← Chapters

ကျိယန်ကမ္ဘာကို တိုက်ခိုက်ရန် စီစဉ်ခြင်း

Vol. 73 Ch. 1085

ကျိယန်ကမ္ဘာကို တိုက်ခိုက်ရန် စီစဉ်ခြင်း

Vol. 73 Ch. 1085

လုချန်းသည် သူ၏ အတွင်းစိတ် ပြဿနာများကို ဖြေရှင်းပြီးနောက် နန်းတွင်း ညီလာခံကြီး တစ်ခုကို ချက်ချင်း ခေါ်ယူလိုက်သည်။ လုချန်းက နန်းတွင်း ညီလာခံကြီး ကျင်းပမည်ဟူသော သတင်း ပျံ့နှံ့သွားသည်နှင့် အရာရှိများ အထူးတုန်လှုပ်ခြောက်ခြားသွားကြသည်။

လုချန်းသည် နိုင်ငံတော် အရေးအရာများကို နှစ်ပေါင်းများစွာ မစီမံခန့်ခွဲခြင်း မရှိခဲ့ပေ။ ယခုလို ရုတ်တရက် နန်းတွင်း ညီလာခံကြီး ကျင်းပရန် သူ ဆုံးဖြတ်ချက်ခြင်းက လူများ လျစ်လျူရှု၍ မရနိုင်သော အရေးပေါ် ကိစ္စရပ်များ ရှိရမည်ဟု အဓိပ္ပာယ် သက်ရောက်နေသည်။

…….

ရန်ခရိုင်။

နိုင်ငံရေးရာ ခန်းမ။

လုချန်းသည် နဂါးပလ္လင်ပေါ်တွင် ထိုင်လျက် နဂါးစင်မြင့်အောက်တွင် ထိုင်နေသော လုချန်းဖုန်းကို လှမ်းကြည့်လိုက်သည်။ သူသည် သူ၏ သားတော်အပေါ် အတော်လေး ကျေနပ်အားရလျက် ရှိသည်။ သူ အုပ်ချုပ်ရေးမှ ကင်းလွတ်နေသည့် နှစ်များအတွင်း လုချန်းဖုန်းသည် ရှနိုင်ငံတော်ကို ကောင်းမွန်စွာ စီမံခန့်ခွဲခဲ့သည်။

ထို့ပြင် သူ၏ သားအကြီးဆုံးသည် တစ်နေ့လုံး မိန်းမများနှင့်သာ ပျော်ပါးနေတတ်သော သူ့ကဲ့သို့ မဟုတ်ပေ။ ယနေ့အချိန်အထိ လုချန်းဖုန်းတွင် ဝူယောင် ဟူသော မိန်းမ တစ်ယောက်တည်းသာ ရှိသည်။

လုချန်း အကြောက်ဆုံး အရာမှာ သူ၏ သားသမီးများ သူ၏ ခြေရာအတိုင်း လိုက်၍ သူကဲ့သို့ ပျက်စီးသွားကြမည်ကို ဖြစ်သည်။

သူတို့ မိန်းမ အနည်းငယ် ပိုယူသည်ကို သူ စိတ်မထဲ ထားပေ။ သို့သော် ထိုအရာကြောင့် သူတို့ အကျင့်ပျက် ယိုယွင်းသွားမည်ကိုတော့ သူ စိုးရိမ်မိသည်။

လုချန်းဖုန်းကို လှမ်းကြည့်ပြီးနောက် လုချန်း၏ အကြည့်သည် နဂါးပလ္လင်ရှေ့ရှိ စားပွဲပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် နိုင်ငံတော် အရေးအရာများ၏ အစီရင်ခံစာများကို တိတ်ဆိတ်စွာ စတင် ဖတ်ရှုနေလိုက်သည်။

အရပ်ဘက်နှင့် စစ်ဘက် အရာရှိများအားလုံးသည် တိတ်ဆိတ်စွာ ထိုင်နေလျက် ရှိကြပြီး လုချန်း စကားပြောလာမည်ကို စောင့်ဆိုင်းနေကြသည်။

မသိနိုင်အောင် ကြာညောင်းသော အချိန်တစ်ခုအပြီးနောက် လုချန်းက နောက်ဆုံးတွင်

“ချန်းဖုန်း။ ငါ မရှိတဲ့ အချိန်မှာ မင်း နိုင်ငံ့ အရေးအရာတွေကို ကောင်းကောင်း စီမံခန့်ခွဲထားတယ်။ ဒီစွမ်းဆောင်ရည်ကို ဆက်လက် ထိန်းသိမ်းသွားပါ။”

ထိုအရာကို ကြားသောအခါ လုချန်းဖုန်းသည် သူ၏နေရာမှ လျင်မြန်စွာ ထလိုက်ပြီး ဒူးထောက်လိုက်ကာ

“ဖခင် ဧကရာဇ်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။”

လုချန်းဖုန်း အမြဲတမ်း မျှော်လင့်ခဲ့သည်မှာ သူ အမြဲတမ်း စံပြအဖြစ် အတုယူခဲ့ရသော ဖခင် ဧကရာဇ်၏ ချီးကျူးမှုကို ရရှိရန် ဖြစ်သည်။

အရပ်ဘက်နှင့် စစ်ဘက် အရာရှိများအားလုံး၏ ရှေ့မှောက်တွင် ဖခင် ဧကရာဇ်၏ ချီးကျူးခြင်းကို ခံရခြင်းက သူ၏ အလုပ်အပေါ် အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။ ဒါက သူ့အတွက် အမြင့်ဆုံး ဂုဏ်ပြုမှု ဖြစ်သည်။

လုချန်းက

“ထပါ။ မင်းက အိမ်ရှေ့မင်းသား။ ဒီလောက် လွယ်လွယ်နဲ့ ဒူးမထောက်နဲ့။”

လုချန်းဖုန်းက

“ကျေးဇူးတင်ပါတယ်။ ဖခင်ဧကရာဇ်”

ထို့နောက် လုချန်းဖုန်း မတ်တပ်ရပ်လိုက်ပြီး သူထိုင်နေရာသို့ ပြန်သွားလိုက်သည်။

ထိုအချိန်တွင် အရပ်ဘက်နှင့် စစ်ဘက် အရာရှိများအားလုံး သက်ပြင်းတစ်ချက် ချလိုက်ကြသည်။ အထူးသဖြင့် လုချန်းဖုန်းအား နိုင်ငံတော် အရေးအရာများ ကိုင်တွယ်ရာတွင် ကူညီခဲ့သော ဝန်ကြီးများ ဖြစ်သည်။ သူတို့ အကြောက်ဆုံးမှာ လုချန်း နိုင်ငံရေး အခင်းအကျင်းသို့ ရုတ်တရက် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူတို့၏ လုပ်ဆောင်ချက်များအား လုချန်း မကျေနပ်ဖြစ်သွားမည်ကို သူတို့ စိုးရိမ်ခဲ့ကြသည်။

ယခု အိမ်ရှေ့မင်းသားအပေါ် ချီးကျူးစကားများက သူတို့၏ စိုးရိမ်ပူပန်မှုများကို အခြေခံအားဖြင့် ဖြေဖျောက်ပေးလိုက်သည်။

လုချန်းက အရပ်ဘက်နှင့် စစ်ဘက် အရာရှိများကို ဝေ့ဝဲ ကြည့်ရှုလိုက်သည်။ ထို့နောက်

“ကျွန်တော် ကျိယန်ကမ္ဘာကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်။”

သူ၏ စကားက ခန်းမတစ်ခုလုံးကို တိတ်ဆိတ် မှင်တက်သွားစေသည်။ လုချန်းနန်းတွင်း ညီလာခံကြီး ခေါ်ယူကတည်းက အရေးကြီးသော ကိစ္စရပ်များရှိနိင်ကြောင်း သူတို့ ခန့်မှန်းခဲ့ကြသည်။ သို့သော် ဤမျှ ကြီးမားသော ကိစ္စဖြစ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

ကျိယန်ကမ္ဘာကို တိုက်ခိုက်ခြင်းသည် နိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်ခြင်းနှင့် မတူပေ။ ကျိယန်သည် မရေမတွက်နိုင်သော အင်အားစုများနှင့် အစွမ်းထက် ပုဂ္ဂိုလ်များ ရှိသည့် ကျင့်စဉ်ကမ္ဘာ တစ်ခုဖြစ်သည်။ ယခင်က ထျန်းချန်ကမ္ဘာကို စုစည်းခဲ့စဉ်ကထက် များစွာ ပို၍ခက်ခဲသည်။

သို့သော် ကျိယန်ကမ္ဘာတွင် ရင်ဆိုင်ရနိုင်သည့် အခက်အခဲများကို သိရှိနေလျှင်ပင် အရာရှိ တစ်ဦးတစ်ယောက်မှ ကန့်ကွက်ချက် တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။

မင်းကြီးသည် အကြောင်းပြချက် မရှိဘဲ ကျိယန်ကမ္ဘာကို တိုက်ခိုက်ရန် စဉ်းစားလိမ့်မည် မဟုတ်ဟု အရာရှိများ ယုံကြည်ကြသည်။ သူသည် ကျိယန်ကမ္ဘာ၏ အခြေအနေကို စေ့စေ့စပ်စပ် စုံစမ်းပြီး ဖြစ်ရမည်။

သူတို့၏ ဧကရာဇ်သည် အမြဲတမ်း အတော်လေး သတိကြီးတတ်သော အချုပ်အခြာအာဏာပိုင် တစ်ဦး ဖြစ်ခဲ့သည်။

ထို့ပြင် သူသည် အတော်လေး အာဏာပြင်းသူ ဖြစ်သည်။ သူ၏ ဆုံးဖြတ်ချက်ကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းကို ပြန်လည် ရုပ်သိမ်းဖွယ် မရှိပေ။

လုချန်း၏ စကားများသည် အသိပေးချက် တစ်ခုသာ ဖြစ်သည်။ ဝန်ကြီးများ အနေနှင့် ကျိယန်ကမ္ဘာကို မည်သို့ တိုက်ခိုက်မည် နှင့် ၎င်းကို သိမ်းပိုက်ပြီးသည်နှင့် မည်သို့ အုပ်ချုပ်မည်ကိုသာ စဉ်းစားရန် လိုအပ်သည်။

အရပ်ဘက် သို့မဟုတ် စစ်ဘက် အရာရှိ တစ်ဦးတစ်ယောက်မှ စကားမပြောနေသည်ကို မြင်သောအခါ လုချန်းက ဆက်လက်၍

“ကျွန်တော် ကျိယန်ကမ္ဘာရဲ့ အခြေအနေကို စေ့စေ့စပ်စပ် စုံစမ်းပြီးသွားပြီ။ လက်ရှိ ကျိယန်ကမ္ဘာမှာ နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူတွေ မရှိဘူး။ ပြီးတော့ ကျိယန်အထဲမှာ အင်အားစုတွေ များပြီး စည်းလုံးမှု မရှိဘူး။ အကယ်၍ မတော်တဆမှုတွေ မရှိဘူးဆိုရင် ကျိယန်ကမ္ဘာကို ငါးနှစ်အတွင်း သိမ်းပိုက်နိုင်လိမ့်မယ်လို့ ယူဆရတယ်။”

လုချန်း၏ စကားကို ကြားသောအခါ လူများ အတွေးကိုယ်စီ ရသွားကြသည်။ ဧကရာဇ်သည် အစိုးရ အရေးအရာများကို ဤနှစ်များအတွင်း လျစ်လျူရှုခဲ့ပြီး အရာအားလုံးကို အိမ်ရှေ့မင်းသားထံ အပ်နှံခဲ့သည်မှာ အံ့ဩစရာ မရှိပေ။ ဧကရာဇ်သည် ကျိယန်ကမ္ဘာ၏ အခြေအနေကို စုံစမ်းစစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။

ယခု ဧကရာဇ်က ကျိယန်ကမ္ဘာ၏ အခြေအနေကို အပြည့်အဝ အကဲဖြတ်ပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့အနေနှင့် ဧကရာဇ်၏ ဆန္ဒအတိုင်း စစ်ပွဲအတွက် ပြင်ဆင်သင့်သည်။

ထိုအချိန်တွင် လုချန်းက ဆက်လက်၍

“ဒါက ရှနိုင်ငံတော် အနေနှင့် ကမ္ဘာတစ်ခုကို ပထမဆုံးအကြိမ် ဆင်နွှဲမယ့် စစ်ပွဲ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် အခက်အခဲတွေ ရှိလာမှာ သေချာတယ်။ ဒါ့ကြောင့် စစ်တပ်ကို တိုးချဲ့ဖို့ စီစဉ်ထားတယ်။”

“နောက်ဆက်တွဲအနေနဲ့ ကျွန်‌တော့်ရဲ့ ချစ်လှစွာသော ဝန်ကြီးတွေ အချင်းချင်း ဆွေးနွေးနိုင်ပြီး ခင်ဗျားတို့ရဲ့ ထင်မြင်ချက်တွေကို မျှဝေနိုင်တယ်။ ခင်ဗျားတို့မှာ ရှိတဲ့ ဘယ်လို စိတ်ကူးစိတ်သန်း ဒါမှမဟုတ် အကြံပြုချက်မျိုးကိုမဆို လွတ်လပ်စွာ တင်ပြနိုင်ပါတယ်။”

လုချန်း စကားပြောပြီးနောက် ခန်းမကြီးထဲရှိ ဝန်ကြီးများ အချင်းချင်း စတင် ဆွေးနွေးကြတော့သည်။

ကျင့်စဉ်ကမ္ဘာ တစ်ခုအပေါ် စစ်ဆင်နွှဲရန် ပြင်ဆင်မှုများ၌ စစ်သားများ ရိက္ခာနှင့် မိုးပျံလှေများ အပါအဝင် စီစဉ်စရာများ များပြားလှသည်။

ကျိယန်ကမ္ဘာကို ထိန်းချုပ်နိုင်ရန်နှင့် ၎င်းအတွင်းရှိ အဓိက မြို့များကို သိမ်းပိုက်ရန် စစ်သားအရေအတွက် ပိုလိုအပ်သည်။ သို့သော် ရှနိုင်ငံတော်၏ အင်အားအများအပြားကို ကျိယန်ကမ္ဘာသို့ စေလွှတ်လိုက်ပါက ရှနိုင်ငံတော် ကိုယ်တိုင်လည်း အတွင်းပိုင်းမှ အားနည်းသွားနိုင်သည်။ ထိုအခါ အချို့သော အင်အားစုများက အခွင့်အရေးကို အရယူ၍ ပုန်ကန်နိုင်သည်။

ပြည်တွင်း မငြိမ်မသက်မှုများ မရှိလျှင်ပင် ပြင်ပ ရန်သူများ ရှိနိုင်သည်။ ထျန်းချန်ကမ္ဘာသည် အခြားကမ္ဘာများမှ ကျူးကျော်သူများနှင့် ကြုံတွေ့ခဲ့ရသည်ဟူသော ကောလာဟလများ မကြာသေးမီက ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။ ရှနိုင်ငံတော်က ကျိယန်ကမ္ဘာသို့ တပ်များ စေလွှတ်ပြီးနောက် အခြားကမ္ဘာများက ထျန်းချန်ကမ္ဘာကို တိုက်ခိုက်လာနိုင်မလားဆိုတာကို မည်သူမှ မသိနိုင်ပေ။

ထို့ကြောင့် ကျိယန်ကမ္ဘာသို့ တပ်များ စေလွှတ်သည့်အခါ ထျန်းချန်ကမ္ဘာအနေနှင့် လုံလောက်အောင် အင်အားကြီးသော စစ်တပ်ကို ထိန်းသိမ်းထားရမည် ဖြစ်သည်။ ထို့ကြောင့် စစ်အင်အား တိုးချဲ့ခြင်းက မလွဲမသွေ လိုအပ်သည်။

နန်းတွင်း ညီလာခံကြီးအား တစ်ပတ်တိတိ ဆက်လက် ကျင်းပခဲ့သည်။ ၎င်းသည် လုချန်း နန်းတက်ပြီးနောက်ပိုင်း အရှည်ကြာဆုံးသော ညီလာခံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အပြင်လောကတွင်တော့ ဤ နန်းတွင်း ညီလာခံကြီးတွင် ဆွေးနွေးခဲ့သော အကြောင်းအရာများ ပြန့်နှံ့ခြင်း မရှိသေး ပေ။ သို့သော် ဆွမ်ဧကရာဇ်က တစ်ပတ်လုံး ညီလာခံ ခေါ်ယူခဲ့သည်ဟူသော အချက်က တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။ ထိုအချက်က အရပ်သားများကြားတွင် ကောလာဟလ မျိုးစုံကို ဖြစ်ပွားစေခဲ့သည်။

နောက်ဆုံးတွင် စစ်ချီတက်ရေး ကိစ္စကို အကြမ်းဖျင်း ဖြေရှင်းပြီးသည်နှင့် တစ်ပြိုင်နက် ပထမဆုံး တရားဝင် အမိန့်ဖြစ်သော “ပြည်သူလူထုထံ ကြေညာချက်” ကို အစိုးရမှ ချက်ချင်း ထုတ်ပြန်ခဲ့သည်။

နောက်ထပ် စစ်ပွဲတစ်ခု လာမည်ကို ကြားသိရသောအခါ သာမန် ပြည်သူလူထုကြားထဲ ကြီးမားသော စိုးရိမ်ပူပန်မှုများ ခံစားလာရသည်။

သို့သော် ရှနိုင်ငံတော် စစ်တပ်၏ စစ်သားများကတော့ အတော်လေး စိတ်လှုပ်ရှားနေကြသည်။ သူတို့အတွက် စစ်ပွဲသည် စစ်ရေးစွမ်းဆောင်မှုများ ရရှိရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ စစ်ပွဲ မရှိပါက သူတို့၏ ဘဝများကို သာမန် စစ်သားများအဖြစ် ကုန်ဆုံးရမည် ဖြစ်သည်။

ဤကမ္ဘာရှိ စစ်သားများသည် အထူးတလည် အသိပညာ ကြွယ်ဝကြသူများ မဟုတ်ပေ။ ရှနိုင်ငံတော်၏ စစ်စည်းကမ်းသည် အထူး တင်းကျပ်သော်လည်း အများစုမှာ သူတို့၏ ဘဝတက်လမ်း ရှာဖွေရင်း စစ်သား ဖြစ်လာကြသူများ ဖြစ်သည်။

ဟုတ်ပါသည်။ ထိုကဲ့သို့သော အတွေးအခေါ်တွင်လည်း အားသာချက်များ ရှိသည်။ ထိုအတွေးအခေါ် ရှိသူများ ပြည်ပတွင် စစ်ဆင်နွှဲသည့်အခါ အပြစ်ရှိသည်ဟူသော ခံစားချက် လွန်လွန်ကဲကဲ မခံစားကြရပေ။

စစ်ပွဲသည် ချက်ချင်း စတင်မည် မဟုတ်သေးပေ။ အနည်းဆုံး ပြင်ဆင်မှု ကာလ ခြောက်လခန့် လိုအပ်မည်။

စစ်အင်အားတိုးချဲ့ရေး အမိန့်ကို ထုတ်ပြန်ပြီးနောက် လုချန်းလည်း သူ၏ တာဝန်များကို အိမ်ရှေ့မင်းသား လုချန်းဖုန်းထံသို့ လွှဲအပ်လိုက်သည်။ ထို့နောက် နဂါးနက်မြို့တွင် ကျင့်ကြံသူ စုဝေးပွဲတစ်ခုကို ခေါ်ယူရန် သွားရောက်ခဲ့သည်။

ကျင့်ကြံသူများ စုဝေးပွဲတွင် အဓိက အင်အားစု အားလုံးက ကျိယန်ကမ္ဘာအပေါ် ထိုးစစ်ဆင်မှုကို အပြည့်အဝ ထောက်ခံကြောင်း ဖော်ပြခဲ့ကြသည်။ ဂိုဏ်းတိုင်းက သူတို့၏ တပည့်များ ပါဝင်စေရန် စေလွှတ်မည်ဟု ကြေညာခဲ့ကြသည်။

ဧကရာဇ်သည် သူတို့၏ သဘောထားကို မြင်ချင်ရုံ သက်သက်ဖြင့် ကျင့်ကြံသူ စုဝေးပွဲ ခေါ်ယူခြင်း မဟုတ်သည်ကို အင်အားစုများ ကောင်းစွာ သိကြသည်။

အကယ်၍ သူတို့ အလေးအနက် မပါဝင်ခဲ့ပါက နောက်ဆက်‌တွဲ ကိစ္စများ ရှိလာနိုင်သည်။

………

နဂါးနက်မြို့။

နန်းတွင်း။

ယွမ်ရှန်ရှန်၏ အိပ်ဆောင်။

စိမ်းပြာရောင် လွှမ်းမိုးသော အိပ်ဆောင်ထဲတွင် နက်ရှိုင်းသော တိတ်ဆိတ် ငြိမ်သက်ခြင်း ခံစားမှုတစ်ခု ရှိနေသည်။ အတွင်း၌ အမှုထမ်းနေသော အစေခံများအားလုံးသည် ထူထဲသော ချည်ထည် အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။

အိပ်ဆောင်၏ ကုတင်ပေါ်တွင် ယွမ်ရှန်ရှန်သည် ခြေချိတ်ထိုင်လျက် ကျင့်စဉ်တွင် နစ်မြောနေသည်။

ထိုစဉ် ရင်းနှီးသော စိတ်ဝိညာဉ် စွမ်းအား လှိုင်းတစ်ခုသည် အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။ နောက်တစ်ခဏတွင် လက်တစ်စုံက သူမ၏ခါးကို နောက်မှ သိုင်းဖက်လိုက်သည်။

……………

All Chapters