စည်းစိမ်ဥစ္စာအကုန်သုံး၍!
Vol. 76 Ch. 1139
နောက်တစ်နေ့_
ထိုနိုင်ငံအကြောင်းနှင့်နွားအကြောင်းသတင်းကို ပိုစိတ်ဝင်စားလာကြသည်။
မှတ်ချက်အားလုံးမှာ '၆'ချည်း။
ကျွန်ုပ်တို့ဝမ်းသာမိသောနိုင်ငံတစ်နိုင်ငံပြပါဆိုရင် ဂျပန်လည်းအပါအဝင်ဖြစ်သည်။
လူသားမဆန်သော်လည်း မတတ်နိုင်!
သွေးခဲပလိပ်ရောဂါက တရုတ်မှာအတိတ်အကြောင်းအရာဖြစ်ခဲ့ပြီ။
ပလိပ်ဆေးရည်ရှိသောကြောင့် ရှေ့လျှောက်ကပ်ဘေးမဆိုက်နိုင်တော့။
သို့သော် တခြားနိုင်ငံများအဖို့ ကပ်ဘေးကြီးဖြစ်နေပြီး ဆေးရည်မထုတ်နိုင်သေး။
ထို့ကြောင့် သူတို့နိုင်ငံမှဆေးဝါးအထောက်အပံ့သာတောင်းခံရသည်။
သို့ရာတွင် အကူအညီတောင်းခံသောနိုင်ငံများနေ၍ ဆေးဘယ်လောက်ထုတ်ထုတ် မျှတအောင်ပေးနိုင်မည်မဟုတ်။
ဘာပဲဖြစ်ဖြစ် ဟွေးယိမြက်နှင့်တံစဉ်မြက်က အချိန်ပေးရသည်။ ဒီမြက်နှစ်မျိုးက ကိုယ့်နိုင်ငံအတွက်လုံလောက်သော်လည်း တစ်ကမ္ဘာလုံးအတွက်မလောက်။
ရှေ့လျှောက် ဒီမြက်နှစ်မျိုးကိုပေါင်းပင်ဟုခေါ်မရတော့။ ဉာဏ်ကောင်းသောတောင်ပိုင်းသားတချို့က ဒီမြက်နှစ်မျိုးစိုက်ရန်မြေစာချုပ်ချုပ်ထားသောကြောင့်ပင်။
ချင်လင်ရဲ့ဆေးက ပလိပ်ရောဂါအစုံကုနိုင်မှတော့ သွေးခဲပလိပ်ရောဂါပြီးသွားလည်း နောက်နောင် အသုံးများတဲ့ဆေးဖြစ်နေဦးမည်။
ဒီလိုအခြေအနေမျိုးမှာ ဆေးရည်ဖြန့်ဝေမှုက အဆက်အသွယ်အနီးအဝေးအပေါ်မူတည်သည်။
ကိုယ်နဲ့နီးတဲ့သူကိုမပေးဘဲ တစ်နေကုန်ဒုက္ခပေးနေတဲ့လူတွေကိုပေးစရာအကြောင်းမရှိဘူးမလား?
နီးတဲ့သူတွေကိုပေးရင်တောင် ပြဿနာရှာတဲ့သူတွေကိုကူညီပေးဖို့က ကိုယ့်ကိစ္စမဟုတ်ဘူးမလား?
ဂျပန်နိုင်ငံက ပြဿနာရှာသောနိုင်ငံပင်။ နောက်ပြီး ဒါတင်မဟုတ်။
ဒီတော့ တဖက်ကညှိနှိုင်းလာရင်တောင် တရုတ်ကတုံ့ပြန်မှာမဟုတ်။ အငြင်းပွားရုံသက်သက်သာ။
ဒီက အရင်ဆွဲချပစ်မည်။
ဒီလိုဆို ဂျပန်ကတိရစ္ဆာန်တွေအတုံးအရုံးသေပြီး နိုင်ငံ့ရတနာဝဂ်ယူနွားအုပ်စုလည်းဖယ်ရှားပြီးသားဖြစ်သွားမည်။
ဂျပန်နိုင်ငံ_
ဝဂ်ယူနွားခြံတစ်ခုတွင် Yagyama မှာ ဝဂ်ယူနွားအဖွဲ့အစည်းဥက္ကဌတစ်ဦး၏မာန်မျိုးမရှိတော့။ စိတ်ပျက်လက်ပျက်ဖြစ်နေသည်။
သူနှင့်ဝဂ်ယူနွားအဖွဲ့အစည်းအကြောင်း ကမ္ဘာသိသွားသောသတင်းကို မျက်တွင်းချောင်ချောင်နှင့်ဖတ်နေသည်။
ကမ္ဘာကြီး၏စာနာမှုကိုအသုံးချပြီး တဖက်ကိုဆေးရည်ပေးအောင်ဖိအားပေးမည်ဟုသူတွေးနေသည်။
အဲဒီဆေးရည်မရှိရင် သူတို့ဝဂ်ယူနွားမျိုးတုံးသွားလိမ့်မည်။
ဒီလိုမြင်ကွင်းမျိုး မမြင်ဝံ့။
ရှေ့လျှောက် ဂျပန်မှာနွားမရှိတော့ရင် ကျူကျန်းလိုတဖက်ကိုဆွဲဆောင်နေရမလား?
တောင်ထိပ်ငှက်မှာ သူတို့ဂျပန်နိုင်ငံအမျိုးသားငှက်ဖြစ်သည်။ မျိုးတုံးပျောက်ကွယ်လုနီးနီးဖြစ်ခဲ့ပြီး ၇ ကောင်ကို ၇၀၀၀ ဖြစ်အောင် နိုင်ငံတော်ကမွေးမြူနိုင်ခဲ့သည်။
ဒါပေမဲ့ သူတို့အမျိုးသားငှက်ကို တဖက်ကိုမိတ်ဆက်ပေးချင်နေသည်။
ဒါ အကြီးအကျယ်အရှက်ခွဲခြင်းပင်။
အခု သူတို့နိုင်ငံ့ရတနာဝဂ်ယူနွားက မျိုးတုံးတော့မည်။
နောက်ကျ ကျူကျန်းလိုအဆုံးသတ်ရမှာလား?
သို့သော် Yagyama မှာ ဘာတုံ့ပြန်ချက်မှမရ။
ထိုအချိန်တွင် အားလုံးက သွေးခဲပလိပ်ရောဂါအတွက်ဆေးရည်လိုအပ်နေသောကြောင့်ပင်။
ဂျပန်ကိုစာနာသော်လည်း ဆေးရည်မျှပေးမည်ဟုမဆိုလို?
ကိုယ့်ပြည်တွင်းမှာသွေးခဲပလိပ်ရောဂါဖြေရှင်းပြီးမှ ကူညီပေးဖို့စဉ်းစားမည်။
အဲဒီအချိန်အထိ နွားတွေအသက်ရှင်သေးရင်တော့ ကံပေါ့။
တခြားနိုင်ငံတွေလည်း ဒီလိုစဉ်းစားလိမ့်မည်။
တစ်ယောက်ယောက်ကိုကူညီမယ်ကြံရင် 'သူနဲ့အတူသေမလား၊ သူရှင်ပြီး ကိုယ်သေမလား' အခြေအနေမျိုးဖြစ်နေသောကြောင့် ဖီးနစ်နတ်ဘုရားမတောင် သွေးအေးအေးနှင့်လက်ပိုက်ကြည့်နေရမည်။
ဒီတော့ ဂျပန်က ငွေအင်အားသုံးပြီးဆေးရည်ဝယ်ရင်တောင် ရေပုံးထဲကရေစက်လောက်သာရမည်။ ကုသပြီးသောတိရစ္ဆာန်များကအရှင်းမပျောက်သေး၊ မကြာမီ ထပ်ကူးစက်ခံရနိုင်သည်။
နောက်ပြီး ပလိပ်ရောဂါမပြီးမချင်း ဘယ်သူမှပြန်မရောင်းရဲပေ။
သူများသိသွားရင် ကိုယ့်နိုင်ငံမှာရန်ပွဲဖြစ်မည့်အပြင် အရှေ့တိုင်းကလည်း သူတို့ဆေးလောက်သည်ထင်ပြီး ဆက်မပေးဘဲနေလိမ့်မည်။
ဒီလိုဆို ခက်ပြီ။
"သော*က်.. အကုန်လုံး စာနာစိတ်မရှိကြဘူး''
Yagyama က သူ့ဆီဘာတုံ့ပြန်မှုမှမလာသောကြောင့် ဒေါသတကြီးဆဲလိုက်သည်။
တစ်ကမ္ဘာလုံးက သူ့ကိုစိတ်ဒုက္ခပေးနေသလိုပင်။
ထိုအချိန်တွင်_
လက်ထောက်က ခပ်သုတ်သုတ်ဝင်လာပြီး အစီရင်ခံသည်_
"မစ္စတာ Yagyama.. ကျွန်တော်တို့ခြံကနောက်ဆုံးဝဂ်ယူနွားနှစ်ကောင်လည်း ကူးစက်ခံလိုက်ရပြီ''
ထိုစကားကြောင့် Yagyama အရုပ်ကြိုးပျက်လဲကျသွား၏။
ဒီနှစ်ကောင်က သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်။ အခု ကူးစက်ခံရပြီ။
ဆေးရည်ကိုရအောင်မလုပ်နိုင်ရင် အားလုံးသွားပြီ။
Yagyama က နောက်ဆုံးမျှော်လင့်ချက်ကိုဆုပ်ကိုင်ပြီး ဌာနကိုဖုန်းဆက်လိုက်သည်။
ဖုန်းဝင်ဝင်ချင်း သူကလောလောနှင့်_
"ကျုပ် Yagyama .. ဝဂ်ယူနွားအဖွဲ့အစည်းဥက္ကဌ... ညှိနှိုင်းရေးဌာနမှာ ဘယ်လိုဖြစ်နေတာလဲ? ဘာလို့ဆေးရည်မရသေးတာလဲ? မလုပ်နိုင်ရင် အဲဒီရာထူးမယူနဲ့လေ''
Yagyama ဒေါသထွက်ပေါက်ရှာနေခြင်းပင်။
သူ့စကားကြောင့် တဖက်ကဒေါသထွက်သွားပုံရသည်။
တစ်ယောက်က အေးစက်စက်အသံနှင့်_
"ခင်ဗျားတို့ဝဂ်ယူနွားအဖွဲ့အစည်းကသာ နိုင်ငံတကာအမဲသားပြပွဲလုပ်ပြီး သူတို့ကိုချန်မထားခဲ့ရင် အခုလိုအခြေအနေဖြစ်လာပါ့မလား? အပြစ်ရှိတာ ခင်ဗျားတို့ပဲ''
ဟာသပဲ။ သွေးခဲပလိပ်က ဒီလောက်ပြင်းတာ သူတို့ခေါင်းမခံချင်၊ တဖက်ကဆေးရည်မပေးရင် သူတို့ဒီအကြောင်းမပြောနိုင်။
အခု ဝဂ်ယူနွားအဖွဲ့အစည်းက အကောင်းဆုံးဓားစာခံပင်။
ဖုန်းချပြီးနောက် Yagyama တစ်ကိုယ်လုံးအသိစိတ်လွတ်သွားတော့သည်။
ဝဂ်ယူနွားမျိုးတုံးမှာ သူ့ကြောင့်တဲ့လား?
သူများနိုင်ငံမှာ အမဲသားပြပွဲကျင်းပချင်လို့တဲ့လား?