← Chapters

ပွဲကြမ်း စတင်လေပြီ

Vol. 10 Ch. 144

ပွဲကြမ်း စတင်လေပြီ

Vol. 10 Ch. 144

~ယွမ်တန်ဘုံ သတ္တမအလွှာ...

ဖုယွင်တစ်ယောက် ဒီလောက်တောင် ကြေကွဲစရာ နိဂုံးချုပ်သွားလိမ့်မည်ဟု မည်သူကများ ထင်ထားမည်နည်း။

ထျန်းယွင်ဂိုဏ်းက တပည့်တွေထဲမှာ ဘယ်သူကများ ရှေ့ဆက်ထွက်ရဲဦးမည်နည်း။

ဖုန်းဝူချန်က ဖုယွင်ထက် အစွမ်းမနိမ့်တာ အသေအချာပင်။ သူ၏ "လျှပ်တပြက် နေရာရွှေ့ပြောင်းသိုင်းကွက်" က ပြိုင်ဘက်ကို ခုခံချိန်ပင် မပေးချေ။ ထို့ကြောင့်သာ ဖုယွင်၏ ညာဘက်ရင်အုံကို အလွယ်တကူ ထိုးဖောက်သွားနိုင်ခဲ့၏။ ဖုန်းဝူချန်၏ ရုတ်တရက် တိုက်ခိုက်မှုကို ဖုယွင်တစ်ယောက် လုံးဝ သတိမထားမိလိုက်ပါလေ။

ဤ "လျှပ်တပြက် နေရာရွှေ့ပြောင်းသိုင်းကွက်" ကြောင့်ပင် ဖုန်းဝူချန်သည် ဖုယွင်ကို အလွယ်တကူ အဆုံးသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဖုယွင်၏ လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံးကို အေးအေးဆေးဆေး ဖြတ်တောက်နိုင်ခဲ့၏။

အကယ်၍ မျက်နှာချင်းဆိုင် တေ့တေ့ဆိုင်ဆိုင် တိုက်ခိုက်ကြလျှင်... ဖုန်းဝူချန် အနိုင်ရဦးမည် ဖြစ်သော်လည်း ဤမျှလောက် လွယ်ကူလိမ့်မည် မဟုတ်ချေ။

ယခုတော့ လက်များရော ခြေထောက်များပါ ပြတ်တောက်သွားလေပြီ...။

ဖုယွင်တစ်ယောက် လုံးဝ သုံးစားမရတော့။

ဘယ်သူမှ ရှေ့မထွက်ရဲကြသည်ကို မြင်သော်၊ ဖုန်းဝူချန်က သူ၏ဓားကို ဖုယွင်၏ ပေါင်အတွင်းသို့ နောက်တစ်ကြိမ် ထပ်မံ စိုက်သွင်းလိုက်သည်။ ဓားရိုးက တဖြည်းဖြည်း လှည့်ဝင်နေတုန်းပင်။ ဖုယွင်ခမျာ သေဆုံးခြင်းကမှ ပို၍ သက်သာရာရဦးမည်ဟု ထင်မှတ်ရလောက်အောင် ပြင်းထန်သော နာကျင်မှုကြောင့် ရူးသွပ်မတတ် အော်ဟစ်နေရတော့သည်။

"ဂိုဏ်းချုပ်... ကယ်..ကယ်ပါ... ကယ်ပါဦး..."

ဖုယွင်တစ်ယောက် ထိတ်လန့်တကြား အော်ဟစ်တောင်းပန်လေ၏။

"သူ မင်းကို မကယ်နိုင်ပါဘူး..."

ဖုန်းဝူချန်၏ အသံက ရေခဲတမျှ အေးစက်နေသည်။ ထို့နောက် သူက လွမ်ရှန်း ဘက်သို့ လှည့်၍ မှာကြားလိုက်

"လွမ်ရှန်း... ဒီလူ့ကို ထျန်းယွင်ဂိုဏ်းရဲ့ ဂိတ်ဝမှာ သွားပစ်ထားလိုက်ပါ။ သေတဲ့ အထိပဲ။"

"ဟုတ်ကဲ့ပါ... စစ်သူကြီးချုပ်။"

လွမ်ရှန်းက ရိုသေစွာ တုံ့ပြန်လိုက်သည်။

ထိုအခိုက်အတန့်၌... ကူချင်းရွှမ်းထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ဒလဟော ထွက်ပေါ်လာသည်။ သူက ဖုန်းဝူချန်ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်ရင်း ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်၏။

"ထျန်းယွမ်ဘုံ... ပထမအလွှာ။"

ဤ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိသည်နှင့် မူထျန်းယွင်နှင့် အခြားသူများအားလုံး မျက်နှာများ ဖြူဖျော့သွားကြတော့သည်။

ဖုန်းဝူချန်လည်း မျက်မှောင်တစ်ချက် ကြုတ်လိုက်မိ၏။

သူ၏ အေးစက်သော အကြည့်က ကူချင်းရွှမ်းထံသို့ ရောက်ရှိသွားသည်။

ထျန်းယွမ်ဘုံ ပထမအလွှာ ဆိုသည့် အရှိန်အဝါကပင် ကူချင်းရွှမ်း၏ ကြောက်မက်ဖွယ် အစွမ်းကို သက်သေခံနေပြီ မဟုတ်ပါလား။

"ကူချင်းရွှမ်းက တကယ် ကြောက်ဖို့ကောင်းတာပဲ... ဧကရာဇ်တောင်မှ သူ့ကို နိုင်ပါ့မလား မသိဘူး..." ယန်ထျန်းရှန်က မျက်မှောင်ကြုတ်ရင်း တိုးတိုး ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် စိုးရိမ်မှုတို့ အပြည့်ရှိနေ၏။

စစ်ထူကျန့်ထျန်းနှင့် ယဲ့ချန်းချုံးတို့လည်း မျက်မှောင်ကြုတ်ထားမိကြသည်။ ကူချင်းရွှမ်းထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်

ခြောက်ခြားစေလေ၏။

"လွမ်ရှန်း... ခဏနေဦး..."

ကူချင်းရွှမ်း လှုပ်ရှားတော့မည်ကို မြင်လိုက်ရသဖြင့် ဖုန်းဝူချန်က လွမ်ရှန်းကို ကပျာကယာ လှမ်းတားလိုက်သည်။

"စစ်သူကြီးချုပ်..." လွမ်ရှန်းက အမိန့်ကို စောင့်မျှော်ရင်း ရပ်လိုက်၏။

ကူချင်းရွှမ်းသည်ကား ထျန်းယွမ်ဘုံအဆင့် ပညာရှင်ကြီး တစ်ဦး ဖြစ်လေရာ လူတိုင်းက သူ့ကို အလွန် သတိထားနေကြရသည်။

"ဖုန်းဝူချန်... မင်း ကြောက်သွားပြီ ဆိုရင် ဖုယွင်ကို အခုချက်ချင်း လွှတ်လိုက်တော့..."

ကူအောက်ထျန်းက အေးစက်စက် လှမ်းအော်လိုက်သည်။

သို့သော်... လူတိုင်းက ဖုန်းဝူချန်တစ်ယောက် ကူချင်းရွှမ်းကို ကြောက်ရွံ့သွားသဖြင့် လွမ်ရှန်းကို တားလိုက်သည်ဟု ထင်မှတ်နေကြစဉ်မှာပင်...

မီးလျှံဓားက ဖုယွင်၏ နဖူးကြားတည့်တည့်ကို ထိုးဖောက် ဝင်ရောက်သွားလေတော့သည်။

ကူချင်းရွှမ်းနှင့် အခြားသူများအားလုံး၏ မျက်စိရှေ့မှာပင်... ဖုန်းဝူချန်က ဖုယွင်၏ အသက်ကို နှုတ်ယူလိုက်ခြင်း ဖြစ်၏။

ဖုယွင်၏ မျက်လုံးများ ပြူးကျယ်ထွက်လာသည်။ ဖုန်းဝူချန်က သူ့ကို တကယ်တမ်း သတ်ပစ်ရဲလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ခဲ့ပေ။

ဤရုတ်တရက် အပြောင်းအလဲကြောင့် အားလုံး ကြက်သေသေသွားကြ၏။

...ဒါက ဘယ်သူတစ်ဦးတစ်ယောက်ကမှ မျှော်လင့်မထားခဲ့သည့် အဖြစ်အပျက်ပင်။

ကူအောက်ထျန်း၏ မျက်နှာတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားသည်။

'...ဒီကောင်တော့ ရူးနေပြီ...။'

ကူချင်းရွှမ်း၏ ရှေ့မှာတင်... ထျန်းယွင်ဂိုဏ်း၏ ပထမတပည့်ကို သတ်ရဲသည်တဲ့လား။

ဖုန်းဝူချန်ကရော ဖုယွင်ကို ဘယ်လိုလုပ် အလွတ်ပေးနိုင်မည်တဲ့လဲ။

'...သူ့မိသားစုဝင် (၄၇) ယောက်ကို သတ်သွားတဲ့ လူ...' သူ့အတွက်တော့ ဤသည်မှာ သွေးကြွေးကို သွေးဖြင့် ပြန်ဆပ်ခြင်းသာ ဖြစ်သည်။

"မင်း... သိပ်ရိုင်းစိုင်းလှချည်လား။"

ကူချင်းရှန်းတစ်ယောက် ဒေါသတကြီး ပေါက်ကွဲထွက်လာ၏။

ယွမ်တန်ဘုံ အဋ္ဌမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားက ချက်ချင်းဆိုသလို ပတ်ဝန်းကျင်အား ဖိနှိပ်လာတော့သည်။

မူထျန်းယွင်က သူ၏ အစစ်အမှန်ယွမ်ကို အလျင်အမြန် စုစည်းလိုက်ပြီး အေးစက်စွာ တုံ့ပြန်လိုက်၏။

"ကူချင်းရှန်း... မင်းရဲ့ ပြိုင်ဘက်က ငါပဲ။"

"... အဘိုးကြီမူ... မင်းရဲ့ ဒဏ်ရာတွေတောင် မကျက်သေးဘဲနဲ့ ငါ့ကို လာမစမ်းနဲ့..." ကူချင်းရှန်းက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

ကူချင်းရှန်း၏ မျက်နှာပေါ်တွင် အကြောစိမ်းများပင် ထောင်ထနေ၏။

ထိုအခါ မူထျန်းယွင်က အေးစက်စွာ ပြုံးလိုက်သည်။

"မင်း... စမ်းကြည့်ချင်ရင် စမ်းကြည့်လို့ရတယ်။"

"သတ္တိကောင်းသားပဲ... မင်းကိုတော့ ငါ အသိအမှတ်ပြုရမယ်..." ကူချင်းရွှမ်းက ခပ်ပြတ်ပြတ် ဆိုလိုက်သည်။ တဆက်တည်း၌ သူ၏ သတ်ဖြတ်လိုစိတ်က ချက်ချင်းဆိုသလို အဆပေါင်းများစွာ တိုးမြင့်လာ၏။

"ဂိုဏ်းချုပ်... အမိန့်ပေးပါတော့။ ဖုန်းဝူချန်က သိပ်လွန်လာပြီ။"

"ဂိုဏ်းချုပ်... ဖုန်းဝူချန်ကို အရှင်မထားပါနဲ့။"

ထျန်းယွင်ဂိုဏ်း တပည့်များက သူတို့၏ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်ကြတော့သည်။

"သာ့ထျန်းဟွမ်... ထွက်လာခဲ့တော့။ မင်း ရောက်နေမှတော့ ဘာလို့ ဆက်ပြီး ပုန်းနေသေးလဲ။"

ကူချင်းရွှမ်းက ကောင်းကင်ယံကို မော့ကြည့်ရင်း အေးစက်စွာ ဆိုလိုက်သည်။

ထိုအခိုက်အတန့်၌ ကောင်းကင်အထက်မှ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာ၏။

"အဟင်းဟင်း…ထျန်းယွင်ဂိုဏ်းချုပ်ဆီကတော့ ဘာမှ ဖုံးကွယ်ထားလို့ မရနိုင်တာ အမှန်ပါပဲ။"

ထိုစကားအဆုံးတွင် ကောင်းကင်ယံ၌ အရိပ်တစ်ခု ပျံလွှားထွက်ပေါ်လာသည်။

ထိုသူကား... ယန်ဟော် အင်ပါယာ၏ ဧကရာဇ်... သာ့ထျန်းဟွမ်ပင် ဖြစ်တော့သည်။

သာ့ထျန်းဟွမ်တစ်ယောက် ထျန်းယွင်ဂိုဏ်း၏ အပေါ်ဘက် ကောင်းကင်ယံ၌ ပျံဝဲနေခြင်းက သူသည်လည်း ထျန်းယွမ်ဘုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ညွှန်းဆိုနေ၏။

သူ၏ စွမ်းအားက အကြွင်းမဲ့ ကြောက်မက်ဖွယ်ကောင်းလှသည်။

အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အသက် (၅၀) ကျော်ခန့် ရှိဟန်တူသည်။ ဧကရာဇ် တစ်ပါး၏ အရှိန်အဝါ အပြည့်ရှိ၏။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်..."

သာ့ထျန်းဟွမ် ပေါ်လာသည်နှင့် စစ်သည်များအားလုံး ဒူးထောက် အရိုအသေပေးကြသည်။ နန်းတွင်း အကြံပေးနှင့် မင်းသားများပင် ပါဝင်၏။

"ဖုန်းဝူချန်... နောက်ဆုံးတော့ မင်းနဲ့ တွေ့ရပြီပဲ လူငယ်လေး..."

သာ့ထျန်းဟွမ်က ဖုန်းဝူချန်ကို ကြည့်ရင်း အလွန်ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။

ထိုစကားကို ကြားသော် ဖုန်းဝူချန်က ပြုံးလျက် တုံ့ပြန်လိုက်၏

။

"ကျွန်တော် ကိစ္စတွေများနေလို့ နန်းတော်ကို မလာရောက်နိုင်တာကို ခွင့်လွှတ်ပါ ..မင်းကြီး။"

"ကိစ္စမရှိပါဘူး... ငါ မင်းရဲ့ အကြောင်းတွေ အကုန်သိပါတယ်။ မင်းက အင်ပါယာအတွက် ဂုဏ်ဆောင်ခဲ့တာပဲ။ အကယ်ဒမီသုံးခုက ပါရမီရှင်တွေကို အနိုင်ယူပြီး 'ပါရမီရှင်များ တိုက်ခိုက်ရေးပြိုင်ပွဲ' မှာ ပထမရခဲ့တယ်မလား။ ငါက မင်းကို ချီးကျူးရမှာ... အပြစ်တင်စရာ ဘာမှမရှိဘူး။" သာ့ထျန်းဟွမ်က သဘောထားကြီးစွာ လက်ဝှေ့ယမ်းရင်း ပြန်ပြောလိုက်သည်။

သူက အပြစ်တင်ရန် အနည်းငယ်မျှပင် ရည်ရွယ်ချက် မရှိချေ။

ဖုန်းဝူချန်က ခပ်တိုတိုသာ တုံ့ပြန်လိုက်၏။

"ဒါက အင်ပါယာအတွက် ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ။"

ဖုန်းဝူချန် 'ပါရမီရှင်များ တိုက်ခိုက်ရေးပြိုင်ပွဲ' တွင် ပထမရသည်ကို ကြားသိလိုက်ရစဉ်က သာ့ထျန်းဟွမ် အလွန်အမင်း စိတ်လှုပ်ရှားခဲ့ရလေသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်... ယန်ဟော် အင်ပါယာသည် မျက်နှာပန်းလှခဲ့ရပြီ မဟုတ်ပါလား။

"ပါရမီရှင်များ တိုက်ခိုက်ရေးပြိုင်ပွဲမှာ ပထမ..."

ထျန်းယွင်ဂိုဏ်းမှ လူများ၏ မျက်နှာများမှာ သိသိသာသာ ပျက်ယွင်းသွားကြသည်။

အင်ပါယာမှ စစ်သည်များလည်း အံ့အားသင့်သွားကြ၏။

ထျန်းယန်အကယ်ဒမီသည် ထိုပြိုင်ပွဲတွင် တစ်ခါမှ ပထမ မရဖူးခဲ့ပေ။

နှစ်စဉ်နှစ်တိုင်း ထိပ်ဆုံး (၁၀) ယောက်စာရင်း ဝင်သော်လည်း အများအားဖြင့် အောက်ဆုံး

အဆင့်များသာ ဖြစ်သည်။

" မောင်မင်းတို့တွေ မသိသေးဘူးထင်တယ်။ အကယ်ဒမီကတောင် သတင်းမဖြန့်ရသေးဘူး။ ဒီတစ်ခေါက် 'ပါရမီရှင်များ တိုက်ခိုက်ရေးပြိုင်ပွဲ' မှာ နေရာက (၃) နေရာပဲ... ဒါပေမဲ့ ထူးခြားတဲ့ အခြေအနေတွေကြောင့် (၄) နေရာ ဖြစ်သွားတယ်။ အဲ့ဒီ (၄) နေရာထဲက (၃) နေရာက ထျန်းယန်အကယ်ဒမီက ကျောင်းသားတွေချည်းပဲ။ အားလုံးက ဖုန်းဝူချန်က ရွှေယွင်အကယ်ဒမီက ပိုင်ခုံးကို အနိုင်ယူလိုက်လို့ပဲ။ ဒီလိုနဲ့ ဒီအရှင်တို့ ပထမနေရာကို ရခဲ့တာ။" သာ့ထျန်းဟွမ်က အလွန်ပျော်ရွှင်စွာ ရှင်းပြလေသည်။

"သာ့ထျန်းဟွမ်... မင်း တကယ်ပဲ ထျန်းယွင်ဂိုဏ်းနဲ့ ရန်သူလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား။"

သာ့ထျန်းဟွမ် တစ်ယောက် ပျော်မဆုံးနိုင် ဖြစ်နေသည်ကို ကြည့်ရင်း ကူချင်းရွှမ်းက အေးစက်စက် ဖြတ်၍ မေးလိုက်သည်။

သာ့ထျန်းဟွမ်က ကူချင်းရွှမ်းကို လှည့်ကြည့်ကာ ပြုံးလျက် ဆို၏။

"ထျန်းယွင်ဂိုဏ်းချုပ်... ခင်ဗျား ရှင်းရှင်းလင်းလင်း သိထားသင့်တာ တစ်ခုက... ဒီ ယန်ဟော် အင်ပါယာဟာ ဒီအရှင်ရဲ့ အင်ပါယာပဲ။ ထျန်းယွင်ဂိုဏ်းက အင်ပါယာထဲမှာ ရှိနေမှတော့... အင်ပါယာရဲ့ စည်းကမ်းကို လိုက်နာရမယ်။ ခင်ဗျားက ခင်ဗျားတပည့်တွေကို အထက်လူကို ဆန့်ကျင်ခိုင်းတယ်... အင်ပါယာရဲ့ စစ်သူကြီးချုပ် မိသားစုကို ဖမ်းဆီးခိုင်းတယ်။ ကျုပ် မေးပါရစေ... ထျန်းယွင်ဂိုဏ်းက ဘာလုပ်ချင်နေတာလဲ။ ပုန်ကန်ချင် နေတာလား။"

ပြောနေရင်းမှာပင် သာ့ထျန်းဟွမ်၏ အသံက တဖြည်းဖြည်း ပြင်းထန်လာသည်။

သာ့ထျန်းဟွမ်သည်လည်း ထျန်းယွမ်ဘုံ ကျင့်ကြံသူပင် ။ သူက ထျန်းယွင်ဂိုဏ်းကို ကြောက်နေစရာ အကြောင်းမရှိပါ။

'...' ဖုန်းဝူချန်...။ ဆေးပညာရှင်... လက်နက်ပညာရှင်... နှစ်ခုလုံး တတ်ကျွမ်းတဲ့ ဒီလို ပါရမီရှင်ကောင်လေး...။ သူ့ဆီက ရမယ့် အနာဂတ် အကျိုးအမြတ်က ထျန်းယွင်ဂိုဏ်းတစ်ခုလုံးထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိတယ်...'

သူက ဧကရာဇ် တစ်ပါးအနေနှင့် ဒီလောက်တော့ တွက်ချက်ထားပြီးသား ဖြစ်သည်။

"ပုန်ကန်တယ် ဟုတ်လား။ ထျန်းယွင်ဂိုဏ်းကသာ တကယ် ပုန်ကန်ရင်... မင်းရဲ့ စစ်သည် တစ်သိန်းနဲ့ ငါတို့ကို တားနိုင်မယ် ထင်နေလား။" ကူချင်းရွှမ်းက ခပ်မဲ့မဲ့ ဆိုလိုက်သည်။

ပြောနေရင်းပင် သူ၏ ကြောက်မက်ဖွယ် အစစ်အမှန်ယွမ် စွမ်းအင်များ သိပ်သည်းလာပြီး သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်သို့ တဖြည်းဖြည်း ဝဲတက်သွား၏။

သာ့ထျန်းဟွမ်က ဟားတိုက်

ရယ်မောလိုက်သည်။

"ဟားဟားဟား၊ မင်းရဲ့ တပည့် တစ်သောင်းကရော ဒီအရှင့်ရဲ့ စစ်သည် တစ်သိန်းကို ခံနိုင်ရည်ရှိမယ် ထင်လို့လား။ ဒီတိုက်ပွဲအပြီးမှာ ထျန်းယွင်ဂိုဏ်းရော မြေပုံပေါ်မှာ ကျန်ပါဦးမလား။"

"မင်းကို သတ်လိုက်ရင်... ထျန်းယွင်ဂိုဏ်းက အရှေ့အရပ်ကနေ ပြန်ထွက်လာနိုင်တာပေါ့။"

ကူချင်းရှန်းက အေးစက်စွာ ပြန်လည် အော်ဟစ်လိုက်သည်။

"သာ့ထျန်းဟွမ်... နိုင်ငံ တစ်နိုင်ငံရဲ့ အရှင်သခင်က ဘယ်လောက်တောင် သန်မာလဲဆိုတာ ဒီဂိုဏ်းချုပ်ကို ပြစမ်း..." ကူချင်းရွှမ်းက အေးစက်စွာ ဆိုလိုက်၏။ သူ၏ ကြောက်မက်ဖွယ် ထျန်းယွမ်ဘုံ စွမ်းအားအားလုံးကို ထုတ်သုံးလိုက်သည်။ အပြာရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး မျက်စိပင် ကျိန်းစပ်သွားရ၏။ လေလှိုင်းများက ကောင်းကင်သို့ တလိပ်လိပ် တက်သွားသည်။

"ဝူ... ဝူ။"

ကောင်းကင်ယံ၌ ပေပေါင်းများစွာ အတွင်းရှိ လေထုက တုန်ခါလာသည်။ ကြီးမားသော ချီစွမ်းအင် ဖိအားက အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး အောက်မှ လူများ မျက်နှာ ဖြူဖျော့သွားကြ၏။

"ထျန်းယွမ်ဘုံ ပညာရှင်တွေက တကယ်ကို ကြောက်ဖို့ ကောင်းတာပဲ။"

"ကူချင်းရွှမ်းရဲ့ အစွမ်းက ပြင်းလွန်းတယ်...ငါတို့အရှင် နိုင်ပါ့မလား။"

လူတိုင်း ကူချင်းရွှမ်း၏ ကြောက်မက်ဖွယ် အစွမ်းကြောင့် တုန််ရီနေကြသည်။

"ကူချင်းရွှမ်းရဲ့ အစစ်အမှန်ယွမ်က တကယ်ကို ကြီးကျယ်ခမ်းနားတာပဲ... ထျန်းယွင်ဂိုဏ်းချုပ်နဲ့ တန်ပေသား..."

ထိုစဉ် သာ့ထျန်းဟွမ် မျက်မှောင်ကြုတ်လိုက်မိကာ သူ၏ မျက်နှာထားက အလွန် တည်ကြည်လေးနက်သွား၏။

သာ့ထျန်းဟွမ် နောက်ထပ် မစဉ်းစားတော့။ သူ၏ ထျန်းယွမ်ဘုံ စွမ်းအားအားလုံးကို ထုတ်သုံးလိုက်သည်။

တောက်ပသော အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး စွမ်းအင်များက ရေလွှမ်းမိုးသကဲ့သို့ တိုးထွက်လာ၏။ လေဟာနယ်က ပိုမို ပြင်းထန်စွာ တုန်ခါလာသည်။

ယန်ဟော် အင်ပါယာ၏ တစ်ဦးတည်းသော ထျန်းယွမ်ဘုံ ပညာရှင်နှစ်ဦး... တိုက်ပွဲဝင်ကြလေပြီ။

ထျန်းယွမ်ဘုံ ပညာရှင် တစ်ဦး၏ တိုက်ပွဲက ကမ္ဘာမြေကို တုန်ခါစေနိုင်စွမ်း ရှိ၏။

"ဘုန်း... ဘုန်း... ဘုန်း။"

"ဘုန်း... ဘုန်း။"

ကောင်းကင်အထက်၌... ထျန်းယွမ်ဘုံ ပညာရှင်ကြီး နှစ်ဦး၏ တိုက်ပွဲကြီး စတင်လေပြီ။

နားကွဲမတတ် ပေါက်ကွဲသံများ ရုတ်တရက် လေထုအား ထိုးခွဲလာသည်။

လေဟာနယ်က တုန်ခါနေ၏။

လှိုင်းတံပိုးများသဖွယ် ဖျက်ဆီးစွမ်းအားများက အရူးအမူး ထွက်ပေါ်နေသည်။

ကောင်းကင်ယံ၌ ပျံ့နှံ့နေသော ကြောက်မက်ဖွယ် စွမ်းအားများကို ကြည့်ရင်း အောက်ဘက်မှ လူများအားလုံး ထိတ်ပျာနေကြသည်။ ကြောက်မက်ဖွယ် ဖိအားကြောင့် သူတို့၏ မျက်နှာများ စက္ကူများလို ဖြူဖျော့နေလေ၏။

"ဒီနေ့... ထျန်းယွင်ဂိုဏ်းက တစ်ယောက်မှ အရှင် မပြန်စေရဘူး..." ဖုန်းဝူချန်က အေးစက်စွာ ကြုံးဝါးလိုက်သည်။

သူ၏ ရေခဲတမျှ အေးစက်သော မျက်လုံးများက ထျန်းယွင်ဂိုဏ်း တပည့်များထံသို့ ကျရောက်သွား၏။

သာ့ထျန်းဟွမ်က ကူချင်းရွှမ်းကို ထိန်းထားနိုင်ပြီ။

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့များ... ထျန်းယွင်ဂိုဏ်းကို အပြတ်ရှင်းဖို့ အင်အား လုံလောက်နေပြီ ဖြစ်သည်။

"ဟမ့်... နားရွက်နောက်ကတောင် မခြောက်သေး တဲ့ကောင်ကများ ထျန်းယွင်ဂိုဏ်းမှာ လာပြီး ရိုင်းရဲတယ်...။ ဖုန်းဝူချန်... သေပေတော့။" လူရှင်းချန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားကို ချက်ချင်း ထုတ်လွှတ်ကာ ဖုန်းဝူချန်ကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

လူရှင်းချန်၏ လှုပ်ရှားမှုကို ခံစားမိသော်... ဖုန်းဝူချန်က သူ၏ လွှမ်းမိုးနိုင်သော ဝိညာဉ်စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး အော်ဟစ်လိုက်၏။

"ကျုပ်က အဆင့်ခြောက် ဆေးပညာရှင်တောင် ဂရုမစိုက်တာ... ခင်ဗျားလို အဆင့်ငါး ဆေးပညာရှင်လောက်ကိုလား။ ဒီလောက် ဝိညာဉ်စွမ်းအားလေးနဲ့များ.. လာတိုက်ခိုက်ရဲသေးလား။"

ကြမ်းတမ်းသော ဝိညာဉ်စွမ်းအားနှစ်ခု ထိတိုက်မိ၏။

"အုန်း။”

ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ လူရှင်းချန်၏ မျက်နှာ သိသိသာသာ ပျက်သွားပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အော့အန်လိုက်ရသည်။

တစ်ချက်တည်းသော ထိတွေ့မှု...။

ထိုတစ်ချက်တည်းဖြင့်ပင် လူရှင်းချန် တစ်ယောက် ဖုန်းဝူချန်၏ လက်ချက်ကြောင့် ဒဏ်ရာရသွားလေပြီ။

အဆင့်ငါး ဆေးပညာရှင် တစ်ယောက်၏ ဝိညာဉ်စွမ်းအားက... အဆင့်လေး ဆေးပညာရှင်ကို မယှဉ်နိုင်ပေ။

"ဘယ်လို... ဘယ်လိုဖြစ်နိုင်မှာလဲ...။ ဒီကောင်စုတ်လေးရဲ့ ဝိညာဉ် စွမ်းအားက ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေရတာလဲ။"

လူရှင်းချန်၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွား၏။

သူက အဆင့်ငါး ဆေးပညာရှင်... ယန်ထျန်းရှန်ထက်တောင် အနည်းငယ် ပိုသန်မာသေးသည်။

ယခု... ဖုန်းဝူချန်၏ ရှေ့မှာ သူ လုံးဝ ပြန်မတိုက်ခိုက်နိုင်ချေ။

'...ငါးဆင့်လူက လေးဆင့်လူကို မယှဉ်နိုင်ဘူး ဆိုတာတော့... နည်းနည်း ရှက်စရာပဲ...'

ထိုအခိုက်... ယန်ထျန်းရှန်၊ မူထျန်းယွင်နှင့် အခြား အစွမ်းထက် ဆေးပညာရှင်များအားလုံး... ကြက်သေသေ သွားကြ၏။

ဖုန်းဝူချန်ရဲ့ ဝိညာဉ်စွမ်းအားက... တကယ်တမ်း ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းနေတာလဲ။

"မဟာ အကြီးအကဲ။" ကူချင်းရှန်း၏ မျက်နှာ ပျက်သွားသည်။ ဖုန်းဝူချန်က ဒီလောက်တောင် ကြောက်ဖို့ကောင်းလိမ့်မည်ဟု သူတို့ထဲက ဘယ်သူမှ မျှော်လင့်မထားခဲ့ကြပါ။

ထျန်းယွင်ဂိုဏ်း တပည့်များ စတင် ထိတ်လန့်လာကြသည်။

.. ဖုန်းဝူချန်က... မည်သည့် သတ္တဝါကြီးနည်း။..

"ထျန်းယွင်ဂိုဏ်းကို မြေလှန်ပစ်မယ်။ တစ်ယောက်မှ အရှင်မထားနဲ့။”

ဖုန်းဝူချန်က ဒေါသတကြီး အမိန့်ပေးလိုက်ပြီး မီးလျှံဓားကို ကိုင်ကာ ရှေ့သို့ တက်သွားသည်။

"သတ်ကြ"

ယဲ့ချန်းချုံးက ရုတ်တရက် ကြွေးကြော်လိုက်သည်။

မဆိုင်းမတွပင် စစ်သည်များ ရှေ့သို့ တဟုန်ထိုး ဝင်သွားကြ၏။ ယွင်ကျိုးနယ်မှ သိုင်းပညာရှင်များလည်း သူတို့၏ တိုက်ခိုက်မှုများကို စတင်လိုက်ကြသည်။

"သတ်။"

ဂိုဏ်းချုပ်ငယ် ကူအောက်ထျန်းက အော်ဟစ်လိုက်ပြီး ထျန်းယွင်ဂိုဏ်း တပည့်များလည်း ဒေါသတကြီး ဝင်တိုက်ကြသည်။

တိုက်ပွဲကြီး... စတင်လေတော့မည်။

"ဝှစ်... ဝှစ်... ဝှစ်။"

ရုတ်တရက်... အရိပ်များစွာ လျင်မြန်စွာ ဖြတ်ပြေးသွား၏။

သူတို့၏ လမ်းကြောင်းတစ်လျှောက်တွင် ထျန်းယွင်ဂိုဏ်း တပည့်များ လဲကျကျန်ရစ်ခဲ့သည်။

စုစုပေါင်း အရိပ်မည်း (၈) ခု...။

ကောင်းကင်ဗိမာန်မှ လူများပင်။

အမှန်တကယ်ပင်... ချီဟွမ်နှင့် ရွှယ်ဖုန်းတို့ ဖြစ်သည်။

"ကောင်းကင်ဗိမာန်အတွက် သေဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက်... မင်းတို့အားလုံးကို သတ်ပြီး လက်စားချေမယ်။"

ချီဟွမ်၏ အသံက အရိုးထဲထိ စိမ့်ဝင်အောင် အေးစက်နေလေ၏။

"အင်ပါယာ စစ်သည်တွေ... ငါ့အမိန့်ကို နာခံ။ ထျန်းယွင်ဂိုဏ်းကို ချေမှုန်းပါ။"

ဝူချင်းက သူ၏ အစစ်အမှန်ယွမ်ကို ထုတ်လွှတ်ရင်း ကောင်းကင်သို့ အော်ဟစ်လိုက်သည်။သူ၏ အသံက ထျန်းယွင်ဂိုဏ်း တည်ရှိရာ ယွင်ယွဲ့တောင်တန်း တစ်ခွင်လုံး ပဲ့တင်ထပ်သွား၏။

စစ်သည် တစ်သိန်း... လျင်မြန်စွာ စုရုံးလာကြသည်။

"ဟမ့်... မင်းတို့ လာသလောက် ပြန်လမ်းမရှိစေရဘူး..."

ကောင်းကင်အထက်မှ ကူချင်းရွှမ်းက ထိုသို့ ကြိမ်းမောင်းလိုက်သည်။ ထို့နောက် သူ၏ ကိုယ်လုံးက ရုတ်တရက် နောက်သို့ ဆုတ်သွား၏။

ကူချင်းရွှမ်း သူ့လက်နှစ်ဖက်ကို ပူးကပ်လိုက်သည်။

ကြောက်မက်ဖွယ် အစစ်အမှန်ယွမ် စွမ်းအင်များကို လှုံ့ဆော်လိုက်ပြီး... အော်ဟစ်လိုက်၏။

"ချင်းယွင်သတ်ဖြတ်ခြင်း အခင်းအကျင်း... ပွင့်စေ။”

All Chapters