← Chapters

အရည်အသွေးအကဲဖြတ်ခြင်း

Vol. 8 Ch. 114

အရည်အသွေးအကဲဖြတ်ခြင်း

Vol. 8 Ch. 114

ယဲ့ချန်းလည်း လီရုန်ရုန်နှင့်အတူ ရိုးရာအိမ်တစ်လုံးဆီသို့ လိုက်လာခဲ့သည်။

ထိုအိမ်တော်ရှေ့တွင် "ရတနာစံအိမ်တော်"ဟူသော သင်္ကေတတစ်ခုကို ချိတ်ဆွဲထားသည်။

လီရုန်ရုန်က အထဲသို့ဝင်သွားလိုက်ချိန်မှာ ဝန်ထမ်းများကလည်း သူ(မ)ကို တလေးတစားနှုတ်ဆက်ကြသည်။

"ဥက္ကဋ္ဌလီ.. ရောက်လာပြီပဲ"

"အင်း"

လီရုန်ရုန်လည်း ခေါင်းညိတ်ပြ၍ အရှေ့ကောင်တာဆီသို့ ချဉ်းကပ်သွားလေသည်။

လူတစ်စုက ကောင်တာနားတွင် ဝိုင်းအုံနေပြီး လူငယ်တစ်ယောက်က စိတ်မရှည်စွာ ပြောလိုက်သည်။

"ခင်ဗျားတို့ရဲ့ရာပြတ်က ဘယ်တော့လာမှာလဲ။ ကျုပ် အလျင်လိုနေပြီ"

"မကြာခင် ရောက်လာတော့မှာပါ ဆရာ..ခဏလောက်စောင့်ပေးပါ"

"စတုတ္ထဆရာကတောင် ကျုပ်ရဲ့သွေးကျောက်မျက်ကို စစ်တယ်လို့ ပြောထားပြီးပြီလေ။ ဒါက ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ။ ခင်ဗျားတို့က စတုတ္ထဆရာရဲ့စကားကို မယုံတာလား"

ထိုလူငယ်လေးက အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။

ထိုအခိုက်ဝယ် ဝန်ထမ်းတစ်ယောက်က လီရုန်ရုန်ကိုမြင်သွားပြီး အမြန်ပြောလိုက်သည်။

"ကျွန်မတို့ရဲ့ဥက္ကဋ္ဌလီ ရောက်လာပြီ"

လီရုန်ရုန်ကလည်း ထိုလူငယ်လေးကိုကြည့်၍ မေးလိုက်သည်။

"ရှင် သွေးကျောက်မျက်ကို ရောင်းမလို့လား"

"ဟုတ်တယ်။ ဒါက မိသားစုပိုင်စည်းစိမ်လေ။ ကျုပ် အသုံးလိုနေလို့သာ ထုတ်ရောင်းရတာ။ မဟုတ်လို့ကတော့ ဒါကိုလက်လွှတ်ခံမှာမဟုတ်ဘူး"

ထိုလူငယ်လေးက သေတ္တာဘူးကိုဖွင့်ပြီး ပြောလိုက်လေသည်။

သေတ္တာဘူးထဲရှိ သွေးကျောက်မျက်ကို မြင်သောအခါ လီရုန်ရုန်၏မျက်ဝန်းထဲဝယ် စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။

ဘေးပတ်ဝန်းကျင်ရှိ ရှေးဟောင်းဆိုင်ပိုင်ရှင်များမှာလည်း အံ့အားသင့်မှုကြောင့် ပင့်သက်ရှိုက်မိကြသည်။

"အမလေး.. တကယ့်သွေးကျောက်မျက်အစစ်ပါလား"

"အရောင်က လှလိုက်တာ။ အရည်သွေးကလည်း သေချာပေါက် ထိပ်တန်းအဆင့်မှာရှိမှာပဲ"

ရှေးဟောင်းဆိုင်ပိုင်ရှင်များထံမှ ချီးကျူးသံများကို ကြားလိုက်ရချိန်၌ ထိုလူငယ်လေးလည်း ပြုံးလိုက်ချေသည်။

"ဒီသွေးကျောက်မျက်က ကျုပ်တို့မိသားစုအဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တာလေ။ အဲဒီပေါ်က ထွင်းထုထားတဲ့အရာကိုပဲ ကြည့်လိုက်။ ဒါကို မင်ချန်းကျူးက ကျုပ်ရဲ့ဘိုးဘေးတွေကို အပ်နှင်းခဲ့တာ။ အဲဒါကြောင့် မိသားစုရတနာအဖြစ် သတ်မှတ်လာခဲ့တာပေါ့"

သွေးကျောက်မျက်ဆိုသည်မှာ အနီရောင်သွေးစက်သဏ္ဍာန်ကြောင့် ထိုနာမည်ကို ပေးထားခြင်းဖြစ်ပြီး တော်ဝင်ကျောက်စိမ်းနှင့် ချင်းထျန်းရောင်ခြည်ရေခဲကျောက်တုံးတို့နှင့်အတူ ရတနာသုံးသွယ်ကျောက်မျက်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

လတ်တလောနှစ်များအတွင်း သွေး​ကျောက်မျက်မှာ အရေအတွက် အလွန်ရှားပါးလှ၏။ ချင်မင်းဆက်မှ ဆင်းသက်လာခဲ့သော ​သွေးကျောက်မျက်ဆိုလျှင် တန်ဖိုးအားဖြင့် နှစ်ဆလောက်ပေးရသည်။

လီရုန်ရုန်လည်း ဤသွေးကျောက်မျက်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

သို့သော် တည်တည်ငြိမ်ငြိမ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"ဒီသွေးကျောက်မျက်အတွက် ဘယ်လောက်လိုချင်တာလဲ"

သူ(မ)၏အတွေ့အကြုံအရဆိုလျှင် အရောင်၊ ထိတွေ့မှုနှင့် ခံစားချက်တို့မှာ သွေးကျောက်မျက်အစစ်ဖြစ်ကြောင်း ညွှန်ပြနေသည်။

ထို့ပြင် ဤသည်မှာ အစစ်ဖြစ်ကြောင်း အခြားရှေးဟောင်းဆိုင်ပိုင်ရှင်များလည်း သဘောတူကြသည်။ ထို့ကြောင့် အတုတော့ မဖြစ်နိုင်ပေ။

လူတိုင်းက ဤသွေးကျောက်မျက်ကို ချီးကျူးနေကြချိန်တွင် ယဲ့ချန်းကတော့ ခေါင်းတခါခါလုပ်နေမိသည်။ ထိုသွေးကျောက်မျက်ကို မြင်လိုက်ရချိန်တုန်းကတည်းက အချက်အလက်များက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

"ဓာတုနည်းဖြင့်ထုတ်လုပ်ထားသော ကျောက်မျက်၊ ခေတ် : ခေတ်သစ်၊ တန်ဖိုး : ယွမ်တစ်ရာ"

ဤကောင်လေးက ရဲတင်းလွန်းလှသည်။ ဓာတုနည်းဖြင့် ထုတ်လုပ်ထားသော ကျောက်တစ်တုံးကိုယူလာပြီး သွေးကျောက်မျက်ဟုဆိုကာ လာရောင်းနေပေသည်။

အရေးအကြီးဆုံးအပိုင်းကတော့ သူ ဤရတနာရာပြတ်များကို အရူးလုပ်နိုင်ခဲ့သည်။

လီရုန်ရုန်မှာ ရတနာရာပြတ်တစ်ယောက်ဟု သတ်မှတ်ခံထားရသော်ငြား အရွယ်ငယ်လွန်းလှသေးသည်။ အခြားရှေးဟောင်းဆိုင်ပိုင်ရှင်များ၏ ဆွဲဆောင်မှုကြောင့် သူ(မ) လွယ်လွယ်လေးလှည့်စားခံလိုက်ရသည်။

တကယ်တမ်းတွင် လီရုန်ရုန် လှည့်စားခံလိုက်ရသည့် အကြောင်းအရင်းမှာ နောက်တစ်ခုရှိသေးသည်။ ဝန်ထမ်းလေးက စတုတ္ထဆရာသည် ဤအရာကို အကဲဖြတ်ပြီးသွားပြီဟု ပြောထားသောကြောင့်ပင်။ ထို့ကြောင့် လူတိုင်းကလည်း စတုတ္ထဆရာ၏အကဲဖြတ်ချက်ကို တိကျသည်ဟု ယူဆလိုက်ကြသည်။

ယဲ့ချန်းကတော့ အသာမတ်တတ်ရပ်နေရင်း တိုက်ရိုက်ထုတ်မပြောသော်ငြား အခြေအနေက ဘယ်လိုဖြစ်သွားမလဲဆိုတာကို စောင့်ကြည့်ချင်မိသည်။

လီရုန်ရုန်လည်း ထိုသွေးကျောက်မျက်ဖြင့် တဒင်္ဂမျှ ကစားနေလိုက်ပြီးနောက် မေးကြည့်လိုက်သည်။

"ဒီသွေးကျောက်မျက်ကို ရှင် ဘယ်လောက်နဲ့ရောင်းဖို့ စီစဉ်ထားလဲ"

လူငယ်လေးကလည်း ဆိုလာလေသည်။

"ဒီသွေးကျောက်မျက်က ကျုပ်တို့မိသားစုပိုင်ရတနာလေ။ ကျိုတိုမှာ ကျုပ်ရဲ့မင်္ဂလာပွဲအတွက် အိမ်တစ်လုံးဝယ်ဖို့ ပိုက်ဆံလိုနေတာကြောင့်သာမဟုတ်ရင် လုံးဝရောင်းမှာမဟုတ်ဘူး။ ဒီတော့ နှစ်သန်းတိတိပဲ"

လီရုန်ရုန် ခဏမျှတွေးကြည့်လိုက်သည်။

"နှစ်သန်းက အရမ်းများလွန်းတယ်"

ထိုလူငယ်လေးက ခေါင်းခါယမ်းလိုက်သည်။

"ကျုပ် အွန်လိုင်းမှာ စစ်ဆေးပြီးသွားပြီ။ သိပ်မကြာခင်တုန်းက သွေးကျောက်မျက်တစ်တုံးကို ဒီဈေးနှုန်းနဲ့ လေလံတင်ရောင်းချခဲ့တာ။ ကျုပ်ရဲ့ကျောက်ကလည်း အရည်အသွေးမဆိုးပါဘူး။ တစ်ပြားမှလျှော့မပေးနိုင်ဘူး"

လီရုန်ရုန်မှာ သွေးကျောက်မျက်ကိုကိုင်ထားရင်း တွေဝေတုံ့ဆိုင်းသွားသည်။

ဤသွေးကျောက်မျက်မှာ အမှန်တကယ်ရှားပါးလှသော ထိပ်တန်းအရည်အသွေးရှိ ကျောက်မျက်တစ်ခုပင်။ သို့သော် ဈေးနှုန်းကား အလွန်များလှသည်။

ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က လူအုပ်ထဲမှ ထွက်လာခဲ့သည်။

"လူငယ်လေး.. ဒီသွေးကျောက်မျက်က မင်းဟာလား။ ငါလိုချင်လို့။ ငါ မင်းကို သုံးသန်းပေးပါ့မယ်"

သုံးသန်းတဲ့...

ထိုနေရာရှိလူတိုင်းမှာ ထိတ်လန့်မှုကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။

ဤစကားကိုကြားသော် လီရုန်ရုန်ခမျာ စိုးရိမ်ပူပန်သွားသည်။

"ဆရာ ရှင် စည်းမျဉ်းတွေကို နားမလည်ဘူးလား။ သူက ကျွန်မကိုအရင်ရောင်းဖို့ လုပ်ထားတာလေ"

ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားကြီးကလည်း အဖတ်မလုပ်ဟန်ဖြင့် သရော်လိုက်သည်။

"ရောင်းမှမရောင်းရသေးတာ။ ပိုပေးနိုင်တဲ့လူက ရမှာပဲလေ.. မဟုတ်ဘူးလား။ ဘာဖြစ်နေလို့လဲ"

တစ်စုံတစ်ယောက်က ဈေးပိုပေးလာသဖြင့် ထိုလူငယ်လေးကလည်း စိတ်လှုပ်ရှားစွာပြောလိုက်၏။

"အစ်ကိုကြီး.. ခင်ဗျား သုံးသန်းပေးမယ်ဆိုရင် ကျုပ် ခင်ဗျားကိုပဲ ရောင်းမယ်"

ဘေးဘက်ရှိ လီရုန်ရုန်ကတော့ စိုးရိမ်ကြောင့်ကြသွားချေသည်။

ဤသွေးကျောက်မျက်၏ အရောင်နှင့် ခေတ်အခါမှာ အလွန်ခမ်းနားလွန်းလှသည်။ သူ(မ)လည်း အလွန်သဘောကျမိသည်။

သူ(မ) အနည်းငယ်တွေဝေနေမိသော်ငြား ပြိုင်ဘက်တစ်ယောက် ပေါ်လာချိန်မှာတော့ စိုးရိမ်သွားရသည်။

"ကျွန်မ သုံးသန်းနဲ့ ယူလိုက်မယ်"

လီရုန်ရုန်က အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်သည်။

ဤမြင်ကွင်းကြောင့် ယဲ့ချန်း အော်ရယ်လုမတတ်ပင်။ ဤမိန်းကလေးမှာ လှည့်စားခံနေရလေပြီ။ သူတို့နှစ်ယောက်က တစ်ကျိတ်တည်းတစ်ဉာဏ်တည်းသမားများပင်။

မိန်းမလှလေးများက လှည့်စားရလွယ်သည်ဟု ဆိုကြသည်။ ထိုစကားမှာ မှန်နေပုံပင်။

"မိန်းကလေးလီ... ဒါတော့မတရားဘူးနော်။ ကျုပ်ဘက်က သုံးသန်းကို အရင်ကမ်းလှမ်းတာလေ။

"ဒါပေမဲ့ ဒီလူက ကျွန်မဆီကို အရင်လာရောင်းတာလေ"

ထိုလူငယ်လေးမှာ သက်ပြင်းတချချ။

"ကဲပါ။ စကားမများကြပါနဲ့တော့။ ဒီလိုလုပ်.. ကျုပ်မှာလည်း ကိုယ်တိုင်သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေရှိတယ်။ မန်နေဂျာလီ.. ခင်ဗျား သုံးသန်းပေးမယ်ဆိုရင် ကျုပ် ခင်ဗျားကိုရောင်းလိုက်မယ်"

ထိုသို့ပြောပြီးနောက် လူငယ်လေးက နောင်တတကြီး ပြောလိုက်၏။

"တောင်းပန်ပါတယ် အစ်ကိုကြီးရေ.. ဒါပေမဲ့ ကျွန်တော်က သူတို့ဆိုင်မှာ လာရောင်းတာဆိုတော့ ကိုယ့်ကတိကိုယ်တည်မှဖြစ်မယ်"

"ဟူး..နှမြောဖို့ကောင်းလိုက်တာ။ ငါ ဒီသွေးကျောက်မျက်ကို တကယ်သဘောကျတာကွ"

ထိုလူကြီးက နောင်တတစ်ပွေ့တစ်ပိုက်ဖြင့် သက်ပြင်းချလိုက်သည်။

ယဲ့ချန်းကတော့ ရယ်သာရယ်ချင်နေတော့သည်။ မိုက်လိုက်တဲ့ ပြဇာတ်!

ဒီနှစ်ယောက်က သရုပ်ဆောင်သွားတာ တော်ချက်ပဲ..ဝါရင့်လူလိမ်တွေပဲ ဖြစ်ရမယ်

ယဲ့ချန်းက ကျိုးစုစုထံသို့ မက်ဆေ့ချ်တစ်စောင်ပို့ပြီးနောက် ရယ်မောလိုက်လေသည်။

"ရယ်ချင်စရာပဲ"

ယဲ့ချန်း၏ရယ်သံကို ကြားသောအခါ လူတိုင်း၏အကြည့်က သူ့ထံသို့ ရောက်လာသည်။

"ယဲ့ချန်း.. ဒါက ဘာသဘောလဲ"

လီရုန်ရုန်ခမျာ နားမလည်နိုင်သဖြင့် မေးလိုက်မိသည်။

ယဲ့ရှန်းက ယဲ့ချန်းကို ဆောင့်ဆွဲလိုက်သည်။

"ယဲ့ချန်း.. ရှင် နားမလည်ဘဲနဲ့ လျှောက်မပြောနဲ့လေ"

ယဲ့ချန်းက အမှုမထားဟန်ဖြင့် တခစ်ခစ်ရယ်လိုက်သည်။

"မင်းတို့တွေ ရူးနေကြပြီ။ ကျောက်မျက်အတုတစ်ခုအတွက်နဲ့ စကားများနေကြတယ်။ မရယ်ရလွန်းဘူးလား"

"ကျောက်အတုလား"

ယဲ့ချန်း၏စကားကြောင့် လူတိုင်း ကြက်သေသေကုန်ကြသည်။ ထို့နောက် စားပွဲပေါ်ရှိ အနီရောင်လဲ့နေသော သွေးကျောက်မျက်ကို ကြည့်လိုက်ကြပြန်သည်။

ထို့နောက် ယဲ့ချန်းကို စက်ဆုပ်မုန်းတီးဟန်ဖြင့် ကြည့်လိုက်ကြ၏။

"စတုတ္ထဆရာကတောင် ဒီကျောက်ကိုတောင် ချီးကျူးထားတာ။ တကယ့်အစစ်တဲ့။ ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ"

"ဒီကောင်လေးကို မရင်းနှီးနေဘူးနော်။ သူက ဘယ်ကလာတာလဲ"

"စတုတ္ထဆရာကိုတောင် မေးခွန်းထုတ်ရဲတယ်ဆိုတော့ ဒီကောင်လေး တော်တော်သတ္တိရှိတာပဲ"

…

ထိုလူငယ်လေး၏ မျက်နှာကား ဒေါသကြောင့် ရဲရဲနီသွားလေသည်။

"ဟေ့ကောင်.. မင်းပြောခဲ့တဲ့စကားအတွက် မင်း တာဝန်ယူရမယ်နော်။ ဒီကျောက်က ငါတို့မိသားစုထဲမှာ မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းလာတာကွ။ ဘယ်လိုလုပ်ပြီး အတုဖြစ်နိုင်မှာလဲ"

ရှေးဟောင်းဆိုင်ပိုင်ရှင်တော်တော်များများကလည်း ဝင်ပြောလာကြသည်။

"ဒီကျောက်မျက်ကို ငါတို့တွေအားလုံး အကဲဖြတ်ပြီးသွားပြီ။ အရောင် ထိတွေ့မှုနဲ့ အပွင့်က အကုန်အဆင်ပြေတယ်။ မင်း ဘာပြောနေလဲဆိုတာကိုတောင် သိရဲ့လား။ သက်သက်ဟိတ်ဟန်ထုတ်နေတာလား"

လီရုန်ရုန်လည်း မျက်မှောင်ကြုတ်လိုက်မိ၏။

"မစ္စတာယဲ့ ရှင်နားမလည်ဘူးဆိုရင် အလျင်စလိုနိုင်တဲ့မှတ်ချက်တွေကို မပေးပါနဲ့"

သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးကလည်း အေးတိအေးစက် ဝင်ပြောလာသည်။

"ရယ်ရတယ်ဟေ့။ ငါက သွေးကျောက်မျက်အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်သိထားပြီးသား။ ဒီကျောက်က တကယ့်အစစ်ပဲ။ အတုတဲ့လား။ ဘယ်နေရာက အတုလဲဆိုတာ ပြောစမ်းပါဦး"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျားတို့က ရှင်းပြခိုင်းနေမှတော့ ဘယ်နေရာက အတုလဲဆိုတာ အသေးစိတ်ပြရသေးတာပေါ့"

••••••••••••••••••

All Chapters