲ့အကြောင်းတီးတိုးတီးတိုးပြောကြ၏။ မိသားစုအမွေဆက်ခံတယ်ဆိုရင်တောင် ၁၀ ဘီလီယံကျော်ဆိုတာကိုမယုံကြ။

လိုင်းပေါ်ကစကားတွေသင်ထားတာဖြစ်မည်။

တချိန်မှာ ချူယဲ့က ခန့်ခန့်ညားညားနှင့်ဩဇာရှိသော CEO အဖြစ်သတင်းတက်လာမှသာ အမှန်တကယ် ၁၀ ဘီလီယံကျော်အမွေဆက်ခံကြောင်း ဝန်ထမ်းများသိကြတော့သည်။

အချိန်ကုန်လွန်သွားသည်။

တစ်နိုင်ငံလုံး အားလပ်ရက်စပိတ်သည်။

ချင်းလင်စံအိမ်နှစ်ကုန်ပွဲအပြီးတွင် စံအိမ်နှင့်မွေးမြူရေးခြံအစောင့်ကျသောလူများမှလွဲ၍ ဝန်ထမ်းအားလုံးအားလပ်ရက်ရသည်။

ကျန်ရစ်သူများမှာ ရုံချန်းဒေသခံများဖြစ်ပြီး ဟုန်ပေါင်းရသည်။ နှစ်သစ်ရောက်ရင် အားလပ်ရက်ခံစားခွင့်ရှိသည်။

အရင်အတိုင်း နောက်ကျမှနှစ်သစ်ပွဲကျင်းပသည်။ သူတို့မိသားစုဝင်တွေလည်း စံအိမ်မှာနေခွင့်ရှိသောကြောင့် အတော်များများကနောက်ကျမှခွင့်ယူလိုကြသည်။

ချင်လင်နှင့်ချင်ရန်မိသားစုက နှစ်သစ်မှာမွေးရပ်မြေပြန်ကြ၏။

သို့သော် တော်ဝင်ပညာရှင်လီနှင့်ယွမ်ရှန်က ဒီနှစ်ပေကျင်းမပြန်ကြ။ အပန်းဖြေစံအိမ်မှာနေကြသည်။

ခေါင်းဆောင်ထန်တို့လည်း တောင်ပေါ်ရှာပြီးသလောက်ဖြစ်၍ တခါတည်းအပြတ်လုပ်ရန်စီစဉ်ကြသည်။ တာဝန်ခံဖြစ်သောတော်ဝင်ပညာရှင်လီက အဖော်လိုက်ပေးသည်။

တောင်ပေါ်ရှာပြီး တော်ဝင်ပညာရှင်လီနှင့်ခေါင်းဆောင်ထန်က ပေကျင်းပြန်ကာ ဥက္ကာခဲသုတေသနဆက်လုပ်ကြမည်။

လောင်စာဖြစ်ဖြစ်၊လက်နက်​​ဖြစ်ဖြစ်အောင်မြင်ရင် ကမ္ဘာမှာရှေ့ပြေးနိုင်မည်။

တဖက်တွင် ယွမ်ရှန်က လက်ဖက်ခြောက်နှင့်ကင်ဆာကုနိုင်ကြောင်းပြောသည်။ ကင်ဆာလက်တွေ့စမ်းသပ်မှုကလည်း နောက်ဆုံးအဆင့်ရောက်နေပြီ။

အခု သူဌေးချင်ရဲ့လက်ဖက်ခြောက်က ကင်ဆာကုနိုင်ကြောင်း အကြမ်းဖျင်းအတည်ပြုနိုင်ပြီ။ လက်ဖက်ပင်အသစ်က အာနိသင်ဆက်ထိန်းနိုင်မထိန်းနိုင်ကိုမူ ချင်းလင်ဓာတ်ခွဲခန်းကိုစောင့်ရတော့မည်။

All Chapters