← Chapters

ဖုန်းဝူချန်၏ အမျက်ဒေါသ

Vol. 10 Ch. 141

ဖုန်းဝူချန်၏ အမျက်ဒေါသ

Vol. 10 Ch. 141

~"ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်...။ နန်းတွင် အကြံပေးနဲ့ အိမ်ရှေ့စံမင်းသားတို့ ဖုန်းမိသားစုကို ရောက်ရှိနေပါပြီ...။ ဧကရာဇ် စစ်သည် တစ်သောင်းကျော်က ပြိုင်ဘက်ကင်းမြို့ရဲ့ မိုင်တစ်သောင်း အကွာအဝေးကို ပိတ်ဆို့ထားလိုက်ပါပြီ...။ ပြီးတော့ ယဲ့မိသားစု၊ နီမျိုးနွယ်နဲ့ ယွင်ကျိုးနယ်က အဓိက အင်အားစု အသီးသီးက တပည့်တွေ၊ ပညာရှင်တွေ အားလုံးလည်း ပြိုင်ဘက်ကင်းမြို့ ပတ်ပတ်လည်မှာ စုရုံးနေကြပါပြီ..."

ထျန်းယွင်ဂိုဏ်း၏ အဓိက ခန်းမဆောင်ကြီး အတွင်းတွင် တပည့်တစ်ဦးက လေးစားစွာ အစီရင်ခံလိုက်သည်။

ကာကွယ် စောင့်‌ရှောက်သူ ကူချင်းရှန်းက ခပ်ရေးရေး အေးစက်စက် ပြုံးလိုက်၏။ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်စုံတစ်ရာ မပြသခဲ့ပါချေ။

"နန်းတွင်း အကြံပေးရော အိမ်ရှေ့စံမင်းသားရော နှစ်ယောက်လုံး ရောက်လာကြတယ် ဟုတ်လား...။ ကြည့်ရတာ ဧကရာဇ်က ငါတို့ ထျန်းယွင်ဂိုဏ်းနဲ့ တကယ် စစ်ခင်းချင်နေပုံပဲ..."

တတိယ အကြီးအကဲ ယိယွင်က မထီမဲ့မြင် ဆိုလိုက်သည်။

"ဧကရာဇ်နဲ့ မူထျန်းယွင်ကလွဲရင် ကျန်တဲ့ကောင်တွေက ခုန်ပေါက်နေတဲ့ လူပြက်တွေသက်သက်ပဲ...။ လူတွေ ပိုများနေတော့ရော ဘာ အသုံးဝင်မှာလဲ..."

'...မူထျန်းယွင်ကလည်း ဒဏ်ရာတွေ ဗရပွနဲ့... သေဖို့စောင့်နေရုံပဲ ရှိတော့တာ...'

မူထျန်းယွင်၏ ဒဏ်ရာများမှာ ပြင်းထန်လှပြီး သူ အခုထိ နာလန်ထူနေဆဲ ဖြစ်ရာ သူ၏ ခြိမ်းခြောက်မှုမှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

ဂိုဏ်းချုပ် ကူချင်းရွှမ်း၏ မျက်နှာသည်လည်း ပြောင်းလဲခြင်း မရှိခဲ့ဘဲ ၎င်းကို လုံးဝ စိတ်ထဲ ထည့်မထားသကဲ့သို့ပင်။

ဧကရာဇ် ကိုယ်တိုင် လှုပ်ရှားလာသည့်တိုင် ကူချင်းရွှမ်း စိုးရိမ်ပူပန်ပုံ မပေါ်ခဲ့ပါ။

ကူချင်းရှန်းက အေးစက်စွာ ရယ်မောလိုက်သည်။ သူသည် အင်ပါယာကို အထင်သေးနေပုံ ပေါ်၏။

"ဟီးဟီးဟီး၊ တောင်တစ်လုံးမှာ ကျားနှစ်ကောင် မင်းမူလို့ မရဘူး...။ အင်ပါယာသာ ရှုံးသွားရင်... ထျန်းယွင်ဂိုဏ်းက ယန်ဟော် အင်ပါယာကို အုပ်စိုးမယ်..." ဟု

မဟာ အကြီးအကဲက မျက်မှောင်ကြုတ်လိုက်ပြီး ဆိုသည်။

"ဖုယွင်က သိပ် လွန်လွန်းသွားတယ်...။ ဖုန်းဝူချန်ကို အပြတ်ရှင်းဖို့အတွက်... အပြစ်မဲ့တဲ့ လူတွေ အများကြီးကို သတ်ပစ်ဖို့ မလိုအပ်ဘူး...။ မဆင်မခြင် သတ်ဖြတ်တာက ငါတို့ ထျန်းယွင်ဂိုဏ်းရဲ့ ဂုဏ်သတင်းကို ညှိုးနွမ်းစေတာပဲ မဟုတ်လား..."

ထိုအခါ ကူချင်းရှန်းက ခပ်ရေးရေး ပြုံးလိုက်၏။

"မဟာ အကြီးအကဲက သိပ် စိုးရိမ်လွန်းနေတာပါ...။ အရာအားလုံးက စွမ်းအားအပေါ်မှာပဲ မူတည်တာ...။ ကျုပ်တို့က အင်ပါယာနဲ့ စစ်ခင်းတော့မှာ...။ ဂုဏ်သတင်းက ဘာပြောစရာ ရှိသေးလို့လဲ..."

ကူချင်းရှန်း၏ စကားများအရ ထျန်းယွင်ဂိုဏ်းသည် အင်ပါယာကို မကြောက်ရွံ့ရုံသာမက တိုက်ပွဲကို စိတ်အားထက်သန်စွာ မျှော်လင့်နေပုံပင် ပေါ်လေသည်။

ထိုစဉ် ဂုဏ်း၏ အဆင့်မြင့် ရာထူး

ရှိသူ တစ်ဦးက နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

"ဖုန်းဝူချန်က သတင်းစကားကို လက်ခံ ရရှိထားပြီးပြီ...။ ဒါဆို ဘာလို့ ဒီရက်ပိုင်းတွေအတွင်း သူ့ဆီက ဘာ သတင်းမှ မကြားရသေးတာလဲဗျ..."

ယိယွင်က လှောင်ပြောင်လိုက်သည်။

"ဟမ့်၊ ဖုန်းဝူချန်က အခုထိ မသိသေးလို့ ဖြစ်မှာပေါ့ကွ...။ ဒါပေမဲ့ မကြာခင် သူ သိသွားမှာပဲ...။ ဒါမှမဟုတ် သူ အခု ပြန်လာနေတဲ့ လမ်းမှာလည်း ဖြစ်နိုင်တယ်...။ အဲ့ဒီအခါကျရင် သူ ပြိုင်ဘက်ကင်းမြို့ကို အသက်ရှင်လျက် ပြန်ရောက်လာနိုင်လောက်အောင် ကံကောင်းပါ့မလား ဆိုတာ ကြည့်ကြသေးတာပေါ့..ဟီးဟီး…."

—-------

တစ်ဖက်တွင် ရက်များ ကုန်ဆုံးသွားသည်နှင့်အမျှ တစ်လတာ ကျင့်ကြံခြင်း ကာလသည် နောက်ဆုံးတွင် အဆုံးသတ်သို့ ရောက်ရှိလာခဲ့လေပြီ။

စူးလဲ့ယန်သည် ယွမ်တန်ဘုံ ပဉ္စမအလွှာသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး စွမ်းအား များစွာ တိုးမြင့်လာခဲ့သည်။

ဖုန်းဝူချန်သည်လည်း ယွမ်တန်ဘုံ စတုတ္ထအလွှာသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။ တစ်လတည်းဖြင့် ကျင့်ကြံခြင်း တစ်လွှာ တက်သွားခြင်းသည် ပိုင်ခုံနှင့် အခြားသူများကို ဖုန်လုံးထဲမှာ သိပ်ထားနိုင်လောက်သည့် ကြောက်ခမန်းလိလိ ကျင့်ကြံမှု အမြန်နှုန်းပင်တည်း။

'...ဟူး... နောက်ဆုံးတော့ တက်လာခဲ့ပြီ...။ ဝိညာဉ်ရေကန်က တကယ်ပဲ မဆိုးဘူးပဲ...'

သွမ့်ဟုန်ရှီးနှင့် ပိုင်ခုံတို့ အဆင့် မတက်လှမ်းနိုင်ခဲ့ကြသော်လည်း သူတို့၏ ကျင့်ကြံမှု အဆင့်များသည် သိသိသာသာ တိုးမြင့်လာခဲ့ကြပါသည်။

နတ်ဘုရား တောင်ကြား တောင်ခြေရင်းတွင် လင်ရှောင်ရှောင်သည် စောင့်ဆိုင်းနေရင်း တိုး၍ တိုး၍ စိုးရိမ်ပူပန်လာခဲ့ရသည်။

လဝက်ခန့် ကြာမြင့်သွားခဲ့ပြီး ဖုန်းမိသားစု ဘာတွေ ဖြစ်နေသည်ကို သူမ ဘာမှ မသိရှိခဲ့ရပါချေ။

'...ဖုန်းအစ်ကိုကြီး ဘာလို့ ထွက်မလာသေးတာလဲ...။ ဒီလောက် ကြာနေပြီ...။ မိသားစုမှာ တစ်ခုခုများ ဖြစ်နေပြီလား...။ ဟင့်အင်း..အဲ့လို မဟုတ်လောက်ပါဘူးနော်...'

အကယ်၍သာ အခြား စစ်ဗိုလ်ချုပ်များ၊ စစ်သည်တော်များနှင့် အင်ပါယာမှ ပါရမီရှင် ကျောင်းသားများ ထိုနေရာတွင် ရှိမနေခဲ့ပါလျှင် လင်ရှောင်ရှောင်သည် နတ်ဘုရား တောင်ကြား အတွင်းသို့ ဖုန်းဝူချန်ကို ရှာဖွေရန် တွေဝေခြင်းမရှိဘဲ အချိန်အတော်ကြာကတည်းက ပြေးဝင်သွားခဲ့လောက်ပြီ ဖြစ်သည်။

ထို့အပြင်... လဝက်တာ ကာလပတ်လုံး ဖုန်းမိသားစုနှင့် ပတ်သက်သော မည်သည့် သတင်းကိုမျှ လင်ရှောင်ရှောင်အား လာရောက် ပြောပြသူ မရှိခဲ့ခြင်းက သူမကို ပို၍ပင် စိုးရိမ်ပူပန်စေခဲ့သည်။

လင်ရှောင်ရှောင် အလွန်အမင်း စိုးရိမ်ပူပန်နေစဉ်မှာပင် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့၏ ပုံရိပ်များ နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့သည်။

"ဖုန်းအစ်ကိုကြီး..."

လင်ရှောင်ရှောင်သည် အလျင်လိုမှုဖြင့် တုန်ယင်သွားပြီး အပြင်သို့ ပြေးထွက်သွားခဲ့သည်။ သူမ၏ လှပသော မျက်နှာလေးတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လို့နေ၏။

လင်ရှောင်ရှောင်၏ မျက်နှာအမူအရာကို ခံစားမိလိုက်ပြီး ယဲ့ချန်းချုံး သို့မဟုတ် လျိုချင်းယန်ကို မတွေ့ရှိရသည့်အပြင် ဧကရာဇ် စစ်သည်တော်များကိုပါ မတွေ့ရသောအခါ ဖုန်းဝူချန် မျက်မှောင် မကြုတ်မိဘဲ မနေနိုင်ခဲ့ပါချေ။

'...ဟင်... ရှောင်ရှောင် မျက်နှာက ဘာဖြစ်နေတာလဲ...။ လူတွေလည်း ဘယ်ရောက်ကုန်တာလဲ...'

ထိုစဉ် လင်ရှောင်ရှောင်က စိုးရိမ်တကြီး ဆိုလိုက်ပြီး ဖုန်းဝူချန်၏ လက်ကို ဆွဲလိုက်သည်။

"ဖုန်းအစ်ကိုကြီး... ကျွန်မနဲ့ လိုက်ခဲ့ပါ..."

ဖုန်းဝူချန်က လေးနက်စွာ မေးလိုက်၏။

"ဘာဖြစ်တာလဲ..."

လင်ရှောင်ရှောင်က အလွန် အလျင်လိုစွာ ဆိုလိုက်သည်။ သူမသည် အခြားသူများကို ဂရုမစိုက်နိုင်တော့ဘဲ ဖုန်းဝူချန်၏ လက်ကို ဆွဲရင်း ပြေးထွက်သွားခဲ့တော့သည်။

"ဖုန်းအစ်ကိုကြီး... ရှင်းပြဖို့ အချိန် မရှိတော့ဘူး...။ သွားကြရအောင်...။ လမ်းမှာ ကျွန်မ ပြောပြမယ်..."

သွမ့်ဟုန်ရှီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဖုန်းဝူချန်... မင်း တခြား ဆုလာဘ်တွေကို မလိုချင်တော့ဘူးလား..."

ဖုန်းဝူချန် ပြန်လည် ဖြေကြားခြင်း မရှိဘဲ လင်ရှောင်ရှောင်နှင့်အတူ အဝေးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

စူးလဲ့ယန်က နားမလည်နိုင်စွာ မေးလိုက်၏။

"ဘာဖြစ်နေတာလဲ...။ ဘယ်လို ကိစ္စမို့လို့ ဒီလောက် အရေးကြီးနေရတာလဲ..."

သွမ့်ဟုန်ရှီးက မျက်မှောင်ကြုတ်လိုက်ပြီး ဆိုလိုက်သည်။ သူ တစ်စုံတစ်ခုကို ခန့်မှန်းမိလိုက်ပုံ ပေါ်၏။

"စစ်သူကြီးချုပ်နဲ့ ဧကရာဇ် စစ်သည်တော်တွေ အားလုံး သွားကုန်ကြပြီ...။ ကြည့်ရတာ ကိစ္စကြီး တစ်ခု ဖြစ်ပျက်ခဲ့ပုံပဲ..."

ထိုအခါ ဗိုလ်ချုပ် တစ်ဦးက လေးနက်စွာ ဆိုလိုက်သည်။

"ဗိုလ်ချုပ်ကြီးယဲ့က ဒေါသတကြီးနဲ့ ထွက်သွားခဲ့တာ...။ ဘယ်လို ကြီးမားတဲ့ အဖြစ်အပျက် ဖြစ်ခဲ့မှန်း ကျွန်တော်တို့တွေ မသိပါဘူး မင်းသား..."

ထိုအခါ ရှင်းထျန်းဖုန်းနှင့် ကျန်းယွင်ထျန်းတို့ အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့လည်း တစ်စုံတစ်ခုကို ခန့်မှန်းမိလိုက်ကြပုံ ပေါ်၏။

ရှင်းထျန်းဖုန်းက ဆိုလိုက်သည်။

သူတို့ ခန့်မှန်းမိခဲ့သည့်တိုင် အကူအညီ ပေးနိုင်မည် မဟုတ်ပါချေ။

"တို့တွေ ပြန်ကြရအောင်..."

လင်ရှောင်ရှောင်သည် အင်ပါယာသို့ အရှိန်အပြည့်ဖြင့် ပြန်လည် အမြန်သွားနေစဉ် ဟွမ်ယန် ပြောခဲ့သမျှ အရာအားလုံးကို စကားလုံး တစ်လုံးမျှ မကျန်စေဘဲ ဖုန်းဝူချန်အား ပြောပြလိုက်လေသည်။

သူ၏ အဆင့်တက်မှုအတွက် ပျော်ရွှင်နေခဲ့သော ဖုန်းဝူချန်၏ မျက်နှာသည် ယခုအခါ ရေခဲတမျှ အေးစက်သော အမျက်ဒေါသများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူ၏ မျက်လုံးများသည် ဒေါသမီးတောက်စ်နေခဲ့ပြီး အလွန် ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ် တစ်ခု တစ်ခဏအတွင်း ပေါက်ကွဲလာခဲ့တော့၏။

'...ဘာ... ဘာပြောတယ်...'

ဖုန်းမိသားစုဝင် လေးဆယ့်ခုနစ်ယောက် အသတ်ခံခဲ့ရသည်...။ ကောင်းကင်ဗိမာန် ပျက်စီးသွားခဲ့သည်...။ ယွိီဝမ်ရှုံး အသတ်ခံခဲ့ရသည်... ဟူသော စကားလုံးများ... စကားလုံး တစ်လုံးချင်းစီသည် ဖုန်းဝူချန်အား ပြင်းထန်စွာ လှုံ့ဆော်လိုက်လေသည်။

'...လေးဆယ့်ခုနစ်ယောက်... သေတယ်...။ ကောင်းကင်ဗိမာန်... ပျက်စီးတယ်...။ ယွိီဝမ်ရှုံး... သေတယ်...'

ဤအရာသည် လဝက်ခန့်ကတည်းက ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

"...ထျန်း... ယွင်... ဂိုဏ်း..."

ဖုန်းဝူချန်က စကားလုံး တစ်လုံးချင်းစီကို အံကြိတ်ကာ ဆိုလိုက်သည်။

သူ၏ မျက်နှာသည် ခက်ထန်မာကျောနေပြီး

လွှမ်းမိုးနိုင်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့၏။

အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ခု ဖုန်းဝူချန်ကိုယ်တွင်းမှ အရူးအမူး ပေါက်ကွဲ ထွက်လာခဲ့သည်။ ဒေါသထွက်လွန်း၍ သူ၏ မျက်လုံးများ သွေးများဖြင့် လောင်ကျွမ်းနေခဲ့သည်။

ဖုန်းဝူချန်၏ ကြမ်းတမ်းပြီး လန့်ထိတ်ဖွယ် အသွင်အပြင်သည် လင်ရှောင်ရှောင်အား မျက်နှာကလေး ဖြူဖျော့သွားသည်အထိ ကြောက်လန့်သွားစေခဲ့သည်။

သူမသည် ဖုန်းဝူချန် ဤမျှ ဒေါသထွက်နေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပါချေ။

သူ၏ အသိစိတ်များ လွတ်ထွက်သွားလုနီးပါး ဒေါသထွက်နေခဲ့သည်။

ဒေါသထွက်နေသော ဖုန်းဝူချန်သည် သွေးရူးသွေးတန်း အခြေအနေသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားခဲ့ပုံ ပေါ်လေသည်။

လင်ရှောင်ရှောင်က မျက်ရည်များ စီးကျလာလျက် တောင်းပန်လိုက်သည်။

"ဖုန်းအစ်ကိုကြီး... ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး..."

ထိုအခါ ဖုန်းဝူချန်က ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။

"ထျန်းယွင်ဂိုဏ်းက ဖုန်းမိသားစုဝင် လေးဆယ့်ခုနစ်ယောက်ကို သတ်သွားတာ...။ ကောင်းကင်ဗိမာန်ကို ဖျက်ဆီးသွားတာ...။ ငါ ဘယ်လို စိတ်ထိန်းနိုင်မှာလဲ..."

ကောင်းကင်ဗိမာန်သည် သူ၏ ကြိုးပမ်းမှုများ၏ အစ ဖြစ်ခဲ့သည်။ သို့သော် ၎င်းသည် ထျန်းယွင်ဂိုဏ်း၏ လက်ချက်ဖြင့် ရက်ရက်စက်စက် ဖျက်ဆီးခြင်း ခံလိုက်ရသည်။ သူတို့ အသက်ရှင်ရန် တောင့်တနေခဲ့သော အကျဉ်းသား အများအပြားကို သတ်ဖြတ်ခဲ့ကြသည်။

ဖုန်းဝူချန်က သူ၏ သွေးရူးသွေးတန်း အခြေအနေမှ ဒေါသမီးလျှံများကို မနည်း ထိန်းချုပ်ထားရင်း ဆိုလိုက်သည်။

"ရှောင်ရှောင်... ငါ့မှာ အသိစိတ် တစ်စုံတစ်ရာ ကျန်နေတုန်း... မင်း မြန်မြန် ထွက်သွားတာ ပိုကောင်းလိမ့်မယ်...။ ပြိုင်ဘက်ကင်းမြို့ကို ပြန်မသွားနဲ့...။ ဒီခရီးမှာ ငါ အသက်ရှင်မလား၊ မရှင်ဘူးလား ဆိုတာ ငါ မသိဘူး...။ မင်း သွားရမယ်..."

"ဝီ..."

ဤသို့ ပြောပြီးနောက် ဖုန်းဝူချန်သည် မီးလျှံဓားကို ဆင့်ခေါ်လိုက်ပြီး ဓားပျံသိုင်းကို အသုံးပြုကာ 'ဝီ' ခနဲ အသံနှင့်အတူ ပျံသန်း ထွက်ခွာသွားခဲ့သည်။ အင်ပါယာ၏ ပြိုင်ဘက်ကင်းမြို့သို့ အလျင်အမြန် ပြန်လည် ဦးတည်သွားခဲ့တော့၏။

လင်ရှောင်ရှောင်က သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး ပြတ်သားစွာ ဆိုလိုက်သည်။

"...ဖုန်းအစ်ကိုကြီး...။ ရှင် ကျွန်မကို လွှတ်လိုက်ရင်တောင်မှ... ကျွန်မ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး..."

လင်ရှောင်ရှောင်သည် ချက်ချင်းပင် လှုပ်ရှားမှု သိုင်းကွက် တစ်ခုကို ထုတ်ဖော်လိုက်ပြီး ဖုန်းဝူချန်နောက်သို့ အရှိန်အပြည့်ဖြင့် လိုက်ပါ

သွားခဲ့တော့သည်။

ဖုန်းဝူချန်၏ စိတ်ထဲတွင် ယခုအခါ ဒေါသနှင့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဖုန်းဝူချန် ကျင့်ကြံမှု စတင်ခဲ့သည့် အချိန်မှစ၍ သူ ဤမျှ ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒမျိုးကို တစ်ခါမျှ မခံစားခဲ့ဖူးပါချေ။

'...သတ်မယ်... အကုန် သတ်ပစ်မယ်...'

ဖမ်းဆီးခံထားရသော ဖုန်းမိသားစုဝင်များထဲတွင် သူ၏ ဖခင်နှင့် မိခင်တို့ ပါဝင်နေခဲ့သည်။

ဤအခိုက်အတန့်တွင် သူ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ မိဘ နှစ်ပါး၏ ဘေးကင်းလုံခြုံမှုပင် ဖြစ်လေသည်။

ဖုန်းဝူချန်၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။

သူသည် အရူးအမူး ပျံသန်းနေခဲ့ပြီး နှစ်နာရီ အတွင်းမှာပင် တောင်တန်းမှ ထွက်ခွာလာခဲ့ပြီး ယန်ဟော် အင်ပါယာ၏ နယ်စပ်သို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

"ကြောက်စရာကောင်းတဲ့ သတ်ဖြတ်လိုစိတ်ပဲ..."

"အဲ့ဒီလူက ဘယ်သူလဲ...။ မြန်လိုက်တဲ့ အမြန်နှုန်း..."

"...ဓားပျံသိုင်း...။ ဒါက ထျန်းယွမ်ဘုံ အဆင့် ပညာရှင် တစ်ယောက်လား..."

ဒေါသထွက်နေသော ဖုန်းဝူချန် ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အောက်ဘက်မှ ကျင့်ကြံသူများသည် အလွန် ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ်ကြောင့် သတိလစ်မတတ် ကြောက်လန့်သွားခဲ့ကြရသည်။ အချို့မှာ သူ့ကို ထျန်းယွမ်ဘုံ အဆင့် ပညာရှင် တစ်ဦးဟုပင် ထင်မှတ်လိုက်ကြသည်။

ထျန်းယွမ်ဘုံ အဆင့် ပညာရှင် တစ်ဦးသာလျှင် ဓားပျံသိုင်းကို ထိန်းချုပ်နိုင်ပေသည်။

ပျံသန်းခြင်း၏ အမြန်နှုန်းသည် မြေပြင်ပေါ် ပြေးလွှားခြင်းထက် အမြဲတစေ ပိုမို လျင်မြန်လှသည်။

"သူ နောက်ဆုံးတော့ ရောက်လာပြီ...။ ယွမ်တန်ဘုံ စတုတ္ထအလွှာ...။ မြန်လိုက်တဲ့ အမြန်နှုန်း..."

"ဓားပျံသိုင်း...။ ဒီကောင်လေး တကယ်ပဲ အရည်အချင်း တချို့ ရှိနေတာပဲ..."

"ဟမ့်...။ သူ့ကို ပစ်ချလိုက်...။ ငါတို့တွေ သူ့ကို အသက်ရှင်လျက် ပြန်သွားခွင့် မပြုနိုင်ဘူး..."

တောင်ထိပ် တစ်ခု၏ အပေါ်တွင် ထျန်းယွင်ဂိုဏ်းမှ တပည့် ငါးဦးသည် ဖုန်းဝူချန် ပေါ်ထွက်လာခြင်းကို နောက်ဆုံးတွင် စောင့်ဆိုင်းနေခဲ့ကြပြီး ကြောက်မက်ဖွယ် အစစ်အမှန်ယွမ်များ ပြိုင်တူ စုစည်းလိုက်ကြ၏။

"ဝှစ် ဝှစ် ။"

ထျန်းယွင်ဂိုဏ်း တပည့် ငါးဦးသည် သူတို့၏ သိုင်းပညာ နည်းစနစ်များကို ထုတ်ဖော်လိုက်ကြပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဖြတ်သန်းသွားသော ဖုန်းဝူချန်ကို တိုက်ခိုက်လိုက်ကြသည်။

"...ထျန်းယွင်ဂိုဏ်း..."

အခြေအနေကို သဘောပေါက်လိုက်သည်နှင့် ဖုန်းဝူချန်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။ သူ အောက်သို့ လှမ်းကြည့်လိုက်ပြီး ထို ငါးဦးစလုံး ထျန်းယွင်ဂိုဏ်း တပည့်များ ဖြစ်ကြောင်း ချက်ချင်း ခွဲခြား သိရှိလိုက်၏။

'...ဒီခွေးမသားတွေ... ငါ့လမ်းကို လာပိတ်ဆို့ရဲတယ်...'

အနည်းငယ် လျင်မြန်သော ရှောင်တိမ်းမှုများဖြင့် ဖုန်းဝူချန်သည် သူတို့၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်ပြီး ရပ်တန့်လိုက်လေသည်။

တပည့်တစ်ဦးက အေးစက်ပြီး ကစားလိုသော လှောင်ပြုံးဖြင့် သရော်လိုက်သည်။

"ဖုန်းဝူချန်... ငါတို့ မင်းကို စောင့်နေတာ အချိန်အတော်ကြာပြီ..."

"အသက်ရှင်လျက် ပြန်ရမယ်လို့ စိတ်တောင် မကူးနဲ့...။ ဒီနေ့... ငါတို့ ဟွမ်ဖူ ညီလေးအတွက် လက်စားချေမယ်…”

ဟု အခြား တပည့်တစ်ဦးကလည်း အေးစက်စွာ ကြေညာလိုက်သည်။ သူ့ထံမှ ချမ်းစိမ့်စိမ့် သတ်ဖြတ်လိုစိတ် တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။

"မင်း တို့ အား လုံး... သေ ရ မယ်…”

ဖုန်းဝူချန်က ပြင်းထန်သော ဒေါသဖြင့် အံကြိတ်ကာ ဆိုလိုက်ပြီး မီးလျှံဓားဖြင့် အရူးအမူး အောက်သို့ ထိုးဆင်းသွားခဲ့သည်။

"...တိုက်ကြ...။ သူ့ကို သတ်ပစ်လိုက်စမ်း..."

ငါးဦးစလုံးထဲမှ မည်သူမျှ အားနည်းသူ မဟုတ်ကြပါချေ။

သူတို့၏ ကျင့်ကြံမှု အဆင့်များသည် ယွမ်တန်ဘုံ တတိယအလွှာနှင့် ဆဋ္ဌမအလွှာကြားတွင် ရှိနေခဲ့ကြပြီး ပဉ္စမအလွှာ နှစ်ဦးနှင့် ဆဋ္ဌမအလွှာ တစ်ဦး ပါဝင်နေခဲ့သည်။

"နဂါးနတ်ဘုရား အရိပ်..."

ဒေါသတကြီး ဟိန်းဟောက်သံ တစ်ချက်နှင့်အတူ ဖုန်းဝူချန်သည် လေလယ်တွင် တစ်ပတ် လှည့်လိုက်ပြီး သူ၏ ဓား လက်ကိုင်ရိုးကို မွှေ့ရမ်းလိုက်သည်။ လက်ကိုင်ရိုးသည် မျက်စိ ကျိန်းသွားစေသော ရွှေရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယွမ်တန်ဘုံ ဆဋ္ဌမအလွှာရှိ တပည့်ထံသို့ ပစ်လွှတ်သွားခဲ့သည်။

ထိုစဉ် ဖုန်းဝူချန်သည် ချက်ချင်းပင် လှုပ်ရှားမှု သိုင်းကွက် တစ်ခုကို အသုံးပြုကာ ယိမ်းထိုး ပျောက်ကွယ်သွားခဲ့၏။

ဆဋ္ဌမအလွှာရှိ တပည့်က မထီမဲ့မြင် ဆိုလိုက်သည်။

"ယွမ်တန်ဘုံ စတုတ္ထ အလွှာလေးနဲ့များ... မင်းက ငါ့ကို ရင်ဆိုင်နိုင်မယ် ထင်နေတာလား..."

ဆဋ္ဌမအလွှာ တပည့်သည် သူ၏ စွမ်းအား အားလုံးကို ထုတ်ဖော်လိုက်သည်။ သူ၏ လက်က လက်သည်း ပုံစံ ဖွဲ့စည်းလိုက်ပြီး စူးရှသော လေတိုးသံ အသံတစ်ချက်ဖြင့် ရှေ့သို့ ပစ်ထုတ်လိုက်၏။

ကြောက်မက်ဖွယ် စွမ်းအားသည် ပျံ့ကြဲသွားပြီး မပီမသ တုန်ခါသံ တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

'...လွှမ်းမိုးနိုင်လွန်းတဲ့ စွမ်းအားပဲ...။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...။ ယွမ်တန်ဘုံ စတုတ္ထ အလွှာလေးနဲ့... ဓားတစ်ချက်တည်းနဲ့ ငါ့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တယ်...'

ဖုန်းဝူချန်၏ မီးလျှံဓားကို လွယ်ကူစွာ ပိတ်ဆို့နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော တပည့်သည် ထိုဓားတွင် ဤမျှ ကြောက်မက်ဖွယ် စွမ်းအား ပါဝင်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိဘဲ သူ့အား မီတာ အနည်းငယ်ခန့် နောက်သို့ ဆုတ်သွားစေခဲ့သည်။

နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်သည် အခြား တပည့်တစ်ဦး၏ ဘေးသို့ ဖမ်းဆုပ်ရန် မဖြစ်နိုင်သော အမြန်နှုန်းဖြင့် ပျံလွှား ရောက်ရှိသွားခဲ့သည်။

"ခွပ်။"

လက်သီး တစ်ချက်ဖြင့် ဖုန်းဝူချန်သည် သနားညှာတာမှု တစ်စုံတစ်ရာ မပြသဘဲ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲ ထွက်လာခဲ့သည်။

"ဝေါ့။”

ကြောက်မက်ဖွယ် စွမ်းအားသည် ထိုတပည့်ကို သွေးများ အန်ထုတ်စေခဲ့ပြီး သူ၏ ရင်ဘတ်သည် လက်သီး ပုံရိပ် တစ်ခုဖြင့် ချိုင့်ဝင်သွားခဲ့ကာ သူ၏ ခန္ဓာကိုယ်သည် အမြောက်ဆန် တစ်ခုကဲ့သို့ လွင့်ထွက်သွားခဲ့သည်။

လက်သီး တစ်ချက်တည်းက ယွမ်တန်ဘုံ တတိယ အလွှာရှိ တပည့် တစ်ဦးကို သတ်ဖြတ်ပစ်လိုက်သည်။

"...ညီလေး ဟွမ်..."

တပည့်များထဲမှ တစ်ဦး ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကြမ်းတမ်းသော လက်သီး တစ်ချက်ဖြင့် ဖုန်းဝူချန်ထံသို့ အရူးအမူး ပြေးဝင်သွားခဲ့သည်။

"ခွပ်။"

"အူး..."

ဖုန်းဝူချန် ရုတ်တရက် လှည့်လိုက်ပြီး လက်သီး တစ်ချက်ဖြင့် တန်ပြန် တိုက်ခိုက်လိုက်ရာ 'ဘုန်း' ခနဲ ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။ ထိုတပည့်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး လွှမ်းမိုးနိုင်သော စွမ်းအားသည် သူ၏ လက်မောင်း အတွင်းမှ အရိုးများကို ရိုက်ခွဲပစ်လိုက်ရာ ဝက်တစ်ကောင်၏ နာကျင်စွာ အော်မြည် အော်ဟစ်သံမျိုး ထွက်ပေါ်လာခဲ့သည်။

"သေစမ်း။"

ဖုန်းဝူချန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ထိုတပည့်၏ ရင်ဘတ်ပေါ်သို့ အဆက်မပြတ် လက်သီးချက်များ ကျရောက်သွားစေကာ သူ့အား လွင့်စင် သေဆုံးသွားစေခဲ့သည်။

လက်သီး တစ်ချက်က ယွမ်တန်ဘုံ ပဉ္စမအလွှာရှိ တပည့် တစ်ဦးကို သတ်ဖြတ်ပစ်လိုက်သည်။

ဖုန်းဝူချန်သည် သတ်ဖြတ်ရာတွင် မရပ်မနား ဖြစ်နေခဲ့ပြီး သူ၏ နည်းလမ်းများမှာ ရက်စက် ကြမ်းကြုတ်စွာ ထိရောက်လှသည်။

နောက်ထပ် လင်းလက်မှု တစ်ချက်ဖြင့် ဖုန်းဝူချန်သည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ယွမ်တန်ဘုံ စတုတ္ထအလွှာရှိ တပည့် တစ်ဦးကို လက်သီး တစ်ချက်ဖြင့် နောက်တစ်ကြိမ် ထိုးနှက်လိုက်ပြန်သည်။

ခဏတာ ထိတွေ့မှု အတွင်းမှာပင် ထျန်းယွင်ဂိုဏ်း တပည့် သုံးဦး ဖုန်းဝူချန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး အားလုံးသည် သူ၏ လက်သီးချက်များဖြင့် ချက်ချင်း သေဆုံးသွားခဲ့ကြသည်။

ဖုန်းဝူချန်၏ ကြောက်ခမန်းလိလိ စွမ်းအားသည် ကျန်ရှိနေသော နှစ်ဦးကို လုံးဝ မှင်တက်သွားစေခဲ့၏။

ယွမ်တန်ဘုံ ဆဋ္ဌမအလွှာရှိ တပည့်ပင်လျှင် ယခုအခါ အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့ပြီး ပဉ္စမအလွှာမှ ပညာရှင် တစ်ဦးကို လက်သီး တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု ပြောဆိုဝံ့ခြင်း မရှိတော့ပါချေ။

'...သေပြီ... ဒီကောင်က တကယ့် မိစ္ဆာပဲ...'

ဖုန်းဝူချန်က ဒေါသတကြီး အံကြိတ်ကာ ဆိုလိုက်သည်။

"ထျန်းယွင်ဂိုဏ်းက လူတိုင်း... သေရမယ်..."

ဆဋ္ဌမအလွှာရှိ တပည့်က ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

"ညီလေး လျို... ပြေးတော့..."

"ဘုန်း။"

"ဝေါ့။"

ညီလေး လျို ထွက်ပြေးရန် ဟန်ပြင်လိုက်သည်နှင့် နောက်တစ်စက္ကန့်တွင် ပေါက်ကွဲသံ တစ်ခု မြည်ဟိန်းလာခဲ့ပြီး သွေးများ အန်ထုတ်ခဲ့ရသည်။ သူ၏ မျက်လုံးများ လင်ဗန်းလို ပြူးကျယ်သွားရပြီး သူ၏ ခန္ဓာကိုယ်သည် ဝက်သေတစ်ကောင် ကဲ့သို့ ‌ဗိုင်းခနဲ လွင့်ထွက်သွားခဲ့၏။

နောက်ထပ် ယွမ်တန်ဘုံ ပဉ္စမအလွှာရှိ တပည့် တစ်ဦး လက်သီး တစ်ချက်ဖြင့် အသတ်ခံလိုက်ရပြန်သည်။

နောက်ဆုံး တစ်ဦးမှာမူ ကြောက်လန့်လွန်း၍ သူ၏ စွမ်းအား အားလုံးကို အသုံးပြုကာ ထွက်ပြေးသွားခဲ့လေတော့သည်။

ဖုန်းဝူချန်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်ပြီး သူ့နောက်သို့ မရပ်မနား လိုက်လံတော့၏။

"မင်း... ပြေး လို့ မ လွတ် နိုင် ဘူး…”

All Chapters