အတွင်းစိတ် ပဋိပက္ခများဖြေရှင်းခြင်း
Vol. 73 Ch. 1084
မုယုံရွှီသည် ယခင် ဖြစ်ရပ်များမှ မည်သည့်အခါမှ သင်ခန်းစာမယူခဲ့ပေ။ လုချန်း လာတိုင်း သူမက နည်းလမ်းမျိုးစုံဖြင့် သူ့ကို ဆွပေးလေ့ရှိသည်။ နောက်ဆုံးတွင် သူမသည် မိမိစိုက်ပျိုးခဲ့သော အသီးအနှံများကိုသာ ပြန်လည် ရိတ်သိမ်းရလေ့ရှိသည်။
ထိုအချိန်တွင် လုချန်းက စာရေးစုတ်တံကို ကောက်ယူလိုက်သည်။ သူက မုယုံရွှီ၏ နှင်းကဲ့သို့ ဖြူဖွေးသော ကျောပြင်ပေါ်တွင် ကဗျာများကို မရပ်မနား ရေးသားလိုက်သည်။ ထို့နောက် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ထင်ရှားသော စာလုံးလေးလုံးကို ရေးဆွဲလိုက်သည်။
မူလက ဖြူဖွေးနေသော သူမ၏ ခန္ဓာကိုယ်သည် အနက်ရောင်မင်များဖြင့် တန်ဆာဆင်ခံလိုက်ရသောအခါ ဆန့်ကျင်ဘက် အရောင်များ၏ ပေါင်းစပ်မှုက သူမအား ပို၍ပင် စွဲမက်ဖွယ် ကောင်းသွားစေသည်။
လုချန်းသည်လည်း တဖြည်းဖြည်း ပို၍ ဒေါသကြီးလာသည်။
ထိုအချိန်တွင် မုယုံရွှီသည် စားပွဲပေါ်တွင် လဲလျောင်းနေသည်။ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလျက် လုချန်းကို ကြည့်ကာ
“... မင်းကြီး။ ကျွန်မ မှားသွားပါတယ်”
လုချန်းက ပြုံးလျက်
“မှားတယ် ဟုတ်လား။ မင်း ဘာကို အတိအကျ မှားသွားတာလဲ။”
မုယုံရွှီ၏ နှုတ်ခမ်းများ အနည်းငယ် ဟသွားပြီး
“ကျွန်မ... မင်းကြီးကိုမဆွဲဆောင်... ခဲ့သင့်ပါဘူး”
လုချန်းက
“မင်းက ကိုယ့်မိဖုရားပဲ။ ကိုယ့်ကို ဆွဲဆောင်တာ ဘာမှ မှားစရာမရှိဘူး။ မင်း အမှားကို မင်း သိပုံမရသေးဘူး။ အပြစ်ဒဏ်ကို ဆက်ပေးရမယ်။”
လုချန်း၏ စာရေးစုတ်တံ နောက်ဆုံး ရပ်တန့်သွားချိန်အထိ အချိန်မည်မျှ ကြာသွားသည်ကို မသိနိုင်ပေ။ သို့သော် ထိုအချိန်တွင် မုယုံရွှီသည် စားပွဲပေါ်တွင် လုံးဝ ပျော့ခွေကျသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက် လုချန်း သူ၏ လက်ရေးလှပညာ လေ့ကျင့်ခြင်းအား ရပ်တန့်လိုက်သည်ကို မုယုံရွှီ မြင်လိုက်သည်။ သူမ၏ အကြည့်သည် သူ၏ ချောမောသော မျက်နှာဆီသို့ ဖြည်းညှင်းစွာ ရွှေ့လျားသွားသည်။
“မင်းကြီး ဒီတစ်ခေါက် ပြန်လာတာ ဘာလို့ ဘယ်သူ့ကိုမှ အကြောင်းမကြားတာလဲ။”
လုချန်းက
“ကိုယ့်အတွက်တော့ နဂါးနက်မြို့နဲ့ နန်းတွင်းက နောက်ဖေးဥယျာဉ်နဲ့ ဘာမှမခြားဘူး။ ကိုယ် ပြန်လာတိုင်း ကြီးကြီးကျယ်ကျယ် လုပ်နေစရာ မလိုပါဘူး။”
ထို့နောက် လုချန်း သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ သူ၏ လက်ရေးကို သဘောကျနေသကဲ့သို့ မုယုံရွှီ၏ ဝမ်းဗိုက်ပေါ်ရှိ စာလုံးကြီး လေးလုံးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ထို့နောက် မုယုံရွှီက စားပွဲပေါ်တွင် လက်ထောက်လိုက်ပြီး ဖြည်းညှင်းစွာ ထလိုက်ကာ သူမ၏ ဝမ်းဗိုက်ပေါ်တွင် ရေးထိုးထားသော စကားလုံး လေးလုံးကို ငုံ့ကြည့်လိုက်သည်။
လမ်းခရီး ဘေးကင်းပါစေ။
ထိုနောက် ချက်ချင်းပင် မုယုံရွှီက လုချန်းအား အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
သို့သော်လည်း ဤစာလုံးလေးလုံးသည် လုချန်း ယခင်က ရေးလေ့ရှိသော စာလုံးသုံးလုံးထက် အနည်းငယ် ပိုလှနေသေးသည်။
အတိတ်က ထိုစာလုံးသုံးလုံး၏ အဓိပ္ပာယ်ကို သူမ နားမလည်ခဲ့ပေ။ သို့သော် လုချန်းနှင့် နေခဲ့တာ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ အဓိပ္ပာယ်ကို သူမ တဖြည်းဖြည်း နားလည်လာခဲ့သည်။
ထိုစာလုံးသုံးလုံးက သူမသည် လုချန်း၏ ကစားစရာ ဖြစ်ကြောင်း သွယ်ဝိုက် ဖော်ပြ နေခြင်းဖြစ်သည်။
မုယုံရွှီက
“မင်းကြီး ဒီတစ်ခေါက် ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားလဲ”
လုချန်း ပြန်မလာခဲ့သည်မှာ ခြောက်လနီးပါး ရှိနေပြီ ဖြစ်သည်။ ရှနိုင်ငံတော်သည် သူ မရှိပဲ လည်ပတ်နိုင်သော်လည်း ရန်ခရိုင်မှ သူ အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေခြင်းက အနည်းငယ် ထိတ်လန့်စရာ ဖြစ်စေခဲ့သည်။
လုချန်း ထျန်းချန်ကမ္ဘာ၏ အပြင်ဘက်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့၍ ပြန်မလာနိုင်ခဲ့ခြင်းလားဟု လူများ တွေးတောမိကြလာကြသည်။
လုချန်းက “လမ်းခရီး ဘေးကင်းပါစေ” စာလုံးများကို ပွတ်သပ်နေရင်း
“ကိုယ် သိပ်ကြာကြာ နေဖြစ်မယ် မထင်ဘူး။ ကိုယ် ကျိယန်ကမ္ဘာထဲကို လူတွေစေလွှတ်ဖို့ စီစဉ်နေတယ်။”
ထိုအရာက ကြီးမားသော လျှို့ဝှက်ချက် မဟုတ်သဖြင့် လုချန်းက မုယုံရွှီကို တိုက်ရိုက် ပြောပြလိုက်ခြင်းဖြစ်သည်။
ထိုအရာကို ကြားသောအခါ မုယုံရွှီ အနည်းငယ် အံ့အားသင့်သွားသည်။
သူမသည် အမြဲတမ်း သူမ၏ အဆောင်ထဲတွင်သာ နေထိုင်ခဲ့သည်။ လက်ရေးလှ လေ့ကျင့်ခြင်း၊ ကဗျာရေးခြင်း၊ ပန်းချီဆွဲခြင်းတို့ဖြင့် နေ့ရက်များကို ကုန်ဆုံးစေခဲ့သည်။ သို့သော်လည်း အပြင်လောကအကြောင်းကို သူမ ကောင်းကောင်းသိနေဆဲ ဖြစ်သည်။
ထျန်းချန်ကမ္ဘာနှင့် ကျိယန်ကမ္ဘာတို့ တိုက်မိပြီးနောက် ကမ္ဘာ့အတားအဆီးရှိ အက်ကွဲကြောင်း ပိုကြီးမားလာခဲ့သည်။ ရှနိုင်ငံတော်သည် ထိုအက်ကွဲကြောင်းများကို စောင့်ကြပ်ရန် တပ်အင်အား အများအပြား ချထားခဲ့သည်။
ကျိယန်ကမ္ဘာသည် အဆင့်မြင့် ကျင့်စဉ်လောက၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု ဆိုကြသည်။ ထျန်းချန်ကမ္ဘာထက် များစွာ ပိုများသော ကျင့်ကြံသူများ ရှိကာ ထိုနေရာရှိ စိတ်ဝိညာဉ် စွမ်းအင်ကလည်း ပို၍ ကြွယ်ဝသည်။
လုချန်း ကျိယန်ကမ္ဘာထဲသို့ တပ်များ မစေလွှတ်သေးသည့် အဓိက အကြောင်းရင်းမှာ ကျိယန်ကမ္ဘာ၏ အင်အားသည် ထျန်းချန်ကမ္ဘာထက် များစွာ သာလွန်နေနိုင်သောကြောင့် ဖြစ်နိုင်သည်။
မုယုံရွှီက
“မင်းကြီးက ကျိယန်ကမ္ဘာရဲ့ အခြေအနေကို စေ့စေ့စပ်စပ် စုံစမ်းပြီးသွားပြီလား။”
ပြင်ဆင်မှု မရှိပဲ စစ်ပွဲကို ဘယ်သောအခါမှ လုချန်း မဆင်နွှဲဟု မုယုံရွှိီ ယုံကြည်သည်။ ထို့ကြောင့် လုချန်းက ကျိယန်ကမ္ဘာကို တိုက်ခိုက်ရန် အဆိုပြုပါက ကျိယန်ကမ္ဘာ၏ တိကျသော အခြေအနေကို သူသိထားပြီး ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။
လုချန်းက
“ဟုတ်တယ်။ ကျိယန်ကမ္ဘာမှာ နတ်ဘဝပြောင်းလဲခြင်း အဆင့် စွမ်းအားရှင်တွေ မရှိဘူး။”
ထိုအရာကို ကြားသောအခါ မုယုံရွှီလည်း နောက်ထပ် မေးခွန်းများ မမေးတော့ပေ။ လုချန်းက ဤကိစ္စကို သူမအား ပြောပြနေသော်လည်း ထိုကဲ့သို့သော အရေးအရာများသည် သူမ ဝင်ရောက် စွက်ဖက်နိုင်သည့် အရာများ မဟုတ်ပေ။
သူမသည် နန်းတွင်းဟူသော လှောင်အိမ်ထဲတွင် ချုပ်နှောင်ထားသည့် လုချန်း၏ ကရဝိတ် ငှက်လေး တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။ လှောင်အိမ်ကိုတော့ သော့ခတ်မထားပေ။ သူမ သွားချင်သည့် နေရာတိုင်းကို သွားနိုင်သည်။ သို့သော် သူမ၌ မည်သည့်နေရာကိုမှ စွန့်စားသွားလာလိုစိတ် မရှိတော့ပေ။
လုချန်းက
“ဒါနဲ့ နန်ရန်က ကိုယ့်ကို ခုနက ပြောတယ်။ မင်းက သူ့ကို နဂါးဖီးနစ်လက်ဖက်ရည်မှာ တစ်ခုခု မှားနေတယ်လို့ သတိပေးခဲ့တယ်ဆို။”
ထိုစကားများကြောင့် မုယုံရွှီ တုန်လှုပ်သွားသည်။
နဂါးဖီးနစ်လက်ဖက်ရည်မှာ တစ်ခုခု မှားနေတယ် ဟုတ်လား။
ဒါက လုချန်း၏ ဘဝထဲမှ မိန်းမများ ဘယ်သောအခါမှ မပြောမိစေရန် သဘောတူညီထားသည့် အချက် မဟုတ်ပါလား။
သူမက ရဲလိနန်ရန်ကို ဘယ်တုန်းက သတိပေးခဲ့ဖူးပါသနည်း။
ထိုအခိုက်တွင် လွန်ခဲ့သော ကာလတစ်ခုက လေပြင်းမိုးတိမ်ဆောင်တွင် သူတို့ ပြုလုပ်ခဲ့သော စုဝေးပွဲကို မုယုံရွှီ ရုတ်တရက် သတိရလိုက်သည်။ ထိုပွဲတွင် ရဲလိနန်ရန်က အရက်ဖြတ်တော့မည်ဟု ရုတ်တရက် ပြောလာခဲ့သည်။ သူမသည် လက်ဖက်ရည်သာ သောက်တော့မည် ဖြစ်ပြီး အရက်ကို ဆက်မသောက်တော့ဟု ဆိုခဲ့သည်။
အရက်သောက်ပြီးနောက် သူမ၏ စိတ်များ လုချန်းအကြောင်းကို မရပ်မနား တွေးတောနေမိသည်ဟု ပြောခဲ့သည်။ အရက်က သူမအား ဂနာမငြိမ် ဖြစ်စေကာ အိပ်မပျော်ဖြစ်စေသည်ဟု ညည်းတွားနေခဲ့သည်။
ထိုအချိန်တုန်းက မုယုံရွှီက သူမကို စနောက်ခဲ့သည်။ နဂါးဖီးနစ်လက်ဖက်ရည် သောက်ခြင်းက အရက်ထက် ထိုရာများကို ပိုဆိုးသွားစေနိုင်ကြောင်းနှင့် ၎င်းသည် အလွမ်းဖြေ လက်ဖက်ရည်နှင့် တူကြောင်း သူမ ပြောခဲ့သည်။
အမှန်စင်စစ် အရက်နှင့် နှိုင်းယှဉ်ပါက နဂါးဖီးနစ်လက်ဖက်ရည် သောက်ခြင်းက လုချန်း၏ ဇနီးများအား သူ့ကို ပို၍ လွမ်းဆွတ်စေသည်။ မိန်းမ အများအပြားလည်း ဤအချက်ကို သိရှိပြီး ဖြစ်ကြသည်။
ထိုအချိန်က မုယုံရွှီက သတိမထားပဲ ပြောမိလိုက်ခြင်းမျှသာ ဖြစ်သည်။ ထိုကဲ့သို့ လိမ္မာပါးနပ်သော မိန်းမတစ်ဦး ဖြစ်သည့် ရဲလိနန်ရန်သည် နဂါးဖီးနစ်လက်ဖက်ရည်နှင့် ပတ်သက်သည့် ပြဿနာကို သိထားပြီး ဖြစ်ရမည်ဟုလည်း သူမ သိသည်။
သို့သော် ဒါကို ရဲလိနန်ရန်က လုချန်းအား ပြန်ပြောခဲ့သည်။ လက်ဖက်ရည်တွင် တစ်ခုခု မှားယွင်းနေကြောင်း ထောက်ပြခဲ့သူမှာ သူမ ဖြစ်သည်ဟုပင် ပြောခဲ့သည်။
မုယုံရွှီက
“ကျွန်မ ဘယ်တုန်းကမှ ဒီလို မပြောခဲ့ဖူးပါဘူး”
ဟု လျင်မြန်စွာ ငြင်းဆိုလိုက်သည်။
အနည်းငယ် ထိတ်လန့်နေပုံရသော်လည်း တည်ငြိမ်ဟန်ဆောင်ရန် ကြိုးစားနေသော မုယုံရွှီကို ကြည့်ကာ လုချန်းက
“တကယ်လား”
မုယုံရွှီက အခိုင်အမာပင်
“နဂါးဖီးနစ်လက်ဖက်ရည်က လက်ဖက်ရည်ပါပဲ။ ဘာများ မှားစရာ ရှိနိုင်မှာလဲ။ နောက်ပြီး နဂါးဖီးနစ်လက်ဖက်ရည်ကို မင်းကြီး ကိုယ်တိုင် စိုက်ပျိုးထားတာပါ။ အဲ့ဒီမှာ ပြဿနာရှိတယ်လို့ ပြောတာက မင်းကြီးကို သံသယဝင်ရာ ရောက်ပါလိမ့်မယ်။”
“ကျွန်မ မင်းကြီးကို သံသယ ဝင်ဖို့ မဝံ့ရဲပါဘူး။”
မုယုံရွှီက မသိချင်ယောင်ဆောင် စပြုလာသည်။
နဂါးဖီးနစ်လက်ဖက်ရည်တွင် တစ်ခုခု မှားနေသည်ကို သူမ သိထားတာ သေချာသည်။ ထိုစဉ်တုန်းက လုချန်း သူမကို နှိမ်နင်းပြီးနောက် သူမ တစ်ချိန်လုံး တွေးတောနေခဲ့သည်။ အဘယ်ကြောင့် ဤယောက်ျားတစ်ယောက်ကိုသာ သူမအပေါ် ချယ်လှယ်ခွင့် ပေးခဲ့ရသနည်းဟု သူမ တွေးတောအဖြေရှာခဲ့ဖူးသည်။
နောက်ဆုံးတွင် သူမ နားလည်သွားခဲ့သည်။ လုချန်း၏ မိန်းမများအားလုံး နဂါးဖီးနစ်လက်ဖက်ရည်ကို သောက်ကြသည်။ ဆိုလိုသည်မှာ လက်ဖက်ရည်က ပြဿနာ ဖြစ်နိုင်သည်။ သို့သော် သူ၏ အခြား မိန်းမများကဲ့သို့ပင် ထိုအရာကို သူမ မသိကျိုးကျွန် ပြုနေခဲ့သည်။
သူတို့၏ အမြင်တွင် ကာမစိတ် ပြင်းပြသည့် လုချန်းသည် သိက္ခာသမာဓိရှိသော ယောက်ျားတစ်ယောက် မဟုတ်ပေ။ အောက်တန်းကျသော အကြံအစည်များကို အသုံးပြုခြင်းက သူ့အတွက် ပုံမှန်ပင် ဖြစ်သည်။
သို့သော် လုချန်းသည် ဧကရာဇ် ဖြစ်သောကြောင့် ဤအောက်တန်းကျသော အကြံအစည်များ အကြောင်းကို လူသိရှင်ကြား ထုတ်ဖော်၍ မဖြစ်နိုင်ပေ။ ထိုအရာက လုချန်းအတွက် အရှက်ရစရာ ဖြစ်စေလိမ့်မည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များကို အခြားသူများနှင့် မျှဝေရန် မသင့်တော်ကြောင်း သူတို့အားလုံး ကောင်းစွာ သိကြသည်။
မုယုံရွှီ၏ စကားကို ကြားသောအခါ လုချန်းက ပြုံးလျက်
“မင်းရဲ့ စကားတွေအရ ကိုယ့်အပေါ် သံသယ ကင်းရှင်းနေတဲ့ပုံ မပေါ်ပါဘူး။”
စကားဆုံးသည်နှင့် သူ၏ လှုပ်ရှားမှုများကို ပြန်လည် စတင်လိုက်၏။ မုယုံရွှီလည်း တိတ်ဆိတ်သွားကာ လုချန်းအား စိတ်တိုင်းကျ ပြုမူခွင့် ပေးလိုက်တော့၏။ နောက်ထပ် မဆင်မခြင် စကားများ သူမ မပြောရဲတော့ပေ။
ခဏအကြာတွင် လုချန်း မုယုံရွှီကို ဆွဲထူလိုက်သည်။ ထို့နောက် သူမ၏ ခါးကို သူ၏ လက်များဖြင့် သိုင်းဖက်ရင်း သူမ၏ နားနားကပ်၍
“ နဂါးဖီးနစ်လက်ဖက်ရည်မှာ ပြဿနာရှိတယ်ဆိုတာ မင်းသိနေပုံပဲ။”
ထိုအရာကို ကြားသောအခါ မုယုံရွှီ၏ ခန္ဓာကိုယ် ချက်ချင်း တောင့်တင်းသွားသည်။
လုချန်းက
“မင်းအပေါ်မှာ ဒီလို နည်းလမ်းတွေ သုံးခဲ့လို့ ကိုယ့်ကို ယုတ်မာပြီး အရှက်မရှိတဲ့ လူတစ်ယောက်လို့ မင်း ထင်နေတယ် မဟုတ်လား။”
မုယုံရွှီက
“ မင်းကြီးက... ဘာကို အတိအကျ... ပြောနေတာလဲ။ ကျွန်မ သိပ်... နားမလည်ဘူး”
ယခုအချိန်တွင် နဂါးဖီးနစ်လက်ဖက်ရည် ပြဿနာအတွက် စိတ်ပူပန်ရန် သူမ၌ အမှန်တကယ်ပင် အားအင်မရှိတော့ပေ။ လုချန်း၏ ပြင်းထန်မှုကို ခံခဲ့ရပြီးနောက် ဘာများဆက်ပြီး ခေါင်းရှုပ်စရာ ရှိဦးမည်နည်း။
ဤလူသာ အဆုံးတိုင် တာဝန်ယူနေသမျှ နဂါးဖီးနစ်လက်ဖက်ရည် သောက်ရုံတင်မဟုတ် နဂါးဖီးနစ်သစ်ပင်၏ အခေါက်ကို ကိုက်စားရလျှင်ပင် သူမ ကျေနပ်နေမည် ဖြစ်သည်။
မုယုံရွှီက လက်ဖက်ရည်အကြောင်း ဆွေးနွေးရန် မလိုလားသည်ကို မြင်သောအခါ လုချန်းလည်း အလင်းအရိပ်ကို ချက်ချင်း အသုံးပြုလိုက်ကာ နောက်တစ်ခဏတွင် သူတို့ မုယုံရွှီ၏ ကုတင်ပေါ်သို့ ရောက်ရှိသွားကြသည်။
ထို့နောက် ပြင်းထန်သော အပြစ်ဒဏ်တစ်ခု မုယုံရွှီပေါ်သို့ တိုက်ရိုက် ကျရောက်လာ တော့သည်။
ပြောစရာ စကားမဲ့သလို မုယုံရွှီ ခံစားလိုက်ရသည်။ သူတို့က ဂရုမစိုက်ပဲ ဘာမှ မသိသလို ဟန်ဆောင်နေကြပါလျက် ဤလူက သူမအား နဂါးဖီးနစ်လက်ဖက်ရည်အကြောင်း သိမသိကို မေးမြန်းနေရသေးသည်။
သေးငယ်သော အကြံအစည်လေးတစ်ခုသာ မဟုတ်ပါလား။
ဒါကို သူက အဘယ်ကြောင့် ဤမျှ အရေးကြီးသလို လုပ်နေရသနည်း။
မုယုံရွှီသည် ကုတင်ပေါ်တွင် လုချန်းက သူမအား အပြစ်ဒဏ် ပေးနေသည်ကို ကြည့်ရင်း
“ မင်းကြီး။ကျွန်မ အရှုံးပေးပါတယ်...”
လုချန်းက သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး
“ဘာကို ဝန်ခံတာလဲ”
ဟု ပြုံးလျက် မေးလိုက်သည်။
မုယုံရွှီက ကူကယ်ရာမဲ့စွာဖြင့်
“ကျွန်မ... ကျွန်မ သိပါတယ်။ နဂါးဖီးနစ်လက်ဖက်ရည်မှာ... ပြဿနာ ရှိတယ်ဆိုတာ......”
လုချန်းက
“ဒါနဲ့ ပတ်သက်ပြီး မင်း ဘယ်လို ထင်လဲ”
မုယုံရွှီက
“မင်းကြီးရဲ့ တခြား... မိန်းမတွေလည်း သိကြမှာပါ။ ဒါက မင်းကြီးရဲ့... သေးငယ်တဲ့... လှည့်ကွက်တွေထဲက တစ်ခုပါပဲ။ ပြီးတော့ ကျွန်မတို့ စိတ်မဆိုးပါဘူး။”
မုယုံရွှီ၏ တည်ငြိမ်အေးချမ်းသော်လည်း စွဲမက်ဖွယ်ကောင်းသော မျက်နှာကို စိုက်ကြည့်ရင်း
“မင်း တကယ်ပဲ စိတ်မဆိုးဘူးလား။”
မုယုံရွှီက နှုတ်ခမ်းစူလိုက်ပြီး
“မင်းကြီးက ကျွန်မကို လုံးလုံးလျားလျား ရယူပြီးသွားမှတော့ ကျွန်မက ဘာလို့ ဒီကိစ္စကို ဂရုစိုက်နေရဦးမှာလဲ...... မင်းကြီး ကျွန်မအပေါ်မှာ အချစ်ပိုး သုံးမယ်ဆိုရင်တောင် ကျွန်မ စိတ်ဆိုးမှာ မဟုတ်ဘူး...... ကျွန်မ သဘောတူတယ်။”
မုယုံရွှီ၏ တုံ့ပြန်မှုကို ကြားသောအခါ သူ၏ ဇနီးများသည် နဂါးဖီးနစ်လက်ဖက်ရည်ကို တကယ်ပင် သိပ်ဂရုမစိုက်ကြဟု လုချန်း တွေးမိလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့ တစ်ဦးချင်းစီနှင့် ထိုအကြောင်းကို ပြောဆိုရန် သူ ရည်ရွယ်ထားဆဲ ဖြစ်သည်။ ဤအခြေအနေတွင် ဖုံးကွယ်ထားစရာ ဘာမှ မကျန်တော့ပေ။
လုချန်း မုယုံရွှီအပေါ် အသုံးပြုခဲ့သော အောက်တန်းကျသည့် လှည့်ကွက်များသည် နဂါးဖီးနစ်လက်ဖက်ရည်တစ်ခုတည်းတော့ မဟုတ်ပေ။ လုချန်း သူမနှင့်အတူ လက်ရေးလှ လေ့ကျင့်ရန် ဤနေရာသို့ လာတိုင်း သူမအား အစွန်းဆုံးအထိ ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်။ ထိုနည်းလမ်းများသည် လက်ဖက်ရည်ထက် များစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်။
၎င်းတို့နှင့် နှိုင်းယှဉ်ပါက နဂါးဖီးနစ်လက်ဖက်ရည်၏ အကျိုးသက်ရောက်မှုက အနည်းငယ်သာ ရှိသည်ဟု မုယုံရွှီ ခံစားမိသည်။ လက်ဖက်ရည်သည် လုချန်းကို လွမ်းဆွတ်စေရုံသာ ဖြစ်သည်။ သို့သော် သူ၏ နည်းလမ်းများကမူ သူမအား သူ့အပေါ် ချစ်ခြင်း၊ မုန်းခြင်း၊ တမ်းတခြင်း စသည့် ခံစားချက်များ ထင်ကျန်စေသည်။
ထိုအခိုက်တွင် လုချန်းက
“ကောင်းပြီလေ။ ဒီအကြောင်းကို ဆက်မပြောကြတော့ဘူး။ တကယ့် အလုပ်ကိုပဲ ပြန်လုပ်ကြတာပေါ့။”
သူ ပြောနေစဉ်မှာပင် လုချန်း ကိုင်းညွှတ်လိုက်ပြီး မုယုံရွှီ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းများဖြင့် ပိတ်လိုက်သည်။
နောက် လဝက်တာ ကာလအတွင်း လုချန်းသည် သူ၏ ဇနီးတစ်ဦးချင်းစီ၏ အဆောင်များသို့ သွားရောက်ခဲ့ပြီး နဂါးဖီးနစ်လက်ဖက်ရည် ကိစ္စကို ဆွေးနွေးခဲ့သည်။
နဂါးဖီးနစ်လက်ဖက်ရည်အကြောင်းကို ဖွင့်ဟ ပြောဆိုလိုက်သည့် အချိန်မှစ၍ စိတ်ပေါ့သွားသလို လုချန်း ခံစားလိုက်ရသည်။ လက်ဖက်ရည်နှင့် ပတ်သက်၍ အမြဲတမ်း စိတ်ရှုပ်ထွေးမှုတစ်ခု သူ့ထံ ရှိနေခဲ့သည်။ ၎င်းသည် လူအနည်းငယ်သာ သိသော မခိုင်လုံသည့် နည်းဗျူဟာတစ်ခု ဖြစ်ပြီး တစ်နေ့နေ့တွင် သူ၏ ဇနီးများကြားတွင် လူသိရှင်ကြား ဖြစ်သွားမည်ကို သူ စိုးရိမ်နေခဲ့သည်။
ယခု နဂါးဖီးနစ်လက်ဖက်ရည်၏ တိကျသော အစွမ်းသတ္တိများကို သူတို့အား ရှင်းပြလိုက်သောအခါ သူတို့က လုံးဝ စိတ်မဆိုးကြသည်ကို တွေ့ခဲ့ရသည်။ ထိုအချက်က သူ၏ အတွင်းစိတ် ပဋိပက္ခတစ်ခုကို ပြေပျောက်စေခဲ့သည်။ သူတို့ ထိုလှည့်ကွက်ကို ဂရုမစိုက်ကြခြင်း ကိုယ်၌က လက်ဖက်ရည်၏ အစွမ်းသတ္တိများကြောင့်လည်း ဖြစ်နိုင်ကြောင်း သူ သိသော်လည်း ထိုအရာကို စိတ်အတွင်းထဲ မြိုသိပ်ထားရခြင်းထက်တော့ ပိုကောင်းသည်။
………………