← Chapters

စည်းစိမ်ဥစ္စာအကုန်သုံး၍! ၂

Vol. 76 Ch. 1140

စည်းစိမ်ဥစ္စာအကုန်သုံး၍! ၂

Vol. 76 Ch. 1140

သူ့ခြံမှနောက်ဆုံးနွားနှစ်ကောင်ကူးစက်ခံရသည်ကိုတွေးမိသည်။

ရှေ့လျှောက် သူတို့နိုင်ငံ့ရတနာကို သူများနိုင်ငံကတင်သွင်းရမှာတွေးပြီး မျက်နှာထူပူသွား၏။

Yagyama က သူ့ရုံးခန်းထဲတိတ်တဆိတ်လျှောက်သွားသည်။

အခန်းထဲတစ်ရက်အောင်းနေပြီးမှ လက်ထောက်ကိုခေါ်ပြီးပြောသည်_

"အဲဒါငါ့အပြစ်မဟုတ်ဘူး... ရှောင်ချင်ရဲ့အပြစ်... ဝဂ်ယူနွားမွေးတာ သူ.. ဆေးဖော်တာ သူ''

"သူကဘာလို့ သုတေသနလုပ်နိုင်ရတာလဲ? ငါတို့ကဘာလို့ နွားမျိုးတုံးတာနဲ့ရင်ဆိုင်ရမှာလဲ? ပလိပ်ရောဂါက သူလုပ်တာဖြစ်မယ်... ငါတို့နွားမျိုးတုံးအောင်လုပ်ပြီး ငါတို့ကိုနွားလာတောင်းစေချင်တာ''

Yagyama စကားကြောင့် လက်ထောက်ကြောင်သွားသည်။

အဓိပ္ပါယ်မရှိတာတွေ?

သူတို့နွားမျိုးတုံးအောင်လုပ်ဖို့သက်သက်နဲ့ ပလိပ်ရောဂါဖန်တီးသတဲ့လား?

မဖြစ်နိုင်တာ။

သို့ရာတွင် Yagyama ၏ပွရှုပ်နေသောဆံပင်နှင့်မျက်လုံးရဲရဲကိုကြည့်ပြီး ရူးနေမှန်းသိလာသည်။

Yagyama က ပွစိပွစိဆက်ပြော၏_

"အဲဒီချင်ကိုသတ်ခိုင်းဖို့ ငါ့စည်းစိမ်ဥစ္စာတွေအကုန်သုံးပြီး ထိပ်တန်းလက်ဖြောင့်သမားငှားပြီးပြီ''

"တကယ့်တရားခံက သူပဲ... ငါ့ဥစ္စာတွေကုန်ချင်ကုန်ပါစေ... လွှဲပေးလိုက်''

Yagyama က နောက်ဆုံးစကားချန်သလိုပြောရင်း စာဖိုင်တချို့ထုတ်နေသည်။

Yagyama ရူးတော့မည်ဟု လက်ထောက်ကထင်သောကြောင့် အပြင်အမြန်ထွက်ပြီး သူ့မိသားစုဆီဖုန်းဆက်သည်။

သူ့ကိုဆေးရုံတင်ရမည်။

သို့သော် ဖုန်းခေါ်နေစဉ် အထဲမှအော်သံကြား၍ လက်ထောက်ကရုံးခန်းထဲအပြေးပြန်ဝင်လာသည်။ ရုံးခန်းထဲတွင် Yagyama မှာ ဝမ်းဗိုက်ဓားစိုက်လျက်သားနှင့်သွေးအိုင်ထဲလဲနေပြီ။

” အိုး! ”

ထိုမြင်ကွင်းကြောင့် လက်ထောက်က ကြောက်လန့်ပြီးအော်လိုက်သည်။

မကြာမီ ဝဂ်ယူနွားအဖွဲ့အစည်းဥက္ကဌ Yagyama သေဆုံးကြောင်းသတင်းတက်လာတော့သည်။

…

မျက်စိတမှိတ်အတွင်း ရက်ပိုင်းကုန်လွန်သွား၏။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က ပန်းအိုးများရေလောင်းနေသည်။ ဒီရက်ပိုင်း ညဘုရင်မမျိုးစေ့များက အပင်ပေါက်၊ ကိုင်းထွက်ပြီး အရွက်ဝေနေသည်။

အပြင်လောကတွင် မျိုးစေ့များကပုပ်ရင်ပုပ်၊ မပုရင် ထင်မထားလောက်သောအရှိန်နှင့်ကြီးထွားလာ၏။

ဂိမ်းထဲမှထုတ်လာသောမျိုးစေ့များကို မျိုးပြောင်းအာကာသနွယ်၏မျိုးစိတ်နှင့်စိုက်ထားသည်ဟု တော်ဝင်ပညာရှင်လီနှင့်ယွမ်ရှန်ကယုံကြည်ထားသည်။

ဒီတော့ ညဘုရင်မက မျိုးပြောင်းအာကာသနွယ်လိုအလင်းရောင်ထွက်လည်း အထူးအဆန်းမဟုတ်။

လက်ခံနိုင်စရာအကြောင်းရှိပြီး တော်ဝင်ပညာရှင်နှစ်ဦးသက်သေရှိသည်။

ချင်လင်ကရေလောင်းနေရင်း ဧည့်ခန်းထဲတွင် ရှောင်ရန်အမြီးကိုင်ပြီးကစားနေသောချင်ဖုန်းလေးကို တစ်ချက်တစ်ချက်လှည့်ကြည့်သည်။

သူတို့ဘေးတွင် တီတီတာတာပြောနေသောကလေးမလေးများလည်းရှိသည်။ ထန်ရှိုးဝမ်နှင့်လင်းလျိုတို့၏ကလေးများပင်။

ချင်လင်ကအပင်ရေလောင်းပြီး အလှစိုက်ဝါးခင်းဘက်လျှောက်သွားသည်။

မြေပေါ်တွင် ပလတ်စတစ်အကြည်သားခင်းပြီး မျိုးစေ့များလှမ်းထားသည်။

မျိုးပြောင်းအာကာသနွယ်မျိုးစေ့များပင်။

ဂိမ်းထဲမှထုတ်လာသောမျိုးပြောင်းအာကာသနွယ်မျိုးစေ့ပထမအသုတ်ကိုစိုက်ပြီး မျိုးစေ့သိမ်းထားပြီးဖြစ်သည်။

သိမ်းထားသောမျိုးစေ့များကို ဖရဲသီးအစေ့များကဲ့သို့ ပိုးမွှားကင်းစေရန်ခဏအခြောက်လှမ်းပေးရသည်။

အပြင်မှရသောမျိုးစေ့များသာမက ချင်လင်ဂိမ်းထဲမှထုတ်လာသောမျိုးစေ့များနှင့်ပါရောထားသည်။

သူ့ရည်ရွယ်ချက်က ထူးထူးဆန်းဆန်းတွေထွင်ပြီး နတ်သမီးပုံပြင်တောင်ကိုတိုးတက်အောင်လုပ်မည်။

မဟုတ်လို့ တောင်ပေါ်မှာမျိုးစေ့လိုက်စုမယ်ဆို ဘယ်လောက်ကြာသွားမလဲ?

ဖြစ်ချင်တော့ မျိုးပြောင်းအာကာသနွယ်က မျိုးစေ့တစ်ကြိမ်သိမ်းရုံတင်မဟုတ်။ အပင်ညှိုးခြောက်သွားရင်တောင် အချိန်တစ်ခုကြာရင်ပြန်ရှင်နိုင်သေးသည်။

ချင်လင်ကနေကိုကြည့်ပြီး မျိုးပြောင်းအာကာသနွယ်မျိုးစေ့များသိမ်းလိုက်သည်။

ထိုအချိန်တွင် ကျောက်မိုချင်းရောက်လာပြီးမေးသည်_

"ယောက်ျား.. ဒီနတ်သမီးပုံပြင်နွယ်မျိုးစေ့တွေကစိုက်လို့ရပြီလား?''

“အင်း!”

ချင်လင်ခေါင်းညိမ့်လိုက်သည်။

'နတ်သမီးပုံပြင်နွယ်'ဆိုသောနာမည်ကို ချင်လင်အတွန့်တက်ချင်သေးသည်။

ဒါကျောက်မိုချင်းပြောလာသောနာမည်။ မျိုးပြောင်းအာကာသနွယ်က ဒီမှာမရှိ၊ တခြားကမ္ဘာမှာမျိုးပြောင်းသောမျိုးစိတ်ဖြစ်သောကြောင့် နာမည်အသစ်ပေးရမည်။

ဒါပေမဲ့ ကျောက်မိုချင်းက နာမည်ပေးတကယ်ညံ့သည်။

နတ်သမီးပုံပြင်နွယ်လို့ခေါ်မယ့်အစား ပျားအုံနွယ်လို့ခေါ်လိုက်ပါလား?

ဘာပဲဖြစ်ဖြစ် အလင်းနွယ်လို့တောင်ခေါ်သေးတာပဲ။

ဒါပေမဲ့လည်း ကျောက်မိုချင်းသဘော။

ကျောက်မိုချင်းက ဂိမ်းထဲကညဘုရင်မပန်းကို နတ်သမီးပုံပြင်ပန်းလို့များခေါ်မလား သူတွေးမိသည်။

နတ်သမီးပုံပြင်တောင်ပြီးရင် မှတ်ချက်ထားမည်:

နတ်သမီးပုံပြင်တောင်မှာ နတ်သမီးပုံပြင်နွယ်နှင့်နတ်သမီးပုံပြင်ပန်းရှိသည်ဟူ၍။

ဒီလိုဆို နည်းနည်းများသွားပြီ။

"အဲဒါဆို အစ်မလန်ဇီကိုတောင်ကြားထဲတစ်ချက်သွားကြည့်ခိုင်းမယ်!''

ကျောက်မိုချင်းကပြောသည်။

“ကောင်းပြီ!”

ချင်လင်ခေါင်းညိမ့်လိုက်ပြန်သည်။

ကျောက်မိုချင်းပြောတဲ့တောင်ကြားက ရှောင်ဝူဥက္ကာခဲပစ်ချခဲ့တဲ့တောင်ကြား၊ ခေါင်းဆောင်ထန်တို့ ဥက္ကာခဲရှာတွေ့တဲ့တောင်ကြားပင်။

ခေါင်းဆောင်ထန်တို့က တောင်ထိပ်ပေါ်ရောက်ပြီးပြီဖြစ်၍ ရုံချန်းဆောက်လုပ်ရေးကလည်း တောင်ခြေမှစပြီးဖွံ့ဖြိုးအောင်လုပ်ရသည်။

ကေဘယ်ကားရုံးအခြေတည်ပြီးနောက် တိုင်များထောင်သည်။ ထို့နောက် တောင်တက်လမ်းနှင့်တောလမ်းကိုတပြိုင်တည်းဖောက်သည်။

အချိန်တန်ရင် တစ်တောင်လုံးက ပြိုင်ဘက်ကင်းသောမြေအနေအထားနှင့်ရှုခင်းကြည့်နိုင်သော သဘာဝရှုမျှော်ခင်းနေရာအဖြစ်ပြောင်းသွားမည်။

ကျောက်မိုချင်းစီစဉ်ထားသော တောင်ထိပ်ရွက်ဖျင်တဲနှင့်ပန်းအိမ်ပရောဂျက်ကို လင်းဟန်ဆီလွှဲပေးထားသည်။

ကျောက်မိုချင်းကဖုန်းထုတ်ပြီး လင်းလန်ဇီကိုဆက်လိုက်သည်။ လင်းလန်ဇီကလည်း ချက်ချင်းကားမောင်းပြီး အပန်းဖြေစံအိမ်ရောက်လာသည်။

ချင်လင်နှင့်ကျောက်မိုချင်းကိုကားပေါ်တက်ခိုင်းပြီး ကားစက်နှိုးကာ တောင်ကြားထဲတန်းမောင်းလိုက်သည်။

ရုံချန်းဆောက်လုပ်ရေးက ချင်းလင်အပန်းဖြေစံအိမ်မှတောင်ကြားသို့သွားသောလမ်းဖောက်ပေးထားသည်။ ကတ္တရာခင်းမထားသောသာမန်လမ်းဖြစ်သော်လည်း ယာဉ်လမ်းကြောင်းပြဿနာမရှိ။

လင်းလန်ဇီက တောင်ကြားအဝတွင်ကားရပ်ပြီး ချင်လင်၊ကျောက်မိုချင်းနှင့်အတူ တောင်ကြားထဲဝင်လာသည်။

တောင်ကြားထဲတွင် ဆောက်လုပ်ရေးဝင်နေဆဲ။ ဒီနေရာမှာ ရွက်ဖျင်တဲ၊စခန်းများထားမည်။

အရေးအကြီးဆုံးက ပတ်ဝန်းကျင်ဖြစ်သည်။ အရင်ဆုံး မြစ်ဘေးမှာလက်ရန်းကာရမည်။ အန္တရာယ်ကင်းစေရန် လက်ရန်းကခိုင်ခံ့လှပရမည်။

သတ်မှတ်ချက်အလွန်မြင့်ပြီး လင်းဟန်နှင့်စီနီယာဒီဇိုင်နာများ၏လုပ်ရည်ကိုင်ရည်အပေါ်မူတည်နေသည်။

ချင်လင်ရောက်သောအခါ တောင်ကြားတစ်ခုလုံးကိုရှင်းလင်းထားပြီးဖြစ်သည်။ ကြီးကြီးသေးသေးကျောက်တုံးအားလုံးကိုရှင်းထုတ်ပြီး ပတ်ဝန်းကျင်အနေအထားကို အကြမ်းဖျင်းဆင်ထားသည်။

တချို့နေရာများတွင် မျိုးပြောင်းအာကာသနွယ်များစိုက်ထားသည်ကိုလည်း ချင်လင်တွေ့ရသည်။

ထိုမျိုးပြောင်းအာကာသနွယ်များမှာ သူချခဲ့သောမျိုးစေ့များမှအပင်ပေါက်နေခြင်းပင်။ လင်းဟန်တို့က ပရောဂျက်စသည်နှင့် မျိုးပြောင်းအာကာသနွယ်ပင်များကိုသင့်တော်သောနေရာရွှေ့စိုက်ပြီး သေချာဂရုစိုက်ထားသည်။

သူတို့သုံးယောက်သားရောက်သောအခါ လင်းဟန်ကအလုပ်ဝတ်စုံနှင့် ဆောက်လုပ်ရေးလုပ်သားများကိုညွှန်ကြားနေသည်။ တောင်ကြားမြေပုံကိုင်ပြီး အချိန်နှင့်အမျှမှတ်နေကြ၏။

လင်းဟန်၏စီနီယာအစ်ကို၊အစ်မများပါသည်။ သူတို့ကအာရုံစူးစိုက်လုပ်နေကြ၏။ လက်ရှိအလုပ်ကိုပစ်ပြီး လင်းဟန်လိုဂျူနီယာ၏အလုပ်ကိုလာကူခြင်းမှာ ချင်းလင်စံအိမ်ပရောဂျက်ဖြစ်နေသောကြောင့်ပင်။ သူတို့နာမည်လည်း ကျန်ရစ်စေချင်သည်။

တခြားမပြောနှင့်။ ချင်းလင်စံအိမ်၏နာမည်၊ စခန်းချရာနေရာနှင့်တောင်ပေါ်ပန်းအိမ်က ရှေ့လျှောက်အလွန်အောင်မြင်လာမည်။ နောက်နောင် ပရောဂျက်များယူလျှင် ဖောက်သည်က အရင်ဒီဇိုင်းအကြောင်းမေးမည်။ အဲဒီကျရင် ဒီပရောဂျက်မှာ သူလုပ်ခဲ့ကြောင်းပြောလိုက်ရုံသာ။

ဒီလိုဆို သူပြောခဲ့သမျှထက်ပိုပြီးအသုံးဝင်မည်။

ချင်လင် တောင်ကြားရောက်ပြီးမကြာမီ ခပ်လှမ်းလှမ်းမှာပုံရိပ်တစ်ခုပေါ်လာသည်။

သူ့ကျောပေါ်တွင် တယောအိတ်ပါပြီး လေလွင့်တောင်တက်သမားတစ်ဦးနှင့်တူသည်။ တောင်ကြားနှင့်ခပ်လှမ်းလှမ်းရောက်သောအခါ တယောအိတ်ကိုချလိုက်သည်။

တယောအိတ်ထဲတွင် တယောတစ်လက်ပါသည်။ ထိုတယောကိုထုတ်လိုက်သောအခါ အထဲမှထူးထူးခြားခြားပစ္စည်းများထွက်လာသည်။

ထိုပစ္စည်းများကိုဆက်လိုက်သောအခါ ဒူးလေးပုံပေါ်လာ၏။

ဒူးလေးက သိပ်မကြီး၊ လက်နှစ်ဖဝါးစာလောက်သာရှိမည်။

တပ်ဆင်သူက လက်ထဲမှဒူးလေးကိုကြည့်ပြီး စိတ်ကျေနပ်ပုံနှင့်ခေါင်းညိမ့်လိုက်သည်။

သေးပင်သေးသော်လည်း အစွမ်းထက်သည်။ မော်ဒန်ခေတ်နည်းပညာကြောင့် ပစ်မှတ်ထိအောင်ပစ်နိုင်သည်။

ဒီနိုင်ငံမှာ လက်နက်သယ်ဆောင်ခွင့်မရှိ။ သယ်ရခက်၍ ဒီလိုရှေးကျသောလက်နက်မျိုးသာယူလာသည်။

ဒီနိုင်ငံကိုလာရတာ ပိုအန္တရာယ်များသည်။

ပစ်မှတ်ကိုသ*တ်ဖြတ်ပြီးရင် သူအသက်ရှင်လျက်သားပြန်ထွက်နိုင်ပါ့မလားမသိ။

ဒါပေမဲ့ လာကိုလာရမည်။ ဘာပဲဖြစ်ဖြစ် ဒီလူကိုသ*တ်ဖို့ တဖက်ကသူ့စည်းစိမ်အကုန်ပုံပေးထားပြီ။ မက်လည်းမက်လောက်စရာပင်။ သူ့မိသားစုတစ်သက်ကောင်းကောင်းနေနိုင်သည်။

နောက်ပြီး ပစ်မှတ်က သူတို့နိုင်ငံရဲ့ဝဂ်ယူနွားမျိုးတုံးအောင်လုပ်သူတဲ့။ သေသွားတဲ့သူ့အဖေက တစ်သက်လုံးဝဂ်ယူနွားမွေးခဲ့သူတဲ့။

အထူးသဖြင့် ပစ်မှတ်ကဒီနိုင်ငံမှာနာမည်ကြီးသည်။ ဒါသူနာမည်ကြီးဖို့အခွင့်ကောင်းပင်။

ပုံရိပ်ကအိတ်ထဲနှိုက်ပြီး မြားလေးတစ်ချောင်းထုတ်လိုက်သည်။ မြားခေါင်းမှာအပြာရောင်ဖြစ်၍ အဆိပ်ပါပုံရ၏။ ပစ်မှတ်ကိုထိအောင်ပစ်နိုင်ရင် ၂ မိနစ်အတွင်းသေဆုံးနိုင်သည်။

All Chapters