← Chapters

ချင်လင်က ဂိုဏ်းခေါင်းဆောင်လား? အာနီရောက်လာပြန်ပြီ! ၂

Vol. 76 Ch. 1135

ချင်လင်က ဂိုဏ်းခေါင်းဆောင်လား? အာနီရောက်လာပြန်ပြီ! ၂

Vol. 76 Ch. 1135

ဒါပေမဲ့ တဖက်ကကြည့်ရင် ဦးလေးတရှန်း၊ဦးလေးရွှေ့ကန်းတို့ကလည်း မျိုးရိုးစဉ်ဆက်ဖြစ်သည်။ ဒီတော့ သူတို့မိသားစုက မျိုးရိုးစဉ်ဆက်မှအတိုင်းအတာတစ်ခုအထိအကျိုးရသည်ဟုလည်းဆိုနိုင်သည်။

နောက်ပြီး သူ့အမေက ဒီကိစ္စကိုအလေးအနက်ထားသည်။

ဒီမျိုးဆက်ရဲ့မြေးကြီးအနေနဲ့ ချင်ဖုန်းလေးကိုမျိုးရိုးစဉ်ဆက်မှာထည့်ရမည်။

နှစ်သစ်ပွဲပြီးရင် ဦးလေးရွှေ့ကန်း၊ရွာလူကြီးများနဲ့အတူ ဒီအကြောင်းဆွေးနွေးရမည်။

နှစ်သစ်ပွဲမြန်မြန်ဆန်ဆန်ပြီးသွားသည်။ ခါတိုင်းလိုပင် ချင်ရန်မိသားစုနှင့်အချိန်ကုန်သွားသည်။ ထို့နောက် ရွာထဲမှရင်းနှီးသူများဖိတ်ပြီး ထမင်းလက်ဆုံစားကြ၏။

အဲဒီနောက် ဦးလေးရွှေ့ကန်းလည်း ဦးလေးတရှန်းနှင့်ရွာထဲမှလူကြီးများကိုခေါ်ပြီး ချင်ဖုန်းလေးအား မိသားစုမျိုးရိုးစဉ်ဆက်ထဲထည့်ရန်စီစဉ်ကြသည်။

မျိုးရိုးစဉ်ဆက်ကို နှစ်ဆန်း ၃ ရက်နေ့တွင် မှတ်တမ်းတင်လေ့ရှိသည်။ နှစ်စဉ်မျိုးရိုးစဉ်ဆက်ထဲ ကလေးတစ်ယောက်ထည့်သွင်းလိုပါက ဘိုးဘေးခန်းမပေးထားသည်။

ကျောက်မိုချင်းက မနက်အစောကြီးအိပ်ရာနိုးလာပြီး ချင်လင်အား_

"ယောက်ျား.. မြန်မြန်ထတော့.. ဒီနေ့က မျိုးရိုးစဉ်ဆက်ထဲ သားကိုထည့်ရမယ့်နေ့လေ''

လင်းဖန်စနက်ကြောင့်ဖြစ်မည်။ သူမကလည်း ဒီကိစ္စကိုအလေးအနက်ထားနေသည်။

ချင်လင်မှာ စောစောမထချင်ဘဲထလာရသည်။

လင်းဖန်နှင့်ကျောက်မိုချင်းက ချင်ဖုန်းလေးကိုသူတို့သေချာပြင်ဆင်ထားသောအဝတ်အစားများလဲပေးနေသည်။

ကောင်လေးက ဘာမှမသိ။ ဝူးဝူးဝါးဝါးနှင့် 'ဘွားဘွား' 'မေမေ' ဟုခေါ်ပြီး အမျိုးသမီးနှစ်ယောက်ဝမ်းသာအောင်လုပ်နေသည်။

ချင်ဖုန်းလေးကိုပြင်ဆင်ပေးပြီး မနက်စာမစားခင် လင်းဖန်က မျိုးရိုးစဉ်ဆက်ထဲထည့်သွင်းရန်လိုအပ်သည်များကိုစတင်ပြင်ဆင်သည်။

မနက်စာစားပြီးနောက် ချင်လင်က ရွာထဲမှဘိုးဘေးခန်းမထဲသွားရန်အသင့်ဖြစ်နေပြီ။ မနေ့က ဦးလေးရွှေ့ကန်းနှင့်ဦးလေးတရှန်းက ရွာထဲမှလူကြီးများကို ချင်ဖုန်းလေးအား ဒီနေ့မျိုးရိုးစဉ်ဆက်ထဲထည့်မည့်အကြောင်းပြောခဲ့သည်။

သူအပြင်ထွက်လိုက်သောအခါ အပြင်မှာ ဗုံသံမောင်းသံများကြားရသည်။

သူအပြင်ထွက်သည်နှင့် အပြင်မှာရွာသားများကိုတွေ့ရသည်။ ကြည့်ရတာ မိသားစုတိုင်းရောက်လာပုံပင်။

ချင်လင်အရင်ကတွေ့ဖူးသောလူကြီးတချို့ကဦးဆောင်လာသည်။

သူတို့နောက်တွင် ငယ်ငယ်ရွယ်ရွယ်၊သန်သန်မာမာရွာသားများပါသည်။

သူတို့ထဲမှလူငယ်တချို့က ဝေါယာဉ်ထမ်းထားသည်။

ချင်လင်ထွက်လာသည်ကိုမြင်သောအခါ လူငယ်အားလုံးကဝိုင်းကြည့်ကြသည်။ တချို့ကရှက်၍ သူ့ကိုမကြည့်ရဲ။

အရင်ကအဖြစ်အပျက်ကြောင့် သူတို့မိသားစုထဲမှလူကြီးများကို ချင်လင်သဘောမကျမှန်း သူတို့သိသည်။

ထို့​ကြောင့် ဒီနှစ် မိသားစုတစ်စုဆီမှလူရွေးချယ်ရာတွင် ထိုလူကြီးများကိုမလွှတ်ဘဲ လူငယ်များသာလာကြသည်။

တခြားလူငယ်များကမူ ချင်လင်ကိုရိုသေလေးစားသောအကြည့်နှင့်ကြည့်ကြသည်။

ချင်လင်က ချင်းလင်စံအိမ်နှင့်ချင်းလင်ကုမ္ပဏီသူဌေးမှန်း ရွာသားတိုင်းသိသော်လည်း အပြင်လူများကိုပြောပြသောအခါ မယုံကြချေ။

သက်လတ်ပိုင်းလူတစ်ယောက်ကို ချင်းလင်သူဌေးဟုထင်နေကြပြီး ထိုလူကသူဌေးဟန်ဆောင်နေကြောင်း ဘယ်သူမှမသိကြ။ သို့သော် ချင်းလင်ကုမ္ပဏီမှတုံ့ပြန်မှုမရှိသောကြောင့် သူ့အလိမ်မပေါ်ပေ။

ထို့ကြောင့် လူငယ်များက ချင်လင်ကိုလေးစားကြသည်။

သို့သော် ချင်လင်မှာ သူ့ရှေ့ကအခြေအနေကိုဘာမှန်းမသိသေး။

တဖက်တွင် လင်းဖန်နှင့်ချင်ရွှေ့ကန်းက ထိုမြင်ကွင်းကြောင့်ကြောင်နေသည်။

သူတို့မှာလူကြီးများဖြစ်၍ ဒါဘာအဓိပ္ပါယ်လဲသိသည်။ နောက်ပြီး ရွာမှာဒီလိုမလုပ်တာကြာပြီ။

ဂိုဏ်းခေါင်းဆောင်၏ကလေးကို ဘိုးဘေးခန်းမပို့လျှင် ထီး ၈ ချောင်းသုံးရသည်။

ဒီနေ့ ချင်ဖုန်း ဘိုးဘေးခန်းမသွားသောအခါ လူကြီးတချို့ကဒီလိုလုပ်လာကြ၏။ ဒါ ချင်လင်ကိုခေါင်းဆောင်ဟုသတ်မှတ်သည့်သဘော။

ဒီခေတ်မှာ ဂိုဏ်းခေါင်းဆောင်ဆိုတာမျိုးမရှိသော်လည်း ဩဇာကြီးသူက ဂိုဏ်းခေါင်းဆောင်နှင့်တူသည်။

သို့ရာတွင် ချင်ရွှေ့ကန်းက တန်းသဘောပေါက်သည်။

အရင်က ရွာသားတိုင်းဆင်းရဲကြသည်။ လူတွေကိုသိမ်းသွင်းနိုင်သူ၊ဂုဏ်ကြီးသူမရှိ၍ ရွာကစိတ်ဝမ်းကွဲပြီး စည်းလုံးညီညွတ်မှုမရှိပေ။ အများစုက ဘေးထိုင်ဘုပြောသမားများသာ။

အခု ချင်လင်ထွက်လာသောကြောင့် လူကြီးတွေစိတ်ကူးရလာသည်။ ရွာကိုစည်းလုံးညီညွတ်စေရန်၊ မျိုးရိုးစဉ်ဆက်အဆင့်အတန်းကိုပြန်လည်ထိန်းသိမ်းရန် ချင်လင်ကိုတွန်းအားပေးချင်ကြသည်။

နောက်ပြီး အခုရွာမှာအသက်မွေးဝမ်းကြောင်းအတွက် ချင်လင်ကိုအားကိုးနေရသောကြောင့် ချင်လင်နှင့်ရွာဆက်ဆံရေးကိုသင့်မြတ်အောင်လုပ်ပေးချင်သည်။ ထို့ကြောင့် လူငယ်များရောက်လာခြင်းပင်။

ချင်တရှန်းက လူအုပ်ထဲမှအမြန်ထွက်လာရာ လူကြီးတချို့ကနောက်မှလိုက်လာသည်။

"လင်ဇီ.. မိုချင်းကိုခေါ်ပြီး ကလေးကိုဝေါယာဉ်ပေါ်တင်ခိုင်း!''

ချင်တရှန်းကသူ့နားရောက်လာပြီး သတိပေးသည်။

"တရှန်း.. ဘာတွေဖြစ်နေတာလဲ?''

ချင်ရွှေ့ကန်းက ဇဝေဇဝါနှင့်မေးသည်။

"ငါလည်း ဒီမနက်မှသိတာ''

ချင်တရှန်းက မတတ်သာပုံနှင့်_

"ဒါပေမဲ့ ချင်လုံပြောတာတော့ လူကြီးတွေနဲ့ကိစ္စက လူငယ်တွေနဲ့သိပ်မဆိုင်ဘူးတဲ့... ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက အကုန်လုံးကျောင်းသားပဲရှိသေးတာ... ဂျူနီယာ စီနီယာအထက်တန်း ဒါမှမဟုတ် တက္ကသိုလ်ပေါ့... အတော်များများက မသိကြပါဘူး''

"အခုရွာထဲကလူငယ်တိုင်းက ချင်လင်ကိုလေးစားကြပါတယ်''

ဝမ်ယောင်ကပြောသည်_

"ပြီးတော့ သူတို့က သူတို့မိဘတွေလိုမဟုတ်ဘူး... အားလုံးက အသက်မွေးဝမ်းကျောင်းအတွက် ချင်းလင်ကုမ္ပဏီကိုအားထားနေရတာ... ချင်းလင်ဖရဲသီးနဲ့ရှန်းရွှေလက်ဆောင်ဆန်လည်းစိုက်တယ်... သူတို့ပြေလည်သွားရင်ကောင်းတာပေါ့''

"နောက်ဆုံး အားလုံးတစ်မျိုးတည်းဖြစ်သွားမယ်... အရင်ရွာကလည်း ပတ်ဝန်းကျင်မကောင်းလို့ပါ... ချင်လင်ဦးဆောင်လိုက်ရင် ပတ်ဝန်းကျင်ပြောင်းသွားမှာပါ''

ထိုစကားကြောင့် ချင်ရွှေ့ကန်းသေချာစဉ်းစားကြည့်သည်။

အဓိပ္ပါယ်ရှိသည်။

ဒါပေမဲ့ သူချင်လင်အစား ဆုံးဖြတ်မပေးနိုင်။ ချင်လင်မလုပ်ချင်ရင် သူတိုက်တွန်းလည်း စိတ်ညစ်ရမည်။

လူကြီးတချို့ကလည်း ချင်လင်ကိုမျှော်လင့်ချက်နှင့်ကြည့်ကာ_

"ချင်လင်.. ရွာက မင်းကြောင့် မျက်နှာသာအများကြီးရခဲ့တယ်... လူကြီးနဲ့လူငယ် ငါတို့လုပ်မိတာတွေအပြစ်မမြင်ပါနဲ့''

"ဟုတ်တယ်.. ရွာက မင်းကြောင့်အများကြီးပြောင်းလဲသွားပြီ... မိသားစုတိုင်းချမ်းသာလာတယ်.. လူငယ်တွေကားစီးနိုင်တယ်... ကောင်မလေးရဖို့ပိုလွယ်သွားပြီ''

“……”

လူကြီးများစကားကြောင့် လင်းဖန်ဝမ်းသာသွားပြီး ချင်လင်အား_

"ရှောင်လင်.. ကြည့်!''

အမျိုးသမီးတစ်ဦးအနေနှင့် ကိုယ့်သားကိုလေးစားခံချင်သည်။ အခုလူကြီးများကထောက်ခံနေသောကြောင့် ဂုဏ်ယူမိသည်။

ချင်လင်က သူ့အမေရည်ရွယ်ချက်ကိုသိ၍ ချင်ဖုန်းလေးကိုချီထားသောကျောက်မိုချင်အား_

"ကလေးတင်ပေးလိုက်ပါ!''

သူဒီကိစ္စကိုဂရုမစိုက်။

ဒီကိစ္စပြီးရင် ရွာကဒီလူတွေနဲ့အဆင့်ချင်းတူတော့မှာမဟုတ်။ ဒီတော့ နောက်မျိုးဆက်ကိုမထိခိုက်စေချင်။

သူ့စကားကြောင့် လူကြီးများဝမ်းသာသွားပြီး တစ်ယောက်ကအော်လိုက်သည်_

"ဝေါယာဉ်ကိုမ.. ချင်ဖုန်းကိုဘိုးဘေးခန်းမထဲပို့မယ်!''

ဝေါယာဉ်မရန်တာဝန်ယူထားသောလူငယ်များက ချက်ချင်းဝေါယာဉ်မပြီး ချင်လင်အိမ်ထဲဝင်သည်။ ကျောက်မိုချင်းဆီရောက်မှရပ်၏။

သူတို့က အားအင်အပြည့်နှင့်။ ဝေါယာဉ်ထမ်းရသည့်အတွက်မရှက်ဘဲ နောက်ပြန်ကြွားနိုင်သည့်ကိစ္စလိုသဘောထားကြသည်။

ဘာပဲဖြစ်ဖြစ် ချင်လင်ရဲ့သားကိုဘိုးဘေးခန်းမထဲပို့တာ လူတိုင်းလုပ်နိုင်တဲ့ကိစ္စမှမဟုတ်တာ။

ကျောက်မိုချင်းမှာ ပထမဆုံးကြုံဖူးခြင်းဖြစ်၍ နည်းနည်းစိတ်လှုပ်ရှားနေသည်။ ချင်ဖုန်းကမူ ဝေါယာဉ်ပေါ်ရောက်ပြီးပျော်နေ၏။ သူကစိတ်လှုပ်ရှားနေပုံနှင့်ဝူးဝါးဝူးဝါးအော်သည်။ ထို့နောက် ဘိုးဘေးခန်းမထဲရောက်သွားတော့သည်။

ဒီမြင်ကွင်းကို ကလေးအတော်များများသဘောကျလိမ့်မည်။

ဘိုးဘေးခန်းမထဲရောက်သောအခါ ဒီနှစ်အပြင်အဆင်က မနှစ်ကထက်ပိုကောင်းမှန်း ချင်လင်တွေ့လိုက်ရသည်။ ချင်ဖုန်းကိုမျိုးရိုးစဉ်ဆက်ထဲထည့်တာ ဘယ်လောက်အရေးကြီးကြောင်းပြသရာရောက်သလို ရွာကပိုချမ်းသာလာသည့်သဘောလည်းဖြစ်သည်။

ထို့ကြောင့် ချင်ဖုန်းကိုမျိုးရိုးစဉ်ဆက်ထဲထည့်ခြင်းက ခမ်းနားကြီးကျယ်သွား၏။

ထည့်ပြီးနောက် ချင်လင်လည်းမှတ်ချက်တချို့ရေးသည်။ ဘာပဲဖြစ်ဖြစ် လူကြီးတချို့တိုက်တွန်းမှုနှင့် ရွာကဒီလိုသဘောထားပြလာပြီ။

ကျောက်မိုချင်းကိုလည်း ဘိုးဘေးခန်းမအတွက် နှစ်တိုင်းငွေလှူခိုင်းသည်။

ပထမအချက်: ဘိုးဘေးခန်းမကိုပြန်လည်ပြုပြင်ရန်။

ဒုတိယအချက်: ရွာလမ်းများပြင်ဆင်ရန်။

တတိယအချက်: ရံပုံငွေ။

သူ့အဖေအတွက် သူစိတ်မကောင်းဖြစ်နေသေးသည်။ ဒီလိုရံပုံငွေရှိပါစေဟုသာဆုတောင်းခဲ့ရသည်။ တစ်ယောက်ယောက် ဒီလိုအခြေအနေမျိုးကြုံရင် အရေးပေါ်သုံးစွဲစရာရှိမည်။

အဲဒီနောက် နှစ်သစ်ပွဲပြီးသွားသည်။

ချင်လင်နှင့်ချင်ရန်လည်း ရွာမှရုံချန်းပြန်လာသည်။ ရုံချန်းမှာ အားလုံးကသူ့လမ်းကြောင်းပေါ်ပြန်ရောက်နေပြီ။

မကြာမီ ချင်းလင်စံအိမ်နှင့်မွေးမြူရေးခြံလုပ်ငန်းပြန်စပြီး အသက်ဝင်လာပြန်သည်။

ချင်းလင်စံအိမ်နှင့်ကုမ္ပဏီကိစ္စတချို့ကို ချင်လင်ဂရုတစိုက်ကြည့်သည်။ မနှစ်ကလိုပင် 'သူ့ဂိမ်းဇာတ်ကောင်ရဲ့နေ့စဉ်တာဝန်တွေဘယ်တော့ပြီးမလဲ' သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ရက်တွက်ကြည့်သည်။

လနှစ် ၁၅ ရက်နေ့တွင် သူအိပ်ရာမှနိုးနိုးချင်း ဂိမ်းအသိပေးစာတက်လာသည်။ စိုက်ပျိုးရေးခြံပေါက်တွင် ပုံရိပ်တစ်ခုပေါ်လာ၏။

လူပုလေးအာနီက ပန်းအိမ်ပုံစံလာတောင်းခြင်းပင်။

ဒီတစ်ခါ သူ့လက်ထဲမှာမည်းမည်းအရာတစ်ခုပါလာသည်။

All Chapters