လွမ်းနေခဲ့လား
Vol. 73 Ch. 1082
လွန်ခဲ့သော လအနည်းငယ်ကတည်းက သူမဘက်ကသာ လှုပ်ရှားနေသောကြောင့် လုချန်းက သူမအား လွယ်လွယ်ကူကူ လွှတ်ပေးလိမ့်မည်ဟု ယွမ်ရှန်ရှန် ထင်ခဲ့သည်။ ယခု သူက သူမကို ပွေ့ဖက်ထားပြီး ချိုသာသော စကားများသာ ပြောတော့မည်ဟု ထင်မှတ်နေခဲ့သည်။ သို့သော် သူမက သူ့အား ကျင့်စဉ်မီးဖိုဟု ခေါ်ခဲ့၏။
ဒါကို သူ သည်းမခံနိုင်ခဲ့ပေ။ နောက်ဆက်တွဲ အနေနှင့် မည်သူက မည်သူ၏ ကျင့်စဉ်မီးဖို ဖြစ်သည်ကို ယွမ်ရှန်ရှန် နားလည်သဘောပေါက်သွားခဲ့သည်။ အဆုံးတွင်တော့ ယွမ်ရှန်ရှန် အလျှော့ပေးခဲ့ရသည်။ အာဏာရှင် လုချန်းထံတွင် လက်နက်ချကာ သနားညှာတာမှု သူမ တောင်းခံခဲ့ရပြီး သူမသာလျှင် သူ၏ ကျင့်စဉ်မီးဖို ဖြစ်ကြောင်း ဝန်ခံခဲ့ရသည်။
ထိုအရာက လုချန်းအား အချက်တစ်ချက်ကိုလည်း နားလည်သွားစေခဲ့၏။ သင်လုပ်နေသည့် အရာကို အခြားသူများ မသိစေလိုပါက သင်ကိုယ်တိုင်လည်း ထိုအရာကို မလုပ်သင့် ဟူသော သဘောတရားဖြစ်သည်။
သူ၏ ဇနီးများသည် သူ ထင်ထားတာထက် ပို၍ ဉာဏ်ကောင်းကြ၏။ ကျောင်းယိုယိုနှင့် ရှောင်ဝမ်ယောင်တို့ကလွဲ၍ ဤကိစ္စကို အားလုံးသိထားကြပြီး ဖြစ်နိုင်သည်။ နဂါးဖီးနစ် သစ်ပင်၏ လျှို့ဝှက်ချက်ကို သူတို့ အစောကြီးကတည်းက ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်နိုင်သည်။ သူတို့က ဒါကို စိတ်ထဲတွင်သာ ဖုံးကွယ်ထားခဲ့ပြီး ဘာမှ မသိဟန်ဆောင်နေခဲ့ကြခြင်းသာဖြစ်သည်။
နောက်ပိုင်း ရန်မြို့ နန်းတော်သို့ ပြန်ရန် လုချန်း ဆုံးဖြတ်လိုက်သည်။ သူ၏ ဇနီးများထံမှ စကားအချို့ကို စမ်းသပ် မေးမြန်းကြည့်ပြီး သူတို့ တကယ်ပဲ အရာအားလုံးကို သိနေခြင်း ရှိမရှိ စူးစမ်းကြည့်ရမည်ဖြစ်သည်။
……..
လပေါင်းများစွာ ဟူသော ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့၏။
ကျိယန်ကမ္ဘာ။
လနက်မြို့။
ယခုအခါ လနက်မြို့သည် ပိုမို စည်ကားလာခဲ့သည်။ တစ်ကိုယ်တော် ကျင့်ကြံသူ အမြောက်အမြား ထိုနေရာတွင် စီးပွားရေး လုပ်ရန် ဆန္ဒရှိလာကြသည်။
လုချန်း၏ စွမ်းဆောင်ရည်များသည် ကျိယန်ကမ္ဘာတဝှမ်း ပျံ့နှံ့သွားခဲ့၏။ လနက်မြို့၌ နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်နိုင်ပြီး ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန်ကို လွယ်ကူစွာ သတ်ဖြတ်နိုင်သူ တစ်ဦး ရှိသည်ကို လူများ သိလာကြသည်။ လနက်မြို့သည် နတ်ဆိုး ချိပ်ပိတ်နယ်မြေ၏ ဘေးတွင် ရှိသည်။ သို့သော် ကောင်းကင်နတ်ဆိုး ချိပ်ပိတ်ထားရာမှ မလွတ်မြောက်မချင်း လနက်မြို့သည် ပို၍လုံခြုံသောနေရာ ဖြစ်သည်ဟု ကျင့်ကြံသူ အများစု ယူဆကြသည်။
ယခုအခါ ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန်များပင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ချူးနိုင်ငံတော် သို့မဟုတ် ကျိယန်ကမ္ဘာ တစ်ခုလုံး အတွင်းရှိ နတ်ဆိုးကျင့်ကြံသူ ဘယ်လောက်များများ လှုပ်ရှားရန် အသင့်ပြင်နေကြသည်ကို မည်သူမှ မပြောနိုင်ပေ။ ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးကျင့်ကြံသူ တစ်ဦးတည်းသာ ရှိသည်ဟု မည်သူက သေချာ ပြောနိုင်မည်နည်း။
အကယ်၍ အခြား နိယာမ အလုံးစုံအဆင့် နတ်ဆိုးကျင့်ကြံသူများ အပြင်တွင် ရှိနေခဲ့လျှင် ဘယ်လို လုပ်မည်နည်း။
….
ထိုအချိန်တွင်။
မြို့သခင် စံအိမ် အတွင်း။
လက်ရှိ မြို့သခင် စံအိမ်သည် ငှက်များ၏ တေးသံများ၊ မွှေးကြိုင်သော ပန်းများဖြင့် ပြည့်နှက်နေပြီး ခမ်းနားထည်ဝါလှသည်။ ဤကာလအတွင်း မြို့သခင် စံအိမ် တစ်ခုလုံးကို ပြန်လည် မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ စံအိမ်သည် ပို၍ကြီးသော ဧရိယာကို နေရာယူလာကာ ပို၍လည်း ခန့်ညားထည်ဝါလာခဲ့သည်။
ယခုအခါ မြို့သခင် စံအိမ်သည် မြို့သခင် စံအိမ် သက်သက်မျှ မဟုတ်တော့ပေ။ ၎င်းသည် မြောက်ပိုင်းစောင့် နယ်စား၏ စံအိမ်လည်း ဖြစ်သည်။ လုချန်း၏ အဆင့်အတန်းနှင့် ရာထူးသည် ကျိချိုးယု၏ အဆင့်ထက် ကျော်လွန်သွားခဲ့၏။ သူသည် လနက်မြို့တွင် အဓိက ဆုံးဖြတ်ချက် ချသူ ဖြစ်လာသည်။
ဟုတ်ပါသည်။ ကိစ္စရပ်များကို စီမံခန့်ခွဲခြင်းအား လုချန်း ဘယ်တော့မှ မနှစ်သက်ပေ။ သူ၏ နယ်မြေများကို ကျိချိုးယုကပင် ဆက်လက် စီမံခန့်ခွဲနေခဲ့သည်။ သူ၏ ရုပ်သေးရုပ်သည် အချိန်အများစုကို အခန်းထဲတွင် လဲလျောင်းရင်း ကုန်ဆုံးခဲ့သည်။ ရံဖန်ရံခါ စစ်ဆေးမှုများ ပြုလုပ်သာ အပြင်ထွက်လေ့ ရှိသည်။
သူ၏ ပင်မခန္ဓာကိုယ်အစစ်သည် ယွမ်ရှန်ရှန်ကို ဖြေရှင်းနေခဲ့ရသည်။ သူမကို ဖြေရှင်းပြီးနောက် သူ၏ အမျိုးသမီးများနှင့် ပြန်လည် ဆုံတွေ့ရန်အတွက် ရန်မြို့သို့ ပြန်ရန် စီစဉ်ထားသည်။ သူ့အတွက် အလွန် အလုပ်များလှသည်။
အကူအညီများသာ မရှိပါက သူသည် အမှန်တကယ်ပင် တာဝန်မသိသော အုပ်စိုးသူတစ်ဦး ဖြစ်လာနိုင်သည်ဟု လုချန်း ရံဖန်ရံခါ ပြန်လည် တွေးတောမိသည်။ နေ့စဉ်နေ့တိုင်း အမျိုးသမီးများကြားတွင် နှစ်မြောနေသော်လည်း ထျန်းချန်ကမ္ဘာကိုတော့ စနစ်တကျ စီမံခန့်ခွဲနေနိုင်သေးသည်။ ဒါက အကြွင်းမဲ့ အာဏာ၏ အကျိုးကျေးဇူးများထဲမှ တစ်ခု ဖြစ်သည်။
……
ရုပ်သေးရုပ် လုချန်းသည် အဆောင်ငယ်တစ်ခုထဲတွင် ရပ်နေသည်။ ရေကန်ထဲတွင် ဟိုဟိုဒီဒီ ကူးခတ်နေသော ငါးများကို ကြည့်ရှုနေစဉ် ကျိချိုးယု၏ အသံ သူ၏ နောက်မှ ထွက်ပေါ်လာခဲ့သည်။
“မြောက်ပိုင်းစောင့် နယ်စားကတော့ တကယ်ကို အေးဆေးနေတာပဲ။ စံအိမ်တော်ထဲမှာ တစ်နေ့လုံး အိပ်လိုက် ဒါမှမဟုတ် ငါး ကြည့်လိုက်နဲ့။”
ကျိချိုးယု၏ လေသံတွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။ လုချန်း မြောက်ပိုင်းစောင့်နယ်စား ဖြစ်လာပြီးကတည်းက သူ၏ နယ်မြေဆိုင်ရာ ကိစ္စရပ်များ အားလုံးကို သူမအပေါ် ပုံချထားခဲ့သည်။
သူမသည် လနက်မြို့ကို စီမံခန့်ခွဲခြင်းအား နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိခဲ့သော်လည်း လုချန်း၏ နယ်မြေများက ပို၍ ကြီးမားသည်။ ရုတ်တရက် ဤမျှ များပြားသော နယ်မြေများကို ပိုင်ဆိုင်လိုက်ရသဖြင့် သူမ၏ အလုပ်ပမာဏလည်း ဆယ်ဆမက တိုးလာခဲ့သည်။ ယင်းက သူမအား နေ့စဉ်နေ့တိုင်း အလွန် အလုပ်များစေခဲ့သည်။
သို့သော် မြောက်ပိုင်းစောင့်နယ်စား လုချန်း ကတော့ အေးအေးဆေးဆေးပင်။ ရံဖန်ရံခါ အပြင်ထွက် စစ်ဆေးခြင်းမှလွဲ၍ မြို့သခင် စံအိမ်မှ ထွက်ခွာလေ့ မရှိသလောက် ရှားသည်။
မြောက်ပိုင်းစောင့် နယ်စားက သူ မဟုတ်ပဲ ကျိချိုးယု ဖြစ်နေသည့်အလားပင်။
လုချန်းက ပန်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော ကျိချိုးယုကို လှည့်ကြည့်လိုက်ပြီး ပြုံးလျက်
“ကျွန်တော့် ပင်မခန္ဓာကိုယ်အစစ်က မကြာသေးခင်က...”
လုချန်း စကား မဆုံးမီတွင် ကျိချိုးယုက
“ရှင့်ရဲ့ ပင်မခန္ဓာကိုယ်က နောက်တစ်ခါ အဆင့်တက်တော့မလို့ မဟုတ်လား”
ဟု ဖြတ်ပြောလိုက်သည်။
လုချန်းက
“ခင်ဗျား ဘယ်လို သိတာလဲ”
ဟု ရယ်ကျဲကျဲ ပြောလိုက်သည်။
ကျိချိုးယုက နှုတ်ခမ်းတွန့်လိုက်ပြီး
“ရှင် အဲ့ဒီလို ပြောခဲ့တာ ဘယ်နှကြိမ် ရှိပြီလဲ။”
လုချန်း၏ ပင်မခန္ဓာကိုယ်အစစ်သည် အမှန်တကယ်ပင် စဉ်ဆက်မပြတ် အဆင့်တက်နေသလားဟု ကျိချိုးယု သံသယ ဝင်လာခဲ့သည်။ သူ၏ ဖြစ်တည်မှုက အတော်လေး ထူးဆန်းပုံရသည်။ သူသည် သူတော်စင်အဆင့် ကျင့်စဉ်များကိုပင် ပေးအပ်နိုင်သည်။ ထိုလူ သာမန်လူတစ်ယောက် မဖြစ်နိုင်တာတော့ သေချာသည်။
သို့သော် ဒီလောက် ခဏခဏ အဆင့်တက်ခြင်းကတော့ ချဲ့ကားပြောဆိုမှုတစ်ခုဟု ထင်ရသည်။
လုချန်းက
“ချိုးယု အိမ်ထောင်တစ်ခုမှာ ကျွန်တော်တို့က တစ်သားတည်းပဲ။ ခင်ဗျားရဲ့ ကိစ္စတွေက ကျွန်တော့် ကိစ္စတွေပဲ။ ကျွန်တော့် ကိစ္စတွေကလည်း ခင်ဗျားရဲ့ ကိစ္စတွေပဲ။ မြောက်ပိုင်း စောင့်နယ်စားရဲ့ ကိစ္စတွေကို ကိုင်တွယ်ပေးတဲ့အတွက် ကျွန်တော် ခင်ဗျားကို အရမ်းကျေးဇူးတင်ပါတယ်။”
အိမ်ထောင်ရေးတွင် တစ်သားတည်း ဖြစ်သည်ဟု လုချန်း ပြောသည်ကို ကြားရသောအခါ ကျိချိုးယု၏ ပါးပြင်များ အနည်းငယ် ပန်းရောင် သန်းသွားခဲ့သည်။ ကိစ္စရပ်များကို စီမံခန့်ခွဲရခြင်းမှ ရှောင်ရှားရန် ထိုသို့ ပြောခြင်း ဖြစ်နိုင်ကြောင်း သူမ စိတ်ထဲတွင် သိနေသော်လည်း သူမ၏ နှလုံးသားကတော့ သူ၏ စကားများကြောင့် တုန်လှုပ်နေဆဲ ဖြစ်သည်။
ကျိချိုးယု ထိုအကြောင်းအရာကို ဆက်လက် တွေးတောလိုစိတ် မရှိတော့ပဲ အခြား ကိစ္စတစ်ခုကို ထုတ်ပြောလိုက်သည်။
“ကျိရှောင်နိုင်ငံတော်က ပို့လိုက်တဲ့ အစေခံတွေကို ရှင် ဘယ်လို လုပ်ဖို့ စီစဉ်ထားလဲ။”
လုချန်းသည် ကျိယန်ကမ္ဘာအတွက် ကြီးမားသော ပံ့ပိုးမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု မကြာသေးမီက ကျိရှောင်နိုင်ငံတော်မှ ကြေညာခဲ့ပြီး သူ့အား ကျင့်ကြံခြင်း အရင်းအမြစ် အများအပြားနှင့်အတူ လှပသော အစေခံများစွာကိုပါ ဆုချီးမြှင့်ခဲ့သည်။
ကျိချိုးယုသည် ထို အစေခံများအပေါ် အမြဲတမ်း မလိုလားစိတ် ထားရှိခဲ့သည်။ သူတို့ တစ်ဦးချင်းစီသည် ထိပ်တန်းအလှမယ်များ ဖြစ်ကြပြီး အလွန်လှပကြသည်။ ကျိရှောင်နိုင်ငံတော်သည် လုချန်းကို အလှမယ်များနှင့် ဆွဲဆောင် သိမ်းသွင်းရန် ကြိုးစားနေသည်ဟု သူမအား သံသယ ဝင်စေခဲ့သည်။
လုချန်းကဲ့သို့သော လူတစ်ဦးတွင် အမျိုးသမီးများစွာ ရှိမည်ကို ကျိချိုးယု နားလည်ထားပြီးဖြစ်သည်။ သို့သော် ထို အစေခံများ လုချန်း၏ ပတ်ပတ်လည်တွင် ဝန်းရံနေသည်ကို မြင်ရခြင်းက သူမအား အမြဲတမ်း သဝန်တိုစေခဲ့သည်။
ကျိချိုးယု၏ မှတ်ချက်စကားကို နားထောင်ရင်း လုချန်း သူမထံသို့ ရုတ်တရက် တိုးကပ်သွားလိုက်သည်။ သူက သူမ၏ သေးသွယ်သော ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်ပြီး နားနားကပ်၍
“ကိုယ့် အချစ်က အဲ့ဒီ အစေခံတွေကို ဘယ်လို ဖြေရှင်းစေချင်လဲ။”
“ကိုယ့် အချစ်” ဟူသော အသုံးအနှုန်းကို ကြားရသောအခါ ကျိချိုးယု၏ မျက်နှာ နောက်တစ်ကြိမ် နီရဲသွားခဲ့သည်။ သို့သော် သူမအား ပွေ့ဖက်ထားသော လုချန်းသည် ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်ကြောင်း သတိရလိုက်သည်။ ထိုအခါ သူမ၏ တုန်လှုပ်နေသော နှလုံးသားလည်း လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားခဲ့သည်။
“သူတို့ကို ရှင့်ဆီ ပေးခဲ့တာ။ အဲ့ဒီ ဆုံးဖြတ်ချက်က ရှင်ပဲ လုပ်ရမှာပေါ့။”
လုချန်းက
“ချိုးယုက သူတို့ကို မကြိုက်ဘူးဆိုရင် ကိုယ် သူတို့ကို ကျိရှောင်နိုင်ငံတော်ဆီ ပြန်ပို့လိုက်ရုံပဲ။”
ကျိချိုးယုက
“ကျွန်မ အဲဒီလို ဘယ်တုန်းက ပြောလို့လဲ။”
လုချန်းက
“ဧကရီက ကျွန်တော့်ကို စောင့်ကြည့်ဖို့ အဲ့ဒီ အစေခံတွေကို လွှတ်လိုက်တာ။”
ထိုသို့ ကြားရအခါ ကျိချိုးယု အံ့အားသင့်သွားပြီး
“စောင့်ကြည့်တယ် ဟုတ်လား။ ဘာလို့လဲ”
လုချန်းက
“ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန်တစ်ယောက်ကို သတ်ဖြတ်နိုင်စွမ်း ရှိတဲ့ လူတစ်ယောက် ဒီလောကမှာ ရုတ်တရက် ပေါ်လာတယ်။ သူ့နေရာမှာ မင်းသာ ဆိုရင် သူ ဘယ်သူလဲ သူ့နောက်ကွယ်မှာ ဘယ်လို ကြောက်မက်ဖွယ် အင်အားစုတွေ ရှိနေလဲ ဆိုတာ မသိချင်ဘူးလား။”
လုချန်း၏ ဆိုလိုရင်းကို ကျိချိုးယု သဘောပေါက်သွား၏။ အင်အားစုများစွာက လုချန်းကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့ကြသည်ကို သူမ သိထားသည်။
ထိုအစေခံများ၏ အချက်အလက်များကို လုချန်း ဖတ်ရှုခဲ့ပြီး ဖြစ်၏။ သူတို့တွင် တာဝန် တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ သူ၏ လှုပ်ရှားသွားလာမှု အားလုံးနှင့် သူ နေ့စဉ် ပြုလုပ်သမျှ အရာအားလုံးကို နန်းကုန်းယွဲ့ဟွာထံသို့ သတင်းပို့ရန် ဖြစ်သည်။
ထိုသို့သော အနီးကပ် စောင့်ကြည့်မှုကတစ်စုံတစ်ခု မှားယွင်းနေသည်ဟု လုချန်းကို ခံစားစေခဲ့သည်။
သူ၏ ဇာစ်မြစ်သည် အမှန်တကယ်ပင် အတော်လေး လျှို့ဝှက်ဆန်းကြယ်သည်။ သို့သော် နေ့စဉ်ပြုလုပ်သော အရေးမပါသည့် ကိစ္စရပ်တိုင်းကို သတင်းပို့ရန်အထိတော့ မလိုအပ်ပေ။
နန်းကုန်းယွဲ့ဟွာ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သလားဟု လုချန်း သံသယ ဝင်လာခဲ့သည်။ ထို့ကြောင့် သူမက သူ့အပေါ် ဤမျှ သတိကြီးစွာ ထားနေခြင်း ဖြစ်နိုင်သည်။
ထိုအခိုက်အတန့်တွင် ကျိချိုးယုက
“သူတို့က ရှင့်ကို စောင့်ကြည့်ဖို့ ဒီကို ရောက်နေတယ်ဆိုတော့ သူတို့ ရှင့်ရဲ့ လျှို့ဝှက်ချက်တွေကို ရှာမတွေ့အောင် သူတို့ကို မောင်းထုတ်လိုက်တာက ပိုကောင်းလိမ့်မယ်။”
လုချန်းက ခပ်ပေါ့ပေါ့ပင်
“မလိုပါဘူး။ သူတို့ကို ဆက်ကြည့်ခိုင်းလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်က ဘာမှ လုပ်မှာ မဟုတ်ဘူး။”
“သူတို့ကို အခု ပြန်ပို့လိုက်ရင် နန်းကုန်းယွဲ့ဟွာကို ပိုပြီးသံသယ ဝင်သွားစေလိမ့်မယ်။ ကိုယ့်မှာ ပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်တချို့ ရှိနေလို့ သူတို့ကို မောင်းထုတ်လိုက်တယ်လို့ သူ ထင်သွားလိမ့်မယ်။”
ကျိချိုးယု စဉ်းစားလိုက်ပြီးနောက်
“ကျွန်မ နားလည်ပါပြီ။”
ဤအခိုက်အတန့်တွင် လုချန်းသည် ကျိချိုးယု၏ ပိတ်ပါး ဝတ်စုံကို ပွတ်သပ်နေခဲ့သည်။ သူက သူမ၏ နားနားတွင်
“ချိုးယု။ ကိုယ့်ရဲ့ ပင်မခန္ဓာကိုယ်အစစ်က လအနည်းငယ်အတွင်း လနက်မြို့ကို ရောက်လာလိမ့်မယ်လို့ ခံစားနေရတယ်။ မင်း ပြင်ဆင်ပြီးပြီလား။”
လုချန်း၏ စကားကို ကြားရသောအခါ ကျိချိုးယု၏ စိတ်ဝိညာဉ် စွမ်းအားများ နောက်တစ်ကြိမ် ဖရိုဖရဲ ဖြစ်သွားပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း ထပ်မံ လှုပ်ရှားလာခဲ့သည်။
ဟုတ်ပါသည်။ သူမ ပြင်ဆင်ပြီးပြီလားဟု လုချန်း မေးခြင်းက မည်သို့ အဓိပ္ပာယ်သက်ရောက်ကြောင်း သူမ နားလည်ခဲ့သည်။
ကျိချိုးယုက
“ရှင်.. လာသာလာပါ။”
ကျိချိုးယု၏ မျက်နှာ နီရဲနေသည်ကို မြင်သောအခါ လုချန်း၏ ပင်မခန္ဓာကိုယ်အစစ်၏ စိတ်လှုပ်ရှားမှုလည်း မြင့်တက်လာခဲ့သည်။ သူ၏ အိပ်ရာထဲတွင် ရှိနေသော ရဲလိနန်ရန်လည်း ထိုဒဏ်ကို အဓိက ခံလိုက်ရသည်။
ယခင် ကောင်းကင်ဝံပုလွေဘုရင်၏ ဇနီးသည် ယခုအခါ လုချန်းထံတွင် လုံးဝလက်နက်ချခဲ့ပြီ ဖြစ်သည်။
…….
ထျန်းချန်ကမ္ဘာ။
ရန်မြို့ နန်းတော်။
လှပသော ရဲလိနန်ရန်သည် နာကြည်းမှု ဝမ်းနည်းမှုများ အပြည့် ဖြစ်နေသော မျက်နှာဖြင့် လုချန်းကို ကြည့်လိုက်သည်။ လုချန်း အဘယ်ကြောင့် ယနေ့မှ သူမတစ်ဦးတည်းကိုသာ ရှာဖွေခဲ့သည်ကို သူမ နားမလည်နိုင်ခဲ့ပေ။ ယခင်က လုချန်း ပြန်လာသည့်အခါ အမြဲတမ်း အခြားသူ အများအပြားကို ခေါ်လေ့ရှိသည်။ အနည်းဆုံး ရှောင်ဝမ်ယောင်ကိုလည်း ခေါ်ထားလေ့ ရှိသည်။
မည်သို့ပင်ဖြစ်စေ ရှောင်ဝမ်ယောင်၏ အိပ်ခန်းသည် သူမ၏ အိပ်ခန်းနှင့် ကပ်လျက်တွင် ရှိသဖြင့် အတော်လေး အဆင်ပြေလှသည်။ သို့သော် ဤတစ်ကြိမ်တွင် လုချန်းက အခြား ညီအစ်မများကို မခေါ်ဘဲ သူမ၏ အခန်းထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ယခု လုချန်းသည် ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူမက သူ့ကို မည်သို့မျှ ယှဉ်နိုင်မည်နည်း။
လုချန်းက ရဲလိနန်ရန်၏ ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်ရင်း သူမ၏ မျက်လုံးများထဲသို့ စိုက်ကြည့်ကာ
“နန်ရန်။ မင်း ကိုယ့်ကို လွမ်းနေခဲ့လား။”
ရဲလိနန်ရန်က
“ကျွန်မက မင်းကြီးကို အချိန်တိုင်း သတိရနေခဲ့တာပါ။”
လုချန်းက
“ ဟုတ်လို့လား”
“ဒါဆိုရင်တော့ ကိုယ်က မင်းရဲ့ လွမ်းဆွတ်မှုတွေကို ဖြေလျော့ပေးသင့်တာပေါ့။”
ရဲလိနန်ရန်က အလျင်အမြန်ပင်
“မင်းကြီးက မရေမတွက်နိုင်တဲ့ ကိစ္စတွေနဲ့ အလုပ်များနေတာပါ။ ကျွန်မက မင်းကြီးရဲ့ အချိန်တွေကို အများကြီး မယူဝံ့ပါဘူး။”
လှပသော အမျိုးသမီး၏ ထိတ်လန့်နေသော မျက်နှာကို မြင်သောအခါ လုချန်း သူမအား နောက်ထပ် စနောက်ရန် စိတ်မကူးတော့ပေ။ သူက ပြုံးလျက်
“ကောင်းပြီ။ ကိုယ် မင်းကို ဆက်မစတော့ဘူး။ ကိုယ် ခဏနေရင် တခြားသူတွေဆီ သွားလိုက်ဦးမယ်။”
ရဲလိနန်ရန် အနည်းငယ် သက်ပြင်း ချနိုင်သွားသည်။
ထို့နောက် ရဲလိနန်ရန်က
“မင်းကြီး ဒီတစ်ခေါက် ရန်မြို့ကို ကိစ္စတစ်ခုခု ရှိလို့လာတာလား”
လုချန်း ပြန်မလာသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ဤကာလအတွင်း ထျန်းချန်ကမ္ဘာသည် အခြားကမ္ဘာများမှ ရန်သူများ၏ ကျူးကျော်ခြင်းကို ခံရသည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ လုချန်း၏ ဇနီးများလည်း သူ့အတွက် အလွန် စိုးရိမ်ခဲ့ကြသည်။
ယခု လုချန်းသည် ရုတ်တရက် ပြန်လာခဲ့ကာ သူ၏ ဇနီးများကို ချက်ချင်း မခေါ်ပဲ သူမကို လာရောက် စိုးမိုးခြယ်လှယ်ခဲ့သည်။ ဤအချက်က သူ ပြန်ရောက်နေသည်ကို အခြားလူများ မသိစေလိုကြောင်း ညွှန်ပြနေသည်။ သူ့၌ ဖြေရှင်းရန် ကိစ္စတစ်ခုခု ရှိသဖြင့် လျှို့ဝှက်စွာ ရောက်လာခဲ့ခြင်း ဖြစ်ရမည်။
တကယ်တော့ ရဲလိနန်ရန် အတွေးလွန်နေခဲ့ခြင်း ဖြစ်သည်။ လုချန်း အတွက်တော့ ရဲလိနန်ရန်၏ ပြည့်ဖြိုးသော ခန္ဓာကိုယ်ကို သတိရမိရုံမျှသာ ဖြစ်သည်။ ထို့ကြောင့် သူမထံသို့ တိုက်ရိုက် လာရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်မှ သူမ နဂါးဖီးနစ် သစ်ပင်အကြောင်း သိထားရှိခြင်း ရှိမရှိ စမ်းသပ် မေးမြန်းရန် ဖြစ်သည်။
လုချန်းက ရဲလိနန်ရန်၏ နားနားကပ်၍
“တကယ်တော့ အရေးကြီးတာ ဘာမှ မရှိပါဘူး။ ကိုယ် မင်းတို့ အားလုံးကို တွေ့ချင်လို့ ပြန်လာတာ။”
ရဲလိနန်ရန်ထံမှ ညည်းသံတစ်ခု ထွက်ပေါ်လာပြီး
“ဒါဆို မင်းကြီး ရောက်လာတာကို ဘာလို့ တခြား ညီအစ်မတွေကို မပြောတာလဲ။”
လုချန်းက
“ကိုယ် ပြန်လာတိုင်း အကြီးအကျယ် လုပ်နေစရာ မလိုပါဘူး။ ကိုယ့်အတွက် နဂါးနက်မြို့ကနေ ရန်ခရိုင်ကို ခရီးသွားတာက မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လေးပဲ။ ကိုယ်က အဝေး တစ်နေရာကို သွားခဲ့တာမှ မဟုတ်တာ။”
ထိုသို့ ပြောနေရင်းနှင့် တစ်ပြိုင်နက်တည်း လှုပ်ရှားနေရင်း လုချန်းက
“နန်ရန်။ မင်းရဲ့ ကျင့်ကြံမှုမှာ ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ရသေးလား။”
………………