← Chapters

လက်စားချေခြင်း

Vol. 8 Ch. 118

လက်စားချေခြင်း

Vol. 8 Ch. 118

ရဲအရာရှိများက အပြေးအလွှားရောက်ချလာပြီး ထိုလူတစ်စုကို ဝိုင်းထားလိုက်ကြသည်။

ရဲတွေလာနေတာကို မြင်လိုက်ရချိန်မှာ ထိုလူတစ်သိုက်လည်း ချက်ချင်းကြက်သေသေကုန်ကြသည်။

"ပြေးကြ!"

ချန်ပင်းက အလန့်တကြားအော်ဟစ်လိုက်ပြီး ထွက်ပြေးလေတော့သည်။

သို့သော် သူတို့ကို ရဲများက ပိတ်ဝိုင်းထားသောကြောင့် ပြေးစရာမြေမရှိပေ။

ချန်ပင်းက နံရံကျော်တက်ချင်သော်ငြား သူ ခုန်လိုက်ချိန်မှာပင် လက်ကြီးတစ်စုံက သူ့ခြေထောက်ကို ဆွဲဖမ်းထားသည်။

"မင်းပဲလား"

ချန်ပင်းက အောက်ငုံ့ကြည့်လိုက်ချိန်မှာ ယဲ့ချန်းကို မြင်လိုက်ရသဖြင့် ချက်ချင်းမျက်နှာပျက်သွားသည်။

ယဲ့ချန်းက အားထုတ်သုံးလိုက်သည်။

"ဒီကိုဆင်းခဲ့"

ဒုန်း!

ချန်ပင်း မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။

"ရဲခေါ်လိုက်တဲ့လူက မင်းလား"

ချန်ပင်းမှာ အံတင်းတင်းကြိတ်ရင်း ပြောလိုက်သည်။

ယဲ့ချန်းကလည်း ရယ်၏။

"ဟုတ်တယ်။ ကျုပ်ပဲ။ စကားမစပ် ကျုပ် ခင်ဗျားကို မိတ်ဆွေတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ သူ့ကိုမှတ်မိလား"

ထိုအချိန်ဝယ် မိန်းကလေးတစ်ယောက်က ယဲ့ချန်းဘေးသို့ ရောက်ချလာသည်။

ထိုမိန်းကလေးကို မြင်သောအခါ ချန်ပင်း၏အမူအရာမှာ ပြောင်းလဲသွားသည်။

"မင်းလား"

လင်းယောင်ယောင်က ပုံပျက်ပန်းပျက်ဖြစ်နေသော ချန်ပင်းကို အေးစက်စက်ကြည့်လိုက်သည်။

"ရှင် ကျွန်မကိုမှတ်မိလား"

ချန်ပင်း ရုတ်တရက်အမှတ်ရလိုက်သည်။

"မင်းကိုး"

"ဟုတ်တယ်။ ကျွန်မမိသားစုကို ရှင် ဖျက်ဆီးခဲ့တာလေ။ ဒါတောင် ရှင်က လွတ်လွတ်လပ်လပ်သွားလာနိုင်နေတုန်းပဲ။ ကောင်းကင်ဘုံက တကယ်တရားမျှတတာပဲ"

ဘန်း!

လင်းယောင်ယောင်က သူ(မ)၏ဒေါက်ဖိနပ်ကိုမြှောက်၍ ချန်ပင်း၏ချက်ကောင်းတည့်တည့်ကို ကန်ပစ်လိုက်သည်။

"အား"

ချန်ပင်းခမျာ အသည်းအသန်အော်ဟစ်လေတော့သည်။

ဤကန်ချက်တွင် လင်းယောင်ယောင် နှစ်ပေါင်းများစွာတိုင်အောင် မျိုသိပ်ခဲ့ရသော အငြိုးများအားလုံးကို ဖွင့်ထုတ်ထားသည်ဖြစ်ရာ ချန်ပင်းတစ်ယောက် နာကျင်မှုကြောင့် သတိလစ်မတတ်ဖြစ်သွားသည်။

ထိုအချိန်ဝယ် ရဲအရာရှိတချို့က အပြေးအလွှားရောက်ချလာပြီး ချန်ပင်းကို ခေါ်သွားကြသည်။

လင်းယောင်ယောင်ကလည်း ကောင်းကင်ထက်သို့ အော်ပြောလိုက်သည်။

"မောင်လေး… ငါ နင့်အတွက် လက်စားချေနိုင်ခဲ့ပြီ"

ယဲ့ချန်းကတော့ တိတ်တိတ်လေးသာ မတ်တတ်ရပ်နေသည်။

နှစ်ပေါင်းများစွာအတွင်း လင်းယောင်ယောင် ဒုက္ခအများကြီးခံစားခဲ့ရသည်။ ယခုတော့ လက်စားချေနိုင်လိုက်ပြီဖြစ်ရာ နည်းနည်းတော့စိတ်ပြေသွားရလေပြီ။

လင်းယောင်ယောင်လည်း ယဲ့ချန်းကို လေးနက်တည်ကြည်စွာကြည့်၍ ပြောလိုက်သည်။

"ယဲ့ချန်း ကျေးဇူးတင်ပါတယ်။ အခုကစပြီး ကျွန်မက ရှင့်အပိုင်ပါပဲ"

ယဲ့ချန်း : "…"

လက်စားချေခြင်းပြီးဆုံးသွားသည့်အတွက် လင်းယောင်ယောင်လည်း သူ(မ)၏လုပ်ငန်းကို အာရုံစိုက်နိုင်ပြီဖြစ်၏။

နောက်တစ်နေ့တွင် ယဲ့ချန်း တက္ကစီပြန်မောင်းခဲ့သည်။ ခရီးသည်တစ်ယောက်ကို ပို့ပြီးနေုာက် ယဲ့ချန်း၏ဖုန်းက ရုတ်တရက်ထမြည်လာသည်။

ဖုန်းခေါ်ဆိုသူမှာ ဟယ်ကျားပင်။

"ယဲ့ချန်း..နင် အခုတလော ဘာတွေအလုပ်များနေတာလဲ။ ငါ့ကို လျစ်လျူရှုထားတာလား"

ယဲ့ချန်းလည်း နေရခက်ဟန်ဖြင့် ပြောလိုက်သည်။

"ငါ တစ်ချိန်လုံး တက္ကစီမောင်းနေတာလေ။ မဟုတ်ဘူးလား"

ဟယ်ကျား ရယ်မောလိုက်သည်။

"ဟင်း.. တက္ကစီမောင်းနေတာလား။ ကောင်မလေးတွေကို ဆွဲဆောင်နေတာလား။ အိမ်ပြောင်းသွားတာ‌တောင် ငါ့ကိုမပြောဘူး"

အစတုန်းကတော့ သူတို့၏အိမ်က နီးနီးလေးပင်။ သို့သော် နောက်ပိုင်းမှသာ ယဲ့ချန်းက ထျန်းချန်ယိပင်သို့ ပြောင်းသွားကြောင်း ဟယ်ကျားသိလိုက်ရသည်။

တစ်ခါတလေတွင် ထိုဗီလာကို ယဲ့ချန်း၏မိဘများကသာ လာလည်တတ်ကြသည်။

ယဲ့ချန်း၏အတန်းဖော်များထဲတွင် အဆက်အသွယ်ရှိသည့် တစ်ယောက်တည်းသောလူမှာ ဟယ်ကျားပင်။

အဓိကအကြောင်းအရင်းကတော့ ကောင်းမွန်လှသော ဟယ်ကျား၏စရိုက်ကြောင့်ဖြစ်ပြီး သူ(မ)သည် ပိုက်ဆံကြောင့်နှင့် ဘယ်သူ့ကိုမှ မမြှောက်ပင့်တတ်သလို ဘယ်သူ့ကိုမှလည်း အထင်မသေးတတ်ချေ။

သူ(မ)က မည်သူ့အပေါ်တွင်ဖြစ်စေ တန်းတူညီမျှဆက်ဆံတတ်သည်။

ဟယ်ကျားက ပြောလာသည်။

"စကားမစပ် ငါ ကိစ္စရှိလို့ ဖုန်းဆက်လိုက်တာ။ နင် မာကျင်းချန်ကို မှတ်မိလား"

ယဲ့ချန်း တစ်ခဏမျှ တွေဝေသွားရသည်။

"ခရိုင်အဆင့်စာစီစာကုံးပြိုင်ပွဲမှာ "ကျွန်တော့်အဖေက ခရိုင်မှူး"ဆိုတဲ့ခေါင်းစဉ်နဲ့ ပထမဆုရသွားတဲ့လူလား"

ဟယ်ကျားမှာ ရယ်မိပြန်သည်။

"ဟုတ်တယ်။ ဟုတ်တယ်။ သူပဲ။ မာကျင်းချန် နိုင်ငံခြားမှာ ပညာတော်သင်ပြီး ပြန်ရောက်နေပြီတဲ့"

ဤလူက ဟိတ်ဟန်ထုတ်လွန်းပြီး အရာရာတိုင်းတွင် ပထမရချင်နေသူတစ်ယောက်ဖြစ်ကြောင်း ယဲ့ချန်း မှတ်မိလိုက်သည်။

ကံဆိုးချင်တော့ ယဲ့ချန်းနှင့်တွေ့မှ အရာရာတိုင်းတွင် နောက်ကောက်ကျခဲ့ရသည်။

ဟယ်ကျား တဟားဟားရယ်လိုက်၏။

"မာကျင်းချန်က ငါတို့အတန်းဖော်တွေကို ယွီလုံတောင်တန်းဗီလာကို လာလည်ခိုင်းထားတယ်။ သူတို့ကိုဖိတ်ဖို့ ငါ့ကိုပြောထားတာပေါ့"

"သူက အခုကျမှ ဘာလို့ဒီလောက်တောင်ရက်ရောနေတာလဲ"

ဟယ်ကျားက ရယ်ကာမောကာဖြင့်…

"ကြွားတာလေဟယ်။ သူက အခု ဒါရိုက်တာရာထူးရနေပြီ"

အတန်းဖော်များအားလုံးလည်း မာကျင်းချန်၏စရိုက်ကို ကောင်းကောင်းသိထားကြသည်။ သူသည် ကြွားဝါရခြင်းကို သဘောကျသူပင်။

သို့သော် ကျေးလက်ဒေသသို့ ယဲ့ချန်း အမှန်တကယ်သွားလည်ကြည့်ချင်သည်။

ယွီလုံတောင်တန်းဗီလာဆိုသည်မှာ မိုတုမြို့၏ ဆင်ခြေဖုံးတွင် တည်ရှိပြီး တောင်တန်းများက ဝိုင်းရံထားကာ ရေကန်ကြီးတစ်ခုလည်း ရှိ၏။ ထိုနေရာကား ရှုခင်းသာယာလှပပြီး အနားယူရန် သင့်တော်သော နေရာတစ်ခုပင်။

"ဒါဆိုလည်း ကောင်းပြီလေ။ ငါ သူ့ကို မျက်နှာသာပေးရသေးတာပေါ့"

ယဲ့ချန်း ရယ်လိုက်လေသည်။

"အင်း။ ဒါဆို ငါ နင့်နာမည်ကို မှတ်ထားလိုက်တော့မယ်နော်"

ဟယ်ကျားက ဆို၏။

"ကောင်းပြီ။ ဒါနဲ့ AAစနစ်လား ဘာလား"

"မာကျင်းချန်ကတော့ ဒီတစ်ခေါက် ပျော်ပွဲစားအတွက် သူပဲ အကုန်ဒကာခံမယ်တဲ့"

ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။ အစတုန်းကတော့ အတန်းဖော်များအတွက် သူ ငွေချေပေးချင်ခဲ့သော်ငြား ကြွားလုံးထုတ်ချင်သူတစ်ယောက် ရှိနေသည်ဖြစ်ရာ ဖက်ပြိုင်နေစရာ မလိုအပ်ပေ။

"ဟားဟား.. သူက အခု သူဌေးဖြစ်နေပြီ။ ပိုက်ဆံပြတ်မနေဘူး"

ဟယ်ကျားကလည်း ရယ်၏။

"အင်း..ကောင်းတာပေါ့။ ငါကလည်း ကုန်းဆင်းရတာကို အကြိုက်ဆုံးပဲ"

ယဲ့ချန်း ရယ်မောလိုက်မိသည်။

"အတန်းထဲက ထိပ်တန်းကျောင်းသားက ပိုက်ဆံမရှိကြောင်း အမြဲညည်းတာပဲနော်"

ဟယ်ကျားခမျာ ဆွံ့အသွားရသည်။

"ငါက တကယ်ဆင်းရဲတယ်လေ။ ရှယ်ယာတွေအများကြီးကို ပိုင်ထားတယ်ဆိုပေမဲ့ ငွေသားမှ ထုတ်လို့မရတာ။ ငါသာ မဆင်းရဲဘူးဆိုရင် တက္ကစီမောင်းပါ့မလား"

"ဟုတ်ပါပြီ။ နင်ပြောတော့ ဘဝအတွေ့အကြုံယူတာဆို"

နှစ်ယောက်သားမှာ တစ်ယောက်ကိုတစ်ယောက် စနောက်နေကြသည်။

ဟယ်ကျားမှာ ယဲ့ချန်း၏ စရိုက်ကို သဘောကျမိသည်။ ချမ်းသာသော်လည်း ခပ်လျှိုလျှိုနေတတ်သည်။

ပိုက်ဆံရှိသည်နှင့် ထုတ်ကြွားပြတတ်သော တချို့ယောကျ်ားများလို မဟုတ်ပေ။ အထူးသဖြင့် မာကျင်းချန်ပင်။

…..

ထိုအချိန်တွင် မိုတုစီးပွားရေးစင်တာ၌…

ယောကျ်ားတစ်ယောက်မှာ နှာချေလိုက်မိသည်။

ငါ့အကြောင်းကို ဘယ်သူကတွေးနေပြန်တာတုန်း?

မာကျင်းချန်မှာ ဟွမ်ဖူမြစ်ကိုလှမ်းကြည့်ပြီး တက်ကြွသွားရသည်။

မိုတုမြို့ရေ.. ငါပြန်ရောက်ပြီဟေ့

ယဲ့ချန်း ငါပြန်လာပြီကွ..

လက်ရှိအချိန်တွင် မာကျင်းချန်က နာမည်ကြီးရင်းနှီးမြှုပ်နှံရေးကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာဖြစ်နေလေပြီ။ စီနီယာရုံးဝန်ထမ်းပေါင်းများစွာကို စီမံခန့်ခွဲနေရပြီး နှစ်စဉ်လစာလည်း သန်းနှင့်ချီ၍ ရနေလေပြီ။

သူ့လို အသက်အရွယ်မျိုးမှာ ယခုလိုလုပ်နိုင်ခြင်းမှာ အောင်မြင်မှုဟု သတ်မှတ်နိုင်သည်။

မာကျင်းချန်မှာ သူ့ဘဝကို အလွန်ကျေနပ်နေပေသည်။

ယခုဆိုလျှင် သူ့တွင် အဆင့်မြင့်ရုံးခန်းတစ်ခု၊ လက်ထောက်တစ်ယောက်နှင့် သူ့အတွက် နေ့တိုင်း ကော်ဖီဖျော်ပေးမည့် အတွင်းရေးမှူးတစ်ယောက်ပင် ရှိနေပြီဖြစ်ရာ သူ့နေထိုင်မှုပုံစံကို သူ အပြည့်အဝခံစားနေသည်။

ထို့ပြင် ကုမ္ပဏီထဲတွင် သူ့အဆင့်က အလွန်မြင့်မားလှ၏။ တတိယအမြင့်ဆုံးရာထူးပင်။ သူ့အထက်တွင် ဥက္ကဋ္ဌနှင့် စီအီးအိုတို့ပင် ရှိ၏။

ယခုတစ်ခေါက် မိုတုမြို့သို့ ပြန်ရောက်လာချိန်တွင် သူ့ခေါင်းထဲ ပထမဆုံးတွေးမိသောအရာမှာ အထက်တန်းကျောင်းတုန်းက အတန်းဖော်များနှင့် တွေ့ဆုံရန်ပင်။

အထက်တန်းကျောင်းဆိုသည်မှာ သူ့အတွက်တော့ မကောင်းသောအမှတ်တရတစ်ခု ဖြစ်ခဲ့သည်။

လက်သည်တရားခံကတော့ ယဲ့ချန်းပင်။

ယခုဆိုလျှင် သူသည် ပြောင်းလဲသွားလေပြီ။ ဤတစ်ခေါက်တော့ သူ အခြေအနေကို ပြောင်းပြန်လှန်ပြီး ကျောင်းသားဟောင်းတွေ့ဆုံပွဲတွင် ကြွားလုံးထုတ်ဖို့ ပြင်ဆင်ထားသည်။

ထိုစဉ်တုန်းက ရုပ်ရည်အရလည်း သူ ယဲ့ချန်းကို မယှဉ်နိုင်ခဲ့ပေ။ စာမေးပွဲရလဒ်တွင်လည်း သူက အမြဲတမ်း ဒုတိယနေရာကိုသာ ရခဲ့သည်။

ထို့ကြောင့် မာကျင်းချန်၏ စိတ်ထဲတွင် အထက်တန်းကျောင်းဆိုသည်မှာ ယဲ့ချန်း၏ဖြစ်တည်မှုကြောင့် မပြည့်စုံသောအမှတ်တရတစ်ခုဖြစ်ခဲ့သည်။

သူ့မှာ အမြဲလိုလို ယဲ့ချန်း၏အရှိန်အဝါအောက်မှာ နေခဲ့ရသည်။

အထူးသဖြင့် ယဲ့ချန်းက ခပ်လျှိုလျှိုနေတတ်ပါသည့်တိုင် မိန်းကလေးနှင့် ယောကျ်ားလေးများအားလုံးမှာ သူ့အနားတွင် ဝိုင်းအုံနေပေသည်။

ယဲ့ချန်းဘာလုပ်လုပ် ဆွဲဆောင်မှုရှိနေဟန်ပင်။

သို့သော် ယခုတော့ မာကျင်းချန် အလှည့်အပြောင်းကြီးတစ်ခု လုပ်နိုင်ခဲ့လေပြီ။

အခုအချိန်မှာ ရုပ်ချောတော့ရော ဘာအသုံးဝင်မှာလဲ။ လူမှုအဖွဲ့အစည်းထဲမှာ ရုပ်ရည်ထက် ဩဇာအာဏာကသာ အရေးပါတာ…

သူ့ကိုယ်သူ ဒုတိယဟု သတ်မှတ်လိုက်လျှင် မည်သူကမှ ပထမနေရာကို ဝင်မယူရဲပေ။

မာကျင်းချန်ခမျာ ကြွားရဖို့ မစောင့်နိုင်တော့ပေ။

ဤတစ်ခေါက်တွင် မာကျင်းချန်ဆိုသည်မှာ တန်းခွဲတစ်နှင့် တန်းခွဲနှစ်တွင် အတော်ဆုံးဖြစ်ကြောင်း အတန်းဖော်များကို သက်သေပြပေတော့မည်။

သူကသာ ဘဝ၏အထွတ်အထိပ်တွင် ရပ်တည်နေသော ပြိုင်ဘက်ကင်းအောင်နိုင်သူပင်။

သူ့အဆင့်အတန်း၊ ရာထူးနှင့် ချမ်းသာကြွယ်ဝမှုကို သူ့အတန်းဖော်များ အထင်ကြီးလေးစားတာကို သူလိုချင်သည်။

အထူးသဖြင့် ယဲ့ချန်းပင်။ ယဲ့ချန်းကို အနိုင်ပိုင်းပြီး သူ့အား မနာလိုအားကျလာအောင် လုပ်ချင်သည်။

ယဲ့ချန်းကို အရှက်ခွဲရတော့မည်ဟု တွေးလိုက်မိရုံဖြင့် မာကျင်းချန် မရယ်ဘဲမနေနိုင်တော့ချေ။

"အထက်တန်းကျောင်းတဲ့။ သိပ်လှပတဲ့အခါသမယပဲ။ ဒီတစ်ခေါက်တော့ ငါ လက်စားချေနိုင်တော့မယ်"

ယဲ့ချန်း ဒီတစ်ခါတော့ မင်းကို ငါ့ခြေထောက်အောက်မှာ ပြားပြားဝပ်နေစေရမယ်...

ငါက တန်းခွဲတစ်နဲ့ တန်းခွဲနှစ်ရဲ့ အခရာပဲ။ ပြိုင်ဘက်ကင်းအောင်နိုင်သူပဲ...

.....

နောက်တစ်နေ့မနက်စောစောတွင် ယဲ့ချန်းမှာ Cullinanကားလေးကိုမောင်း၍ ယွီလုံတောင်တန်းဗီလာသို့ မောင်းလာခဲ့လိုက်သည်။ အဝေးပြေးလမ်းမကြီးအတိုင်း ယွီလုံရှုခင်းသာနေရာဆီသို့ ဦးတည်လာခဲ့သည်။

လတ်ဆတ်သောလေပြည်နှင့် ရနံ့တို့ကြောင့် ယဲ့ချန်း၏စိတ်အခြေအနေလည်း ပိုမိုကောင်းမွန်လာသည်။

ထို့နောက် ကားကို ကားပါကင်တွင် ရပ်ထားခဲ့လိုက်ပြီး တောင်တန်းဗီလာရှိ ဟိုတယ်ဆီသို့ ထွက်လာခဲ့သည်။

ထိုအချိန်ဝယ် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။ ခြေလှမ်းများကို တုံ့ခနဲရပ်တန့်လိုက်ပြီးနောက် ဂျက်တာကားအစုတ်ကို ကျောမှီရင်း ဖုန်းကိုင်လိုက်၏။

တိုက်ဆိုင်ချင်တော့ မာကျင်းချန်ကလည်း ပေါ်ရှေးကားဖြင့် ရောက်ချလာသည်။

•••••••••••••••••••

All Chapters