← Chapters

အခုချက်ချင်း ပေးသေမယ်

Vol. 73 Ch. 1092

အခုချက်ချင်း ပေးသေမယ်

Vol. 73 Ch. 1092

ကျိချိုးယုတစ်‌ယောက် သေချင်စိတ် ပြင်းပြနေပုံကို မြင်လျှင် လုချန်းက

“ကောင်းပြီလေ။ မင်း ဒီလောက်တောင် သေချင်နေမှတော့ မင်း ကျေနပ်အောင် လုပ်ပေးရတာပေါ့။”

လုချန်း၏ စကားကို ကြားသောအခါ ကျိချိုးယု၏ မျက်လုံးများကို နောက်တစ်ကြိမ် ပြန်မှိတ်သွားသည်။

ဤတစ်ကြိမ်...

ဒါ တကယ် ပြီးဆုံးသွားခဲ့ပြီ...

နောက်ဆုံးတော့...

သူမ သေရတော့မည်မှာ သေချာပြီဟု ကျိချိုးယုက ထင်မှတ်လိုက်သည်။ ထိုသို့ ထင်လိုက်စဉ်မှာပင် သူမ ရုတ်တရက် ဟန်ချက်ပျက်သွားကာ ပျော့ပျောင်းသော အရာတစ်ခုပေါ်သို့ လဲကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ချက်ချင်းပင် တစ်စုံတစ်ခုက သူမ၏ ကိုယ်ပေါ်သို့ ဖိကျလာသကဲ့သို့ ဖြစ်သွားသည်။ နောက်တစ်ခဏတွင် ပြင်းရှရှ အသက်ရှုငွေ့တစ်ခုက သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ထိုအငွေ့သည် သူမ၏ နှလုံးသား အတွင်းရှိ မီးတောက်တစ်ခုကို ချက်ချင်း လောင်ကျွမ်းစေလိုက်ကာ သူမ၏ ခန္ဓာကိုယ်ကို မယုံနိုင်လောက်အောင် မငြိမ်မသက် ဖြစ်သွားစေသည်။

ကျိချိုးယု အလျင်အမြန် မျက်လုံး ဖွင့်ကြည့်လိုက်သည်။ ထိုအခါ သူမ အဆောင်ငယ် ထဲတွင် မဟုတ်တော့သည်ကို သတိပြုမိလိုက်သည်။ သူမသည် သူမ၏ အခန်းထဲရှိ သူမ၏ ကုတင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ ထို့ပြင် လုချန်းက သူမအပေါ်မှ ဖိထားပြီး အပေါ်စီးမှ ငုံ့ကြည့်နေသည်ကိုလည်း တွေ့လိုက်ရသည်။

ဘာ...

ဘာတွေ ဖြစ်နေ...

ဇဝေဇဝါဖြစ်နေသော မျက်နှာဖြင့်

“ရှင်... ရှင် ဘာလုပ်နေတာလဲ...”

လုချန်းက ပြုံးလျက်

“မင်း သေချင်နေတာ မဟုတ်ဘူးလား။ ကိုယ် အခု မင်းကို ပေးသေတော့ မလို့လေ။”

ကျိချိုးယု၏ မျက်နှာသည် ရုတ်တရက် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ သူမကို သတ်ရန် သူ့အတွက် ဓားချက်တစ်ချက်တည်းသာ လိုအပ်၏။ သူမကို ကုတင်ပေါ် ခေါ်လာရန် မလိုအပ်ဘူး မဟုတ်လား။

လုချန်း ဘာလုပ်ချင်နေသည်ကို နားမလည်နိုင်စွာဖြင့် ကျိချိုးယု ဇဝေဇဝါ ဖြစ်နေသည်။ ထိုသို့ဖြစ်နေစဉ်မှာပင် သူက ရုတ်တရက် ကိုင်းညွှတ်လိုက်သည်။ ထို့နောက် သူက သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ပိတ်လိုက်သည်။

ကျိချိုးယု၏ လှပသော မျက်လုံးများလည်း ထိတ်လန့်မှုကြောင့် ဝိုင်းစက်သွားသည်။ သူမ သတိပြန်ဝင်လာသောအခါ ပြင်းထန်စွာ ရုန်းကန်စ ပြုလာသည်။ သို့သော် သူမ အလွန်တရာ အားနည်းနေပြီ ဖြစ်သည်။ ထို့ကြောင့် သူမ၏ ရုန်းကန်မှုများအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။

“အွန်း... အွန်း...”

လုချန်း၏ ရင်ဘတ်ကို ထုနှက်ရန် သူမ၏ လက်သီးများကို မြှောက်လိုက်မည် အပြုတွင် လုချန်း၏ လက်များက သူမကို ဖမ်းချုပ်လိုက်သည်။ ထို့နောက် သူမ၏ လှပသော ဆံနွယ်များ ဘေးတွင် အတင်းအကျပ် ဖိကပ်ထားလိုက်သည်။

လုချန်း၏ အနမ်းများအောက်တွင် ထာဝရကဲ့သို့ ကြာမြင့်သွားသည်။ ထို့နောက် ကျိချိုးယု တဖြည်းဖြည်း ရုန်းကန်ခြင်းကို ရပ်တန့်လိုက်သည်။ သူမ၏ စိတ်ထဲ ဗလာဖြစ်သွားသလိုလည်း ခံစားလိုက်ရသည်။ သူမ၏ ခြေထောက်များ မရပ်မနား လူးလွန့်နေစဉ် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မယုံနိုင်လောက်အောင် လှုပ်ရှား တက်ကြွလာခဲ့သည်။

ကျိချိုးယု မိမိကိုယ်ကို ပျောက်ဆုံးသွားတော့မည့် အချိန်တွင် ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။

ဤ သေနာကျ လူလိမ်သည် တခြားကမ္ဘာမှ ရန်သူတစ်ဦး ဖြစ်၏။ သူမက သူ့အပေါ် ထိုကဲ့သို့သော အတွေးမျိုး မည်သို့ ရှိနိုင်ပါမည်နည်း။

မဖြစ်ပါ။

လုံးဝ မဖြစ်ပါ။

ဤလူယုတ်မာသည် သူမ၏ အပျိုစင်ဘဝကို အရင်ယူပြီးမှ သူမကို သတ်ရန် ကြံစည်နေခြင်းသာ ဖြစ်ရမည်။

သူမ ဤလူယုတ်မာကို အောင်မြင်ခွင့် လုံးဝ မပေးနိုင်ပေ။

ထို့နောက် ကျိချိုးယု နောက်တစ်ကြိမ် ရုန်းကန်လိုက်ပြန်သည်။ သို့သော် ထိုအခိုက်အတန့်တွင် အဝတ်များ ဆုတ်ဖြဲလိုက်သည့် အသံကို သူမ ရုတ်တရက် ကြားလိုက်ရသည်။ ဘာတွေဖြစ်ပျက်နေသည်ကို သူမ မသိနိုင်မီမှာပင် ထူးဆန်းသော ခံစားမှုတစ်ခုက သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

“အွန်း”

ဟူသော မပီမသ ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ကျိချိုးယု၏ မျက်ဝန်းထောင့်များမှ ကြည်လင်သော မျက်ရည် နှစ်စင်း နောက်တစ်ကြိမ် လျှောကျလာပြန်သည်။ အဆုံးသတ်တွင် သူမသည် ဤသေနာကျ လူလိမ်ကို အောင်မြင်ခွင့် ပေးလိုက်ရဆဲ ဖြစ်သည်။

နောက်ဆုံးတွင် ရုန်းကန်ခြင်းကို သူမ လက်လျှော့လိုက်သည်။ လုချန်းအား သူမ၏ အသက်ကို ယူဆောင်သွားရန် ခွင့်ပြုလိုက်တော့သည်။

…….

ကျိရှောင်နိုင်ငံတော်။

နန်းတော်၏ အောက်ဘက်။

နန်းကုန်းယွဲ့ဟွာသည် ကျောက်သားစင်မြင့် အဝိုင်းတစ်ခု၏ ရှေ့တွင် ရပ်နေသည်။ သူမသည် အတွေးထဲ နစ်မြောနေသည့်ပုံ ပေါက်နေသည်။ သူမသည် နိယာမ အလုံးစုံ အဆင့် ဧကရီတစ်ပါး ဖြစ်လာခဲ့သော်လည်း ကမ္ဘာ့လမ်းကြောင်းတစ်ခု ဖန်တီးရန် တစ်ခါမှ မကြိုးစားဖူးခဲ့သလို အတွေ့အကြုံလည်း လုံးဝ မရှိခဲ့ပေ။

အဓိက ပြဿနာမှာ ထိုလမ်းကြောင်းက မည်သည့်ကမ္ဘာသို့ ဦးတည်သည်ကို သူမ မသိခြင်း ဖြစ်သည်။ အကယ်၍ သူတို့ လမ်းကြောင်းကို ဖွင့်လိုက်လျှင်ပင် ထိုလမ်းကြောင်းက အလွန် အန္တရာယ်များသော ကမ္ဘာတစ်ခုဆီသို့ ဦးတည်သွားပြီး ထိုနေရာသို့ ရောက်သည်နှင့် အသက်ဆုံးရှုံးရမည် ဆိုပါက ဘယ်လိုမှ မကောင်းပေ။ ထိုသို့အဖြစ်ခံမည့်အစား ကျိယန်ကမ္ဘာထဲ၌သာ ပုန်းအောင်းဖို့ နေရာတစ်ခု ရှာဖွေလိုက်ခြင်းက ပို၍ပင် ကောင်းပေလိမ့်မည်။

နန်းကုန်းယွဲ့ဟွာ၏ ဘေးတွင် ရပ်နေသော နန်းကုန်းချင်ရက

“နင်လည်း ဧကရီ ဖြစ်လာဖို့ အတော်လေး ကြိုးစားခဲ့ရပြီးတော့မှ အခု နှစ်အနည်းငယ်အတွင်းမှာပဲ အားလုံးကို လက်လွှတ်ရတော့မယ်။ နင် အခု ဘယ်လို ခံစားနေရမလဲဆိုတာ ငါ စဉ်းစားကြည့်နေတယ်”

ဟု ခပ်အေးအေး ပြောလိုက်သည်။

ထိုသို့ ကြားသော်လည်း နန်းကုန်းယွဲ့ဟွာကတော့ သူမ၏ ရှေ့မှ နည်းဗျူဟာ ပုံစံ စင်မြင့်ကို ဆက်လက် ကြည့်ရှုနေသည်။ သူမက

“ဒါတွေက ပြင်ပ ပိုင်ဆိုင်မှုတွေပါပဲ။ ကျိယန်ကမ္ဘာကနေ ထွက်သွားတာက ငါ့အတွက် မကောင်းတဲ့ အရာတွေပဲ ဖြစ်လာမယ်လို့ မပြောနိုင်ပါဘူး။”

သူမသည် ထိုအထွဋ်အထိပ် အာဏာကို အမှန်တကယ် စွဲလမ်းခဲ့သည်။ သို့သော်လည်း အချက်တစ်ချက်ကို သူမ နားလည်ထားသည်။ သူမသည် ကျိယန်ကဲ့သို့ အဆင့်နိမ့် ကျင့်စဉ်ကမ္ဘာတွင် အမြဲ နေထိုင်နေပါက သူမ၏ အင်အားနှင့် အဆင့် တို့ ရှေ့ဆက်တိုးတက်ရန် ခဲယဉ်းလိမ့်မည် ဖြစ်သည်။

ဤကမ္ဘာ၏ အဆင့်အမြင်ဆုံး ကျင့်ကြံသူမှာ ဥပဒေနိယာမ အလုံးစုံ အဆင့်သာ ရှိနေသည်။ ကျိယန်ကမ္ဘာတွင် တစ်ချိန်က နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး ရှိခဲ့ဖူးသည်ဟု ကောလာဟလများ ရှိခဲ့သည်။

သို့သော် ထို နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူမှာ ကျိယန်ကမ္ဘာမှ မဟုတ်ခဲ့ပေ။ အဆိုပါ ကျင့်ကြံသူသည် နောက်ပိုင်းတွင် ကောင်းကင်နတ်ဆိုးကို ချိပ်ပိတ်သည့် တိုက်ပွဲတွင် သေဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ ဤကမ္ဘာတွင် နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးမှ မပေါ်ထွန်းလာတော့ချေ။

ယခု နန်းကုန်းယွဲ့ဟွာ နိယာမ အလုံးစုံ အဆင့်သို့ ရောက်ရှိသွားပြီးနောက် သူမ၏ အဆင့် တိုးတက်မှုမှာ လုံးဝနီးပါး ရပ်တန့်သွားခဲ့သည်။ ရှေ့ဆက် တိုးတက်ရန်လည်း အလွန် ခက်ခဲသွားပြီ ဖြစ်ကြောင်းကို သူမ ရှင်းလင်းစွာ ခံစားမိနေသည်။

အကယ်၍ သူမ ကျိယန်ကမ္ဘာတွင်သာ ဆက်လက် နေထိုင်နေပါက နိယာမ အလုံးစုံ အဆင့် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းကုန်ဆုံးမှုကိုသာ သူမ စောင့်ဆိုင်းနေရပေလိမ့်မည်။

သို့သော် သူမ ကျိယန်ကမ္ဘာမှ ထွက်ခွာပြီး အဆင့်မြင့် ကျင့်စဉ် ကမ္ဘာတစ်ခုသို့ သွားခဲ့ပါက အခြေအနေ တစ်မျိုး ဖြစ်သွားနိုင်သည်။ ထိုအခါ နတ်ဘဝပြောင်းလဲခြင်း အဆင့်သို့ တိုးတက်ရန် မျှော်လင့်ချက် ရှိနေနိုင်သေးသည်။ သို့မဟုတ် ပို၍ မြင့်မားသော အမြင့်များကိုပင် ရရှိနိုင်သေးသည်။

ဟုတ်ပါသည်။ ဧကရီတစ်ပါး ဖြစ်ရခြင်းက မဆိုးလှပါ။ သို့သော် အခြားသော အဆင့်မြင့် ကျင့်စဉ် ကမ္ဘာများသို့ အခွင့်အလမ်းများ ရှာဖွေရန် ခရီးသွားခြင်းက သူမ၏ ဘဝကို ပိုမို ကြွယ်ဝစေမည် ဖြစ်သည်။ ထို့ပြင် သူမ၏ အမြင်ကိုလည်း ကျယ်ပြန့်စေပေလိမ့်မည်။

နန်းကုန်းယွဲ့ဟွာ၏ စကားများကို ကြားပြီးနောက် နန်းကုန်းချင်ရ ခပ်ဖျော့ဖျော့ ရယ်မောလိုက်သည်။ နန်းကုန်းယွဲ့ဟွာ ပြောသမျှကို တစ်လုံးတစ်ပါဒမျှ သူမ မယုံကြည်ပေ။

ဧကရီ ဖြစ်လာရန်အတွက် အသည်းအသန် ကြိုးပမ်းခဲ့ရသည်များကို ဒီအတိုင်း လွယ်လွယ် လက်လွှတ်လိုက်မှလား။

နောင်တရ နှမြောတသခြင်း မရှိပဲ ထိုသို့လုပ်ရန်က မဖြစ်နိုင်ပေ။

သို့သော်လည်း နန်းကုန်းယွဲ့ဟွာက ထီးနန်းကို စွန့်လွှတ်ရန် နှမြောခြင်း ရှိမရှိ ဆိုသည့်အချက်ကို နန်းကုန်းချင်ရ အာရုံမစိုက်နေတော့ပေ။ ယခု အရေးကြီးဆုံးမှာ ကျိယန်ကမ္ဘာမှ ထွက်ခွာသွားရန် ဖြစ်သည်။

တခြားကမ္ဘာမှ ရန်သူသည် အလွန် အစွမ်းထက်လွန်း၏။ ယခု နန်းကုန်းယွဲ့ဟွာ နှမြောနေသည်ဖြစ်စေ မနှမြောသည်ဖြစ်စေ အရေးမကြီးတော့ပေ။ ရန်သူ၏ တိုက်ခိုက်မှု တစ်ချက်တည်းက ကောင်းကင်နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ကျိယန်ကမ္ဘာရှိ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့် ကျင့်ကြံသူများအားလုံး ပေါင်းစည်းလိုက်လျှင်ပင် ဤတခြားကမ္ဘာမှ ရန်သူကို ခုခံနိုင်မည် မဟုတ်ပေ။

ထိုအခိုက်တွင် နန်းကုန်းယွဲ့ဟွာသည် အဆင့်အမြင့်ဆုံး စိတ်ဝိညာဉ်ကျောက်တုံး တစ်ဒါဇင်ကျော်ကို ထုတ်ယူလိုက်ကာ သူမ၏ ရှေ့မှ နည်းဗျူဟာ ပုံစံ စင်မြင့်၏ အပေါက်များထဲသို့ ထည့်လိုက်သည်။ ထို့နောက် ကမ္ဘာ့လမ်းကြောင်းကို ဖွင့်ရန် ထိုနည်းဗျူဟာ ပုံစံအား ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

သူမသည် နည်းဗျူဟာ ပုံစံထဲသို့ စိတ်ဝိညာဉ် စွမ်းအား အားလုံးကို ထည့်သွင်းလိုက်သည်။ ထိုသို့ထည့်သွင်းလိုက်သည်နှင့် စက်ဝိုင်းပုံ နည်းဗျူဟာ ပုံစံ၏ အပေါ်တွင် တံခါးတစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့သည်။ သို့သော် ၎င်းသည် တဖျပ်ဖျပ် လင်းနေပြီး မတည်ငြိမ်သေးပေ။

နန်းကုန်းယွဲ့ဟွာက ချက်ချင်းပင်

“ချင်ရ”

ဟု ခေါ်လိုက်သည်။

နန်းကုန်းချင်ရလည်း သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ ထို့နောက် စက်ဝိုင်းပုံ နည်းဗျူဟာ ပုံစံ စင်မြင့်ထဲသို့ စိတ်ဝိညာဉ် စွမ်းအားကို လျင်မြန်စွာ ထည့်သွင်းလိုက်သည်။

သို့သော် သူတို့အား အံ့အားသင့်စေမည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ သူတို့၏ စိတ်ဝိညာဉ် စွမ်းအားများကို လောင်းထည့်လိုက်သော်လည်း ကမ္ဘာ့လမ်းကြောင်း၏ ဝင်ပေါက်သည် တည်ငြိမ်သော လမ်းကြောင်းတစ်ခု ဖြစ်ပေါ်မလာခဲ့ပဲ လျင်မြန်စွာ ပြိုကျသွားခဲ့သည်။

နန်းကုန်းယွဲ့ဟွာ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

ဘာတွေ ဖြစ်နေတာလဲ။

ဒါက သူမ၏ ပထမဆုံးအကြိမ် ကမ္ဘာ့လမ်းကြောင်း တည်ဆောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၌ အတွေ့အကြုံ မရှိပေ။ သို့သော်လည်း သူမတွင် ဥပဒေနိယာမ အလုံးစုံ အဆင့်၏ စွမ်းအား ရှိနေသည်။ ထို့ပြင် နန်းကုန်းချင်ရ၏ အကူအညီပါ ရှိနေသည်။ ထို့ကြောင့် လမ်းကြောင်းက ဤမျှ လျင်မြန်စွာ ပြိုကျမသွားသင့်ပေ။

ခဏခန့် စဉ်းစားပြီးနောက် အဆင့်အမြင့် စိတ်ဝိညာဉ်ကျောက်တုံး ဒါဇင်ပေါင်းများစွာကို ထပ်မံ ထုတ်ယူလိုက်ကာ စင်မြင့်၏ အပေါက်များထဲသို့ ထည့်လိုက်သည်။ ထို့နောက် နည်းဗျူဟာ ပုံစံထဲသို့ စိတ်ဝိညာဉ် စွမ်းအားကို နောက်တစ်ကြိမ် လောင်းထည့်လိုက်သည်။ ပြီးမှ

“ချင်ရ။ နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်ရအောင်။”

ကမ္ဘာ့လမ်းကြောင်းကို နောက်တစ်ကြိမ် တည်ဆောက်ရန် သူတို့ နှစ်ဦး ကြိုးပမ်းခဲ့ပြန်သည်။ သို့သော် ရလဒ်မှာ ယခင်အတိုင်းပင် ဖြစ်သည်။ ဝင်ပေါက် စတင် ဖြစ်ပေါ်လာသည်နှင့် ချက်ချင်းနီးပါး ပြန်လည် ပြိုကျသွားသည်။ ထို့ကြောင့် ၎င်းကို တည်ငြိမ်အောင် ပြုလုပ်ရန် ခက်ခဲနေသည်။

ဝင်ပေါက်ကို တည်ငြိမ်အောင် မပြုလုပ်နိုင်ပါက သူတို့နှင့်အတူ အခြားသူများကို ကျိယန်ကမ္ဘာမှ သယ်ဆောင်သွားနိုင်မည် မဟုတ်ပေ။ လမ်းကြောင်း ဝင်ပေါက် ပွင့်လာသည့် ခဏတာအတွင်းမှာတော့ သူတို့ နှစ်ဦး ကမ္ဘာမှ ထွက်ပြေး လွတ်မြောက်နိုင်ပေလိမ့်မည်။

သို့သော် တစ်ယောက်တည်း ထွက်ပြေးရန် နန်းကုန်းယွဲ့ဟွာ မရည်ရွယ်‌ပေ။ သူမသည် အခစား ခံရခြင်းနှင့် အသားကျနေခဲ့သည်။ ထို့ကြောင့် သူမ၏ အရင်းနှီးဆုံး လူယုံများကို သူမနှင့်အတူ ခေါ်ဆောင်သွားရန် အစီအစဉ် ရှိ၏။ ဤကမ္ဘာမှ တစ်ယောက်တည်း ထွက်ခွာသွားရမည် ဟူသော အတွေးက သူမအတွက် စိတ်ကူးထဲပင် မထည့်နိုင်သည့် အရာဖြစ်နေသည်။

နန်းကုန်းချင်ရလည်း ထိုနည်းတူပင်။ သူမတွင်လည်း တစ်ယောက်တည်း ထွက်ခွာသွားရန် ရည်ရွယ်ချက် မရှိပေ။ အနည်းဆုံးတော့ သွေးသက်တံရဲတိုက်မှ အကြီးအကဲများကို သူမနှင့်အတူ ခေါ်ဆောင်သွားလိုခဲ့သည်။

………………..

All Chapters