← Chapters

တက္ကစီဒရိုင်ဘာက ကျွန်မချစ်သူ

Vol. 8 Ch. 108

တက္ကစီဒရိုင်ဘာက ကျွန်မချစ်သူ

Vol. 8 Ch. 108

"ဒီကောင်လေးက အရမ်းစာနာတတ်တာပဲ"

"ဟုတ်တယ်။ ပစ္စည်းပို့သမားရဲ့အပြစ်ဆိုတာ သိသာနေတာတောင် သူကတော့ လျော်ကြေးမတောင်းဘူးတဲ့"

"ဝိုး... ဒီလူက ကြင်နာတတ်သားပဲ"

"သူ့ကို ရင်းနှီးနေသလိုပဲ။ ဟုတ်သားပဲ.. သူက ယဲ့ချန်းမဟုတ်ဘူးလား"

ယဲ့ချန်းက ယခုမှ ရိုက်ကွင်းထဲက ထွက်လာခြင်းဖြစ်သောကြောင့် သူ့ဆွဲဆောင်မှုအမှတ်ကို ပြန်ညှိရန် မေ့သွားခဲ့သည်။ ထို့ကြောင့် လူအုပ်ကြီးက သူ့ကို ချက်ချင်းမှတ်မိသွားသည်။

"တကယ်ကြီး ယဲ့ချန်းဟ!"

"အနုပညာရှင်တစ်ယောက်ဆိုတာ ဒီလိုဖြစ်သင့်တာ"

"ယဲ့ချန်းကို အရမ်းသဘောကျတာပဲ။ အရမ်းစာနာတတ်ပြီး အရမ်းချောတယ်"

ပွဲကြည့်သူတော်တော်များများက ဗီဒီယိုများနှင့် ဓာတ်ပုံများကိုရိုက်ယူ၍ အွန်လိုင်းပေါ်တွင် ရှဲလိုက်လေတော့သည်။

ရှာဖွေမှုအများဆုံးစာရင်းတွင် ယဲ့ချန်းက ကြီးစိုးထားသည်။

"ယီမန်ရိုက်ကွင်း : ယဲ့ချန်းက ဂျိမ်းစ်ကို အနိုင်ယူလိုက်ခြင်း"က ပထမနေရာတွင် ယူထား၏။

ဒုတိယနေရာတွင်မူ : အလှဆုံးသောအပြုံး၊ ပစ္စည်းပို့သမားတစ်ယောက်က ဇိမ်ခံကားတစ်စီးကို ဝင်တိုက်မ်တဲ့အတွက် ငိုနေခဲ့ပေမဲ့ ယဲ့ချန်းကတော့ ရယ်လိုက်တယ်။ ယာဉ်ထိန်းရဲတွေ ရောက်လာပြီး မတော်တဆမှုကိုဖြေရှင်းပြီးတဲ့နောက် ယဲ့ချန်းက ကားပေါ်ကို ပြန်တက်သွားတယ်

ယဲ့ရှန်းကိုယ်တိုင်လည်း သူ(မ)ဘေးရှိ အမျိုးသားကို စဘောကျပြီးရင်း သဘောကျနေမိသည်။

သူက ရုပ်ရည်ချောမောရုံသာမက ပိုအရေးကြီးသည့်အချက်မှာ သူသည် အလွန်စာနာသနားတတ်သည်။

သူဟာ အကောင်းဆုံးစိတ်ထားပိုင်ရှင်ပင်။

"ယဲ့ချန်း.. ရှင့်ကားကိုပြင်ရင် တော်တော်ကုန်မှာပဲနော်"

ယဲ့ရှန်း မေးကြည့်လိုက်သည်။

"ရပါတယ်။ အဲဒီလောက်ကတော့ ငါ့အတွက် မပြောပလောက်ပါဘူး။ အဲဒီပစ္စည်းပို့သမားကိုသာ လျော်ခိုင်းလိုက်ရင် သူ မွဲပြာကျသွားလိမ့်မယ်"

"ယဲ့ချန်း ရှင်က အရမ်းသဘောထားပြည့်ဝတာပဲ"

ယဲ့ရှန်းက စိတ်ရင်းအစစ်အမှန်ဖြင့် ပြောလိုက်၏။

"ဟားဟား မင်း ငါ့ကို ကြွေသွားတာ​တော့ မဟုတ်ဘူးမလား"

ယဲ့ချန်း စနောက်လိုက်သည်။

"ဟင့်အင်း မကြွေပါဘူး"

ယဲ့ရှန်းခမျာ အနည်းငယ်ရှက်သွေးဖြာသွားသည်။

ယုံချွင်းသိုင်းခန်းမသို့ ရောက်သောအခါ ယဲ့ရှန်း ကားပေါ်ကဆင်းပြီးနောက် ရုတ်တရက်မေးလိုက်၏။

"ယဲ့ချန်း ကျွန်မ ရှင့်ကို သဘောကျနေတာများလား"

ထိုသို့ပြောပြီးနောက် ယဲ့ရှန်း ထွက်ပြေးသွားချေသည်။

အမလေး.. ဒါက အချစ်ကို ဖွင့်ဟဝန်ခံခြင်းတစ်မျိုးလား?

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ စတုတ္ထမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းနိုင်ခဲ့ပါပြီ။ ဆုလာဘ်ကတော့ ဆီဆာလုပ်ငန်းစုဖြစ်ပါတယ်]

ဆီဆာလုပ်ငန်းစုဆိုသည်မှာ မိုတုမြို့ရှိ ဘားများ၊ ကပွဲခန်းမများ၊ ကေတီဗီများနှင့် ကလပ်ပေါင်းများစွာကို ပိုင်ဆိုင်ထားပြီး ဖျော်ဖြေရေးနှင့် အစားအသောက်ဧည့်ခံရေးတို့ပါ ပါဝင်သော ပူးတွံကုမ္ပဏီတစ်ခုဖြစ်၏။

ဆီဆာလုပ်ငန်းစု၏လက်အောက်ရှိ လုပ်ငန်းများအားလုံးမှာ ရှုပ်ထွေးပွေလီလှသည်။

ကိစ္စမရှိပေ။ မည်သို့ပင်ဖြစ်စေ ဝင်ခွင့်အခမဲ့ဖြစ်သောကြောင့် သတိထားရန်သာ လိုအပ်သည်။

ယဲ့ချန်းလည်း ကားကို ဝပ်ရှော့ပို့လိုက်ပြီးနောက် တက္ကစီဆက်မောင်းရန်အတွက် ဒရိုင်ဘာဝတ်စုံကိုလဲဖို့ အိမ်ပြန်ခဲ့လိုက်သည်။

ထွက်လာခဲ့သည့်အချိန်မှာပင် ထန်းလုက သူ့ကို ဖုန်းခေါ်လာသည်။

ထန်းလူ၏သူငယ်ချင်းက သူ(မ)နှင့်အတူ နိုက်ကလပ်တစ်ခုသို့ အတူသွားချင်နေခြင်းပင်။ သို့သော် ဘားများက မလုံခြုံဘူးဟု ထန်းလု ထင်သောကြောင့် ယဲ့ချန်းကိုပါ အဖော်ပြုပေးရန် ခေါ်ချင်မိသည်။

ယဲ့ချန်း သဘောတူလိုက်သည်။

"ကောင်းပြီလေ။ နိုက်ကလပ်ဝင်ပေါက်မှာ စောင့်နေနော်။ ဒီည ခုနစ်နာရီခွဲနော်"

ဆီဆာဘားဆိုသည်မှာ မိုတုမြို့လယ်ခေါင်တွင် တည်ရှိပြီး မိုတုမြို့၏ ဖက်ရှင်အကျဆုံးနှင့် ရေပန်းအစားဆုံးဘားပင်။

ထိုနေရာကား လူငယ်များအတွက် နိဗ္ဗာန်ဘုံတစ်ခုဖြစ်ပြီး သွားလည်ရန်အတွက် ရေပန်းအစားဆုံးနေရာတစ်ခုဖြစ်၏။

ညဘက်ရောက်သော် ဘားဖွင့်လိုက်သည်နှင့် လူများ ပြည့်ကျပ်သွားသည်။

ဝင်ပေါက်တွင် မတ်တတ်ရပ်နေသည်မှာ ဆွဲဆောင်မှုရှိိလှသော အလှပဂေးလေးနှစ်ယောက်ပင်။

တစ်ယောက်က ထန်းလုဖြစ်ပြီး ကျန်တစ်ယောက်က ထန်းလု၏သူငယ်ချင်းဖြစ်သူ စုန့်ယွီမုန့်ပင်။

သူတို့နှစ်ယောက်စလုံးက ရုပ်ရည်ရမှတ်၉၀နှင့် အထက်ရှိသော အလှပဂေးလေးများဖြစ်ပြီး ဝင်ပေါက်တွင် မတ်တတ်ရပ်ရင်း ပုရိသများ၏အကြည့်များကို ဆွဲဆောင်ထားသည်။

ထန်းလုက ဖြူစင်ပြီး ချစ်စဖွယ်ကောင်းကာ ရေခဲကြာပန်းတစ်ပွင့်အလား ထူးခြားလှသော အလှတရားတစ်ခုကို ထုတ်လွှတ်နေပေသည်။

စုန့်ယွီမုန့်က ဆွဲဆောင်မှုပြင်းရှသော နှင်းဆီတစ်ပွင့်အလားပင်။ အထူးသဖြင့် ဗိုက်ပေါ်အင်္ကျီလေးကြောင့် အလွန်လန်းလှသည်။

"ဝိုး.. ဒီနတ်ဘုရားမနှစ်ပါးက အရမ်းလှတာပဲ"

"နှစ်ယောက်စလုံးက အလှလေးတွေ​နော်။ သူတို့ ဘယ်သူ့ကို စောင့်နေတာပါလိမ့်"

"သူတို့နှစ်ယောက်ကို ပိုင်ဆိုင်ထားတာ သာမန်လူတော့ မဖြစ်နိုင်ဘူး။ လူကုံထံတစ်ယောက်ဆိုတာ သေချာပေါက်ပဲ"

စုန့်ယွီမုန့်က သူ(မ)၏နာရီကိုကြည့်ရင်း နှုတ်ခမ်းစူလိုက်မိသည်။

"ရှောင်လု.. နင့်ကောင်လေးက ဘာလို့ရောက်မလာသေးတာလဲ"

"ခဏနေရင် ရောက်လာတော့မှာပါ။ အချိန်မကျသေးဘူးမလား"

"ရှောင်လု..ငါတို့ သူ့ကို အထဲဝင်ပြီး စောင့်ရအောင်လေ"

စုန့်ယွီမုန့်က အကြံပြုလိုက်၏။

"ဟင့်အင်း။ ဘားတွေက အရမ်းပရမ်းပတာနိုင်တာ။ ငါ့ကောင်လေးနဲ့မှ အထဲကိုဝင်မှာ"

ထန်းလုက မိန်းမကောင်းလေးတစ်ယောက်အလား ပြောလိုက်၏။

"အိုး... ငါတို့ရဲ့သခင်မလေးထန်ကို အခုလိုလုပ်နိုင်တဲ့လူက ဘယ်သူလဲဆိုတာ သိချင်သေးတယ်"

စုန့်ယွီမုန့်က စနောက်လိုက်သည်။

"သူက ကမ္ဘာပေါ်မှာ အခန့်အညားဆုံးနဲ့ အတော်ဆုံးလူပဲ"

ထန်းလုက ဂုဏ်ယူဝင့်ကြွားစွာ ကြွားဝါလိုက်သည်။

"နင့်ကောင်လေးက ဘာအလုပ်လုပ်တာလဲ"

စုန့်ယွီမုန့်လည်း သိချင်စိတ်ပြင်းပြစွာမေးလိုက်၏။

လူတော်တော်များများကလည်း အနားသို့ ဝိုင်းအုံလာပြီး ထိုအလှလေးကို မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ပိုင်ဆိုင်ထားသလဲဆိုတာကို သိချင်စိတ်ပြင်းပြနေကြသည်။

ထန်းလုကလည်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

"ငါ့ကောင်လေးက တက္ကစီဒရိုင်ဘာလေ"

"တက္ကစီဒရိုင်ဘာ?"

စုန့်ယွီမုန့် ကြောင်အသွားချေသည်။

ထန်းလုဆိုသည်မှာ မည်သူနည်း။ ထန်မိသားစု၏ အကြီးဆုံးသခင်မလေးပင်။

သူ(မ)၏ချစ်သူက သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်တဲ့လား!

အရေးအကြီးဆုံးမှာ သခင်မလေးထန်က သူ့ချစ်သူကို အလွန်နာခံဟန်ဖြင့် ဘားရှေ့တွင် ရပ်စောင့်နေသည်။

"ဟမ့်! နင် ငါ့ကို အရူးလုပ်နေတာလား"

စုန့်ယွီမုန့်ခမျာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရှာသည်။

"တကယ်ပြောတာ။ သူက တက္ကစီဒရိုင်ဘာတစ်ယောက်ဆိုပေမဲ့ အရမ်းတော်တာ။ ငါ သူ့ကို အရမ်းချစ်တယ်"

ထန်းလု၏မျက်နှာထက်၌ ပျော်ရွှင်နေဟန် အငွေ့အသက်များ ပြည့်နှက်နေသည်။

"ငတုံးမလေး"

စုန့်ယွီမုန့်လည်း ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်လေသည်။

ချစ်မိသွားသော မိန်းကလေးများက အိုင်ကျူမရှိတော့ကြောင်း သူ(မ) သိသည်။ ယဲ့ချန်းကသာ ထန်းလုပြောသလို တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နေပါက သူ(မ)၏သူငယ်ချင်းကို ရအောင်ကယ်ထုတ်မည်ဟု စုန့်ယွီမုန့် စိတ်ပိုင်းဖြတ်ထားသည်။

ယနေ့ခေတ်တွင် လူချောလေးများက​ နေရာတိုင်းတွင် ရှိသည်။

အရေးကြီးသောအချက်မှာ ယောကျ်ားတစ်ယောက်၏ရုပ်ရည်မဟုတ်ဘဲ သူ့အစွမ်းအစပင်။

သူ(မ)ကတော့ ရိုးသားပြီး ချစ်စရာကောင်းသည့် သူ(မ)၏သူငယ်ချင်းကို အရှုံးသမားတချို့ထံမှ အရူးလုပ်ခံရတာမျိုး မမြင်ချင်ပေ။

စုန့်ယွီမုန့်၏မိသားစုက ထန်းလု၏မိသားစုကဲ့သို့ အင်အားမတောင့်တင်းသော်လည်း သူ(မ)လည်း ဒုတိယမျိုးဆက် လူကုံထံတစ်ယောက်ဖြစ်၏။

သူ(မ)၏မျက်လုံးထဲတွင် ပိုင်ဆိုင်မှုတစ်ဘီလျံအောက်နိမ့်သော ယောကျ်ားများက သူတို့လို ချမ်းသာပြီး လှပချောမောသော မိန်းကလေးများနှင့် လက်ထပ်ရန် အရည်အချင်းမရှိပေ။

စုန့်ယွီမုန့်က အချစ်စစ်ကိုရှာဖွေရန် ဘားကိုရောက်လာခြင်းမဟုတ်။ ပျော်ရွှင်မှုကို ရှာဖွေရန်အတွက်သာ။

သူ(မ)က အမျိုးသားများကို ကစားရခြင်းအား ပျော်မွေ့သည်။

ထိုအချိန်မှာပင် ရှားလိကားဟောင်းတစ်စင်းက အနားသို့ ရောက်ချလာသည်။

ထန်းလုလည်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။

"ငါ့ကောင်လေး ရောက်လာပြီ"

အစတုန်းကတော့ ထန်းလု သူ(မ)ကို စနောက်နေသည်ဟု တွေးမိသဖြင့် မယုံကြည်နိုင်ပေ။

သို့သော် ထိုရှားလိကားအဟောင်းကြီးကို မြင်လိုက်ရသောအခါ စုန့်ယွီမုန့်လည်း ယုံကြည်လိုက်ရတော့သည်။

ထန်းလု၏ချစ်သူက တကယ် တက္ကစီမောင်းနေလေသည်။

ကားထဲကထွက်လာသော ယဲ့ချန်းမှာ အလွန်ချောမောခန့်ညားလှသည်။

ယဲ့ချန်းအနေနှင့် သူ့ဆွဲဆောင်မှုရမှတ်ကို သုညအထိ ​ထိန်းညှိထားသော်လည်း ဤသည်မှာ သူ့အား ရုပ်ရှင်စတားတစ်ယောက်ဟု မမှတ်မိစေရန်သာ။

ချောမောခန့်ညားသော သူ့ရုပ်ရည်ကတော့ မျက်စိကျိန်းချင်စရာကောင်းနေဆဲပင်။

မူလတုန်းကတော့ ယဲ့ချန်းလည်း သူ့Lykanကို ထုတ်မောင်းလာချင်ခဲ့သည်။

သို့သော် အစောကပင် သူ တက္ကစီဆွဲခဲ့ရသေးသဖြင့် ကားပြောင်းရန် အချိန်မရလိုက်ပေ။

ဘားတွင် ဝရုန်းသုန်းကားဖြစ်သွားမှာကိုလည်း စိုးရိမ်မိသောကြောင့် တန်းလာခဲ့လိုက်သည်။

ယဲ့ချန်းကိုမြင်သောအခါ စုန့်ယွီမုန့်လည်း ကြက်သေသေသွားရသည်။

သူက တက္ကစီဒရိုင်ဘာအနေနဲ့ ရှားလိကားကို တကယ်ကြီးမောင်းတယ်ဟ!

ယဲ့ချန်းကိုမြင်သော် ထန်းလုမှာ အလွန်ကျေနပ်သွားပြီး သူ့လက်မောင်းကို ကိုင်ထားလိုက်၏။

ပတ်ပတ်လည်ရှိ လူတော်တော်များများကတော့ ဤအလှပဂေးလေးနှစ်ယောက်၏ချစ်သူက ဘယ်မိသားစုက သခင်လေးများ ဖြစ်မလဲဟု စောင့်မျှော်နေကြသည်။

တစ်ချိန်လုံးစောင့်ပြီးခါမှ ရှားလိကားမောင်းသော လူတစ်ယောက်ဖြစ်နေပေသည်။

ငါ့ကောင်ရေ.. ဆီဆာဘားဆိုတာ ဘယ်လိုနေရာမျိုးလဲ?

ဒီနေရာက ဘာဥစ္စာဓနမှမပါရင် ဘယ်သူမှမလာရဲတဲ့နေရာမျိုးပဲ။

ထိုမျှလှပချောမောသော မိန်းကလေးများအတွက်ဆိုလျှင် ချောမောပြီး ချမ်းသာကြွယ်ဝသော သူဌေးသားတစ်ယောက်ဖြစ်နေမှသာ လူတွေက ပိုစိတ်အေးကြသည်။

ဒါပေမဲ့ သေလိုက်ပါတော့.. ရှားလိကားမောင်းတဲ့ ကောင်တစ်ကောင်ဖြစ်နေတာပဲ...

"တကယ်ပါပဲ။ မိန်းမကောင်းလေးတွေ အကုန်လုံးကို ဝက်တူးသွားပြီဟေ့!"

"သေစမ်း.. ငါက BMWမောင်းတာလေ။ ငါကျတော့ ဒီလိုမိန်းမလှမျိုးကို ဘာလို့မပိုင်ဆိုင်ရတာလဲ"

"အဲဒီလူက တက္ကစီဒရိုင်ဘာလို့ ကြားထားတယ်"

ရုတ်ခြည်းဆိုသလို ဘားဝင်ပေါက်တွင် ငိုကြွေးသံများ ပဲ့တင်ထပ်သွားလေသည်။

•••••••••••••••••

All Chapters