← Chapters

သစ္စာခံဆေးရည်

Vol. 8 Ch. 112

သစ္စာခံဆေးရည်

Vol. 8 Ch. 112

ယဲ့ချန်း ချန်းမုန့်ယောင်၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

"ဥက္ကဋ္ဌချန်း ကျွန်တော့်အိမ်ကိုခဏလောက်လာခဲ့ပါဦး"

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌယဲ့"

ချန်းမုန့်ယောင်က ဖုန်းချပြီးနောက် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

ထောင်ဇီနှင့် အခြားလူများက သူ့ကိုထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်နေကြလေပြီ။ သူ တစ်ခုခုခံစားမိလို့များလား။

ချန်းမုန့်ယောင်ကတော့ ဤတိုက်ပွဲကို စိတ်မဝင်စားချေ။ သူ(မ)က ပွဲကြည့်သူလုပ်ပြီး အကျိုးအမြတ်များကို ရိတ်သိမ်းမည်သာ။

ယဲ့ချန်ပင်ဖြစ်စေ စွန်းထောင်ပင်ဖြစ်စေ သူ(မ)အတွက် ဘာမှမထူးခြားပေ။

ချန်းမုန့်ယောင်လည်း သူ(မ)၏ဖယ်ရာရီဖြင့် ထျန်းချန်ယိပင်သို့ မောင်းလာခဲ့လိုက်သည်။

ယဲ့ချန်း၏အိမ်သို့ရောက်သောအခါ ယဲ့ချန်းက လက်ဖက်ရည်တစ်အိုးတည်၍ သူ(မ)ကိုစောင့်နေကြောင်း သိလိုက်ရသည်။

"ဘော့စ်"

ချန်းမုန့်ယောင် လေးလေးစားစားပြောလိုက်သည်။

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြ၏။

"ထိုင်ပါဦး"

"အင်း"

ချန်းမုန့်ယောင်မှာ ယဲ့ချန်းနှင့်မျက်နှာချင်းဆိုင်တွင် တရိုတသေဝင်ထိုင်လိုက်သည်။

ယဲ့ချန်းမှာ သူ့အရှေ့ရှိ အမျိုးသမီးကို ကြည့်လိုက်သည်။

ရုပ်ရည်ရမှတ်၉၆မှတ်ရှိသည်ဖြစ်ရာ အလှပဂေးတစ်ယောက်ဖြစ်သည်မှာ သေချာသည်။ အရေးအကြီးဆုံးမှာ သူ(မ)က အလွန်လိမ္မာပါးနပ်ကြောင်း ယဲ့ချန်း အတပ်ပြောနိုင်သည်။

အမျိုးသမီးတစ်ယောက်က အလွန်ထက်မြက်နေပါက ယောက်ျားများအတွက် မကောင်းပေ။

ယဲ့ချန်း ပြုံးပြုံးလေးစကားဆိုလိုက်သည်။

"ဥက္ကဋ္ဌချန်း ကျုပ်တို့ကုမ္ပဏီနဲ့ပတ်သက်ပြီး ခင်ဗျားဘယ်လိုထင်လဲ"

"အခုအချိန်မှာ ကုမ္ပဏီက ကောင်းကောင်းလည်ပတ်နေပါတယ်။ ဥက္ကဋ္ဌယဲ့ရဲ့ ဦးဆောင်မှုနဲ့သာဆိုရင် ထိပ်တန်းအထိ ရောက်နိုင်မယ်ဆိုတာ ကျွန်မယုံပါတယ်"

ယဲ့ချန်းမှာ ချန်းမုန့်ယောင်၏ မြှောက်ပင့်မှုကြောင့် သရော်ပြုံးပြုံးလိုက်မိသည်။

ဒီမိန်းကလေးက တော်တော်ဉာဏ်များတာပဲ..

အပြင်ဘက်တွင် မုန်တိုင်းထန်နေသည်မှာ သိသာလှသော်လည်း သူ(မ)ကတော့ ဤနေရာတွင် သူ့အတွက် ငြိမ်းချမ်းရေးသီချင်း လာဆိုပြနေသည်။

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"လက်ဖက်ရည်သောက်ပါဦး။ ဒါက အထူးထုတ်တာ့ဟုန်းပေါင်လေ"

ချန်းမုန့်ယောင်လည်း လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံမော့သောက်လိုက်သည်။

အရသာကား ချိုမြမြဖြင့် အလွန်လန်းဆန်းလှသည်။

"ဘော့စ် ဒီလက်ဖက်ရည်က အရမ်းကောင်းတာပဲ"

ယဲ့ချန်း ခပ်ဖွဖွပြုံး၍ ချန်းမုန့်ယောင်ထံမှ ပြောင်းလဲမှုကို စောင့်ကြည့်နေလိုက်သည်။

ဤလက်ဖက်ရည်ထဲတွင် ယဲ့ချန်း သစ္စာခံဆေးရည်ကို ထည့်ထား၏။

ချန်းမုန့်ယောင်၏ အမူအရာမှာ သိသိသာသာပြောင်းလဲသွားပြီး ယဲ့ချန်းကိုကြည့်သော သူ(မ)၏အကြည့်ကလည်း အလွန်အမင်းလေးစားသွားလေဟန်ပင်။

"ဥက္ကဌယဲ့! ရှင် ဒီည ညစာစားပွဲကို တက်လို့မဖြစ်ဘူး။ အဲဒါက စွန်းထောင် ရှင့်ကို ထောင်ချောက်ဆင်ထားတာ။ သူက ရှယ်ယာရှင်တွေနဲ့တွေ့ဆုံပြီး ရှင့်ကို ထိပ်တိုက်တွေ့ဖို့ပြင်ဆင်ထားပြီးပြီ"

ချန်းမုန့်ယောင်၏စကားများကို ကြားလိုက်ရသောအခါ ယဲ့ချန်းလည်း သက်ပြင်းမောချလိုက်မိသည်။

ဤသစ္စာခံဆေးရည်မှာ အလွန်အစွမ်းထက်လှသည်။

ယခုတော့ ချန်းမုန့်ယောင်က အလွန်အမင်းနာခံနေသည်ဖြစ်ရာ သူ့မဟာမိတ်အဖြစ် သတ်မှတ်နိုင်သည်။

ယဲ့ချန်း ခေါင်းညိတ်ပြပြီး မေးလိုက်သည်။

"မင်းရော ဘယ်လိုမြင်လဲ"

ချန်းမုန့်ယောင်က ဆိုလေသည်။

"ဘော့စ် တကယ်တော့ ဒီလူတွေက မြေခွေးအိုကြီးတွေပါ။ သူတို့က စောင့်ကြည့်ရုံပဲစောင့်ကြည့်နေကြတာ။ ကျွန်မတို့ စွန်းထောင်ကိုသာ ရှင်းနိုင်ရင် တခြားလူတွေက ဘာခြိမ်းခြောက်မှုမှ မပေးနိုင်တော့ဘူး"

ယဲ့ချန်း ခေါင်းညိတ်လိုက်သည်။

"မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"

"ကျွန်မကိုယ်တိုင် စွန်းထောင်ကို သတ်ပစ်မယ်"

ဖွီး!

ယဲ့ချန်းခမျာ သောက်ထားသော လက်ဖက်ရည်များပင် ပန်းထွက်သွားလေသည်။

အမလေး.. ဒီမိန်းကလေးက လှပေမယ့် ညှာတာမှုလည်းမရှိပါလား။

သူမက သတ်ဖြတ်ဖို့တောင် တွေးနေပြီ!

"မဖြစ်ဘူး။ ဥပဒေကိုလိုက်နာတဲ့ လူ့အဖွဲ့အစည်းထဲမှာ လူတစ်ယောက်ကိုသတ်ရင် မင်းလည်း ငြိစွန်းလိမ့်မယ်"

"ဘော့စ်"

သစ္စာခံဆေးရည်၏ အကူအညီကြောင့် ချန်းမုန့်ယောင်၏ မျက်လုံးထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

ယခုဆိုလျှင် ယဲ့ချန်းအပေါ်ထားသော ချန်းမုန့်ယောင်၏သစ္စာစောင့်သိမှုမှာ တစ်ရာအထိရောက်သွားလေပြီ။ အကယ်၍ ယဲ့ချန်းကသာ သူ(မ)ကိုသေခိုင်းလိုက်ပါက သူမကလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သေလိမ့်မည်သာ။

ယဲ့ချန်း ပြောလိုက်သည်။

"ဒီည မင်း ငါနဲ့အတူ စားသောက်ပွဲကိုလိုက်ခဲ့ရမယ်။ ဒါပေမဲ့ ဒီတာ့ဟုန်းပေါင်ကို အလကားမဖြစ်စေနဲ့။ တခြားလူတွေအတွက်ပါ ယူခဲ့လိုက်"

ည၈နာရီတွင် ယဲ့ချန်း ဝမ်ချွင်းဟိုတယ်သို့ ရောက်လာခဲ့သည်။

ယဲ့ချန်းမှာ ပတ်ပတ်လည်ကိုကြည့်လိုက်လေရာ အမှုဆောင်များအားလုံး ရောက်နေသော်လည်း စွန်းထောင်ကတော့ မရောက်သေးပေ။

စွန်းထောင်က သူ့ကို ဒုက္ခရောက်အောင် ကြံစည်နေကြောင်း သူသိထားသည်။

ယဲ့ချန်းလည်း လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်ဖွဖွပြုံးလိုက်မိ၏။

"အားလုံးပဲ... ကျွန်တော်က ယဲ့ချန်းပါ။ ကျွန်တော်တို့ ဆီဆာလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌအသစ်ပေါ့"

အမှုဆောင်များကလည်း ယဲ့ချန်းကိုကြည့်၍ စိတ်ထဲမှ ခပ်တိတ်တိတ် ခေါင်းခါယမ်းလိုက်မိကြသည်။

ဒီလူငယ်လေးက စွန်းထောင်ကို ဘယ်လိုယှဉ်ပြိုင်နိုင်မှာလဲ။

သနားစရာပဲ... ဒီညတော့ ဒီလူငယ်လေး ဆိုးဝါးတဲ့ကံကြမ္မာနဲ့ ကြုံတွေ့ရတော့မယ်..

ယဲ့ချန်း၏အကြည့်က ထိုလူအုပ်ကြီးထံသို့ ဝေ့ဝဲရောက်ရှိသွားသည်။ သူ့အသံကား ရုတ်တရက်အေးစက်သွား၏။

"အရင်သူဌေးရဲ့ စည်းမျဉ်းတွေက ဘယ်လိုဆိုတာတော့ ကျုပ်မသိဘူး။ ဒါပေမဲ့ အခု ဘော့တစ်ယောက်အနေနဲ့ ကျုပ် ခင်ဗျားတို့ကို မတ်တတ်ရပ်ပြီး စကားပြောနေတာလေ။ ခင်ဗျားတို့က ထိုင်နေရဲတဲ့သတ္တိ ရှိကြတယ်ပေါ့လေ"

ချက်ချင်းဆိုသလိုပင် နတ်ဘုရားအဆင့် သရုပ်ဆောင်ချက်ဖြင့် အေးစက်စက်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထိုနေရာရှိ အမှုဆောင်များမှာ လန့်ဖျပ်သွားပြီး မတ်တတ်ထရပ်လိုက်ကြသည်။

ယဲ့ချန်းလည်း တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"အားလုံးပဲ.. ကျုပ်က အသက်ငယ်တယ်ဆိုပေမဲ့ မလေးမစား လာလုပ်လို့ရတဲ့ လူတစ်ယောက်မဟုတ်ပါဘူး။ ခင်ဗျားတို့တွေအားလုံး ကုမ္ပဏီရဲ့စည်းမျဉ်းတွေကို သေချာလိုက်နာဖို့ မျှော်လင့်ပါတယ်။ ဒါက ပထမဆုံးအကြိမ်မို့ ကျုပ် ခင်ဗျားတို့ကို အရေးမယူတော့ဘူး။ ဒါပေမဲ့ နောက်တစ်ခေါက်ထပ်ဖြစ်ခဲ့လို့ကတော့ ကျုပ်ကိုအဆိုးမဆိုကြနဲ့ပေါ့"

လေထုအခြေအနေမှာ ချက်ချင်းတင်းမာသွားသည်။

ထိုအမှုဆောင်များ၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။

အစောတုန်းက ယဲ့ချန်း၏အရှိန်အဝါကြောင့် သူတို့ ကြောက်ရွံ့သွားသော်လည်း ယခုတော့ မကျေမနပ်ဖြစ်နေရလေပြီ။

မည်သို့ပင်ဖြစ်စေ သူတို့က ကုမ္ပဏီ၏ ဝါရင့်အမှုဆောင်များပင်။ ယဲ့ချန်းက ဘာမို့လို့လဲ?

မလောက်လေးမလောက်စားလေးက သူတို့ကို ဖိနှိပ်နိုင်မယ်လို့ ထင်နေတာလား?

ချာတိတ်! ငါတို့ မင်းကို ဘယ်လိုရှင်းပစ်မလဲဆိုတာ စောင့်ကြည့်နေလိုက်!

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ကဲ အားလုံး ထိုင်ကြပါဦး။ ခင်ဗျားတို့ ကျုပ်ကို သူဌေးအဖြစ် အသိအမှတ်ပြုတယ်ဆိုရင် ကျုပ်အတွက် ဒီလက်ဖက်ရည်ကို ကုန်အောင်သောက်ပေးကြပါ"

ချန်းမုန့်ယောင်ကိုယ်တိုင် အမှုဆောင်တစ်ယောက်ချင်းစီအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။

အမှုဆောင်များမှာ ယဲ့ချန်းကို မကျေနပ်သော်လည်း ထိပ်တိုက်တွေ့ရလောက်သည်အထိလည်း မဟုတ်သောကြောင့် သူတို့၏လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ သောက်လိုက်ကြသည်။

ဤမြင်ကွင်းကို စောင့်ကြည့်နေသော ယဲ့ချန်း၏ နှုတ်ခမ်းထောင့်စွန်းများမှာ အပေါ်သို့ ကွေးတက်သွားလေသည်။

အမှုဆောင်များ၏ မျက်လုံးထဲရှိ မကျေနပ်မှုများမှာ ချက်ချင်းပျောက်ကွယ်သွားပြီး ယဲ့ချန်းကို ကြည်ညိုစိတ်များဖြင့် အစားထိုးလိုက်လေသည်။

"ဟားဟား တောင်းပန်ပါတယ်ဗျာ။ ယာဉ်ကြောပိတ်နေလို့ နောက်ကျသွားတယ်"

စွန်းထောင်က မောက်မာလှသောလေသံဖြင့် စကားဆိုကာ တံခါးကိုတွန်းဖွင့်လျက် အထဲသို့ဝင်လာသည်။ ထို့နောက် နေရာလွတ်တွင် ဝင်ထိုင်လိုက်၏။

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ဥက္ကဋ္ဌစွန်း... ပွဲစီစဉ်သူက နောက်ကျနေတာတော့ မသင့်တော်ဘူးလေ"

စွန်းထောင်လည်း ဟွန့်ခနဲ လှောင်ပြောင်လိုက်သည်။

"ဘာမသင့်တော်စရာရှိလဲ? ကျုပ်က လုပ်ငန်းဆယ်ခုကျော်ကို စီမံခန့်ခွဲနေရတာ။ အရေးကိစ္စတွေအများကြီးနဲ့ အလုပ်တွေရှုပ်နေတာပဲ။ လက်ထဲကို စည်းစိမ်တွေ အဆင်သင့်ရောက်လာတဲ့ လူတွေနဲ့တော့ ဘယ်တူပါ့မလဲ"

"စွန်းထောင်! စကားပြောတာ သတိထားပါ"

ချန်းမုန့်ယောင်က အေးတိအေးစက်လေသံဖြင့် ဝင်ပြောလိုက်သည်။

ချန်းမုန့်ယောင်က ယဲ့ချန်းဘက်မှ ဝင်ပြောပေးနေတာကို မြင်သောအခါ စွန်းထောင်လည်း တဒင်္ဂမျှ တုံ့ဆိုင်းသွားသည်။

သို့သော် သူ့နှုတ်ခမ်းထောင့်စွန်းများက အေးစက်စက်အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။

"ဥက္ကဋ္ဌယဲ့.. ဒီညစာစားပွဲကို စီစဉ်လိုက်တာ ရည်ရွယ်ချက်နှစ်ခုရှိတယ်။ ပထမတစ်ခုက ခင်ဗျား ကျုပ်သားရဲ့လက်ချောင်းကို ဖြတ်ပစ်ခဲ့တဲ့အတွက် ကျုပ် ဖြေရှင်းချက်တစ်ခုလိုချင်တယ်။ ဒုတိယတစ်ခုကတော့ ကုမ္ပဏီကိစ္စအကြောင်းပြောချင်လို့"

ယဲ့ချန်းလည်း တည်တည်ငြိမ်ငြိမ်သာ ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ။ ခင်ဗျား ဘယ်လိုတွေးထားလဲဆိုတာ ပြောစမ်းပါဦး"

"ခင်ဗျားက ကျုပ်သားရဲ့လက်ချောင်းကို ဖြတ်ပစ်ခဲ့တာဆိုတော့ ကျုပ် ခင်ဗျားကို ဒူးထောက်ပြီး တောင်းပန်စေချင်တယ်"

ရုတ်တရက်ဆိုသလိုပင် အခန်းထဲရှိ လေထုအခြေအနေမှာ အေးစက်သွားလေသည်။

စွန်းထောင်၏စကားများမှာ အလွန်ယုတ္တိမဲ့လှသည်။

ယဲ့ချန်းက ခင်ဗျားသားကိုဒူးထောက်ပြီး တောင်းပန်ရအောင် သူက ဘာအဆင့်မို့လို့လဲ?

ချန်းမုန့်ယောင်မှာ တစ်ခုခုပြန်ပြောရန် ပြင်လိုက်သော်လည်း ယဲ့ချန်းက တားလိုက်သည်။

"ဆက်ပြောပါဦး"

ယဲ့ချန်းကတော့ အမူအရာကင်းမဲ့လျက်သာ။

"ကုမ္ပဏီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားမှာ စဉ်းစားဉာဏ်ရှိတယ်ဆိုရင် အမြတ်ငွေကိုပဲယူပြီး စီမံခန့်ခွဲရေးပိုင်းမှာ ဝင်မပါနဲ့။ ဒါဆို အားလုံးအဆင်ပြေပြီ"

စွန်းထောင်က ခြေထောက်ချိတ်ထိုင်လျက် လှောင်ပြောင်လိုက်သည်။

ဤစားသောက်ဆိုင်တွင် သူ အားလုံးပြင်ဆင်ထားပြီးဖြစ်၏။ အကယ်၍ ယဲ့ချန်းကသာ သဘောမတူပါက သူ့ကို ချက်ချင်းသတ်ပစ်လိုက်မည်။

ယဲ့ချန်းကတော့ ခပ်ဖွဖွသာပြုံးလိုက်သည်။

"ကျုပ် သဘောမတူဘူးဆိုရင်ရော?"

"ဟားဟား ခင်ဗျားငြင်းရဲတယ်ဆိုရင်တော့ ကျုပ်ရဲ့ရိုင်းပျမှုအတွက် အဆိုးမဆိုနဲ့ပေါ့"

စွန်းထောင်က သူ့လက်ဖက်ရည်ခွက်ကို ကစားရင်း ယဲ့ချန်းကို ကြည့်လိုက်သည်။

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ခင်ဗျား ဘယ်လောက်ကြမ်းနိုင်မလဲဆိုတာ ကျုပ်ကြည့်ချင်သေးတယ်"

စွန်းထောင်၏မျက်နှာအမူအရာကား ပျက်ယွင်းသွားလေသည်။

"ချာတိတ်! မင်းက သေမင်းကို လက်ယပ်ခေါ်နေတာပဲ"

••••••••••••••••

All Chapters