← Chapters

တကယ်မြက်စားတာ? ၂

Vol. 76 Ch. 1137

တကယ်မြက်စားတာ? ၂

Vol. 76 Ch. 1137

ချင်လင်က 'ချိတ်မည်'ကိုတန်းရွေးလိုက်ရာ စနစ်အသိပေးစာထပ်ပေါ်လာသည်။

(ဂုဏ်ယူပါတယ်.. သားသတ်လွတ်စားအထူးမိချောင်းနဲ့ချည်လိုက်ပါပြီ!)

ထိုအချိန်တွင် သူ့လက်ထဲမှမိချောင်းကလည်း ခံစားမိပုံရသည်။ သူစိတ်ကျေနပ်အောင် သူ့ရင်ဘတ်ကိုခေါင်းနှင့်လာဝှေ့ပြီး မျက်လုံးဝိုင်းဝိုင်းများနှင့်ချစ်စရာကောင်းအောင်ကြည့်နေသည်။

ဒီမိချောင်းကိုနာမည်မပေးရသေး။ မှတ်ချက်မှာ နာမည်မရှိဟုပါသည်။ ချင်လင်ကလည်း နာမည်ပေးဖို့စဉ်းစားထားသည်: ရှောင်ရန်။

စနစ်ကအသိပေးစာလည်း တက်လာ၏_

(ဂုဏ်ယူပါတယ်.. သင့်အိမ်မွေးတိရစ္ဆာန်ကိုနာမည်ပေးလိုက်ပါပြီ)

ရှောင်ရန်ကသတိထားမိပြီး သူ့ကိုစအော်သည်။

သူအော်ပုံကလည်း နည်းနည်းကြောင်စီစီနိုင်၏။

ချင်လင်က သူ့လက်ထဲမှမိချောင်းကိုကြည့်ပြီးပြုံးလိုက်သည်။ နောက်ခဏတွင် ဂိမ်းထဲမှထွက်လာသည်။

မိချောင်းလည်း လက်တွေ့ဘဝထဲရောက်လာသည်။

ချင်လင်က ရှောင်ရန်ကို ရုံးခန်းအပြင်ခေါ်လာ၏။ ကောင်လေးကိုရေရှိသောနေရာထားရမည်။

အပန်းဖြေစံအိမ်တွင် မျောကျောက်ထားသောအထူးရေကန်ရှိသည်။

"သူဌေး.. အဲဒါမိချောင်းလား?''

ကောင်းယောင်ယောင်က ဧည့်ခန်းထဲတွင်စစ်ဆေးနေရင်း ချင်လင်ထွက်လာသည်ကိုမြင်ပြီး အံ့ဩသွားသည်။

"အင်း.. ရှောင်ရန်တဲ့!''

ချင်လင်ကခေါင်းညိမ့်ပြီးမှာသည်_

"နောက်ကျရင် အပန်းဖြေစံအိမ်ထဲမှာထားမယ်... အားလုံးကို စိုးရိမ်စရာမလိုတဲ့အကြောင်းပြောလိုက်ပါ... အဲဒါသားသတ်လွတ်စားတဲ့မိချောင်းမျိုး... လူယဉ်တယ်.. အန္တရာယ်မပေးတတ်ဘူး''

မိချောင်းက သူ့သခင်မိတ်ဆက်ပေးနေသည်ထင်ပြီး အသံပေးသည်_

"အာ ဟာ အာ ဟာ အာ ဟာ!''

ကောင်းယောင်ယောင်က ချက်ချင်းစိတ်ဝင်စားပြီး ဧည့်ခန်းထဲမှထွက်ကာ ချင်လင်နောက်လိုက်လာသည်။ မျောကျောက်နေရာရောက်သောအခါ ချင်လင်ကမိချောင်းအားရေကန်ထဲချလိုက်သည်ကိုတွေ့ရသည်။

သို့ရာတွင် ရှောင်ရန်ကရေကန်ကိုလုံးဝစိတ်မဝင်စားဘဲ အမြီးတယမ်းယမ်းနှင့်မျှော်စင်ပေါ်တက်သွားသောကြောင့် ချင်လင်အံ့ဩသွားသည်။

ထို့နောက် သက်သောင့်သက်သာရှိသောနေရာရှာပြီးလှဲသည်။ ဆိုဖာပေါ်လှဲနေသလို ​ခြေကားရားလက်ကားရားနေ၏။

ချင်လင်သက်ပြင်းချလိုက်သည်။

မိချောင်းကလည်း မျှော်စင်ရဲ့အာနိသင်ကိုခံစားတတ်တာပဲလား?

"သူဌေး.. ကိုင်ကြည့်လို့ရလား?''

ကောင်းယောင်ယောင်က ရှောင်ရန်၏အူကြောင်ကြောင်ပုံစံကိုကြည့်ရင်း မနေနိုင်ဘဲမေးသည်။

"အင်း.. ရတယ်''

ချင်လင်က ပြုံးပြုံးနှင့်ပြောသည်။

ကောင်းယောင်ယောင်ကသတ္တိမွေးပြီး ရှောင်ရန်ရှေ့ငုတ်တုတ်ထိုင်ချလိုက်၏။ ရှောင်ရန်၏ဗိုက်ကို သူမလက်ညိုးနှင့်တို့ကြည့်သည်။

ရှောင်ရန်ကခံစားမိပြီး နှစ်ခါအော်သည်။

သူ့ပုံစံကြောင့် ကောင်းယောင်ယောင်ပိုရဲလာသည်။ ရှောင်ရန်၏ဗိုက်ကိုလက်ဖဝါးနှင့်ပွတ်သပ်ရာ တအင်းအင်းအော်သည်။

ရှောင်ရန်ကယားတတ်ပုံရပြီး ကောင်းယောင်ယောင်လက်ကို သူ့ရှေ့လက်နှင့်ချုပ်ထားလိုက်သည်။

ထို့ကြောင့် ကောင်းယောင်ယောင်လန့်ကာ မျက်နှာဖြူဖျော့သွား၏။

ရှောင်ရန်ကအန္တရာယ်မပြုဘဲ မျက်လုံးဖွင့်ပြီး ကောင်းယောင်ယောင်ကိုစိုက်ကြည့်သည်။ သူစိတ်ညစ်သလို တအင်းအင်းနှင့်ညည်းသည်။

ချစ်စရာအူကြောင်ကြောင်အကြည့်ကြောင့် ကောင်းယောင်ယောင်က သဘောကျသွားပြီး_

"သူဌေး.. သူဉာဏ်ကောင်းလိုက်တာ!''

ချင်လင်ကခေါင်းညိမ့်ပြီးမှာလိုက်သည်_

"ယောင်ယောင်.. ဒီကောင်စားဖို့ခွေးသွားစိတ်မြက်ပေးလိုက်နော်''

အပန်းဖြေစံအိမ်အနောက်ဘက်ရှိအကွက်ထဲတွင် အရည်အသွေး ၂ ခွေးသွားစိတ်မြက်စိုက်ထားသောကြောင့် ရှောင်ရန်စားဖို့လောက်သည်။

"အာ????''

ကောင်းယောင်ယောင်က ချင်လင်ကိုဇဝေဇဝါနှင့်ကြည့်ကာ_

"သူဌေး.. ခွေးသွားစိတ်မြက် ဟုတ်လား? မိချောင်းကမြက်စားလား?''

"အင်း.. စားတယ်''

ချင်လင်က တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်သည်။

ကောင်းယောင်ယောင် မယုံနိုင်_

"ဒါပေမဲ့ မိချောင်းက အသားစားတယ်လို့ဆရာပြောတယ်... လူတောင်စားနိုင်တယ်တဲ့''

"အဲဒါဆို မင်းဆရာမှားပြောတာဖြစ်မယ်... ဒါမှမဟုတ် သူကကာယသင်တဲ့ဆရာဖြစ်မယ်''

ချင်လင်ကအတည်ပေါက်နှင့်ဆက်ပြောသည်။

ပြောရင်းဆိုရင်း ကျီစားသောအပြုံးနှင့် ကောင်းယောင်ယောင်ကိုကြည့်လိုက်သည်။

ဒီကောင်မလေးကို သူစနေခြင်းပင်။

မိချောင်းက အသီးအရွက်မစားသော်လည်း ရှောင်ရန်ကစားသည်။ နတ်ဘုရားမတောင်၏သက်ရောက်မှုကြောင့် သူ့မျိုးရိုးဗီဇပြောင်းသွား၏။ နောက်ကျ ဘယ်လိုကြီးလာမလဲမသိနိုင်။

ချင်လင်ကမျှော်စင်မှထွက်ပြီး စံအိမ်ဘက်လျှောက်သွားသည်။ သူစံအိမ်ကိုသွားမကြည့်တာကြာပြီ။ တစ်ခါတလေသွားပေးရမည်။

စံအိမ်သွားရင် ဦးထုပ်နှင့်နှာခေါင်းစည်းယူသွားရသေးသည်။

သူကလည်း နာမည်ကြီး။ သူ့ကိုစံအိမ်မှာမှတ်မိသွားရင် ဝိုင်းအုံခံနေရမည်။

ချင်လင်ကအပန်းဖြေစံအိမ်မှထွက်ပြီး စံအိမ်တန်းသွားသည်။ မကြာမီ ပန်းအိမ်တွေ့ရသည်။

ပန်းအိမ်အပြင်မှာ လူတန်းရှည်ကြီးရှိနေသည်။ ပန်းအိမ်ထဲတွင် ဒန်းများရှိသောကြောင့် ဒန်းစီးရန်စောင့်နေကြခြင်းပင်။

အခုပန်းအိမ်က ချင်းလင်စံအိမ်၏ထူးခြားချက်တစ်ခုဖြစ်လာသည်။ အရင်လောက်နာမည်မကြီးသော်လည်း ပန်းအိမ်၏အာနိသင်ကြောင့် ဝင်ချင်သူများနေဆဲပင်။ အထူးသဖြင့် ဒန်းရှိသောပန်းအိမ်များရှေ့တွင် တန်းစီနေကြသည်။

တေးသံသာသာကိုလည်း ဖွင့်ပေးထားသည်။

သံသာပင်ကိုအသံသွင်းထားခြင်းပင်။

အသံသွင်းထားသောအာနိသင်က သစ်ပင်နှစ်ပင်လောက်မကောင်းသော်လည်း စိတ်ငြိမ်စေခြင်း +၁ အရည်အသွေးကြောင့် တန်းစီနေသောပရိသတ်များကိုငြိမ်စေသည်။ စိတ်မရှည်ခြင်းမရှိတော့ဘဲ အေးအေးချမ်းချမ်းစောင့်နိုင်သည်။ ဒီလိုနှင့် အငြင်းပွားသူ၊ရန်ဖြစ်သူနည်းသွားမည်။

စံအိမ်တစ်ခုလုံးဖွင့်ထားသောကြောင့် ရန်သိပ်မဖြစ်ကြ။

ဒီတေးသံအောက်မှာမှရန်ရှာသူ၊ပြဿနာရှာသူရှိသေးရင် ခေါင်းဆောင်ဟုန်က စတီးလက်ကောက်တစ်စုံဝတ်ပေးလိမ့်မည်။

ချင်လင်တွေးတောနေစဉ် ရုတ်တရက်စံအိမ်ဝင်ပေါက်တွင် ရုတ်ရုတ်သဲသဲအသံကြားလိုက်ရသည်။ အလယ်တွင် လူငယ်တစ်ယောက်က သက်တော်စောင့်များဝန်းရံပြီး လမ်းလျှောက်လာနေသည်။ သက်တော်စောင့်များက မျက်မှန်တောင်တပ်ထား၏။

အတော်ကြီးကျယ်သောမြင်ကွင်းပင်။

ခပ်လှမ်းလှမ်းတွင် ခရီးသည်တစ်စုကလည်း ထိုမြင်ကွင်းကိုစိတ်ဝင်စားနေသည်။ အားလုံး တီးတိုးတီးတိုးပြောနေကြ၏။

"အဲဒါဘယ်သူလဲ? ရှုမျှော်ခင်းနေရာလာတာ ဟိတ်ဟန်များလှချည်လား?''

"ဆယ်လီလား အင်တာနက်ဆယ်လီလား''

"ဆယ်လီလေ.. တလောကဒရာမာထဲမှာ တတိယမင်းသားထင်တယ်!''

"တတိယမင်းသားအပြင်ထွက်တာ ဒီလောက်ဟိတ်ဟန်များလား? ထျန်းလဲ့တို့ ချင်းယွင်တို့ ကိုယ့်ဆိုင်ကယ်ကိုယ်စီးပြီး ဇာတ်ရုံကိုလာတာ စဉ်းစားကြည့်ပါဦး''

"မစ္စကျိုးလိုမျိုးလည်းရှိသေးတယ်''

"မစ္စတာလျိုက သရုပ်ဆောင်ကောင်းပါ''

“……”

ချင်လင်ကပွစိပွစိအသံများနားထောင်ရင်း ဘာဖြစ်နေလဲ အကြမ်းဖျင်းသိလိုက်သည်။ သူသက်ပြင်းသာချလိုက်၏။

ပြည်တွင်းမှာကောင်းတဲ့အရာတွေအများကြီးရှိသော်လည်း ဖျော်ဖြေရေးလောကမှာလိုမကောင်းတာတွေလည်းရှိသေးသည်။

ဘယ်အဆင့်မှန်းမသိရတဲ့ဆယ်လီက မိုးနတ်မင်းထက်ပိုပြီးလွှမ်းမိုးမှုရှိနေသည်။

ထို့ကြောင့် လိုင်းပေါ်မှာဟာသတွေများနေ၏:

ဥပမာ လုံခြုံရေးအစောင့်အဖွဲ့က ပတ္တရောင်သာလှည့်ပြီး အထဲမှာဘာရှိမှန်းမသိပါတဲ့။ အဓိကက လုံခြုံရေးအစောင့်များမှာပြန့်ကျဲနေ၍ အထဲမှာဘယ်သူရှိမှန်းမသိကြ။

နောက်တစ်ခုက လူအုပ်စုထဲနေပြီး ဖြတ်သွားဖြတ်လာတွေသိမှာလည်းစိုး၊ မသိမှာလည်းစိုးတဲ့လူတစ်ယောက်တဲ့။

ရှင်းရှင်းပြောရရင် အာရုံစိုက်ခံချင်ခြင်းသာ။

ချင်လင်ကခေါင်းခါပြီး သူ့ကိုလျစ်လျူရှုထားလိုက်သည်။ ထို့နောက် တောင်တန်းစံအိမ်ကိုပတ်ကြည့်သည်။ လက်မှတ်ဝယ်ပြီး ပြဿနာမရှာသရွေ့ သူလည်းတောင်တန်းစံအိမ်၏ခရီးသည်တစ်ယောက်ပင်။

…

ချင်းလင်အပန်းဖြေစံအိမ်တွင် ကောင်းယောင်ယောင်မှာ ချင်လင်ကြောင့်ကြောင်နေသည်။

ဆရာက ကာယသင်တာလားတောင်မသိတော့။ ဒါပေမဲ့ ဒါကကိစ္စမရှိ။ TV၊ ရုပ်ရှင်တွေမှာလည်း မိချောင်းကလူကိုကိုက်သောဇာတ်ဝင်ခန်းများပါသည်။

သို့သော်လည်း မျှော်စင်မှထွက်ပြီး စိုက်ခင်းထဲသွားလိုက်သေးသည်။ ခွေးသွားစိတ်မြက်အုံလိုက်နုတ်လာကာ မျှော်စင်သို့အမြန်ပြန်လာ၏။

ရှောင်ရန်ကလူးလိမ့်နေရင်း သူမကိုမြင်ပြီး နှုတ်ဆက်သလိုအသံပေးသည်။

သူမကခွေးသွားစိတ်မြက်ကို ရှောင်ရန်နားထားလိုက်သည်။

အစက ရှောင်ရန်မှာ ခွေးသွားစိတ်မြက်ကိုဂရုစိုက်ပုံမပေါ်။ သူဗိုက်လည်း မဆာ။

သို့သော် ရုတ်တရက် ခွေးသွားစိတ်မြက်နားကပ်ပြီးအနံ့ခံကြည့်သည်။ ထို့နောက် လျှာထုတ်ကာ ပါးစပ်ထဲနည်းနည်းထည့်၍စဝါးကြည့်သည်။

ပြီးလျှင် စိတ်လှုပ်ရှားသွားပုံနှင့်ပြန်မှောက်ရာ ဗိုက်နှင့်ကြမ်းပြန်ကပ်သွားပြီး ခွေးသွားစိတ်မြက်ကိုတမြုံ့မြုံ့ဝါးတော့သည်။

အရသာရှိသောထောင်ထျယ်ကိုစားနေသလိုပင်။

အရည်အသွေး ၂ ခွေးသွားစိတ်မြက်ကို လုံးဝသဘောကျနေသည်။ အရည်အသွေး ၂ အစားအစာကိုလူတွေကြိုက်သလို တရစပ်စားနေ၏။

ကောင်းယောင်ယောင်ကကြည့်ရင်း အံ့အားသင့်နေသည်။

မိချောင်းက တကယ်မြက်စားသည်။ အားရပါးရကိုစားသည်။ မယုံနိုင်စရာ။

အခု အရင်ဆရာက တကယ်ကာယဆရာလား သိချင်သွားသည်။ အနည်းဆုံးတော့ ဆရာသင်တာတစ်ခုခုမှားနေပြီ။

မိချောင်းက တကယ်မြက်စားသည်!

…

All Chapters