အားလုံးကို အရူးတွေလို့ ထင်နေလား
Vol. 73 Ch. 1081
ယွမ်ချင်းရှု၏ စကားကို ကြားသောအခါ လုချန်း ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။ ထိုစကားများကို အလေးအနက် မထားပဲ
“ဒီနေ့ ဆရာမ ဘာလို့ ကြွလာတာလဲ ဆိုတာ ကျွန်တော် သိချင်မိပါတယ်။”
ဟု တိုက်ရိုက် မေးလိုက်သည်။
“ဆရာမက ရှန်နဲ့ ကျွန်တော့်ရဲ့ အိမ်ထောင်ရေး ကိစ္စတွေကို လာပြီး ချောင်းကြည့်တာတော့ မဟုတ်ဘူးမလား။”
ယွမ်ချင်းရှုက
“ကျွန်မ ဒီကိုယ်ပွားကို စွန့်လွှတ်ပြီး ရှင့်နဲ့အတူ ရှိခွင့် ပေးနိုင်တယ်။”
ဟု အေးစက်စွာ ပြောလိုက်သည်။
လုချန်းကပြုံးလျက်
“ဒါဆို ဘာ စည်းကမ်းချက်တွေ ရှိလဲ”
ယွမ်ချင်းရှုက သူမ၏ ကိုယ်ပွား ယွမ်ရှန်ရှန်ကို သူ့အား စေတနာသက်သက်နှင့် ပေးအပ်လိမ့်မည်ဟု လုချန်း မယုံကြည်ပေ။ စည်းကမ်းချက် အချို့ ရှိရမည် ဖြစ်သည်။
ယွမ်ချင်းရှုက
“ရှင်က ရှေးခေတ်ကာလကနေ အသက်ရှင် ကျန်ရစ်သူတစ်ယောက် ဖြစ်တယ်။ ဒါ့ကြောင့် အဲဒီခေတ်တုန်းက ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ရှင်သိနေရမယ်။ အဲဒီ ကြီးမားတဲ့ ကပ်ဘေးကနေ ရှင် ဘယ်လို လွတ်မြောက် အသက်ရှင်ခဲ့လဲ ဆိုတာကို ကျွန်မ သိချင်တယ်။”
လုချန်းက
“ဒါပေမဲ့ အခု ကျွန်တော့်ရဲ့ အင်အားက ချိပ်ပိတ်ခံထားရတယ်။ ကျွန်တော့်ရဲ့ မှတ်ဉာဏ်ကလည်း ပျောက်ဆုံးသွားခဲ့ပြီ။ ကျွန်တော်က ရှေးခေတ်ကာလက အသက်ရှင် ကျန်ရစ်သူတစ်ယောက် ဆိုတာပဲ မှတ်မိတော့တယ်။ ဘယ်လို ကပ်ဘေးမျိုး ဖြစ်ခဲ့လဲ ဆိုတာ ကျွန်တော် မသိဘူး။”
ယွမ်ချင်းရှု ခဏခန့် တိတ်ဆိတ်သွားပြီး လုချန်းကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက်
“ ရှင် လိုအပ်တဲ့ အရာတချို့ကို ကျွန်မ ပံ့ပိုးပေးမယ်။ ရှင့်ရဲ့ မှတ်ဉာဏ် ပြန်ရလာတာနဲ့ ရှင် သိသမျှ အရာအားလုံးကို ကျွန်မကို ပြောပြရမယ်။”
“ဒီခေတ်ရဲ့ ကပ်ဘေးက မကြာခင်ရောက်လာတော့မှာ။ ရှင်က တစ်ခါ အသက်ရှင် လွတ်မြောက်ခဲ့ပြီးသား ဆိုတော့ ရှင့်ဆီမှာ အရည်အချင်းတချို့ ရှိနေတုန်းပဲလို့ ကျွန်မ ယုံကြည်တယ်။ ပူးပေါင်းဆောင်ရွက်ခြင်းက ကျွန်မတို့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်။”
လုချန်းသည် မကြာသေးခင်ကမှ ပြန်လည်မွေးဖွားလာသူ ဖြစ်သည်။ ယခု နောက်ထပ် ကပ်ဘေးတစ်ခု ကျရောက်လာတော့မည်ဟု သိလိုက်ရခြင်းက သူ၏ အတွင်းစိတ်ထဲ အနည်းငယ် မျှော်လင့်ချက်မဲ့သလို ခံစားရ လိုက်စေသည်။
ထို့နောက် လုချန်းသည် သူ၏ စိတ်ထဲမှ စနစ်ကို
“စနစ်။ယွမ်ချင်းရှု ပြောနေတဲ့ ကပ်ဘေးက ဘာလဲ။”
စနစ်က
“သခင့်မှာ သိခွင့် မရှိပါ။”
စနစ်၏ အဖြေကို ကြားရသောအခါ လုချန်း ရယ်မောလိုက်သည်။ ထို့နောက် သူ သတိပြန်ဝင်လာပြီး ယွမ်ရှန်ရှန်၏ နီရဲသော မျက်လုံးများကို ကြည့်လိုက်ကာ
“ကောင်းပြီ။ ကျွန်တော် သဘောတူတယ်။ ကျွန်တော့် မှတ်ဉာဏ် ပြန်ရလာတာနဲ့ ကျွန်တော် ဆရာမကို ချက်ချင်း လာရှာပြီး ကျွန်တော် သိသမျှ အားလုံးကို ပြောပြပါ့မယ်။”
လုချန်း သဘောတူသည်ကို မြင်သောအခါ ယွမ်ချင်းရှုက သူ့ကို ထပ်မံ သတိပေးလိုက်သည်။
“ကျွန်မ ရှန်ကို ရှင့်ဆီ ပေးလိုက်ပြီ ဆိုပေမဲ့ သတိပေးထားရဦးမယ်။ ရှင် ဘယ်လို စုံတွဲကျင့်စဉ်မျိုးကို ကျင့်ကျင့် အဲ့ဒါက ရှင် ကိုယ်တိုင် ကျင့်ကြံတာလောက် ဘယ်တော့မှ ထိရောက်မှာ မဟုတ်ဘူး။ မိန်းမကိစ္စ စွဲလမ်းနေတဲ့သူတစ်ယောက်က ဧကရာဇ် အဆင့်ကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူး။”
“ကပ်ဘေးကြီး ကျရောက်တဲ့အချိန်မှာ ရှင်က ဧကရာဇ်အဆင့် မဟုတ်သေးဘူးဆိုရင် အဲ့ဒါကို အသက်ရှင် ကျော်ဖြတ်ဖို့ သိပ်မမျှော်လင့်နဲ့။ အဲဒီအချိန်ကျရင် ရှင်က အဲဒီ သတ္တဝါကြီးတွေအတွက် အစာ ဖြစ်သွားလိမ့်မယ်။”
ထိုစကားများနှင့်အတူ ယွမ်ချင်းရှု၏ စိတ်အာရုံလည်း ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်မှ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။ ထို့နောက် ယွမ်ရှန်ရှန်၏ အသိစိတ်သည် သူမ၏ ခန္ဓာကိုယ်ကို ထပ်မံ ထိန်းချုပ်နိုင်ခဲ့သည်။
ယွမ်ရှန်ရှန် သတိပြန်ဝင်လာသောအခါ ယွမ်ချင်းရှု သူမ၏ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထိန်းချုပ်သွားခဲ့သည်ကို သူမ ချက်ချင်း နားလည်လိုက်သည်။ သူမ၏ ခရမ်းရောင် မျက်လုံးများက သူမ၏ အောက်မှ လုချန်းကို စူးစိုက် ကြည့်လိုက်ရင်း
“အဲဒီ မိန်းမ လာပြန်ပြီလား”
ဟု အေးစက်စွာ မေးလိုက်သည်။
ထိုမေးခွန်းကို ကြားသောအခါ လုချန်း ရယ်မိသွား၏။ ယွမ်ရှန်ရှန်က ယွမ်ချင်းရှုကို “အဲဒီ မိန်းမ” ဟု ရည်ညွှန်းနေခဲ့သည်။ ယွမ်ချင်းရှုအပေါ် သူမ၏ နာကြည်းမှုက အလွန် နက်ရှိုင်းနေနိုင်သည်။
ထို့နောက် လုချန်းက
“ဟုတ်တယ်။ သူ လာသွားတယ်။”
ယွမ်ရှန်ရှန်က
“ဒီတစ်ခါ သူ ဘာလာလုပ်တာလဲ။ သူလည်း ဒီခံစားချက်ကို ခံစားကြည့်ချင်လို့ ဖြစ်နိုင်မလား။”
လုချန်းက
“အဲဒီလို မဟုတ်ပါဘူး။ ဆရာမက ကျွန်တော့်ဆီ အရေးကြီး ကိစ္စတစ်ခုနဲ့ လာတာ။”
ယွမ်ရှန်ရှန်က
“ရှင့်နဲ့ သူကြားမှာ ဘာအရေးကြီး ကိစ္စ ရှိနိုင်မှာလဲ။”
ထိုစဉ် ယွမ်ရှန်ရှန်က လုချန်း၏ မျက်နှာကို အကဲခတ်သလို ကြည့်လိုက်သည်။ ထို့နောက် သူမက
“အဲဒီ မိန်းမ ကျွန်မ ခန္ဓာကိုယ်ကို ပူးကပ်သွားပြီးနောက်မှာ ရှင်အရမ်း စိတ်လှုပ်ရှားနေခဲ့မှာပဲ။”
ယွမ်ရှန်ရှန်၏ သဝန်တိုမှု မြင့်တက်လာသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်
“ရှန်။ ကိုယ် ခုနက ဘာမှ မလုပ်ခဲ့ပါဘူး။ ဆရာမက ကိုယ်နဲ့ သဘောတူညီချက်တစ်ခု လုပ်ဖို့ အဓိက လာတာပါ။”
ယွမ်ရှန်ရှန်က
“သဘောတူညီချက် ဟုတ်လား။ ဘာ သဘောတူညီချက်လဲ။”
ဟု စူးစမ်းစွာ မေးလိုက်သည်။
လုချန်း ပြန်ဖြေမည် အပြုတွင် ရှေးခေတ်ကာလအကြောင်းကို ယွမ်ရှန်ရှန် ရုတ်တရက် သတိရလိုက်သည်။ ယွမ်ရှန်ရှန်သည် ယွမ်ချင်းရှု၏ ကိုယ်ပွားတစ်ဦး ဖြစ်သော်လည်း ယွမ်ချင်းရှုက အရာများစွာကို သူမအား ဖုံးကွယ်ထားဆဲ ဖြစ်သည်။
လုချန်း တွေဝေသွားပြီး သဘောတူညီချက် အကြောင်း သူမအား ချက်ချင်း မပြောပြတာကို ယွမ်ရှန်ရှန် မြင်လိုက်ရသည်။ ထိုအခါ သူမ၏ မျက်နှာတွင် သံသယဖြစ်သော အမူအရာများ ချက်ချင်း ပေါ်လာခဲ့သည်။
သဘောတူညီချက်ဆိုသည်မှာ ထိုမိန်းမ နောက်ထပ် သည်းမခံနိုင်တော့ပဲ သူမ ကိုယ်တိုင် လာရောက် ခံစားလိုခြင်း ဖြစ်နိုင်သည်ဟု ယွန်ရှန်ရှန်မ တွေးလိုက်မိသည်။ လုချန်းနှင့် ရင်းနှီးသော ဆက်ဆံရေးကို ယွမ်ချင်းရှု လာခံစားလိုခြင်း ဖြစ်နိုင်သည်။
ယွမ်ရှန်ရှန် ထိုသို့ တွေးနေစဉ်မှာပင် လုချန်းက
“အဲ့ဒီ သဘောတူညီချက်ရဲ့ အသေးစိတ်ကိုတော့ မင်းကို ကိုယ် အခု မပြောပြနိုင်သေးဘူး ထင်တယ်။ ဒါပေမဲ့ ဆရာမ ပြောသွားတာက ခုကစပြီး မင်းက ကိုယ့် မိန်းမ ဖြစ်သွားပြီတဲ့။ သူ မင်းကို ပြန်ခေါ်သွားမှာ မဟုတ်ဘူးတဲ့။”
ထိုသို့ ကြားရသောအခါ၊ ယွမ်ရှန်ရှန် နောက်တစ်ကြိမ် အံ့အားသင့်သွားသည်။ ယွမ်ချင်းရှုက သူမကို လုချန်းဆီ ပေးအပ်ဖို့ သဘောတူလိုက်ပြီလား။
သူမသည် ယွမ်ချင်းရှု၏ ကိုယ်ပွားတစ်ဦး ဖြစ်သည်။ ယွမ်ချင်းရှု သူမကို ပြန်မခေါ်သွားလောက်ဟု သူမ ခံစားခဲ့ရသော်လည်း သူမအား လုချန်းထံသို့ ဤမျှ လွယ်လွယ်ကူကူ စွန့်လွှတ်လိမ့်မည်ဟု ယွမ်ရှန်ရှန် မျှော်လင့်မထားခဲ့ပေ။
ယခု လုချန်းနှင့် ယွမ်ချင်းရှုကြားမှ သဘောတူညီချက်၏ အကြောင်းအရာကို ယွမ်ရှန်ရှန် ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။ မည်သို့သော သဘောတူညီချက်မျိုးက ယွမ်ချင်းရှုအား သူမ၏ ကိုယ်ပွားကို စွန့်လွှတ်လိုစိတ် ဖြစ်စေနိုင်သနည်း။
သို့သော် လုချန်းက တိုက်ရိုက် မပြောခဲ့သောကြောင့် ယွမ်ရှန်ရှန် ထပ်မံ မေးမြန်းခြင်း မပြုတော့ပေ။ တစ်နေ့နေ့တွင် ထို သဘောတူညီချက်ကို သူမ သိလာမည် ဖြစ်သည်။ သူမ စိတ်စောနေစရာ မလိုပေ။
ယခု ယွမ်ချင်းရှုက သူမ၏ ကိုယ်ပွားကို ပြန်မခေါ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍ လုချန်းနှင့်အတူ စိတ်ရောကိုယ်ပါ ရဲရဲဝံ့ဝံ့ ရှိနေနိုင်ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ယွမ်ရှန်ရှန် လုချန်း၏ အပေါ်မှ ဖြည်းညင်းစွာ ထလိုက်သည်။ ဒါက လပေါင်းများစွာအတွင်း လုချန်းနှင့် သူမ ပထမဆုံးအကြိမ် ခွဲခွာခြင်း ဖြစ်သည်။ သူမ၏ ရည်ရွယ်ချက်ကို အောင်မြင်သွားပြီဟုလည်း ယွမ်ရှန်ရှန် ခံစားရသည်။
သို့သော် ဤနည်းအတိုင်း ဆက်သွားပါက သူမလည်း ကျဆုံးသွားနိုင်ပေသည်။ ထို့ကြောင့် ဤ “ကျင့်ကြံခြင်း” ကို အဆုံးသတ်ရမည် ဖြစ်သည်။
သို့သော် ယွမ်ရှန်ရှန် မတ်တပ်ရပ်မည် အပြုတွင် လုချန်းက သူ၏ လက်မောင်းကို ဆန့်ထုတ်လိုက်ပြီး နှင်းကဲ့သို့ ဖြူဖွေးသော သူမ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။ ယွမ်ရှန်ရှန်က လုချန်းကို စူးစိုက် ကြည့်လိုက်သည်။
“လပေါင်းများစွာ ကြာခဲ့ပြီ။ မလုံလောက်သေးဘူးလား။”
လုချန်းက
“ကိုယ့်မှာ လုပ်စရာ ဘာမှ မရှိသေးဘူး။ ခဏလောက် ထပ်ပြီး ပွေ့ဖက်ထားရအောင်။”
ထိုသို့ ပြောရင်း လုချန်း ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်ကို ညင်သာစွာ ဆွဲချလိုက်ကာ သူမအား သူ၏ ရင်ခွင်ထဲသို့ မှီထားစေလိုက်သည်။
ယွမ်ရှန်ရှန်လည်း ခုခံခြင်း မပြုပဲ လုချန်း၏ ရင်ဘတ်ပေါ်တွင် အနားယူလိုက်ကာ သူမ၏ လက်မောင်းများက လုချန်းကို ကလေးမလေး တစ်ဦးကဲ့သို့ ရစ်ပတ်ထားလိုက်သည်။
တစ်နေ့နေ့တွင် သူမ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ယွမ်ရှန်ရှန် မည်သည့်အခါကမှ မတွေးခဲ့ဖူးပေ။ ဤ ပုန်ကန်သော တပည့် သူမအပေါ် ပြုလုပ်ခဲ့သော အရာများကို တွေးမိခြင်းက သူမ၏ စိတ်နှလုံးထဲ ချစ်ခြင်းနှင့် မုန်းခြင်း နှစ်မျိုးလုံးကို ဖြစ်စေခဲ့သည်။
အရင်တုန်းက လုချန်းသာ အတင်းအကျပ် မလုပ်ခဲ့ပါက ယခု သူမ ပိုင်ဆိုင်ထားသမျှ အရာအားလုံး ရှိနေမည် မဟုတ်ပေ။ ယွမ်ချင်းရှု၏ ပြန်လည် သိမ်းပိုက်ခြင်းကို သူမ ခံရနိုင်သည်။ သူမ၏ ကိုယ်ပိုင် စရိုက်လက္ခဏာပင် ယွမ်ချင်းရှု၏ ပေါင်းစပ်ခြင်းကို ခံရကာ သူမ၏ တည်ရှိမှု ပျောက်ကွယ်သွားနိုင်ခဲ့သည်။
လုချန်း သူမ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့ခြင်းကြောင့်သာ ယွမ်ချင်းရှုက ကိုယ်ပွား ယွမ်ရှန်ရှန် အပေါ် စိတ်ဝင်စားမှု များစွာ လျော့ကျသွားခြင်းဖြစ်သည်။ ထို့ကြောင့်သာ သူမ လွတ်လပ်စွာ ဆက်လက် တည်ရှိခွင့်ရခဲ့ခြင်း ဖြစ်သည်။
ဤအချိန်တွင် လုချန်းက
“ဆရာမ။ ကျွန်တော့်မှာ တကယ်တော့ ဆရာမကို ဖွင့်ဟ ဝန်ခံချင်တဲ့ အရာတစ်ခု ရှိတယ်။”
လုချန်း၏ ရင်ဘတ်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသော ယွမ်ရှန်ရှန်က
“ဘာများလဲ”
ဟု မေးလိုက်သည်။
လုချန်းက
“ကျွန်တော် အစပိုင်းတုန်းက ဆရာမအပေါ်မှာ နည်းလမ်းတချို့ သုံးခဲ့တယ်။ အဲဒါကြောင့် ဆရာမ ကျွန်တော့် မိန်းမ ဖြစ်လာခဲ့တာ။”
သူ၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန် အေးစက်စွာ ရယ်မောလိုက်သည်။
“အဲ့ဒါတွေ ကျွန်မ မသိဘူးလို့ ရှင်ထင်နေလား ။ ရှင့်ရဲ့ အဲဒီ လှည့်ကွက်လေးတွေကို ကျွန်မ အစောကြီးကတည်းက သိခဲ့ပြီးသား။”
အစပိုင်းတွင် လုချန်း၏လှည့်ကွက်လေးများကို သူမ သတိမမူမိခဲ့သော်လည်း သူမ သူ၏ မိန်းမ ဖြစ်လာခဲ့သည့် အချိန်မှစ၍ လုချန်းနှင့် ထိတွေ့မှု ပိုမို များပြားလာခဲ့သည်။ ထိုအခါ ထိုသူ သူ၏ မိန်းမများ၏ နှလုံးသားကို မည်သို့ ဖမ်းစားခဲ့သည်ကို ယွမ်ရှန်ရှန် နားလည်လာခဲ့သည်။
သို့သော် ထိုသို့ သိနေသည့်တိုင် သူမ လုချန်းနှင့် ခွဲခွာနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ယခု သူမ ဒါတွေကို ဂရုမစိုက်တော့ပေ။
လုချန်းက
“ကျွန်တော် ဘာနည်းလမ်း သုံးခဲ့လဲ ဆိုတာ သိလို့လား။”
ယွမ်ရှန်ရှန်က ခပ်ပေါ့ပေါ့ပင်
“အစပိုင်းမှာတော့ ကျွန်မ တကယ် သတိမထားမိခဲ့ဘူး။ ရှင့်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဖြစ်တည်မှုက ကျွန်မကို စိတ်ဝင်စားစေခဲ့တယ်။ ရှင် ဘယ်လို လူစားမျိုးလဲ ဆိုတာ ကျွန်မ နားလည်ချင်ခဲ့တာကြောင့် ရှင့်ကိုသဘောကျမိတာက သဘာဝအတိုင်း ဖြစ်လာတယ်လို့ ကျွန်မ ထင်ခဲ့တာ။”
“ဒါပေမဲ့ ရှင် ကျွန်မ ခန္ဓာကိုယ်ကို သိမ်းပိုက်ခဲ့တဲ့နေ့မှာ ရှင် ကျွန်မအပေါ် တစ်ခုခု လုပ်ခဲ့တယ် ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ အဲဒါက အချစ်ပိုး ဒါမှမဟုတ် အချစ်ဆေးရည် တစ်မျိုးမျိုးကြောင့်ပဲ ဖြစ်မယ်လို့ ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒါကြောင့် ရှင့်ရဲ့ မိန်းမ ဖြစ်သွားပြီးတဲ့ နောက်မှာတောင် ကျွန်မ ဘယ်လိုမျိုး ကျရှုံးသွားခဲ့ရသလဲ ဆိုတာကို တွေးနေတုန်းပဲ။”
“မကြာခင်မှာပဲ ရှင့်ရဲ့ မိန်းမတွေအားလုံး နဂါးဖီးနစ် လက်ဖက်ရည်ကို သောက်ကြပုံရတယ် ဆိုတာ ကျွန်မ သိလာခဲ့တယ်။ ကျွန်မ ရန်မြို့ နန်းတော်က အစေခံတွေကိုတောင် မေးကြည့်ခဲ့သေးတယ်။ သူတို့ ပြောတာက အဲဒီ နဂါးဖီးနစ် သစ်ပင်ကို ရှင် ကိုယ်တိုင် စိုက်ပျိုးခဲ့တာတဲ့။”
“ဒါကို သိလိုက်ရတော့ ကျွန်မ ဆက်ပြီး လိုက်မေးမနေတော့ဘူး။ ဘာလို့လဲဆိုတော့ ဘာတွေ ဖြစ်နေလဲဆိုတာ ကျွန်မ သဘောပေါက်သွားခဲ့ပြီမို့လို့ပဲ။”
လုချန်းအပေါ်ထားရှိသော သူမ၏ ခံစားချက်များက အစစ်အမှန်လား သို့မဟုတ် နဂါးဖီးနစ် လက်ဖက်ရည်၏ လွှမ်းမိုးမှုကြောင့်လား ဆိုတာကိုတော့ ယွမ်ရှန်ရှန် မသိခဲ့ပေ။ သို့သော် သူမ တစ်ခုတော့ သေချာသိသည်။ လုချန်းနှင့် သူမ၏ ဆက်ဆံရေးများတွင် သူမ ပျော်ရွှင်ခဲ့သည် ဆိုသောအချက် ဖြစ်သည်။
သူမ ပျော်ရွှင်ခဲ့သည်။ ထို့ကြောင့် လုချန်းအပေါ် ထားရှိသော သူမ၏ ခံစားချက်များ က အစစ်အမှန်လား သို့မဟုတ် နဂါးဖီးနစ် လက်ဖက်ရည်၏ လွှမ်းမိုးမှုကြောင့်လား ဆိုတာကို သူမ ဆက်လက် တွေးတောနေလိုခြင်း မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ သူသည် ပုန်ကန်သော တပည့်တစ်ဦး ဖြစ်ရာ သူမအပေါ် လှည့်ကွက် အချို့ အသုံးပြုခြင်းက မမျှော်လင့်ထားသည့်အရာ မဟုတ်ပေ။ လုချန်း နည်းလမ်းတစ်ချို့ သုံခဲ့တာကို သူမ လက်ခံလာခဲ့ပြီး နောက်ထပ် စုံစမ်းစစ်ဆေးလိုခြင်းလည်း မရှိတော့ပေ။
ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်း အနည်းငယ် ကြက်သေသေသွားသည်။
ယွမ်ရှန်ရှန်က နဂါးဖီးနစ် သစ်ပင်၏ လျှို့ဝှက်ချက်ကို အမှန်တကယ် သိရှိနေခဲ့တာလား။
လုချန်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်က လုချန်း၏ ခါးပေါ်တွင် သူမ၏ လက်များကို ထောက်လိုက်သည်။ သူမက သူ၏ မျက်လုံးများထဲသို့ စိုက်ကြည့်ကာ
“ရှင့်ရဲ့ မိန်းမတွေက ဘာမှမသိတဲ့ အရူးတွေလို့ ရှင်တကယ် ထင်နေခဲ့တာလား။”
လုချန်း နောက်တစ်ကြိမ် တုန်လှုပ်သွားသည်။ နဂါးဖီးနစ် သစ်ပင်၏ လျှို့ဝှက်ချက်ကို မုကျိရွှမ်း နှင့် ချူးယုချင် တို့သာ သိရှိရန် သူ ရည်ရွယ်ခဲ့သည်။ အခြားမည်သူ့ကိုမှ သူမပြောပြခဲ့ဖူးပေ။
လုချန်း၏ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါ ယွမ်ရှန်ရှန်က
“ရှင်က သူတို့ကို အရူးတွေလို့ တကယ်ထင်ခဲ့ပုံပဲ။”
“တခြားသူတွေက အစပိုင်းမှာ မသိခဲ့ကြတာ ဖြစ်နိုင်ပေမဲ့ ရှင့်နဲ့ အချိန်အကြာကြီး အတူရှိနေပြီးနောက်မှာတော့ ရှင့်ရဲ့ လျှို့ဝှက်ချက်ကို နောက်ဆုံးမှာ သိလာကြမှာပဲ။ ရှင့်ရဲ့ ဇနီးတွေက ဒါကို ရှင့်ဆီ ဖွင့်ချဖို့ မလိုအပ်ဘူးလို့ ခံစားခဲ့ကြတာ။”
လုချန်း သတိပြန်ဝင်လာပြီး အတော်လေး စိတ်မသက်မသာ ဖြစ်သွားသည်။ သူ၏ မိန်းမများ ဤကိစ္စကို မသိကြဟု သူ အမှန်တကယ် ယုံကြည်ခဲ့ပုံရသည်။
လုချန်းက ပြုံးလျက်
“ဆရာမက ကျွန်တော် သုံးခဲ့တဲ့ လှည့်ကွက်ကို သိနေလျက်နဲ့ ဘာလို့ ကျွန်တော့် ဘေးမှာ ဆက်ရှိနေဖို့ စဉ်းစားနေတုန်းလဲ။”
ဤမေးခွန်းကို ကြားသောအခါ အေးစက်သော ချမ်းစိမ့်မှုတစ်ခု ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူမ၏ ခရမ်းရောင် မျက်လုံးများမှလည်း ထူးဆန်းသော အလင်းရောင်တစ်ခု ထုတ်လွှတ်နေပုံ ပေါ်သည်။
ယွမ်ရှန်ရှန်က ရေခဲတမျှ အေးစက်သော အမူအရာဖြင့်
“ရှင် ကျွန်မရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးခဲ့တယ်။ ဒါကို ရှင် တာဝန်ယူသင့်တယ် မဟုတ်ဘူးလား။”
“ကျွန်မကတော့ ရှင့်ကို ကျွန်မရဲ့ ကျင့်စဉ်အဆင့်ကို တိုးမြှင့်ဖို့အတွက် ကျင့်စဉ်မီးဖိုတစ်ခု အဖြစ်ပဲ သတ်မှတ်ခဲ့တာ။”
ယွမ်ရှန်ရှန်၏ ဟန်ဆောင်စကားကို ကြားသောအခါ လုချန်းပြုံးလိုက်ပြီး
“ကောင်းပြီ။ ကျွန်တော် အခု နားလည်သွားပြီ။ ကျွန်တော့်ရဲ့ တခြား ဇနီးတွေကလည်း ကျွန်တော့်ကို သူတို့ရဲ့ ကျင့်စဉ်မီးဖို အဖြစ် သတ်မှတ်ကြတာပဲ။”
ယွမ်ရှန်ရှန်က
“ဟုတ်တာပေါ့။ ရှင်က ဘယ်လို ထင်...”
ယွမ်ရှန်ရှန် စကား မဆုံးမီတွင် လုချန်း ရုတ်တရက် လှိမ့်လိုက်ပြီး သူမအား ဖိထားလိုက်သည်။ သူ၏ မျက်လုံးများက သူမအပေါ်သို့ ပြင်းထန်စွာ စူးစိုက်နေခဲ့သည်။ ယွမ်ရှန်ရှန် အနည်းငယ် ကြက်သေသေသွားပြီး
“ဘာ... ရှင် ဘာလုပ်နေ...”
ဟု ထစ်ငေါ့စွာ ပြောလိုက်သည်။
လုချန်းက ဒေါသထွက်နေဟန်ဖြင့်
“ဒါဆို မင်းက ကိုယ့်ကို ကျင့်စဉ်မီးဖိုလို့ သတ်မှတ်တယ် ဟုတ်လား။ နောက်ဆုံးမှာ ဘယ်သူက ဘယ်သူ့ရဲ့ ကျင့်စဉ်မီးဖို ဖြစ်သွားမလဲ ဆိုတာ ကိုယ် သိချင်တယ်။”