← Chapters

နှုတ်ထွက်ရတဲ့အကြောင်းရင်း! ၃

Vol. 76 Ch. 1133

နှုတ်ထွက်ရတဲ့အကြောင်းရင်း! ၃

Vol. 76 Ch. 1133

ကင်ဆာကုနိုင်တဲ့အာနိသင်ကိုထိန်းထားနိုင်ရင် အူလမ်းကြောင်းဆေးမှုန့်ထက်ပိုပြီးအုတ်အော်သောင်းတင်းဖြစ်ဦးမည်။

ချင်လင်နှင့်ချင်ရန်မိသားစုကချိန်းထားပြီး ရွာအတူတူပြန်ကြသည်။

ချင်ရန်က ဒီနှစ်အတော်အလုပ်ဖြစ်နေသည်။ ချင်းလင်စံအိမ်နှင့်ကုမ္ပဏီ၏အကူအညီကြောင့် ရုံချန်းနှင့်မင်မြို့တော်မှကြော်ငြာလုပ်ငန်းများကို ထောင်စုနှစ်ကသိမ်းကြုံးရထားသည်။

မင်စီရင်စုနှင့်တခြားစီရင်စုများမှကြော်ငြာများတောင်ဝင်လုပ်ရသည်။ အဖွဲ့အင်အားတောင့်ရန် လူလည်းထပ်ခေါ်နေသည်။

ကြော်ငြာလုပ်ငန်းအပြင် ထောင်စုနှစ်ထုတ်လုပ်ရေးက အွန်လိုင်းမီဒီယာလည်းလုပ်နေသည်။ သူတို့အွန်လိုင်းမီဒီယာအကောင့်မှာ ကောင်းကောင်းလည်ပတ်နေ၏။ ပရိသတ်သန်းချီရှိပြီး ပရိသတ် ၅ သန်းနှင့်ကိုယ်ပိုင်အကောင့်တစ်ခုရှိသည်။

ထိုအကောင့်တွင် ဥက္ကဌတစ်ဦးအနေနှင့် နေ့စဉ်ဘဝ၊နေ့စဉ်အလုပ်ဗီဒီယိုများတင်သည်။ အဓိကမှာ ချင်လင်က BMW ကားမောင်းနေဆဲဖြစ်ပြီး သူကသူ့ Audi 4 မပြောင်းသေး။

အစက Audi 4 ကားမောင်းပြီး CEO ယောင်ဆောင်သည်ဟုမေးခွန်းတောင်ထုတ်ခံရသည်။ တချို့က သူလူလိမ်ဆိုတာ ဆယ်လီတချို့ကိုတောင်ပြောခိုင်းကြသည်။

ဒါ ချင်ရန်ဖြစ်စေချင်သလိုပင်။ သူကအင်တာနက်မှာလူအင်အားဝယ်ပြီး အင်တာနက်ရေတပ်ကို သူ့ကိုလူလိမ်ဟုပြောခိုင်းခဲ့ရာ ရေပန်းစားလာသည်။ ထို့နောက် ကုမ္ပဏီအစည်းအဝေးဗီဒီယိုများ၊ ချင်းလင်စံအိမ်သွားသောဗီဒီယိုများကို တမင်ရည်ရွယ်၍ဖြစ်စေ၊မရည်ရွယ်ဘဲဖြစ်စေတင်ခဲ့သည်။

သူ့ကိုချင်းလင်စံအိမ်သူဌေးဟုပြောသောဗီဒိယိုက လိုင်းပေါ်မှာအတော်ပေါက်ခဲ့သည်။

ဖြည်းဖြည်းချင်း အခြေအနေပြောင်းလဲလာပြီး စျေးကွက်ကောင်းသောကြောင့် ပရိသတ်အရေအတွက်လည်း မြန်မြန်ဆန်ဆန်တက်လာ၏။

တဖက်တွင် အသိအမှတ်ပြုခံချင်သောဆယ်လီက ဒေါသထွက်နေသည်။

Audi 4 ကားမောင်းတာနဲ့ CEO မဖြစ်နိုင်ဘူးလား?

CEO က Audi 4 ကားမောင်းလို့မရဘူးလား?

ဒီနှစ်ရွာပြန်သောအခါ ရွာကအတော်ပြောင်းလဲနေကြောင်း ချင်လင်နှင့်ချင်ရန်တွေ့ရသည်။ အနည်းဆုံးတော့ အိမ်အိုအိမ်ဟောင်းနည်းသွားပြီး အနောက်တိုင်းပုံစံအိမ်များ၊စံအိမ်များဆောက်ထားကြသည်။

ရွာသားအတော်များများမှာ ချင်းလင်ဖရဲသီးစိုက်ပြီးဝင်ငွေကောင်းနေသောကြောင့်ပင်။

အရင်က စီရင်စုမြို့မှာသာ အိမ်ဝယ်ချင်ကြ၏။ ဘာပဲဖြစ်ဖြစ် လူတိုင်းက ကျေးလက်မှထွက်ချင်ကြသည်။

ဒါပေမဲ့ အခုအခြေအနေကမတူတော့။ ချင်းလင်ဓာတ်ခွဲခန်းက ချင်းလင်ဖရဲသီးချပေးထားသည်။ နောက်နှစ်ကျ လူတိုင်းရှန်းရွှေလက်ဆောင်ဆန်စိုက်ကြမည်။ မင်မြို့တော်တွင် ကျေးလက်အိမ်ထောင်စုစာရင်းက မြို့ပြအိမ်ထောင်စုစာရင်းထက်ပိုပြီးအဖိုးတန်နေပြီ။

ကိုယ်ပိုင်မြေကွက်ကိုအားထားပြီး မြို့ကြီးမှာကြိုးကြိုးစားစားလုပ်တာထက်ပိုရနေပြီ။ မဖြစ်ထွန်းတဲ့မြေတွေကိုဖော်ပြီးထပ်လုပ်နိုင်ရင် ပိုရလာနိုင်သည်။

မင်မြို့တော်တစ်ခုလုံးကရွာတွေပြန်ကောင်းလာသည်ဟုဆိုနိုင်သည်။ လူငယ်တွေတစ်ယောက်ပြီးတစ်ယောက်ပြန်လာကြ၏။ ဖရဲသီးစိုက်တာက အလုပ်လုပ်တာထက်ပိုရသည်။ မိသားစုနဲ့လည်း ပြန်ဆုံနိုင်သည်။ ရွာကပိုပြီးစည်ကားလာ၏။ ကြီးကြီးငယ်ငယ် မိတ်ဆွေအဖော်များရှိလာကြသည်။ ငယ်ငယ်ကတောထဲမှာကစားခဲ့တဲ့နေ့ရက်တွေပြန်ရောက်လာသလိုပင်။

ရွာသားများက Audi၊ BMW အပါအဝင် ကားများဝယ်နိုင်လာကြသည်။ ဘာပဲဖြစ်ဖြစ် လူငယ်မျိုးဆက်မှာ အိမ်ထက်ကားပိုများသည်။

ထို့ကြောင့် တချို့ကအိမ်မရှိဘဲအိမ်ငှားနေသော်လည်း BMW၊မာစီဒီးကားများစီးနိုင်ကြသည်။ ဒါတွေက စားသုံးမှုအယူအဆကြောင့်ပင်။

ဥပမာ အိမ်တစ်လုံးဝယ်ရင် အပေါင်စာချုပ်က တစ်လယွမ် ၇၀၀၀၊ ၈၀၀၀ ဖြစ်ပြီး ချေးငွေကိုနှစ် ၃၀ ပြန်ဆပ်ရမည်။ အဓိကက နှစ် ၃၀ ကြာရင် အိမ်ကကြည့်မကောင်းတော့။ သူ့သားကိုပေးရင် သူ့သားကောင်မလေးက သဘောမကျဘဲ နောက်အိမ်တစ်လုံးဝယ်မည့်ပုံရှိသည်။

အိမ်ငှားရင် အိမ်ငှားခ တစ်လ ၂၀၀၀။ မြို့ကြီးမှာမဟုတ်ရင် ကောင်းကောင်းငှားနိုင်သည်။ တစ်လ ယွမ် ၅၀၀၀၊ တစ်နှစ် ယွမ် ၅၀၀၀၀ စုမိနိုင်သည်။

နှစ် ၂၀ ကြာလို့ သူ့သားကြီးလာပြီးအိမ်ထောင်ကျရင် ယွမ်တစ်သန်းကျော်ပြီ။ သူ့သားအတွက်အိမ်တစ်လုံးတန်းဝယ်ပြီး အိမ်သစ်မှာနေရုံပင်။

အဓိကက အိမ်မဝယ်ဘဲ သားတစ်ယောက်အတွက်ရနိုင်သည်။

ရွာသားတိုင်း ချင်လင်နှင့်ချင်ရန်၏ကားနံပါတ်ကိုသိကြသည်။ ထို့ကြောင့် ကားနှစ်စီးရွာထဲမောင်းလာသောအခါ သူတို့ပြန်လာမှန်း လူတိုင်းသိကြ၏။

ရွာထဲတွင်_

ချင်လင်၏ဂုဏ်သတင်းက ပြိုင်ဘက်မရှိပေ။ ဘာပဲဖြစ်ဖြစ် လူတကာက သူ့ကိုမှီပြီးအသက်မွေးဝမ်းကျောင်းပြုနေရသည်။

ရွာထဲမှလူကြီးများလည်းသတင်းရပြီး ချက်ချင်းလူစုလာကြ၏။

"ချင်လင်ပြန်လာပြီ... ဒီနှစ် နှစ်သစ်အတွက်ပြန်လာတာ''

"အင်း.. ဒီအချိန်ရောက်ပြီပေါ့.. သူကသားလေးမွေးထားတာ... ဒီနှစ် မိသားစုစာရင်းထဲထပ်ထည့်ရမယ်''

All Chapters