← Chapters

ကောင်းကင်နတ်ဆိုးကတကယ် ကြောက်နေတာလား

Vol. 73 Ch. 1089

ကောင်းကင်နတ်ဆိုးကတကယ် ကြောက်နေတာလား

Vol. 73 Ch. 1089

ကျိချိုးယု လောလောဆယ်တွင် တည်ငြိမ်သွားသည်ကို မြင်သောအခါ လုချန်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ယခု သူသည် ကောင်းကင်နတ်ဆိုးကို ဖြေရှင်းရန် အာရုံစိုက်ရ‌ တော့မည်ဖြစ်သည်။ ထို့နောက်ကျိယန်ကမ္ဘာ၏ အင်အားစုများကို ဟန့်တားရမည်။ ထို့နောက်တွင် ကိစ္စများသည် ကိုင်တွယ်ရန် ပိုမို လွယ်ကူသွားမည် ဖြစ်သည်။

တစ်ချိန်တည်းတွင် နတ်ဆိုး ချိပ်ပိတ် တားမြစ်နယ်မြေမှ ထွက်ပေါ်လာသော လှုပ်ရှားမှုများသည် ပိုမို ကျယ်လောင်လာသည်။ နတ်ဆိုး စွမ်းအားများသည် ချိပ်ပိတ်နယ်မြေအပေါ်၌ ပိုမိုများပြားစွာ စုဝေးလာနေသည်။

နတ်ဆိုး ချိပ်ပိတ်နယ်မြေမှ လွှတ်ထုတ်လိုက်သော အစွမ်းထက်သည့် အင်အားတစ်ခုသည် ရောက်လာသော အင်အားစု အသီးသီးမှ ခေါင်းဆောင်အားလုံးအား ကြောက်ရွံ့မှုတစ်ခု ခံစားရစေသည်။ အင်အားနည်းသော ကျင့်ကြံသူအချို့သည် ထိုဖိအားကြောင့် ကြောက်လန့် မေ့မြောသွားကြသည်။

နန်းကုန်းယွဲ့ဟွာသည် နတ်ဆိုး ချိပ်ပိတ် တားမြစ်နယ်မြေရှိ အက်ကွဲကြောင်းများကို ဖြူဖျော့သော မျက်နှာဖြင့် ကြည့်လိုက်သည်။ သူမ၏ အလွန် သတိထားနေသည်။ ဒါက ကောင်းကင်နတ်ဆိုး၏ ဖိနှိပ်ချုပ်ချယ်သော အင်အား ဖြစ်သည်။ ၎င်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကောင်းကင်နတ်ဆိုးကို လွှတ်ပေးလိုက်ခြင်းက မှန်သလား မှားသလားဆိုတာကို သူမ တွေဝေနေမိသည်။ အကယ်၍ အခြားကမ္ဘာမှ ကျူးကျော်သူသည် ကောင်းကင်နတ်ဆိုးကို တကယ် မယှဉ်နိုင်ပဲ အစားခံလိုက်ရပါကကျိယန်ကမ္ဘာသည်လည်း ကောင်းကင်နတ်ဆိုး၏ လက်ချက်ဖြင့် ပျက်စီးသွားနိုင်သည်။

ဤအချိန်တွင် လုချန်း၏ ပင်မခန္ဓာကိုယ်သည် အက်ကွဲကြောင်းများအနီးတွင် ရပ်နေဆဲ ဖြစ်သည်။ သူသည် ကောင်းကင်နတ်ဆိုး ချိပ်ပိတ်မှုမှ ဖောက်ထွက်လာရန် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

အချိန်အတော်ကြာသွားပြီးနောက် အမည်း‌ ရောင် အလင်းတန်းများသည် တောင်တန်းများ၏ နက်ရှိုင်းသော အတွင်းပိုင်းမှ ပန်းထွက်လာသည်။ ထို့နောက် ခွန်အားအပြည့်နှင့် ကျယ်လောင်သော အသံတစ်ခု လူတိုင်း၏ စိတ်ထဲသို့ တိုက်ရိုက် ကူးစက်လာသည်။

“ဟား ဟား ဟား ဟား။ ဒီနတ်ဆိုး နောက်ဆုံးတော့ ချိပ်ပိတ်တံဆိပ်ကို ဖောက်ထွက် လွတ်မြောက်လာပြီ။”

“ကျိယန်ကမ္ဘာက ပုရွက်ဆိတ်တွေ ကျုပ် မင်းတို့အားလုံးကို သတ်ပစ်မယ်။”

သူ၏ စကားဆုံးသည်နှင့် ကောင်းကင်နတ်ဆိုး စွမ်းအား ပေါက်ကွဲမှုများသည် လနက်မြို့ အထက်ရှိ မိုးပျံလှေများကို မိုင်ပေါင်း ရာနှင့်ချီ ဝေးကွာသော နေရာများသို့ ချက်ချင်း တွန်းပို့လိုက်သည်။ ထို့နောက် အနက်ရောင် မြူခိုးအစုအဝေးကြီးတစ်ခုသည် တောင်တန်းများ၏ နက်ရှိုင်းသော အတွင်းပိုင်းမှ ဖြည်းညှင်းစွာ တက်လာသည်။ ၎င်း၏ အတွင်း၌ နေလုံးအရွယ်အစားရှိသော နီရဲသည့် မျက်လုံးကြီး နှစ်လုံးကို မြင်တွေ့နိုင်သည်။

ဤမြင်ကွင်းကို မြင်သောအခါ ကျိယန်ကမ္ဘာမှ ကျင့်ကြံသူတို့၏ စိတ်နှလုံးများထဲ ကြောက်ရွံ့ထိတ်လန့်မှုများ မယုံနိုင်လောက်အောင် ခံစားလိုက်ရသည်။ ထိုကြောက်ရွံ့မှုသည် အနက်ရောင် စွမ်းအား အမျှင်တန်းများအဖြစ် စုစည်းသွားပြီး အနက်ရောင် မြူခိုးထဲသို့ တိုက်ရိုက် လွင့်မျောဝင်ရောက်သွားသည်။

“အရသာရှိလိုက်တာ။ တကယ်ကို အရသာရှိတာပဲ။”

“ကျုပ်ရဲ့ အစားအစာတွေ။ ကြောက်ကြ။ တုန်လှုပ်ကြစမ်း။”

ထိုအချိန်တွင် ဂိုဏ်းချုပ်တစ်ဦးက ကုန်းရယ်လျှံဖုန်းအား

“ကုန်း... ကုန်းရယ် သခင်။ အဲဒီ အခြားကမ္ဘာက ကျူးကျော်သူက ကောင်းကင်နတ်ဆိုးကို တကယ် ယှဉ်နိုင်ရဲ့လား။”

ကုန်းရယ်လျှံဖုန်းက အနက်ရောင် မြူခိုးကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း ထိုဂိုဏ်းချုပ်၏ မေးခွန်းကို ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။

ထိုအချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို နန်းကုန်းယွဲ့ဟွာ အာရုံခံမိလိုက်သည်။ ကုန်းရယ်လျှံဖုန်းသည် ကြောက်ရွံ့မှု တစိုးတစိမှ မပြခဲ့ပေ။ သူသည် အခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ ပုံမှန်မဟုတ်ပဲ စိတ်လှုပ်ရှားနေပုံရသည်။

နန်းကုန်းယွဲ့ဟွာ မျက်မှောင်ကြုတ်လိုက်သည်။

သူမ အလွန် မသက်မသာ ခံစားလိုက်ရသည်။

သူတို့... အလိမ်ခံလိုက်ရတာလား။

ကုန်းရယ်လျှံဖုန်းက သူတို့ကို လှည့်စားခဲ့တာ ဖြစ်နိုင်လား။

နန်းကုန်းယွဲ့ဟွာ ထိုသို့ တွေးနေစဉ် တောင်တန်းများ၏ နက်ရှိုင်းသော အတွင်းပိုင်းမှ လူငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“ကျွန်တော်က ထျန်းချန်ကမ္ဘာရဲ့သခင်ပါ။ ရှနိုင်ငံတော်ရဲ့ ဧကရာဇ် ဖြစ်တယ်။ ကျိယန်ကမ္ဘာရဲ့ အင်အားစုတွေက နတ်ဆိုး ချိပ်ပိတ် နယ်မြေရဲ့ ချိပ်ပိတ်တံဆိပ်ကို လူသိရှင်ကြား ဖောက်ဖျက်ပြီး ကောင်းကင်နတ်ဆိုးကို လွှတ်ပေးခဲ့တယ်။ သူတို့ဟာ နတ်ဆိုးနဲ့ ပူးပေါင်းပြီး ကမ္ဘာပေါ်က ကျင့်ကြံသူအားလုံးရဲ့ ရန်သူ ဖြစ်လာကြတယ်။ ဒီရာဇဝတ်မှုက ခွင့်လွှတ်နိုင်စရာ မရှိဘူး။”

ထိုအရာကို ကြားသောအခါ ကျိယန်ကမ္ဘာမှ ကျင့်ကြံသူများအားလုံး ဆွံ့အသွားကြသည်။ ဤကျူးကျော်သူသည် ကောင်းကင်နတ်ဆိုးကို အကြောင်းပြချက်အဖြစ် အမှန်တကယ် အသုံးချနေသည်။ သူတို့သည် ဤလူကို ဖြေရှင်းရန် ကောင်းကင်နတ်ဆိုးကို လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူက အမှန်တရား ဘက်တွင် ရပ်တည်ပြနေသည်။

ထိုအခိုက်အတန့်တွင် နန်းကုန်းယွဲ့ဟွာ ချက်ချင်း သတိပြန်ဝင်လာသည်။

တကယ်တော့ ထျန်းချန်ကမ္ဘာမှ ကျူးကျော်သူအတွက် ကျူးကျော်မှုပြုရန် အကြောင်းပြချက် တကယ် မလိုအပ်ပေ။ သို့သော် သူ့၌ အကြောင်းပြချက်တစ်ခု ရှိသွားသည်နှင့် ကျိယန်ကမ္ဘာ တစ်ခုလုံးကို ထိန်းချုပ်ရန် ပို၍ပင် လွယ်ကူသွားမည် မဟုတ်ပါလား။

ကျိယန်ကမ္ဘာရှိ သာမန်လူ အများစုသည် ကျူးကျော်သူအကြောင်း မသိကြပေ။ သူတို့၏ ရှုထောင့်မှ ကြည့်လျှင် ကောင်းကင်နတ်ဆိုး၏ ချိပ်ပိတ်တံဆိပ်ကို ဖောက်ဖျက်ရန် ပူးပေါင်းခဲ့ကြသူများမှာ ကျိယန်ကမ္ဘာ၏ အင်အားစုများ ဖြစ်ကြသည်။ အခြားကမ္ဘာမှ လူများကမူ ကောင်းကင်နတ်ဆိုးကို ရှင်းလင်းရန် အတွက်သာ လာခဲ့ကြခြင်း ဖြစ်သည်။

ကောင်းကင်နတ်ဆိုးသည် ကျင့်ကြံသူတိုင်း၏ အိပ်မက်ဆိုး ဖြစ်သည်။ သို့သော် ကျိယန်ကမ္ဘာ၏ အင်အားစုကြီးများက နတ်ဆိုး ချိပ်ပိတ် နယ်မြေ၏ ချိပ်ပိတ်တံဆိပ်ကို ဖောက်ဖျက်ရန်နှင့် ကောင်းကင်နတ်ဆိုးကို လွှတ်ပေးရန် အမှန်တကယ် ရွေးချယ်ခဲ့ကြသည်။ ဤအချက်က မည်သူက လူဆိုး ဖြစ်သည်ကို ရှင်းလင်းစွာ ပြသနေသည်။

ယခု အခြားကမ္ဘာမှ ကျူးကျော်သူများသည် အမှန်တရား ဘက်တွင် ရပ်တည်နေကြသည်။ သူတို့ ကျူးကျော်ဝင်ရောက်သည်နှင့် အကြောင်းအရင်းမှန်ကို မသိသော သာမန်လူ အများအပြားလည်း ကျူးကျော်သူများ ဘက်တွင် ရပ်တည်ကြလိမ့်မည်။ သာမန်လူများ၏ အမြင်တွင် သူတို့ကို သစ္စာဖောက်ခဲ့သူများမှာ ဤကမ္ဘာ၏ အင်အားကြီးသူများ ဖြစ်ကြသည်။ အခြားကမ္ဘာမှ လူများကမူ သူတို့ကို ကယ်တင်ရန် လာရောက်ကြခြင်း ဖြစ်သည်။

ဒါက...

သူမ၏ စိတ်များ အနည်းငယ် ရှုပ်ထွေးလာသည်ကို နန်းကုန်းယွဲ့ဟွာ ရုတ်တရက် ခံစားလိုက်ရသည်။ ကုန်းရယ်လျှံဖုန်း၏ အကြံကို သဘောတူခဲ့မိသည့်အတွက် သူမ နောင်တရ စပြုလာသည်။

ထိုအချိန်တွင် အဓိက အင်အားစုကြီးများ အားလုံးမှ လူများအလွန် မကျေမနပ် ဖြစ်သွားကြသည်။

“ဒီ အခြားကမ္ဘာက ကျူးကျော်သူက တကယ်ကို အရှက်မရှိဘူး။ ကျွန်တော်တို့ကို ဒီလို အသရေဖျက်ရဲတယ်။”

“ဟုတ်တယ်။ သူတို့ဘက်က ကျူးကျော်မှု အရင်စခဲ့တာ ရှင်းနေတာပဲ။ ကျွန်တော်တို့က သူတို့ရဲ့ ကျူးကျော်မှုကို ခုခံဖို့အတွက်ပဲ ကောင်းကင်နတ်ဆိုးကို လွှတ်ပေးခဲ့တာ။”

“ဒါတော့ မကောင်းတော့ဘူး။ သာမန်လူတွေအတွက်တော့ ကောင်းကင်နတ်ဆိုးကို ကျွန်တော်တို့က လွှတ်ပေးလိုက်သလို ဖြစ်နေပြီ။”

ထိုစဉ်မှာပင် ကောင်းကင်နတ်ဆိုးလည်း ၎င်း၏ နောက်မှ အန္တရာယ်ကို အာရုံခံမိသည်။ သူက လုချန်း၏ ဘေးတွင် ရပ်နေသော ယင်ကျန်းယဲ့ကို ကြည့်ရန် ရုတ်တရက် လှည့်လိုက်သည်။

ယင်ကျန်းယဲ့ကို မြင်သောအခါ ကောင်းကင်နတ်ဆိုးက ရယ်မောလိုက်ရင်း

“ချိပ်ပိတ်ခံဘဝကနေ လွတ်မြောက်ပြီးပြီးချင်းပဲ နတ်ဘဝပြောင်းလဲခြင်း အဆင့် အရသာရှိတဲ့ အစားအစာတစ်ခု တံခါးဝကို ရောက်လာပါလား။”

ကောင်းကင်နတ်ဆိုး၏ စကားကို ကြားသောအခါ ကျိယန်ကမ္ဘာမှ လူများစိတ်ထဲ ချက်ချင်း တင်းမာသွားကြသည်။

နောက်ဆုံးတော့ စတော့မှာလား။

ကောင်းကင်နတ်ဆိုးနှင့် အခြားကမ္ဘာမှ ကျူးကျော်သူများ မည်သူက ပိုအားကောင်း ပိုအားနည်းလဲ ဆိုတာကို မကြာမီ ရှင်းရှင်းလင်းလင်း သိမြင်ရတော့မည် ဖြစ်သည်။

ကောင်းကင်နတ်ဆိုး လှုပ်ရှားရန် ပြုစဉ်မှာပင် ယင်ကျန်းယဲ့၏ ဘေးတွင် ရပ်နေသော လုချန်းက သူ၏ အသံကို သယ်ဆောင်ရန် စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုလျက်

“ခင်ဗျား ဒီနေရာမှာ ဘယ်လို ချိပ်ပိတ်ခံခဲ့ရတာလဲ ဆိုတာကို ကျွန်တော် တော်တော်လေး စပ်စုချင်နေတာ။”

လုချန်း၏ အသံကို ကြားသောအခါ နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူ၏ ဘေးတွင် အခြားလူတစ်ဦး ရှိနေသေးကြောင်း ကောင်းကင်နတ်ဆိုး သတိပြုမိသွားသည်။

ကောင်းကင်နတ်ဆိုး လုချန်းကို မြင်သောအခါ ဆက်လက် ရယ်မောလိုက်ရင်း

“နိယာမ အလုံးစုံ အဆင့်က ပုရွက်ဆိတ်တစ်ကောင်လည်း ရှိနေသေးတာပဲ။”

ကောင်းကင်နတ်ဆိုး၏ အသံ ကျဆင်းသွားသည်နှင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်နတ်ဆိုး စွမ်းအားများ ချက်ချင်း လွှတ်ထွက်လာတော့သည်။ ခဏငယ်ခန့် အတွင်းမှာပင် ဧရာမ အနက်ရောင် လက်ကြီးများ အနက်ရောင် မြူခိုးထဲမှ ထိုးထွက်လာပြီး လုချန်းနှင့် ယင်ကျန်းယဲ့ထံသို့ တည့်တည့် ဝင် ရောက်လာသည်။

ထိုအခိုက်အတန့်တွင် ကျိယန်ကမ္ဘာရှိ အဓိက အင်အားစု အသီးသီးမှ ကျင့်ကြံသူများကတော့ တောင်တန်းများ၏ နက်ရှိုင်းသော အတွင်းပိုင်းဆီသို့ စူးစိုက် ကြည့်ရှုနေကြသည်။

ကောင်းကင်နတ်ဆိုး စွမ်းအား ဝင်လာသည်ကို မြင်သောအခါ လုချန်းက သူ၏ နတ်ဆိုးနှင်အလံကို ချက်ချင်း ထုတ်ယူလိုက်သည်။ ကျိချိုးယု၏ သေဆုံးလိုသော ဆန္ဒကို ဖြည့်ဆည်းပေးလိုသေးသောကြောင့် လုချန်း တွင် အချိန်များစွာ ဖြုန်းတီးရန် အစီအစဉ် မရှိခဲ့ပေ။

နတ်ဆိုးနှင်အလံကို ထုတ်ယူလိုက်သည့် ခဏတွင် တစ်စုံတစ်ခု မှားယွင်းနေပြီဟု ကောင်းကင်နတ်ဆိုး ချက်ချင်း အာရုံခံမိလိုက်သည်။

“ဒါ... ဒါ ဘာကြီးလဲ။”

ကောင်းကင်နတ်ဆိုး၏ အသံတွင် တုန်လှုပ်မှုတစ်ခု ရှင်းလင်းစွာ ပါဝင်နေသည်။

ကောင်းကင်နတ်ဆိုး၏ အသံကို ကြားသောအခါ ကျိယန်ကမ္ဘာမှ ကျင့်ကြံသူများ ကြောင်ငေးသွားကြသည်။

ကောင်းကင်နတ်ဆိုးက ကြောက်နေတာလား....

ကောင်းကင်နတ်ဆိုးက တကယ် ကြောက်လန့်နေတာလား.....

ကောင်းကင်နတ်ဆိုးက ဘယ်လိုလုပ် ကြောက်လန့်နိုင်မှာလဲ....

၎င်းသည် မည်သည့် ကျင့်ကြံသူ၏ ရှေ့မှောက်တွင်မဆို မည်သည့်အခါကမှကြောက်ရွံ့ခြင်း မရှိတတ်သော ကောင်းကင်နတ်ဆိုးဖြစ်သည်။ ချိပ်ပိတ်ခံထားရစဉ်တွင်ပင် အမြဲတမ်း ပုန်ကန်နေတတ်သူ ဖြစ်သည်။

သို့သော် ကောင်းကင်နတ်ဆိုး၏ အသံနေအသံထားထဲတွင် ကြောက်ရွံ့မှု အမှန်တကယ် ပါနေကြောင်း လူများခံစားမိကြသည်။

ထိုအချိန်တွင် လုချန်းက ပြုံးလျက်

“ဒါက ခင်ဗျားကို ခင်ဗျားရဲ့ စကြဝဠာဆီ ပြန်ပို့ပေးမယ့် အရာပဲ။”

“ ဒီအတွက် ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။”

သူ၏ စကားဆုံးသည်နှင့် နတ်ဆိုးနှင်အလံမှ ရွှေရောင် အလင်းတန်းတစ်ခုကို လွှတ်ထုတ်လိုက်သည်။ ထိုအလင်းတန်း ကောင်းကင်နတ်ဆိုး စွမ်းအားကို ထိတွေ့လိုက်သည့် ခဏတွင် ၎င်းကို တိုက်ရိုက် သန့်စင်ပစ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ ကောင်းကင်နတ်ဆိုး လုံးဝ ထိတ်လန့်သွားသည်။

ထိုအတွက် ကောင်းကင်နတ်ဆိုး၏ တုံ့ပြန်မှုက အနက်ရောင် မြူခိုးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လနက်မြို့ဆီသို့ ပြေးထွက်သွားခြင်းဖြစ်သည်။

ကောင်းကင်နတ်ဆိုး လနက်မြို့ဆီသို့ ပြေးထွက်သွားသည်ကို မြင်သောအခါ ကျိယန်ကမ္ဘာမှ ကျင့်ကြံသူများ ချက်ချင်း ဖြူဖျော့ သေဆုံးသွားချင်သလို ဖြစ်သွားကြသည်။

“မကောင်းတော့ဘူး။ ကောင်းကင်နတ်ဆိုး လာနေပြီ။”

“အားလုံး ပြေးကြ။”

“ကောင်းကင်နတ်ဆိုးက တကယ်ကို ကျွန်တော်တို့ဆီ လာနေတာ။”

………

ချက်ချင်းပင် အဓိက အင်အားစု အသီးသီး ဖရိုဖရဲ ဖြစ်သွားကြသည်။

ကောင်းကင်နတ်ဆိုး လနက်မြို့ အပေါ်မှ ပျံသန်းမည်ပြုစဉ် ရုတ်တရက် လုချန်း၏ ပုံရိပ် ကောင်းကင်နတ်ဆိုး၏ ရှေ့မှောက်တွင် ပေါ်လာပြီး ၎င်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

လုချန်းက

“ကျွန်တော်က ခင်ဗျားကို ပြန်ပို့ပေးဖို့ စေတနာကောင်းနဲ့ လုပ်ပေးတာကို ခင်ဗျားက ကျေးဇူး မသိတတ်ဘူး။”

ကောင်းကင်နတ်ဆိုးက

“လူသား။ ကျုပ်ကို အတင်း ဖိအားမပေးနဲ့။”

ဟု ဟိန်းဟောက်လိုက်သည်။

လုချန်းလည်း စကားလုံးများ မဖြုန်းတီးတော့ပဲ နတ်ဆိုးနှင်အလံကို နောက်တစ်ကြိမ် ထပ်မံ အသက်သွင်းလိုက်သည်။

…………………

All Chapters