← Chapters

ရာပြတ်

Vol. 8 Ch. 113

ရာပြတ်

Vol. 8 Ch. 113

စွန်းထောင်လည်း သူ့လက်ထဲရှိ ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။

ခွမ်း!

သီးသန့်အခန်း၏ တံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီးနောက် တုတ်ခိုင်သန်မာသော အမျိုးသားဆယ်ယောက်ကျော် အတွင်းသို့ အလောတကြီးဝင်ချလာသည်။

စွန်းထောင်မှာ အေတိအေးစက်သရော်လိုက်သည်။

"ဒီကောင့်ကို ချုပ်ထားလိုက်"

ထိုလူများ လှုပ်ရှားတော့မည့်ဆဲဆဲတွင် စားသောက်ဆိုင်ပိုင်ရှင်ဝမ်ပင်းက မတ်တတ်ထရပ်လိုက်သည်။

"စွန်းထောင်.. မင်း ဘယ်တုန်းက ငါ့လူတွေကို အမိန့်ပေးလို့ရသွားတာလဲ"

စွန်းထောင်၏အမူအရာကား ပြောင်းလဲသွားလေသည်။

"ဝမ်ပင်း ဒါက ဘာအဓိပ္ပာယ်လဲ"

ဝမ်ပင်းက ထိုလူတစ်သိုက်ကို အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။

"စွန်းထောင်ကို ဖမ်းထားလိုက်"

"မင်း.. ဝမ်ပင်း"

ဝမ်ပင်းက အေးစက်စက် ပြောလိုက်ပြန်သည်။

"စွန်းထောင် မင်းကများ ငါ့ကိုအာခံပြီး ဘော့စ်ကို လုပ်ကြံရဲတယ်ပေါ့။ ငါ မင်းကိုပြောလိုက်မယ်။ ငါတို့တွေအားလုံးက ဘော့စ်ကို သစ္စာခံဖို့ တိုင်တည်ထားလိုက်ကြပြီ"

"ဟုတ်တယ်။ ငါ ချန်းယွမ်က အဆုံးအထိ ဘော့စ်ကို သစ္စာခံဖို့ ဆုံးဖြတ်လိုက်ပြီ"

"ငါ ကျန်းရှန်လည်း ဘော့စ်ကို သစ္စာခံဖို့ဆုံးဖြတ်ထားတယ်"

…

အမှုဆောင်များမှာ သူတို့၏ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ကြေညာချက်ထုတ်လာသည်။

စွန်းထောင်ခမျာ ရုတ်တရက်ကြီး အံ့သြသွားရသည်။

မနေ့တုန်းကမှ ယဲ့ချန်းကို ပုန်ကန်ဖို့ သူတို့ သဘောတူထားကြတယ်မဟုတ်လား။ ဒါပေမယ့် အခုတော့ သူတို့က ဘာကြောင့်များ စိတ်ပြောင်းသွားရတာလဲ။

တုတ်ခိုင်သန်မာသော လူများမှာ အပြေးအလွှားရောက်လာကြပြီး စွန်းထောင်ကို ကြမ်းပြင်ပေါ်သို့ အမှောက်သိပ်လိုက်သည်။ ထို့နောက် သူ့ကို ကြိုးဖြင့် တုပ်ထားလိုက်သည်။

ဝမ်ပင်းက ပြောလိုက်၏။

"ဥက္ကဠယဲ့ သူ့ကို ဘယ်လိုရှင်းချင်ပါသလဲ"

စွန်းထောင်ခမျာ ကြိုးတုပ်ခံလိုက်ရသည်နှင့် လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ယဲ့ချန်း၏ စားသောက်ပွဲက ဘယ်လိုလုပ်ပြီး သစ္စာဖောက်မှုများဖြင့် အဆုံးသတ်သွားရသလဲ?

ဤသည်မှာ သူ့အတွက်သူ ဆင်ခဲ့မိသော ထောင်ချောက်တစ်ခုပင်။

ယဲ့ချန်းက ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီးနောက် သူ့ရှေ့တွင် ဒူးထောက်နေသော စွန်းထောင်ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။

"စွန်းထောင်... ခင်ဗျား ဘာအမှားလုပ်ထားလဲဆိုတာ သိလား"

"ယဲ့ချန်း ပေါက်ကရတွေပြောမနေနဲ့။ ငါက မင်းလက်ထဲကို ရောက်နေပြီဆိုမှတော့ မင်းလုပ်ချင်တာသာ လုပ်တော့"

ယဲ့ချန်းကလည်း အမှုမထားဟန်ဖြင့် ပြောလိုက်သည်။

"ခင်ဗျားရဲ့ပုန်ကန်မှုကို ကျုပ် မေ့ထားပေးလို့ရတယ်။ ဒါပေမဲ့ ကုမ္ပဏီစည်းမျဉ်းအရ တရားမဝင်လုပ်ငန်းတွေကိုတော့ ခွင့်ပြုပေးလို့မရဘူး။ ဒီနှစ်တွေအတွင်းမှာ ခင်ဗျား ဘယ်လောက်ယုတ်ညံ့တဲ့ကိစ္စတွေ လုပ်ခဲ့သလဲ"

ယဲ့ချန်း၏စကားကို ကြားသောအခါ စွန်းထောင်၏အမူအရာလည်း ရုတ်တရက်ပြောင်းလဲသွားရသည်။

ချန်းမုန့်ယောင်က စာရွက်စာတမ်းအထပ်လိုက်ကြီးကို ထုတ်ယူလာသည်။ ယဲ့ချန်းကလည်း ထိုစာချုပ်များကို စွန်းထောင်၏အရှေ့သို့ ပစ်ချလိုက်သည်။

"ဒီနှစ်တွေအတွင်း ဘယ်လိုယုတ်ညံ့တဲ့ကိစ္စမျိုးတွေ လုပ်ခဲ့လဲဆိုတာ ခင်ဗျားကိုယ်တိုင်ကြည့်ကြည့်။

ဤစာရွက်စာတမ်းများကို မြင်လိုက်ရသောအခါ စွန်းထောင်၏ မျက်နှာမှာ သေမတတ်ဖြူဖျော့သွားသည်။

သူ့ကွန်ပျူတာထဲတွင် သိမ်းထားသော ဤလျှို့ဝှက်ဖိုင်များမှာ ယဲ့ချန်း၏လက်ထဲသို့ ရောက်သွားလိမ့်မည်ဟု လုံးဝထင်မထားပေ။

ယခုတော့ ယဲ့ချန်းကို ဆန့်ကျင်ခဲ့မိသည့်အတွက် စွန်းထောင် နောင်တအကြီးအကျယ်ရနေလေတော့သည်။

ဤလူက အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။

"မစ္စတာယဲ့ ကျေးဇူးပြုပြီး ကျွန်တော့်ကိုချမ်းသာပေးပါ။ ကျွန်တော် ခင်ဗျားကို သစ္စာစောင့်သိမှာပါ"

စွန်းထောင်ခမျာ ကြောက်လန့်သွားသည်။

ဤသက်သေများသာ ရဲတွေလက်ထဲကို ရောက်သွားလျှင် သူလည်း အခါတစ်ရာလောက် ကွပ်မျက်ခံရပေလိမ့်မည်။

ယဲ့ချန်းက အေးတိအေးစက် သရော်လိုက်သည်။

"ခင်ဗျားကို ချမ်းသာပေးရမှာလား။ ခင်ဗျားဒုက္ခပေးခဲ့တဲ့ လူတွေကရော"

"ကျွန်တော်.."

စွန်းထောင်ခမျာ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

ယဲ့ချန်းကတော့ ကျိုးစုစုကို ဖုန်းခေါ်လိုက်၏။

"စုစု..မင်းရဲ့လူတွေနဲ့အတူ လာခဲ့ပါဦး။ ငါ တရားခံတစ်ယောက်ကိုဖမ်းမိထားလို့

ဆယ်မိနစ်အကြာတွင် ကျိုးစုစုက ရဲတွေနှင့်အတူ ရောက်ချလာသည်။ ယဲ့ချန်းပေးသော စာရွက်စာတမ်းများကို မြင်သောအခါ ကျိုးစုစုလည်း ထိတ်လန့်သွားလေသည်။

ဤသည်မှာ လတ်တလောနှစ်များအတွင်း ရဲဌာနတွင် မဖြေရှင်းနိုင်ခဲ့သော အမှုများပင်။ ထိုအမူများကို စွန်းထောင် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း မည်သူက ထင်ထားမည်နည်း။

ရဲတွေရောက်လာတာကို မြင်သောအခါ စွန်းထောင်လည်း တစ်ကိုယ်လုံးရှိခွန်အားများ ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။

ဤတစ်ခေါက်မှာတော့ သူတစ်ယောက်တည်း ပျက်စီးရခြင်းမဟုတ်ပေ။ သူ့သားလည်း လက်စတုံးရလေပြီ။

ရဲတွေက စွန်းထောင်ကို ခေါ်သွားသဖြင့် ကျန်ရှယ်ယာရှင်များမှာ အလွန်မျက်နှာပျက်သွားကြသည်။

ယဲ့ချန်းကတော့ အေးစက်စက်သာ ပြောလိုက်၏။

"ကျုပ်က တရားဝင်စီးပွားရေးသမားတစ်ယောက်။ တစ်ယောက်ယောက်ကများ တရားမဝင်လုပ်ရပ်တွေကို လုပ်ရဲလို့ကတော့ ကျုပ်ကို နှလုံးသားမရှိဘူးလို့ အဆိုးမဆိုကြနဲ့"

ဤလူများမှာ သစ္စာခံဆေးရည် သောက်ထားသောကြောင့် ယဲ့ချန်း၏စကားများကို နာခံကြသည်။

အခြားရှယ်ယာရှင်များအားလုံးလည်း ခေါင်းတညိတ်ညိတ်လုပ်နေကြသည်။

ယဲ့ချန်းလည်း ဟိုတယ်ထဲမှထွက်လာပြီးနောက် ချန်းမုန့်ယောင်ကို ပြောလိုက်၏။

"ဆီဆာလုပ်ငန်းစုရဲ့ကိစ္စတွေကို ခင်ဗျားပဲကိုင်တွယ်လိုက်တော့။ ကျုပ်ရဲ့တားမြစ်ချက်ကို သတိရနော်။ ဘယ်လိုတရားမဝင်လုပ်ငန်းကိုမှ လက်မခံဘူး"

ချန်းမုန့်ယောင်မှာ အဆက်မပြတ်ခေါင်းညိတ်ပြလိုက်သည်။

ချန်းမုန့်ယောင်ခမျာ ယဲ့ချန်း၏နည်းလမ်းများကြောင့် အံ့ဩသွားရသည်။ ထို့ပြင် စွန်းထောင်နှင့်ပတ်သက်သော သက်သေများကို ယဲ့ချန်း ဘယ်လိုရလိုက်သလဲဆိုတာကို သိချင်နေမိသည်။

သစ္စာခံဆေးရည်မရှိလျှင်ပင် ယဲ့ချန်း၏ ကြောက်မက်ဖွယ်နည်းလမ်းများကြောင့် ချန်းမုန့်ယောင်ခမျာ မကောင်းသောရည်ရွယ်ချက်များကို မထားရဲပေ။

ဟိုတယ်ထဲမှထွက်လာပြီးနောက် ယဲ့ရှန်းက သူ့ကို ဖုန်းခေါ်လာသည်။

"ယဲ့ချန်း.. ကျွန်မ တက္ကစီငှားချင်လို့။ ရှင် အားလား"

"အားတာပေါ့"

ယဲ့ချန်းလည်း ဝမ်ချွင်းသိုင်းခန်းမသို့ မောင်းသွားလိုက်သည်။

ယဲ့ရှန်း၏ဘေးတွင် မိန်းမလှလေးတစ်ယောက် ရှိနေပေသည်။

ထိုမိန်းကလေးက အသက်နှစ်ဆယ်စွန်းစွန်းမျှသာ ရှိသေးသည်။ သူ(မ)မှာ ရွှေကိုင်းတပ်မျက်မှန်ကိုတပ်ပြီး ရုံးဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားကာ ပညာတတ်အလှပဂေးတစ်ယောက်၏ အငွေ့အသက်ကို ထုတ်လွှတ်နေချေသည်။

ယဲ့ရှန်းက ပြုံးပြုံးလေး မိတ်ဆက်လိုက်၏။

"ဒါက ကျွန်မသူငယ်ချင်းလီရုန်ရုန်လေ။ ရာပြတ်တစ်ယောက်ပေါ့။ ကျွန်မက ထောင်ပေါင်လမ်းမကိုသွားပြီး ကျောက်စိမ်းလက်ကောက်တစ်ကွင်း ရွေးခိုင်းမလို့"

"ရာပြတ်လား"

ယဲ့ချန်း တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။

လွန်ခဲ့သည့်ရက်ပိုင်းတုန်းက ချန်ပင်းမှာ ရတနာရာပြတ်တစ်ယောက်ဖြစ်ကြောင်း သူ သိခဲ့ရသည်။

လီရုန်ရုန်က ယဲ့ချန်းကို စိတ်ဝင်တစားကြည့်လိုက်သည်။

"အချောလေး.. ရှင်က အရမ်းချောတာပဲ။ ပြီးတော့ မောင်းတဲ့ကားကလည်း ဇိမ်ခံကားကြီးကို.. ရှင် ဘာလို့ တက္ကစီမောင်းနေတာလဲ"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ဘဝအတွေ့အကြုံယူနေတာ။ စကားမစပ် မင်း ချန်ပင်းကိုသိလား"

"ချန်ပင်းလား"

ထိုနာမည်ကိုကြားသော် လီရုန်ရုန်မှာ ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။

"ရှင် သူ့ကိုသိလား"

လီရုန်ရုန်၏အသံမှာ အတန်ငယ်အေးစက်နေကြောင်း ယဲ့ချန်း ခံစားမိသည်။

ယဲ့ချန်းက ပြောလိုက်၏။

"မသိပါဘူး။ သူက ရတနာရာပြတ်လောကမှာ တော်တော်နာမည်ကြီးတယ်လို့ ကြားထားလို့"

"ဟမ့်.. သူက အမှိုက်ပါ"

လီရုန်ရုန်က အေးတိအေးစက်သရော်လိုက်လေသည်။

ထိုအချိန်မှာပင် လီရုန်ရုန်၏ဖုန်းက ထမြည်လာသည်။

"ဥက္ကဋ္ဌလီ.. လူနှစ်ယောက်က သွေးကျောက်မျက်ကို လာရောင်းနေတယ်။ အရည်အသွေးက ကောင်းတယ်လို့ထင်တာနဲ့ အခု စတုတ္တသခင်က စစ်ဆေးနေတယ်။ ကျွန်မတို့ ဝယ်လိုက်ရမလား"

"ဟင့်အင်း။ ငါလာခဲ့မယ်။ မဆုံးဖြတ်ခင် အရင်ကြည့်ကြည့်တာပေါ့။ စတုတ္ထဆရာက ပြောတိုင်းလည်း အမှန်မဟုတ်ဘူး"

လီရုန်ရုန်က အေးတိအေးစက်ပြန်ပြောလိုက်သည်။

ယဲ့ချန်းသိထားသလောက်ဆိုလျှင် စတုတ္ထဆရာဆိုသည်မှာ ချန်ပင်းဖြစ်သည်။

ထောင်ပေါင်လမ်းမပေါ်တွင် ရတနာအားလုံးမှာ စတုတ္ထဆရာချန်ပင်းက အကဲဖြတ်ပေးပြီး အတည်ပြုပေးမှသာ အရာဝင်သည်။

စတုတ္ထဆရာတွင် ထူးခြားလှသော အကဲဖြတ်စွမ်းရည်များရှိပြီး အမှားတစ်ခုသော်မှ မလုပ်ဖူးသောကြောင့် ထောင်ပေါင်လမ်းမတွင် သူ့ကို အလွန်လေးစားကြသည်ဟု ဆို၏။

"ကောင်းပါပြီ။ ရောင်းသူတွေကတော့ တော်တော်စိုးရိမ်နေကြတယ်"

[တင် ရွေးချယ်ရေးစနစ်ကို အသက်သွင်းလိုက်ပါပြီ။ အပတ်တိုင်းမှာ အထူးစွမ်းရည်ရှိတဲ့ ခရီးသည်တစ်ယောက်နဲ့ တွေ့ရမှာပါ။ ရွေးချယ်ရေးတာဝန်ကို အပြီးသတ်ပြီး ကမ္ဘာကျော်သူဌေးတစ်ယောက်ဖြစ်စေနိုင်တဲ့ ဆုလာဘ်များကို ရယူလိုက်ပါ]

[ခရီးသည်၏အလုပ်အကိုင် : ရတနာရာပြတ်]

[ရွေးချယ်စရာနံပါတ်တစ် : လှပချောမောတဲ့ ရတနာရာပြတ်ကို သွေးကျောက်မျက်ဝယ်ယူရာတွင် ကူညီပေးပြီး အလှလေး၏မျက်နှာသာပေးမှု +၁၀ကိုရယူပြီး ချင်နန်းတော်သန့်စင်ခန်းကို ယူလိုက်ပါ]

[ရွေးချယ်စရာနံပါတ်နှစ် : လှပချောမောတဲ့ ရတနာရာပြတ်ကို သွေးကျောက်မျက်အတု ကူရှာပေးပြီး ရတနာပညာရှင်စွမ်းရည်နဲ့အတူ ထောင်ပေါင်လမ်းမရှယ်ယာ၃၀ရာခိုင်နှုန်းကို ရယူလိုက်ပါ]

[ရွေးချယ်စရာနံပါတ်သုံး : လှပချောမောတဲ့ ရတနာရာပြတ်ကို သူ(မ)သွားလိုတဲ့နေရာကို လိုက်ပို့ပေးပြီး ကောင်းမွန်တဲ့ တက္ကစီဒရိုင်ဘာဂုဏ်ပုဒ်နဲ့အတူ ရတနာအိမ်တော်ရဲ့ ၂၀ရာခိုင်နှုန်းလျှော့ဈေးပါတဲ့ ဗီအိုင်ပီကတ်ကို အရယူလိုက်ပါ]

ပထမရွေးချယ်စရာနှင့် ဒုတိယရွေးချယ်စရာတို့မှာ ဆန့်ကျင်ဘက်ပင်။ စနစ်က ကျောက်မျက်အတုကို ဆုံးဖြတ်ခိုင်းထားသည်ဖြစ်ရာ အလှလေးကို ကျောက်မျက်အတု ဝယ်ခိုင်းလိုက်လျှင် နစ်နာမှုများ ဖြစ်ပေါ်လာပေလိမ့်မည်။

ပုံမှန်ဆိုလျှင် ယဲ့ချန်းက ကျင့်ဝတ်နှင့်မညီသော ကိစ္စမျိုးကို မလုပ်ပေ။ ထို့ကြောင့် နံပါတ်နှစ်ကိုသာ ရွေးချယ်လိုက်သည်။

[တင်.. ရတနာရာပြတ်စွမ်းရည်နဲ့ ထောင်ပေါင်လမ်းမရဲ့ရှယ်ယာ၃၀ရာခိုင်နှုန်းကို ရရှိလိုက်တဲ့အတွက် hostကို ဂုဏ်ပြုပါတယ်]

ယဲ့ချန်း၏အကြည့်က လီရုန်ရုန်၏လက်ကောက်ဝတ်ထက်ရှိ လက်ကောက်ထံသို့ ကျရောက်သွားသည်။ သူ့မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းက လက်ခနဲပင်။ ထို့ပြင် စိတ်ထဲ၌လည်း ထိုလက်ကောက်၏ အချက်အလက်များ ပေါ်ပေါက်လာသည်။

အဖြူရောင်ကျောက်စိမ်းလက်ပတ်၊ စုန့်မင်းဆက်၊ အရည်အသွေးကောင်းမွန်၊ တန်ဖိုး၁.၁၈သန်း။

အမလေး!

ယဲ့ချန်း ပင့်သက်ရှိုက်လိုက်မိသည်။

ဤအမျိုးသမီးက ပုံမှန်မဟုတ်ပေ။ ၁.၁၈သန်းတန်သော လက်ကောက်တစ်ကွင်းကို ဝတ်ဆင်ထားသည်။

လက်ရှိအချိန်တွင် ယဲ့ချန်းမှာ ထောင်ပေါင်လမ်းမထက်သို့ မောင်းနေခြင်းပင်။ သူ ရယ်မောလျက် ပြောလိုက်လေသည်။

"မိန်းကလေးလီ..အဲဒီဒဏ္ဍာရီလာသွေးကျောက်မျက်ကို ကျွန်တော်ပါ လိုက်ကြည့်လို့ရမလား"

လီရုန်ရုန်က ခေါင်းညိတ်ပြလေသည်။

"ရတာပေါ့။ ဒါပေမဲ့ ရှင်မသိရင် ဘာကိုမှမဆင်မခြင်ဝင်မပြောနဲ့နော်"

••••••••••••••

All Chapters